𝐌𝐨𝐭𝐢𝐯𝐚𝐭𝐢𝐨𝐧 𝐋𝐢𝐛𝐫𝐚𝐫𝐲

Description
မင်းဘဝအတွက် ရပ်ဝန်းငယ်....



26.3.23 start date.
Advertising
We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Admin acc @vip_admin_3

1 year, 6 months ago

**-လူတချို့က
တစ်သက်လုံး မဆင်းရဲတော့ဘူး အမှတ်နဲ့
ဘဝင်တွေ မြင့်နေကြတယ်

-လူတချို့က
တစ်သက်လုံး မမွဲတော့ဘူး အမှတ်နဲ့
မောက်မာနေကြတယ်

-လူတချို့က
တစ်သက်လုံး အသာစံရမယ် အမှတ်နဲ့
အထက်စီးဆန် ဆက်ဆံနေကြတယ်

-လူတချို့က
တစ်သက်လုံး အောက်ခြေခံဘဝ
မဖြစ်တော့ဘူးအမှတ်နဲ့
နိုင်ထက်စီးနင်း ပြုမူနေကြတယ်

-လူတချို့က
တစ်သက်လုံး မငတ်တော့ဘူး အမှတ်နဲ့
အောက်ခြေလွတ်နေကြတယ်

-လူတချို့က
တစ်သက်လုံး ပြီးပြည့်စုံမယ် အမှတ်နဲ့
သွေးနားထင် ရောက်နေကြတယ်

-လူတချို့က
တစ်သက်လုံး ချစ်ခင်နေမယ် အမှတ်နဲ့
ယုံကြည်မှုတွေ အလွဲသုံးစား
လုပ်ပြလာနေကြတယ်

-လူတချို့က
တစ်သက်လုံး အကြည်ညိုမပျက်ဘူး
အထင်နဲ့
အရှက်မဲ့ပြ လာနေကြတယ်

-လူတချို့က
တစ်သက်လုံး ကိုးကွယ်နေမယ် အမှတ်နဲ့
ချယ်လှယ်ချင်တိုင်း ချယ်လှယ်
လာနေကြတယ်

-လူတချို့က
တစ်သက်လုံး ငတုံးတွေအတိုင်း
ရှင်သန်မယ် အမှတ်နဲ့ ၊
လှည့်စားလာကြတယ်

-လူတချို့က
တစ်သက်လုံး အမှန်တွေချည်းပဲ -
ရွေးလုပ်ခဲ့တယ် အမှတ်နဲ့ ၊
စကားကြီးစကားကျယ်
ပြောထွက်လာကြတယ်

-လူတချို့ကကိုယ့်အပိုင်ဆိုပြီး
မျက်နှာပြောင်တိုက်
မိန့်မိန့်ကြီးနေ နေကြတယ်

-လူတချို့က
တစ်သက်လုံး မသေတော့ဘူးအမှတ်နဲ့
ကျိန်ဆဲနေကြတယ်

-အဲ့ဒီလူမျိုးတွေထဲ
သင်ကိုယ်တိုင် မပါမိစေနဲ့မိတ်ဆွေ...။
နောက်ဆုံးလမ်းက အဲဒါဘဲ
ကြည့်ထား

?????
Credit.Photo
ဂျူး**

#???ꫀσ?

1 year, 7 months ago

?သည်းခံတယ်ဆိုတာ?
~~~~~?အတိုင်းအတာ တစ်ခုအထိပဲသည်းခံဆိုတာ
?အတိုင်းအတာထက်လွန်ကဲလာရင်
?ဒေါသထွက်ပြီး မခံနိုင်တဲ့စိတ်တွေနဲ့
?ပေါက်ကွဲပစ်လိုက်ဖို့ ပြောတာမဟုတ်ဘူး
?ဥပေက္ခာပြုလိုက်ဖို့ကိုပြောတာ။

?သူများနဲ့ ရန်ပြန်ခံဖြစ်တယ်ဆိုတာ
?ကိုယ့်ရဲ့စိတ်ကို သူနဲ့တန်းတူအောင်
?အောက်ချလိုက်ချင်းပဲဖြစ်တယ်။

?ကိုယ်ရဲ့ စိတ်ကို တစ်စုံတစ်ယောက်က
?ဝမ်းနည်းအောင်လည်း လုပ်လို့ရတယ်
?ဝမ်းသာအောင်လည်းလုပ်လို့ရတယ်
?စိတ်ဒုက္ခရောက်အောင်လည်း
?လုပ်လို့ရတယ်ဆိုရင်
?ကိုယ်ကသူများစိတ်နဲ့
?အသက်ရှင်နေတာဖြစ်သွားပြီ။

?ကိုယ့်ကိုတစ်စုံတစ်ယောက်က
?လာကဲ့ရဲ့တယ်ဆိုရင်
?ကိုယ်က ဘယ်လိုလူမျိုးလည်းဆိုတာ
?သူဘယ်လိုထင်ထင်
?သူကဘယ်လိုလူမျိုးလည်းဆိုတာက
?ပေါ်လွင်နေပြီ။

?ကိုယ့်ကို အပြစ်ပြောနေတဲ့သူတွေက
?အရမ်းကျေးဇူးတင်ဖို့ကောင်းတယ်
?သူတို့ပြောလိုက်မှ ကိုယ်မှားနေတယ်ထင်တဲ့
?အရာတွေကို ပြန်ပြီးပြုပြင်လို့ရတာပေါ့။

?သူ့ရဲ့အမှားတွေကို အပြစ်မပြောခင်
?ကိုယ့်မှာ အဲ့အမှားမျိုးရှိနေမလားဆိုတာ
?အရင်ပြန်ပြီး စဉ်းစားပါ
?သူများအမှားတွေကို လိုက်ပြီးမပြောခင်
?ကိုယ့်မှာ အမှားမရှိအောင် အရင်လုပ်ပါ။

?ကိုယ့်ကိုယ်ကိုယ် ယုံကြည့်မှုရှိရှိနဲ့နေတဲ့သူဟာ
?ကိုယ့်အလုပ်ကို
?အမြဲတမ်းအကောင်းဆုံးဖြစ်အောင်လုပ်တယ်
?ကိုယ့်ရဲ့လုပ်ဆောင်ချက်အပေါ်မှာလည်း
?အမြဲတမ်းစိတ်ကျေနပ်မှုရှိတယ်။
?ကိုယ့်စိတ်ကိုအမြဲတမ်းပျော်အောင်ထားတယ်
?စိတ်ကို ရှင်းရှင်းလင်းလင်းပဲထားတယ်
?သူတပါး ကဲ့ရဲ့တာတွေ
?ချီးမွမ်းတာတွေအပေါ်မှာ
?အချိန်ကုန်မနေဘူး။

?ခွင့်လွတ်တတ်တဲ့စိတ်ဆိုတာ
?လောကမှာ အရဲရင့်ဆုံး သတ္တိအရှိဆုံးပဲ။

?သူတပါးကို အနိုင်လိုချင်တဲ့စိတ်ဆိုတာ
?ကလေးလေးတစ်ယောက်ရဲ့ စိတ်ပဲ
?သူတပါးရဲ့အပြစ်တွေကို ပြောတတ်တဲ့သူဟာ
?ရင့်ကျက်မှု မရှိသေးတဲ့သူပဲ။

?ကိုယ့်ကို ဘယ်လိုလူစားလည်းလို့
?လာပြီးသတ်မှတ်တတ်တဲ့သူတွေဟာ
?သူတို့ကိုယ္သူတို့ အဲ့လိုလူစားဆိုတာကို
?ပြောပြလိုက်တာပါပဲ။

?ကိုယ့်ကို တိုက်ခိုက်လာတဲ့သူတွေကို
?ပြန်ပြီးတော့ မတုန့်ပြန်တာ
?ကြောက်တာလည်း မဟုတ်သလို
?အရမ်းကြီးရင့်ကျက်သွားတာလည်းမဟုတ်ဘူး
?တိတ်ဆိတ်ခြင်းရဲ့ အေးချမ်းမှုကို သိထားလို့။

Credit.....သို့လရိပ်လေး
မေတ္တာဖြင့် မျက်၀န်း ( စကားဝါမြေ )

18-10-2021

#???ꫀσ?

1 year, 7 months ago

ဖတ်ကြည့်နော်?**

# လူတယောက် နေစရာမရှိတုန်းက သူနဲ့သိပ်ရင်းနှီးတဲ့သူငယ်ချင်းက သူ့အိမ်မှာပေးနေလိုက်တယ်။

စစချင်း နေခွင့်ရတုန်းကတော့ အရမ်းကျေးဇူးတင်သွားတာ။

ပြောင်းစေချင်တဲ့အခါ အချိန်မရွေးပြောပါ ပြောင်းပေးပါ့မယ်ဆိုပြီး အာမတောင်ခံလိုက်သေး။

အနေလည်း ကြာလာတော့ သူများအိမ်ကို သူ့အိမ်လို စိတ်ထဲမှာ မှတ်ယူလာတော့တယ်။

အချိန်တန်လို့ ပြောင်းပေးဖို့ပြောတော့ မကျေမနပ်တွေဖြစ်လာတယ်။

တချိန်က နေခွင့်ပေးခဲ့တဲ့ ကျေးဇူးဆိုတာကို သတိရဖို့မပြောနဲ့ကျေးဇူးရှင်ကိုတောင် ရန်သူတယောက်လိုမြင်သွားတယ်။

သူငယ်ချင်းတစု အတူတူပေါင်းပြီးအဆောင်ငှါးနေကြတယ်။

စေတနာကောင်းတဲ့သူငယ်ချင်းက ချက်ပြုတ်ကျွေးတယ်။
အစတုန်းကတော့ ချက်ကျွေးတာကို ကျေးဇူးတွေတင်နေကြတယ်။

ကြာလာတော့ ချက်ပြုတ်ကျွေးတာကို သူကပဲ မဖြစ်မနေလုပ်ရမည့် တာဝန်တစ်ခုလိုမြင်လာကြတယ်။

အကြောင်းကြောင်းကြောင့် ချက်မကျွေးဖြစ်တဲ့အခါ ချက်ကျွေးခဲ့တာတွေ ကျေးဇူးတင်ဖို့နေနေသာသာ ချက်မကျွေးရကောင်းလားဆိုပြီး ငြိုငြင်လာကြတယ်။

လူတယောက် အပြင်သွားတဲ့အခါတိုင်း သစ်ပင်တပင်အောက်က ဖြတ်သွားနေကျ။

နောက်တော့ လမ်းဘေးက တွေ့နေကျ ခွေးတကောင်ကို သနားလို့ အနီးနားက အပင်တပင်အောက်မှာ အမြဲတမ်း အစာခေါ်ခေါ်ကျွေးလိုက်တာ။

အရင်က အဲ့ဒီသစ်ပင်နား တခါတလေတွေ့ရတုန်းက လူမြင်တိုင်း အမြဲတမ်း ကြောက်ပြီးရှောင်ပြေးတတ်တဲ့ခွေးဟာအပင်အောက်မှာ အစာလာစားတာကြာလာတော့ အဲ့ဒီသစ်ပင်ကို သူပိုင်တယ်လို့ထင်သွားပုံရတယ်။

နောက်ပိုင်းကျတော့အပင်နားရောက်လာတဲ့ တွေ့တဲ့သူတိုင်းကို ဟောင်တော့တာပဲ။

ကုမ္ပဏီတခုမှာ အလုပ်သမားတွေ အလုပ်နောက်ကျလို့မရဘူးဆိုတဲ့ စည်းကမ်းရှိတယ်။

တခါတလေနောက်ကျတာကို သနားသဖြင့် ခွင့်လွှတ်ပေးထားတယ်။
အစတုန်းကတော့ ကုမ္ပဏီကို နားလည်မှုရှိတယ်ဆိုပြီး ကျေးဇူးတင်ကြတာ။

ကြာလာတော့ သူတို့ဟာ နောက်ကျခွင့်ရှိတယ်လို့မြင်လာပြီး အမြဲလိုလိုနောက်ကျမှအလုပ်တက်ကြတော့တယ်။

နောက်ကျဖန်များလာလို့ နောက်မကျဖို့ပြောတဲ့အခါကျတော့ အရင်ကပေးခဲ့တဲ့ အခွင့်အရေးတွေကို ကျေးဇူးတင်ရကောင်းမှန်းမသိတော့ပဲ သူတို့ရဲ့ရပိုင်ခွင့်ကိုတောင် ချိုးဖောက်တယ်လို့မြင်လာကြတယ်။

လူတွေရဲ့အကျင့်က အမြဲတမ်း
ပေါပေါများများရနေပြီဆိုရင် အဲ့ဒါကို ကျေးဇူးတင်စရာလို့မထင်တော့ဘူး။

တခါတလေ ရခဲတဲ့အရာမျိုးလောက်ပဲ ကျေးဇူးတင်တတ်ကြတာမျိုး။

မိဘနဲ့သားသမီး
ဆရာနဲ့တပည့်
အလုပ်ရှင်အလုပ်သမား
သူငယ်ချင်းကြား
ချစ်သူကြား
မိတ်ဆွေကြား

အသင်းအဖွဲ့တွေကြား စသည့်ဘယ်ဆက်ဆံရေးမှာမဆိုအခွင့်အရေးဆိုတာပေးသင့်သလောက်ပဲပေးရတယ်။

အမြဲတမ်းပေးတော့မယ်ဆိုလည်း
ကိုယ်ပေးနိုင်တဲ့ပမာဏလောက်ပဲပေးသင့်တယ်။

လိုတာထက်ပိုတဲ့ အခွင့်အရေးမျိုးပေးမိလျှင် ကြာလာတဲ့အခါ ရပိုင်ခွင့်လို့ထင်သွားကြတယ်။

တချိန်ချိန်မှာ ကိုယ်က အခွင့်အရေးတွေဆက်မပေးနိုင်တော့တဲ့အခါကိုယ့်လုပ်ပိုင်ခွင့်နဲ့ကိုယ်လုပ်တာတောင် သူတို့ရဲ့ရပိုင်ခွင့်ကို ချိုးဖောက်တယ်လို့ ထင်လာတတ်ကြတယ်၊ ကိုယ်ကပဲမှားနေတယ်လို့လည်း သူတို့က မြင်လာကြတယ်။

အချို့သောသူတွေရဲ့စရိုက်ကများပြားလွန်းတဲ့ ကျေးဇူးတင်စရာတွေထက်အနည်းငယ်သော အလိုမကျမှုလေးတွေကိုသာစိတ်ထဲမှာ အမြဲတမ်းမြင်နေတတ်တဲ့သဘောရှိတယ်။

ဒါကြောင့် ပေးဆပ်ဖို့စဉ်းစားတိုင်းမှာ
တချိန်ချိန်မှာဖြစ်လာနိုင်တဲ့ရလဒ်ကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုသေးတယ်။

မဟုတ်ရင်အဲ့ဒီစေတနာတွေဟာ
အဆုံးမှာစော်ကားစရာအဖြစ်သာ ကျန်နေလိမ့်မယ်။

စကားတစ်ခုရှိတယ်
"လူသားတွေ ကျေးဇူးကန်းတဲ့အခါ
နတ်ဘုရားတွေတောင် ဘုရားပြန်တနေရတာမျိုး

မူရင်းရေးသားသူကိုလေးစားလျက်

credit**#???ꫀσ?

1 year, 7 months ago

ပျားရည်ပုလင်းလေးကို ဗီရိုထဲ
သိမ်းဆည်းပြီးနောက် အဲဒီမိတ်ဆွေက
ကျွန်တော့်ကိုစကားဆက်ပြောတယ်။

''အဖေ့ကိုပျားရည်နဲ့ဆေးဖော်တာ
မပြောရဲဘူးဗျ..
ပျားရည်ဆိုတာ အသိုက်အမြုံပျက်ပြီးမှ
ရလာတာမို့ မသုံးချင်ဘူးတဲ့လေ..
ဘယ်တတ်နိုင်မလဲဗျာ..
စိတ်တော့မကောင်းဘူးပေါ့.
ပျားတွေခမျာလည်း အဖိုးတန်ပျားရည်ကြောင့်
အသိုက်အမြုံပျက်ရရှာတာ သဘာဝပဲလေ..''

''ဗျာ...''

အမှတ်မထင် ပြောလိုက်တဲ့
မိတ်ဆွေရဲ့ စကားအဆုံးမှာ ကျွန်တော့်စိတ်ထဲ အတွေးတွေ ထပ်ဝင်လာပါလေရော။

အောင်မြင်မှု ဆိုတဲ့ ပျားရည်တွေ၊
ကျော်ကြားမှု ဆိုတဲ့ ပျားရည်တွေ၊
ရာထူးအာဏာဆိုတဲ့ ပျားရည်တွေ၊
ချမ်းသာမှု ဆိုတဲ့ ပျားရည်တွေ..
ဘဝတစ်လျှောက်လုံး
ကိုယ်ကြိုးစား ပမ်းစား တည်ဆောက်ထားတဲ့
သိပ်ချိုမြိန်ပါတဲ့ဆိုတဲ့ အဲဒီအရာတွေက
တစ်ခါတစ်လေမှာလည်း ကိုယ့်ကိုပြန်ပြီး
ဒုက္ခပေးနိုင်ပါလား..။

ကိုယ့်ကိုဖြိုချမယ့် သူတွေကို
လက်ယပ်ခေါ်နေတဲ့ ပျားရည်လို
ဂုဏ်ပကာသနတွေ ဖြစ်နေနိုင်ပါလား..။

အတွေးတွေ များနေစဉ်မှာပဲ
မိတ်ဆွေက ''ပျားရည်ဖိုး ဘယ်လောက်လဲ''
လို့ ကျွန်တော့်ကို မေးတယ်။

''အခကြေးငွေ မပေးပါနဲ့ဗျာ..
ဒီပျားရည်ပုလင်းလေးက
ကျွန်တော့်ကို အတွေးတွေအများကြီး
ပေးခဲ့တယ်..''လို့ သူ့ကိုပြောခဲ့ပါတယ်။

ကိုယ့်အနားကို ပုဆိုးခြုံပြီး ဝင်လာမယ့်
ပျားဖွတ်သမားလို
မိတ်ဆွေတုတွေ အကြောင်းရော..
အောင်မြင်မှု ကျော်ကြားမှု ချမ်းသာမှု
စတဲ့ ကိုယ်တည်ဆောက်ထားတဲ့
အရာတွေဟာလည်း
တစ်ခါတစ်လေမှာ ကိုယ့်ကို ဒုက္ခပေးနိုင်မယ့်
ပျားရည်တွေဖြစ်နိုင်တဲ့ အကြောင်းတွေရော
ဆင်ခြင်တွေးတောရင်း
အိမ်ကို ပြန်လာခဲ့ပါတော့တယ်။

Crd -ကိုစိုးထိုက်(ဖဒို)

#AhJeon

1 year, 7 months ago

ဖတ်ရတာ တန်ဖိုးရှိလို့ ပါ
????????
အနီးဆုံး လူကပဲ ကိုယ်ကို ဒုက္ခပေးနိင်တာပါ.

အဲဒီနေ့ကပေါ့..ပဲခူး ရိုးမတောင်ခြေ
ဖဒိုမြို့မှာနေတဲ့ ကျွန်တော့်ကိုရန်ကုန်မှာနေတဲ့
မိတ်ဆွေတစ်ယောက်ကပျားရည်စစ်စစ်
တစ်ပုလင်းလောက် လိုချင်တယ်ဆိုပြီး
လူကြုံ မှာတယ်။

အမှန်တော့ ဖဒိုမှာလည်း ပျားရည်စစ်စစ်
ရှားပါတယ်
သစ်ခုတ်၊ဝါးခုတ်ရင်း
အမဲလိုက်တဲ့ လူတချို့ဆီကမှ
ရံဖန်ရံခါ ပျားရည်စစ်စစ် ရတတ်တာမို့
တောင်ပေါ်က ကရင်လူမျိုး
အသိတစ်ယောက်ဆီ ပျားရည်သွားမှာ ရတာပေါ့။

အခန့်သင့်တယ်ပြောရမလား မသိ
အဲဒီလူဆီမှာ မနေ့ကမှ ဖွတ်လာတဲ့
ပျားရည်ပုလင်းတစ်ချို့ ရလိုက်တယ်။

ဂျီတစ်ကောင်နောက်လိုက်ရင်း
ပျားအုံအသေးတစ်အုံတွေ့လို့ မီးခိုးမှိုင်းတိုက်ပြီး
ပျားရည်ဖွတ်ခဲ့ကြောင်း သူကပြောပြတယ်။

''ဝမ်းသာလိုက်တာဗျာ..
မြို့ကလူတွေက တောကနေ ပျားရည်မှာတိုင်း
အစစ်ရမယ် ထင်တတ်ကြတယ်..
ကျွန်တော့်မှာ တာဝန်ကြီးသဗျာ..
အတီးတို့ဆီကရမှ ပေးမယ်ဆိုပြီးတွေးထားတာ
ခုတော့ ရေကန်အသင့် ကြာအသင့်ပဲ..''

ပျားရည်ဝယ်ပြီး အိမ်ပြန်မယ်အလုပ်မှာ
အချိန်အခါမဟုတ် မိုးရွာချတာနဲ့
မုဆိုးကြီးအိမ်မှာပဲ မိုးခိုရင်း ဝင်ထိုင်ရတာပေါ့။

ဂျီသားမီးဖုတ်နေတဲ့ သူက တောအရက်လေး
သောက်သွားပါလားလို့ ဧည့်ခံတာနဲ့
ကျွန်တော်လည်း
ဘုရားလည်းဖူးရင်း လိပ်ဥတူးဆိုသလို
တစ်ခွက်တစ်ဖလား ဝင်မော့တယ်။

အရက်လေးသောက် ၊ ဂျီသားလေး မြုံ့ရင်း
တောအကြောင်း တောင်အကြောင်း
သူ့ အတွေ့အကြုံတွေအကြောင်း
စကားပြောကြရာက ပျားဖွတ်တဲ့ဆီ
စကားစ ရောက်သွားတယ်။

''အတီးရေ...
ကျွန်တော် လွန်ခဲ့တစ်လလောက်က
အသိတစ်ယောက်အိမ်ကို သွားလည်တုန်း
သူတို့သရက်ပင်အောက်မှာ ပျားတုတ်ခံရတာ
ထွက်ပြေးလည်း မလွတ်ဘူးဗျာ..
သုံးလေးချက် အတုတ်ခံလိုက်ရတာ
အီစလံဝေ သွားတာပဲ..
အတီးတို့ ပျားဖွတ်တဲ့အခါ ပျားအုံကို
မီးခိုးမှိုင်းတိုက်တော့
ပျားတွေ ထွက်မတုတ်ဘူးလားဗျ..''

ကျွန်တော်က မေးလိုက်တော့ သူက ရယ်ပြီး
''ပုဆိုးခြုံလိုက်ရင် လုံတာပဲလေ..''လို့
ခပ်နောက်နောက် ပြန်ဖြေတယ်။

ပြီးတော့မှ အရက်ကို တစ်ငုံသောက်
ပျစ်ခနဲ တံတွေးကိုထွေးလိုက်ပြီး
ဂျီသားတစ်ဖက်ကို ကောက်ဝါးလိုက်ရင်းမှ
သူက စကားဆက်ပြောတယ်။

''တကယ်ပဲ ပုဆိုးခြုံပြီး ပျားဖွတ်တာကွ..
ပ်ားသဘာဝကို ငါ့တူက မသိလို့..
သူတို့ ပ်ားအုံကို လူက လာထိတဲ့အခါ
ပျားတွေက ထွက်ပြီး အရင် စူးစမ်းတယ်..
အဲဒီအခါ လူက ကြောက်လို့ ထွက်ပြေးရော..
အဲဒါမှ ရန်သူဆိုတာ ကျိန်းသေလို့
အဲဒီလူကို ပိုမဲပြီးလိုက်တုတ်တာ..

မင်းစိတ် ရဲဖို့ပဲလိုတယ်..
သစ်ပင်အောက်တည့်တည့်ကို
ပုဆိုးခြုံလေးခြုံပြီး အသာလေးကပ်သွား..
ပြီးရင် အရေးအကြီးဆုံးက
ခန္ဓာကိုယ်ကို သစ်ပင်နဲ့ထိနေပစေ..
ဒါဆိုရင် ပျားတွေက အဲဒီလူကို
ရန်သူလို့မထင်တော့ဘူးကွ..
သူတို့တည်မှီရာ သစ်ပင်က သစ်ကိုင်း
တစ်ခုလို့ပဲ ထင်သွားတတ်ကြတယ်။

ပျားတွေဟာ
မီးခိုးမှိုင်းကြောင့် အဝေးမှာ ရန်သူလိုက်ရှာ
နေတုန်း အနီးဆုံးမှာရှိနေတဲ့ ငါက
အေးအေးဆေးဆေး ပျားဖွတ်တော့တာပဲ..
သူတို့ကို ဖြိုချတဲ့ ရန်သူဟာ
သူတို့နဲ့ အနီးဆုံးမှာ ငြိမ်နေတဲ့
သူတို့နဲ့ တစ်သားထဲ သစ်ပင်လို့ထင်နေတဲ့
ပုဆိုးခြုံထဲကလူလို့ မထင်ကြရှာဘူး..
ဟဲဟဲဟဲ...''

''....အို.....'''

ခဏအကြာမှာ မိုးစဲသွားပြီဖြစ်လို့
ကျွန်တော်လည်း သူ့ကို
နှုတ်ဆက်ပြီး အိမ်ပြန်လာခဲ့တယ်။

''သူတို့ကို ဖြိုချတဲ့ ရန်သူဟာ
သူတို့နဲ့ အနီးဆုံးမှာ ငြိမ်နေတဲ့ ၊
သူတို့နဲ့ တစ်သားထဲ သစ်ပင်လို့ထင်နေတဲ့
ပုဆိုးခြုံထဲက လူလို့မထင်ကြရှာဘူး..''ဆိုတဲ့
စကားသံကို နားထဲမှာ ပြန်ကြားနေရင်း
ရင်ထဲမှာအတွေးတွေ အုံ့အုံ့ပျံ့ပျံ့
ဝင်လာတယ်။

လိုချင်တာ တစ်ခုခုရှိလို့ ကိုယ့်အနားကို
မိတ်ဆွေအရေခြုံပြီး ကပ်လာကြတဲ့
လူတစ်ချို့အကြောင်း..။

အိုး...သိပ်ဖော်ရွေတာပဲ..
ကိုယ့်ကို သိပ်ပြီး နားလည်မှုရှိတာပဲ..
ကိုယ့်အပေါ် သိပ်ပြီး ဂရုစိုက်ပြတာပဲ..
သူတို့လောက်ကောင်းတဲ့သူ
ကမ္ဘာပေါ်မှာ မရှိတော့သလို
ဟန်ဆောင်ကောင်းတဲ့ ပျားဖွတ်သမားလို
လူတွေ လူတွေ..။

နှစ်ကိုယ့်တစ်စိတ်လိုမျိုး ကိုယ်အစစအရာရာ
ယုံကြည်သွားခါမှ သူတို့လိုချင်တာရဖို့
မီးခိုးမှိုင်းတိုက်ပြီး ကိုယ့်ကို
ပျက်ဆီးရာ ပျက်ဆီးကြောင်း ကြံကြပါလေရော..

ကိုယ့်မှာတော့ ရန်သူကို
ဟိုး..... အဝေးမှာလိုက်ရှာလို့..
ပုဆိုးခြုံထဲကပျားဖွတ်သမားကို ကိုယ့်အပင်က
သစ်ကိုင်း ထင်နေတဲ့ ပျားလို
အနီးမှာရှိနေတဲ့လူကို မိတ်ဆွေရင်းလို့
ထင်မိနေဆဲ..ယုံကြည်နေဆဲ..

လိုချင်တာ ရသွားတဲ့အချိန်(သို့မဟုတ်)
ကိုယ်လည်း ပျက်စီးနိမ့်ကျသွားတဲ့
အခါကျတော့ သူတို့လို လူမျိုးတွေဟာ
ကိုယ့်ကို ရှိတယ်တောင် မထင်..
လှည့်တောင် မကြည့်..
လမ်းတွေ့ရင်တောင် မမြင်ယောင်ဆောင်
ရှောင်ဖယ်သွားတတ်ကြတဲ့
ပျားဖွတ်သမားလို မိတ်ဆွေအရေခြုံထားတဲ့
လူတချို့ အကြောင်းတွေးမိပြီး
မချိပြုံး ပြုံးမိတယ်။

.......................။

ရက်အနည်းငယ်အကြာမှာတော့ လမ်းကြုံတာနဲ့
ပျားရည်ပုလင်းလေးကို သေသေချာချာ
ထုတ်ပိုးပြီး ရန်ကုန်ကိုယူလာခဲ့ပါတယ်
မှာထားတဲ့မိတ်ဆွေကို ပျားရည်ပေးတော့
သူက ကျေးဇူးတင်ကြောင်း
အထပ်ထပ်ပြောရှာတယ်။

''အဖေ့အတွက် ဆေးဖော်ဖို့ လိုနေတာဗျာ..
ကျေးဇူးနော် ကိုစိုးထိုက်ရေ..''

1 year, 7 months ago

#ရပ**်တန့်မနေနဲ့

✔️ဘဝမှာလူတိုင်းက တခါတခါတော့ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိအောင် တွေဝေရင်း လမ်းပျောက်နေခဲ့ကြဖူးတယ်။

✔️အဲ့ဒီလိုကြုံလာရင် အကြာကြီးတွေဝေမနေဖို့
ကိုယ့်ကိုယ်ကို ဘာတွေလုပ်နိုင်မလဲ၊ ဘာတွေလုပ်သင့်တယ်ဆိုတဲ့အတွေးနဲ့အမြန်ဆုံးတွန်းအားပေး ခိုင်းစေပါ။

✔️အသက်အရွယ်နဲ့ အချိန်အခါရှိတုန်းမှာ
ကိုယ့်ဘဝရှေ့ရေးကြိုတွေးလို့ ကြိုးစားထားရမှာပါ။

✔️လူတွေအိပ်နေတယ်ဆိုရင်တောင် အချိန်တွေကတော့လည်ပတ်ရင်း ကုန်ဆုံးနေဆဲပါပဲ။

ရပ်တန့်ထားလို့မရတဲ့ အချိန်တွေဟာ တွေဝေနေတဲ့ကိုယ့်အတွက်အချိန်လွန်နောင်တတွေက လက်ဆောင်အဖြစ် ရောက်လာနိုင်လို့ပါပဲ။

✔️ဘဝတစ်ခုကိုရရှိထားတဲ့ လူတိုင်းအောင်မြင်ဖို့
ဆိုတာထက် ကြိုးစားမှုတွေ ရပ်တန့်မနေဖို့ပဲ အရေးကြီးတာပါ။

✔️ကြိုးစားမှုတွေ မရပ်သရွေ့ ကိုယ့်အတွက် ထိုက်တန်တဲ့တစ်နေရာတော့ ရှိနေစမြဲပါပဲ။

✔️တွေဝေလွန်းရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေနည်းလာတတ်တယ်။ကိုယ်ရည်ရွယ်တဲ့ အလုပ်တိုင်းကို သူများတွေတောင်လုပ်နိုင်သေးတာပဲ
ငါလည်းလုပ်နိုင်ရမယ်ဆိုတဲ့ ကိုယ့်ကိုယ်ကို ခိုင်မာတဲ့စိတ်၊ ယုံကြည်မှုအပြည့်နဲ့လုပ်မယ်ဆိုအလုပ်နဲ့ပတ်သက်တဲ့ သင်ယူမှုတွေဟာ တတ်မြောက်လွယ်စေတယ်အခက်အခဲတွေကိုလည်း နည်းစေပါတယ်။

✔️တချို့လည်း သင်ယူလေ့လာမှုတွေနဲ့ သူတို့ဘဝကို စတင်ပြီးအကောင်အထည်ဖော်နိုင်ဖို့ ပထမခြေလှမ်းအဖြစ် ကြိုးစားနေကြတယ်။

တချို့လည်းသင်ယူမှုတွေပြီးလို့ သူတို့ဘဝလမ်းကို ယုံကြည်မှုတွေနဲ့ ရည်ရွယ်ရာပန်းတိုင်ဆီ လျှောက်လှမ်းနေကြပြီ။

✔️သင်ကရော ဘာလုပ်ရမှန်းမသိပဲ တွေဝေရင်းလမ်းပျောက်နေတုန်းလား။ဆုံးဖြတ်ချက်ကို အလျင်စလိုချဖို့ မလိုပါဘူး။

✔️ကိုယ်နဲ့အသင့်တော်ဆုံးအလုပ်တစ်ခု ဘာတွေလုပ်နိုင်မလဲ၊ ဘယ်လိုလုပ်ရင် ကိုယ့်အတွက် အကောင်းဆုံးဖြစ်နိုင်မလဲ စဉ်းစားပြီး စတင်ပါတော့။

✔️ဘာပဲလုပ်လုပ် စမိတဲ့ချိန်ကစ အဆုံးသတ်သည်ထိ အကောင်းဆုံးကြိုးစားနိုင်မှ ​အောင်မြင်မယ်

✔️ကံကောင်းလာမယ့်နေ့တွေနဲ့ ကိုယ့်အတွက်
အခွင့်အရေးရနိုင်မယ့် အချိန်ကောင်းကို ထိုင်စောင့်ရင်း
သင့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကအချိန်လွန်နောင်တနဲ့ကြိုးစားမှုတွေ မလုပ်နိုင်တော့တဲ့
အိုမင်းခြင်းဆီကို သင့်ကို ခေါ်ဆောင်သွားပါလိမ့်မယ်။

✔️ကံကောင်းလာမယ့်နေ့အတွက်သင့်ရဲ့နုပျိုခြင်း
အချိန်တွေကိုရင်းပြီး အချိန်မဖြုန်းပါနဲ့
အလကားနဲ့ပေါ့ပေါ့လေး ရတဲ့အရာတွေဆိုတာ
တန်ဖိုးထားသူနည်းတယ်။

✔️အချိန်လွန်မှ နောင်တမရစေဖို့ သင့်ကြိုးစားမှုတွေကို ရပ်တန့်မနေပါနဲ့။သင့်ရဲ့ မျက်စိ၊ နား ၊ဦးနှောက်တံခါးကိုဖွင့်လို့ လုပ်သင့်တာတွေမြင်အောင်ကြည့်ပြီး ကြိုးစားမှုတွေစတင်ပါတော့

✔️ကြိုးစားနေသူတွေကလည်းလျော့နေတဲ့ခွန်အားများဖြည့်တင်းလို့ဆက်လျှောက်ကြပါလို့**#Credit#???ꫀσ?

1 year, 7 months ago

*❤ ကိုယ့်ဘဝရဲ့ စာမျက်နှာများ❤*

မတူညီတဲ့လူလောကကြီးမှာ
ကိုယ်နေထိုင်ပါတယ်

ကိုယ်က
သူများအကြောင်းကို စိတ်မဝင်စားတတ်ဘူး

ကိုယ့်ဘဝကို
ရိုးရိုးရှင်းရှင်းနဲ့ တန်ဖိုးရှိစွာ နေထိုင်တယ်

အလိုက်အထိုက်တော့ နေတတ်ပေမဲ့
မဟုတ်မမှန်သော စကားကိုတော့မပြောတတ်ဘူး

ကိုယ့်ဘက်ကစပြီး
ဘယ်သူ့ကိုမှ မမုန်းတတ်ခဲ့ဘူး

ကိုယ့်အပေါ် မကောင်းဘူးဆိုရင်
ကိုယ်ကပဲ ကင်းအောင်နေလိုက်တော့တယ်

ကြောက်တတ်လို့တော့မဟုတ်ဘူး
ဒေါသတွေနောက်မှာ အမှားတွေပါတတ်လွန်းလို့

သူများက ကိုယ့်အပေါ် မကောင်းရင်
ကိုယ်ကအရင်စပြီး ကင်းအောင်နေလိုက်တာက
အပူပင်ကင်းတာပဲ မဟုတ်ပါလား။

ထပ်တူမကျနိုင်တဲ့
လူတွေကြားထဲမှာ ကိုယ်နေထိုင်ပေမဲ့
ကိုယ့်ရဲ့စိတ်ကိုချမ်းသာအောင်တော့
နေထိုင်ရတာပဲပေါ့။

မေတ္တာများဖြင့်#ချိုနွယ်(M.D.Y)**#???ꫀσ?

1 year, 7 months ago

**ဖတ်ဖြစ်အောင် ဖတ်ပေးနော်
မဖတ်ဖြစ်ရင်တောင်မှ Save ထားပေါ့
အားလပ်ချိန် ပြန်ဖတ်လိုရအောင်
အောက်ကရေးထားတဲ့ စာသားနဲ့
အပြင်မှာ တညီထဲဖြစ်ဖူး ကြုံဖူးကြမှာပါ :-)

ညနေ တစ်ခုမှာ
ဆိတ်လေး တစ်ကောင်ဟာ
တောင်ကုန်းပေါ်မှာ ဆော့နေတယ်။

ရုတ်တရက်
သစ်ပင် ခြုံကြားထဲက
ဝံပုလွေတစ်ကောင် ရောက်လာပြီး
ဆိတ်ကို စားမယ်ပြင်တယ်။

ဆိတ်လေးဟာ
အသံကျယ်နဲ့အော်ပြီး သူငယ်ချင်းတွေကို
အကူအညီ လှမ်းတောင်းတယ်။

နွားက
သစ်ပင်ခြုံထဲက တစ်ချက်လှမ်းကြည့်ပြီး
ဝံပုလွေကို မြင်တော့ ပြေးပါလေရော။

မြင်းက
ခေါင်းငုံပြီး တစ်ချက်ကြည့်၊
ဝံပုလွေကိုတွေ့တော့ ဝှစ်ကနဲကိုပြေးပြန်ရော။

၀က်ကလည်း
ဖြတ်သွားရင်း ဝံပုလွေကိုမြင်တာနဲ့
ကမန်းကတန်း တောင်ပေါ်က ဆင်းပြေးရော။

တောင်အောက်မှာရှိတဲ့ ခွေးလေးက
ဆိတ်အော်သံ ကြားတော့
ကမန်းကတန်းတောင်ပေါ်ပြေးတက်
ခြုံပုတ်တွေထဲက ဖြတ်ပြီး
ဝံပုလွေရဲ့ လည်မြိုကို ကိုက်ခဲပစ်လိုက်တယ်။

ဝံပုလွေ နာလွန်းလို့ ထအော်တယ်၊
ခွေးမာန်ဖီ လိုက်တော့
လန့်ပြီး ပြေးပါလေရော။

အိမ်ပြန်ရောက်တော့၊ သူငယ်ချင်းတွေ
အားလုံး ရောက်လာတယ်။

နွားက
နင်ကဘာလို့ငါ့ကိုမခေါ်တာလဲ..
ငါ့ဂျိုနဲ့ သူ့ဗိုက်ပေါက်အောင် လုပ်ပစ်မှာပေါ့။

မြင်းက
နင်က ဘာလို့ ငါ့ကိုမပြောလဲ၊
ငါသူ့ခေါင်းကို ခွာနဲ့ကန်ပစ်မှာပေါ့။

ဝက်က
နင် ငါ့ကို ခေါ်ရောပေါ့
ငါတစ်ချက် ပက်လိုက်ရင်
သူတောင်ပေါ်ကတောင် ပြုတ်ကျသွားမှာ။

အဲ့လို ပြောသံတွေကြားမှာ
ခွေးလေး မပါခဲ့ပါ။

မိတ်ဆွေစစ်ဆိုတာ
စကားအလှတွေ သုံးနေစရာမလိုပါဘူး။

တစ်ကယ် လိုအပ်ချိန်မှာ
မင်းကို လက်လှမ်း ကူညီတဲ့သူဟာ
မိတ်ဆွေစစ်ပါ။

အနားမှာရှိနေတဲ့ သူငယ်ချင်းတွေ၊
ခင်မင်နေတဲ့ သူငယ်ချင်းတွေဟာ
သူငယ်ချင်းအစစ် ဟုတ်မဟုတ်
မသေချာသေးပါ။

တစ်ခါတလေ အဝေးမှာရှိနေပြီး အမြဲတမ်း
ပေါင်းသင်းနေတာ မဟုတ်ပေမယ့် မင်းတစ်ကယ် အကူအညီ လိုအပ်နေချိန်မှာ
အပိုမပြောပဲ ကူညီတဲ့သူ ဂရုစိုက်တဲ့ သူသာ
တစ်ကယ့် မိတ်ဆွေ/သူငယ်ချင်း အစစ်ပါပဲ။

ဘ၀မှာ တန်ဖိုးထားသင့်တဲ့ မိတ်ဆွေ
သူငယ်ချင်းကောင်းများ ပိုင်ဆိုင်ကြပါစေ....#crdtooriginalwritter .**#???ꫀσ?

1 year, 7 months ago

ငိုနေတဲ့ မျက်လုံးတွေရှိခဲ့ရင်  ...?**

ခဏလောက် မျက်ရည်တွေသုတ်ပြီး ဒီစာလေး
ဆုံးအောင် ဖတ်စေချင်ပါတယ်။

လူတိုင်း ခက်ခဲနေကြတာပါပဲ ....ပြီးတော့ နာကျင်နေရတာပါပဲ မတူတာက ဒဏ်ရာတွေမတူဘူး အတိမ်အနက်ချင်း မတူဘူး ။

တချို့က
ငါ မရှိတော့ရင်ကောင်းမယ်လို့ တွေးလိမ့်မယ် ။
တချို့က ငါ့မှာ ငွေတွေ အများကြီးရှိရင်ကောင်းမယ်လို့ တွေးလိမ့်မယ် ။

သူပြန်ချစ်ရင်် သူသာ ဂရုစိုက်ရင် ဆိုပြီးတွေးနေတဲ့သူတွေလဲ ရှိနေမှာပါ ။တစ်ယောက်နဲ့ တစ်ယောက် ဒဏ်ရာတွေပဲ မတူကြတာ နာကျင်နေရတာချင်းတော့ တူတယ် ။

ဘာကြောင့် နာကျင်နေပါစေ ...
ငါ မိန်းမသားပဲ ဆိုတဲ့အတွေးနဲ့ ပျော့ညံ့နေလို့မဖြစ်ဘူး ။

ငါ့ကို အားပေးနှစ်သိမ့်မယ်လူမရှိလို့ဆိုပြီး အားငယ်နေလို့မဖြစ်ဘူး ။ ခဏတာ အခက်အခဲကို တစ်ဘ၀စာကြီး နဲ့ လဲလိုက်လို့မဖြစ်ဘူး ။

နာကျင်တယ်မလား .... အားရအောင်ငို ။ အနားမှာရှိရင် ကိုယ်ပါ ကူပြီး ငိုပေးဦးမှာ ။ ဒါပေမယ့် မျက်ရည်တွေ ခမ်းတာနဲ့ ခံစားနေရတာတွေအားလုံးကို ခဏတာပဲ ဖြစ်ဖြစ် မေ့ပစ်လိုက်တော့ ။

ကိုယ့်အိပ်မက် ကိုယ့်ရည်မှန်းချက် လူတိုင်းမှာရှိပြီးသားပါ တစ်ခါတစ်ရံ လူတစ်ယောက်အတွက်နဲ့ ကျွန်မတို့ မေ့ထားတတ်ကြတဲ့ အိပ်မက်တွေပေါ့ ။ အဲ့ဒီအိပ်မက်တွေကို တစ်ယောက်တည်းဆိုလဲ ဆက်ပြီး အကောင်အထည်ဖော်ရဲတဲ့ အင်အားရှိဖို့လိုတယ် ။

ရဲရင့်တဲ့ မိန်းမဆိုတာ .... မနာကျင်တတ်တော့တဲ့ မိန်းကလေးတစ်ယောက်ကို ခေါ်တာ မဟုတ်ဘူး နာကျင်နေလျက်နဲ့တောင် အပြုံးမပျက်တဲ့ မိန်းမတစ်ယောက်ပါပဲ ။ ထက်မြက်တဲ့ မိန်းမဆိုတာ .... အနောက်က တွန်းတင်ပေးမှ အမြင့်ကို ရောက်တာမဟုတ်ဘူး

ကိုယ်တစ်ယောက်တည်းဖြစ်နေလည်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ကိုယ့်လမ်းကိုယ် ဆက်လျှောက်ရဲရတယ် ။

ငိုမယ်ဆိုရင် ငိုပါ .... ငိုပြီးသွားတဲ့အခါ တိတ်ဖို့လိုတယ် ။

ချစ်ခြ င်းများစွာဖြင့်  ...

ပန်း  ပျိုး  လက် N.S.M ✍️**#???ꫀσ?

We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Admin acc @vip_admin_3