Min Zaw Lwin

Description
We recommend to visit

https://www.peoplemediamyanmar.com/

Last updated 1 year, 1 month ago

Last updated 1 year, 1 month ago

www.fdsarr.ru/dance/

Last updated 1 year, 2 months ago

1 year, 1 month ago
Min Zaw Lwin
1 year, 1 month ago
Min Zaw Lwin
1 year, 1 month ago
Min Zaw Lwin
1 year, 2 months ago
**၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပိတ်ပွဲအခမ်းအနား ကို …

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပိတ်ပွဲအခမ်းအနား ကို မနက်ဖြန် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်မှ စတင်ပြီး MRTV နှင့် ဆက်စပ်ရုပ်သံ၊ ရေဒီယို FM နှင့် Online တိုမှ တိုက်ရိုက်ထုတ်လွှင့်မည်

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပိတ်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၀ ရက်၊ ညနေ ၅ နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ခမ်းနားထည်ဝါစွာနှင့် အနှစ်သာရရှိစွာ စီစဉ်ကျင်းပသွားမည် ဖြစ်ပါတယ် ။

အခမ်းအနား မစတင်မီ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၊ ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ကျင်းပမည်ဖြစ်ရာ ပြိုင်ပွဲမစတင်မီ ခေတ္တရပ်နားချိန်နှင့် ပွဲပြီးချိန်များ၌ နာမည်ကျော် အနုပညာရှင်များနှင့် တေးသံရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများလည်း ပါဝင်မည်ဖြစ်ပါတယ်။
#News

1 year, 2 months ago
1 year, 2 months ago

နစက၏ ရွေးကောက်ပွဲအစီအစဉ်အပေါ် မြန်မာ့အိမ်နီးချင်းနိုင်ငံများက အကောင်းမြင်ဟု ထိုင်းနိုင်ငံပြော

မြန်မာနစက နိုင်ငံခြားရေးဝန်ကြီးတင်ပြတဲ့ နစကရွေးကောက်ပွဲအစီအစဉ်အပေါ် ဆွေးနွေးပွဲတက် ရောက်လာတဲ့မြန်မာအိမ်နီးချင်းနိုင်ငံတွေက ခြုံငုံပြီး အကောင်းမြင်ကြတယ် လို ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရသူ နီကွန်ဒက်ချ် ဘာလန်ကူရာက ပြောတဲ့အကြောင်း ဘန်ကောက်ပိုစ် သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာ့အိမ်နီးချင်းနိုင်ငံတွေက အကျပ်အတည်းနှင့်ပတ်သက်ပြီး အဖြေခပ်သွက်သွက်  လိုချင်ကြတယ်  လိုလည်း သူက ဖြည့်စွက်ပြောပါတယ်။

“ မြန်မာနိုင်ငံခြားရေးဝန်ကြီးက ခြုံငုံမိတဲ့နိုင်ငံရေးဆွေးနွေးမှုအတွက် တံခါးဖွင့်ထားတယ်လို ပြောပါ တယ်” လိုလည်း သူကပြောပါတယ်။

မြန်မာနစက နိုင်ငံခြားရေးဝန်ကြီးဟာ ထိုင်းနိုင်ငံဘန်ကောက်မြိုသိုရောက်ရှိနေပြီး မြန်မာနှင့် ယင်းရဲ့ အိမ်နီးချင်းနိုင်ငံများ အလွတ်သဘောဆွေးနွေးပွဲသို ဒီဇင်ဘာ ၁၉ရက်က တက်ရောက်နေတာဖြစ်ပါတယ်။

အဲဒီဆွေးနွေးပွဲသို တရုတ်၊အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်အပါအဝင် နိုင်ငံ(၅)နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဌာန  ဝန်ကြီးများနှင့်အဆင့်မြင့်အရာရှိကြီးများတက်ရောက်နေကြပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက လာမယ့်နှစ်မှာကျင်းပမယ့် မြန်မာ့ရွေးကောက်ပွဲအစီ အစဉ်ကို အိမ်နီးချင်းနိုင်ငံတွေကို ချပြခဲ့ပါတယ်။ သူက နိုင်ငံခြားက ရွေးကောက်ပွဲစောင့်ကြည့်သူတွေကို ဖိတ်ခေါ် နိုင်ခြေရှိတာကိုလည်း ပြောပြခဲ့တယ်လိုဆိုပါတယ်။
#News

1 year, 2 months ago
တောင်ခမ်းတိုက်ပွဲ တပ်မတော်က နိုင်ခဲ့တယ်။

တောင်ခမ်းတိုက်ပွဲ တပ်မတော်က နိုင်ခဲ့တယ်။

မြဝတီတိုက်ပွဲ တပ်မတော်က နိုင်ခဲ့တယ်။

လွိင်ကော်တိုက်ပွဲ တပ်မတော်က နိုင်ခဲ့တယ်။

ဆီဆိုင် ရှမ်းတောင်တိုက်ပွဲ တပ်မတော်က
နိုင်ခဲ့တယ်။

ယခု ဗန်းမော်တိုက်ပွဲ တပ်မတော်ကပဲ နိုင်လိမ့်မယ်။

ဖလန်းတိုက်ပွဲ တပ်မတော်က နိုင်ခဲ့တယ်။

ဘာကိုဆိုလိုတာလည်းဆိုရင် စစ်ပွဲပြီး တစ်ခု
လုံးမှာ ရှုးတဲ့နေရာတွေရှိသလို နိုင်တဲ့နေရာ
တွေလည်း အများကြီး ရှိတယ်။

တစ်ဖက်ရန်သူက ရှုးတဲ့နေရာလေးကို ကွက်ပြီး
ဝါဒဖြန် ဆိုက်ဝါးလုပ်တာကို မိမိဘက်က နားလည်ကြဖိုလိုတယ်။

ယခု ရှမ်းမြောက်နဲ့ ရခိုင်မှာ ရှုးတဲ့နေရာတွေ
ရှိတယ်။ ဒါကလည်း အခိုက်အတန့်ပဲ ဖြစ်လိမ့်မယ်။

ပြောလိုတာက မိမိဘက်က ချန်နယ်တွေ မီဒီယာ
သမားတွေ အနေနဲ့ ရှုးတာကို ထောက်ပြဖိပြော
ပြသလို နိုင်တဲ့နေရာလေးတွေကိုလည်း မိမိစစ်သည်တွေ
စိတ်ဓာတ်တက်ကြွအောင် အားတက်အောင် ပြောပြ
တင်ပြပေးကြပါလို ပြောလိုပါတယ်။

Credit

1 year, 2 months ago
Min Zaw Lwin
1 year, 2 months ago
Min Zaw Lwin
1 year, 2 months ago
**မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲအစည်းများ တင်းမာမှုကို ရှောင်ရှားပြီး ဆွေးနွေးညှိနှိင်းမှုများလုပ်ဆောင်ရန် တရုတ်အစိုးရ …

မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲအစည်းများ တင်းမာမှုကို ရှောင်ရှားပြီး ဆွေးနွေးညှိနှိင်းမှုများလုပ်ဆောင်ရန် တရုတ်အစိုးရ ထပ်မံတောင်းဆို

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းနှင့်ပတ်သက်ပြီး ဖွံဖြိုးတိုးတက်မှုအခြေအနေများကို စောင့်ကြည့်နေကြောင်း၊ သက်ဆိုင်ရာအဖွဲအစည်းအားလုံးအနေဖြင့် တင်းမာမှုများကို ရှောင်ရှားရန်၊ ငြိမ်းချမ်းစွာဆွေးနွေးမှုမှတစ်ဆင့် မတူကွဲပြားမှုများကို ဖြေရှင်းရန်၊ တိုက်ခိုက်မှုများကို ရပ်တန့်ရန်၊ ဆွေးနွေးညှိနှိင်းမှုများလုပ်ဆောင်ရန် တိုက်တွန်းတောင်းဆိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Lin Jian က ဒီဇင်ဘာ ၄ ရက်နေ့တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ထည့်သွင်းပြောဆိုခဲ့ပါတယ် ။

ကိုးကန့်လက်နက်ကိုင်အဖွဲ့ဖြစ်သော (MNDAA) အဖွဲ့က ၎င်းတို့အနေဖြင့် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုနှင့်အတူ မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရန် ဆန္ဒရှိနေကြောင်း၊ကိုးကန့် လက်နက်ကိုင်အဖွဲ့၏ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်ရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးအနေဖြင့် တည်ငြိမ်ရေးကို ဦးစားပေးဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောပါတယ် ။
#News

We recommend to visit

https://www.peoplemediamyanmar.com/

Last updated 1 year, 1 month ago

Last updated 1 year, 1 month ago

www.fdsarr.ru/dance/

Last updated 1 year, 2 months ago