Fiction

Description
ကိုယ်မှာသာ အနီရောင်ပွင့်ဖတ်တွေ့ရှိပြီး ဆူးတွေရှိခဲ့ရင်
မင်းကိုယ့်ကို ပြန်ပြီး သဘောကျလာလောက်မလား။
Advertising
We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Admin acc @vip_admin_3

1 year, 6 months ago
1 year, 6 months ago

ချစ်သူ့စေရာ

ပုံရိပ်တွေကဝိုးတိုးဝါးတာ။
မည်သူမည်မျှမှ ခန့်မှန်းလို့မရအောင်ပင် ဝါးတားလှသည်။
ထိုသို့ပင် ကျွန်တော့်၏ ဘဝသည်လည်း ဝိုးတိုးဝါးတား။
သွားစရာလမ်းလည်း မရှိသလို ထိုလမ်းကိုသွားဖို့ရန်လည်း တိုက်တွန်းမည့်လူ မရှိပေ။

အထီးကျန်ခြင်းတွေနှင့် နေသားကျနေသော ကျွန်တော်သည် အထီးကျန်သည်ကို အထူးတလည် မခံစားရပါ။
တခါတရံ ပြတင်းပေါက်က တိုးဝင်လာသော
လေထုအေးအေး လေးသည် လွမ်းမောစရာကောင်းလှသည်။
ချစ်ကသူသည် ကျွန်တော်နှင့် အတူရှိနေပါက ထိုလေထုသည် ​ချိုမြန်ကောင်းချိုမြိန်နိုင်မည်။

ခါးထက်ယံ ဖက်ထားသော လက်နွေးနွေးသည် ချစ်ရသူထံမှ။
ခါးထက်ယံ ဖက်ထားသော လက်နွေးနွေးသည် မုန်းရသူထံမှ။

ချစ်ရသူသည် မူးယစ်ဆေးနှင့်တူသည်။
စွဲလန်းဖို့ကောင်းသလို ယစ်မူးတတ်သော အရာပင်ကား။
အခက်မသင့်လျှင် အသက်အန္တရာယ်ရှိသည်။
ကိုယ့်မှာ မူးယစ်ဆေးကို စွဲလန်းမိသူ တစ်ယောက်လိုပင်။
ချစ်ရသူ မချစ်ရင် သေနိုင်သည်။
အန္တရာယ်ရှိလှပါချေကား။

မင်းစက်ဟန် - ဘာလုပ်နေတာလဲ သွင်
လေအေးတွေ တိုက်နေတယ်။

သွင်မင်းခ - မင်းနဲ့ငါ ဆက်ဆံရေးလောက် ေအးစက်လို့လား မောင်။

မင်းစက်ဟန် - မောင်တောင်းပန်ပါတယ်
မောင်မှားခဲ့တာ မောင်အပြစ်လုပ်ခဲ့တာပါ။

သွင်မင်းခ - အပြစ်လုပ်တိုင်းသာ တောင်းပန်လို့ ခွင့်လွတ်ကြေးဆို ဉပဒေဆိုတာ ရှိလားမှာ မဟုတ်ဘူးမောင်။
ဒါပေမယ့် ငါခွင့်လွှတ်တယ်
မင်းဖြစ်နေလို့
ငါရဲ့ အကြောင်းပြချက်က မင်းဖြစ်နေလို့

ငါဟာ မင်းဖြစ်နေလို့ကို ချစ်တာပါမောင်
အဓိကက မင်းဆိုတဲ့ ဖြစ်တည်မှုလေးကို ချစ်တာ

တခြားသူတွေမှာ ideal type ဆိုတာ ရှိကြတယ်။
ငါ့မှာ မရှိဘူးမောင်။
ငါ့ကို ရင်ခုန်အောင် ၊ သူရှိနေတယ်လို့တွေးလိုက်တာနဲ့ လုံခြုံအောင် လုပ်ပေးနိုင်တဲ့သူက ငါချစ်မယ့်သူပါ။

ထိုသူဟာလည်း မင်းဖြစ်နေခဲ့ရုံပါပဲ။

မင်းစက်ဟန် - ေမာင် ပြောဖူးတဲ့ ပုံပြင်လေးကို မှတ်မိလား
မောင် နောက်ဆုံးအပိုင်းကို ပြောပြရမလား။

သွင်မင်းခ - မှတ်မိတာပေါ့မောင်
ငါ နားထောင်ခဲ့ရတဲ့ အိပ်ယာဝင်ပုံပြင်ဆိုတာ
ရောထွေးဖို့ကောင်းလောက်အောင်မှ မရှိခဲ့ပဲ။

မင်းစက်ဟန် - မောင်သာ မင်းဆီစောစော ရောက်နိုင်ရင် နာကျင်မှုတဝက်ကို ကုသပေးနိုင်လောက်မလား။

သွင်မင်းခ - အတိတ်အကြောင်းမတွေးဘဲ အခု ငါ့ကိုပဲ
ဂရုစိုက်ပေးပါလား ေမာင်
အတိ်တ်အကြောင်း ပြနမပြောကြရအောင်။

မင်းစက်ဟန် - လာပါ။ ေမာင့်ရင်ခွင်ထဲ။

သေချာပါသည် ချစ်ရသူနှင့်ရှိလျှင် နာကျင်သူ၏ ဒဏ်ရာများ
သက်သာကောင်း သက်သာ နိုင်ပါရဲ့

တစ်စုံတစ်ဉီးအတွက် ထိုညလေးပင်လည်း လှပနေဉီးမည်။

#jeon
#owner
react လေး ပေးရင် အားရှိမှာ အမှန်ပဲ။
တကယ် အားမရှိတော့ဘူးကွယ်။
စာဖတ်ရင်း နားထောင်လို့ရအောင်

1 year, 6 months ago

ဒီည fic အသစ်လေး တင်မယ်
သူငယ်ချင်းလေးကိုတော့ ဖြေးဖြေးချင်း တင်သွားမယ်

#jeon
#owner

1 year, 6 months ago

ဖူးစာကြိုးနီ
ep 1

ဒီဇင်ဘာလရဲ့ ညနေနေဝင်ချိန်တစ်ခုတွင်………
" ဟိုး…………ရှေးရှေးတုန်းက"

"အဲ့ဒီဟိုးရှေးရှေးတုန်းက……ဟာကြီးက ဘယ်လောက်အကြာကလဲဟင် ဦးဦး"

စာအုပ်လေးကိုကိုင်ကာ
ပုံပြင်ပြောပြရန် အစပျိုးနေသည့်သူ့ကိုရုတ်တရက် မေးမြန်းခြင်းဖြင့်ဖြတ်ပြောလိုက်သည့်ကလေးငယ်တစ်ဦး။ သူ ခဏအကြာအငိုက်မိသွားရပါသည်။ဟုတ်ပါသည်………သူပြောမယ့်ပုံပြင်ကဘယ်လောက်အကြာကလဲဆိုတာကိုသူကိုယ်တိုင်လည်းမသိပါ။
သူဘာဆက်ပြောရမည်မသိတော့ချေ။
" ဦးဦး ကလည်း အဲ့ဒီပုံပြင်တွေ အဲ့ဒီဟိုး………ရှေးရှေးတုန်းကဟာတွေနားထောင်ရတာငြီးငွေ့လှပြီဦးရဲ့ ဖြစ်ရပ်မှန်တို့ တကယ့်အဖြစ်အပျက်တို့ပြန်ပြောင်းပြောပြပါလားဟင်"
ထိုသို့တောင်းဆိုနေသည့်ကလေးငယ်လေးကိုသူပြုံး၍သာကြည့်မိလိုက်ပါတော့သည်။
ဖြစ်ရပ်မှန်လား ရှိခဲ့တာပေါ့ ကိုယ်တွေ့ဖြစ်ရပ်မှန် နေ့စဉ်နေ့တိုင်းမေ့လို့မရတဲ့ တကယ့်ဖြစ်ရပ်မှန်အဖြစ်အပျက်သူ့မှာရှိခဲ့တာပေါ့။
ထိုအဖြစ်အပျက်လေးကိုသူ့ရဲ့ဒိုင်ရာရီထဲမှာတောင်ရေးမှတ်သိမ်းထားခဲ့သည်။ယခုထိတိုင်သူဖွင့်ဖတ်ပြီး ငိုကြွေးခဲ့ရသည်။ လုံးဝကို မေ့လို့မရနိုင်တဲ့ မေ့လို့မဖြစ်တဲ့ ဖြစ်ရပ်မှန် ……။
-------------------------------------
ချမ်းအေးလှတဲ့ ဒီဇင်ဘာဆောင်းရာသီလေးရဲ့နံနက်ခင်းတစ်ခုမှာဖြစ်သည်။ စက်ဘီးလေးပေါ်ပန်းခြင်းများကိုတင်၍အနွေးထည်ထူထူဝတ်ဆင်လာသည့်ကောင်လေးတစ်ဦး။ စက်ဘီးလေးကိုအသာနင်းကာစျေးဖက်ဆီထွက်လာခဲ့လေသည်။ဒါဟာ ထိုကောင်လေးရဲ့နေ့စဉ်တာဝန်တစ်ရပ်ဖြစ်သည်။ လမ်းမပေါ်တွင်လူအများအနွေးဝတ်စုံများဝတ်ဆင်ပြီး ပြေးလွှား၍လေ့ကျင့်ခန်းများလုပ်နေကြသည်။
ထိုကောင်လေး အလွန်ကိုအားကျမိနေသည်။ သူတို့လို မပူမပင်မကြောင့်မကျနေချင်သည်။သူတို့ဘဝလေးလိုအေးအေးဆေးဆေးဖြတ်သန်းချင်သည်။သို့ပေသည့် ကံကပေးတဲ့ဘဝလေးကိုပဲနေတက်အောင် လိုက်လျောညီထွေမူရှိအောင်ထိုကောင်လေးပြုနေရလေသည်။
-ကျွန်တော်နာမည်က ယုန်ဖြူလေးပါ လူတွေကကျွန်တော့်ကိုယုန်ဖြူတစ်ကောင်နဲ့တူတယ်တဲ့ အဲ့ဒါကြောင့်မေမေကကျွန်တော့်ကိုတခြားနာမည်မပေးခဲ့ပဲ ချစ်စရာကောင်းတဲ့တိရစ္ဆာန်လေးနာမည်ကိုမှည့်ပေးခဲ့တယ် ကျွန်တော်အဲ့နာမည်ကိုအရမ်းကြိုက်တယ် ဒါပေမယ့် ကျွန်တော့်ကိုပေးခဲ့တဲ့ အနန္နဂိုဏ်းဝင်ကျေးဇူးရှင်မေမေကိုတော့ကျွန်တော်မမြင်လိုက်ခဲ့ရပါဘူး ကျွန်တော်(၅)လသားမှာပဲမေမေကနှလုံးအမောဖောက်ပြီးဆုံးသွားခဲ့တယ် အဲ့အချိန်ကနေစပြီးဖေဖေက မေမေဆုံးပြီး(၁)လအတွင်းမှာနောက်အိမ်ထောင်ထက်ပြုလိုက်တယ် အဲ့အဒေါ်ကတော်တော်ချောတယ် ချောပေမယ့်စိတ်ထားနဲ့လူကတော့တခြားစီပါ ဖေဖေ့ရဲ့နောက်မိန်းမက ကျွန်တော့်ကိုမကြည်ဖြူပါဘူး အဲ့ဒါကြောင့်ဖေဖေက ယောကျာ်းစိတ်ဝင်နေတဲ့ ကျွန်တော့်အဒေါ် တစ်နည်းအားဖြင့်ကျွန်တော့်ဦးလေး ဒေါ်လေးစန္ဒာ(သို့)ကိုစန္ဒာဆီမှာကျွန်တော့်ကိုအပ်ထားခဲ့တယ် အဲ့အချိန်လေးကနေစပြီးဖေဖေကျွန်တော့်ကိုလာမတွေ့ခဲ့တော့ပါဘူး သူ့မိသားစုအသစ်မှာပျော်နေပြီလေ  ဒါကြောင့် ကျွန်တော့်ဦးလေးကကျွန်တော့်ကိုခေါပြီးရန်ကုန်ကိုပြောင်းပြီးနေထိုင်ခဲ့ကြတယ် ကျွန်တော်ဟာကျောင်းကို၈တန်းအထိပဲတက်ခဲ့ရပါတယ် အိမ်ရဲ့စီးပွားရေးအခြေအနေကမကောင်းတော့ကျွန်တော်ကျောင်းထွက် ပြီးပန်းပို့တဲ့အလုပ်ကိုပြောင်းလုပ်ရတော့တယ် ဆိတ်ငြိမ်ရပ်ကွက်လေးတစ်ခုမှာပေါ့ဗျာ-
ကိုယ့်ဘဝကိုပြန်တွေးရင်းစက်ဘီးလေးကိုဂရုတစိုက်နင်းနေသည့် ယုန်လေး။
အေးချမ်းလှတဲ့နံနက်ခင်းလေးမှာ လေပြေလေညင်းတွေကလည်းတဖြူးဖြူးတိုက်ခက်လျှက်ရှိနေသည်။လမ်းပေါ်မှာတော့ လူကမစဲ။ ယုန်လေး စျေးတန်းလေးနဲ့အတော်နီးလာခဲ့လေပြီ…၇မိနစ်၈မိနစ်နင်းလိုက်ရင်ရောက်တော့မည်လေ။
ထိုအချိန် …………………
လမ်းကွေ့တစ်ခုမှ မထင်မှတ်ပဲ စကိတ်တစ်စီးဖြင့် ယုန်လေးဖက်ကွေ့ဝင်လာသည့်အဖြူရောင်သိုးမွေးအနွေးဝတ်စုံဖြင့်လူငယ်လေးတစ်ဦး။ယုန်လေးနှင့်ထိုကောင်လေး တည့်တည့်ကြီးတိုးတော့မလိုဖြစ်နေလေ၏။
" ဟာ……………"
ယုန်လေး နူတ်မှအာမေဋိတ်အသံတစ်ခုထွက်သွားရလေပြီ။စက်ဘီးလေးကလည်းအရှိန်နဲ့နင်းလာသည်မို့အတော်နှင့်အရှိန်သတ်မရ။
" အာ ဒုက္ဓပါပဲ ဟိုလူကလည်း သူ့စကိတ်ကိုပဲကြည့်နေတယ် တိုက်မိရင်ဒုက္ခပဲ ဒီမှာအရှိန်ကလည်းသတ်မရဘူး "
တိုက်မိရန်စိုးရိမ်စွာဖြင့် ယုန်လေးပြောနေမိပါသည်။
မဖြစ်တော့ချေ………ယုန်လေးလှမ်းသတိပေးရန်ဆုံးဖြတ်လိုက်သည်။
" အစ်ကို အစ်ကို တိုက်မိဦးမယ် "
လို့အော်ပြောလိုက်တယ်။
ထိုတော့မှ စကိတ်စီးနေသည့်ထိုလူငယ်ကကြားသွားဟန်ဖြင့်ယုန်လေးအားကြည့်သည်။ " ဟင် "
မရတော့ချေ ဟိုကလည်းအရှိန်ဖြင့်စီးလာ ဒီကလည်းအရှိန်ဖြင့်နင်းလာသည်သမို့တိုက်မိရန်သာရှိတော့သည်။
သို့ပေမယ့်……ယုန်လေး လျင်မြန်စွာပင်လမ်းဘေးကိုစက်ဘီးအားကွေ့ပတ်လိုက်သောကြောင့် စက်ဘီးရောလူပါ လဲကျသွားလေတော့သည်။
ခြင်းတောင်းထဲမှ ထုပ်ပိုးထားသည့်ပန်းများဟာလည်းပြန့်ကျဲကုန်လေပြီ။ လှပလွန်းတဲ့ပန်းများဟာ မြေပြင်ပေါတွင်ဟိုတစ်ပွင့် ဒီတစ်ခတ်နှင့်။
မြေပြင်ပေါ လဲကျနေသော ယုန်လေး  အားကုန်ကျုံးထလိုက်ရင်းလဲကျနေသောစက်ဘီးကိုပြန်ထောင်ကာ ပန်းများကိုလိုက်ကောက်နေမိ၏။

#Jeon
#owner
react ပေးရင် ဆက်ရေးဖြစ်ဖို့ အားရှိမှာ အမှန်ပဲ။
ဒါဒါလေးတို့ ဖတ်ရင်းနဲ့ နားထောင်လို့ရအောင်

1 year, 6 months ago

မင်မင် Weekend တိုင်းတင်ပေးမယ် fic name လေးကတော့

ဖူးစာကြိုးနီ ပါဗျ။
မင်မင် အရမ်းကြိုက်တဲ့ idol ကြီးရေးထားတဲ့ဟာပါဗျ။
ဒါဒါ လေးတို့လည်း ကြိုက်မယ် ထင်ပါတယ်။
အမှောင်ခန်းတွေ ပါတာမို့?
above! 18 ပါဗျ
မပြည့်လည်း 18 ယောက် စုကြည့်ကြပါ။?

#jeon
#owner

1 year, 6 months ago

ေမာင်ချစ်သော နှင်းဆီနီ

အတင့်ရဲလွန်းသည် မဟုတ်ဘူး။
အနည်းဆုံးတော့ သူအကြိမ်ကြိမ်မက်ခဲ့သော သူ့အိမ်မက်လေး တစ်ခု ဖြစ်မြောက်သွားသည် မဟုတ်လား။

Kim - မင်း ထွက်သွားစေချင်တယ်ဆိုရင် တစ်ခုတော့ သိခဲ့ပေး။
မင်းကို အရမ်းမြတ်နိုးတယ် ကိုယ့် သက်ငယ်။
မာနတွေနဲ့ မင်းကို ချည်းကပ်ဝံ့ဘူး။
မင်းနဲ့ မနီးခဲ့ရင်တောင် အဝေးကြီးကနေ ကြည့်နေခဲ့ချင်တာ။
အဲ့လောက်ထိ သတ္တိမရှိခဲ့တာ။
မင်းဘက်က တုံပြန်မှု တွေကို ကိုယ်ရင်မဆိုင်ရဲဘူး။
မနီးစပ်ရင်နေပါ မဝေးချင်ဘူး

Kook - ရှင်းအောင်ပြော

ရင်ခွင်ထဲမှ ခန္ဓာကိုယ်ငယ်လေးမှ တိုးလျှသော အသံငယ်လေး။ဒေါသကြီးသော သခင်လေးမှ ဟုတ်ရဲ့လား ။

Kim- မင်းကို ကိုယ့်အသက်ထက်ပိုချစ်တယ်ဆိုရင် သခင်လေး
ယုံမှာလား။

Kook - သက်ငယ်လို့ခေါ်ရင် စဉ်းစားကြည့်ပေးမယ်။

အိမ်မက်များလား။
ထိုသူ၏ လက်ချောင်းသွယ်သွယ်များသည် ခါးထက်တွင် ရစ်သွယ်လျှက်။
ခေါင်းလုံးလုံးလေးက ရင်ခွင်ထဲပိုတိုးနေသယောင်။
ချွဲချွဲနွဲ့နွဲ့အသံလေးသည် သူ့ကို အခုချက်ချင်း
သေစေနိုင် လောက်အောင် ပြုစားရက်လွန်းသည်။
သေချာပါပြီ ။
သူအိပ်ပျော်နေတုန်း ဆိုတာ။

#Jeon
#Ownidea

1 year, 6 months ago
1 year, 6 months ago

ေမာင်ချစ်သော နှင်းဆီနီ

ရွှေဘုံစံ နှင်းဆီလေး။
မာနတို့မှာ ဆူးခတ်တို့သဖွယ် ခြံရံနေတော့ကား ချည်းကပ်ဖို့မလွယ်လှ။

မာနတို့နှင့် ဝန်းရံထားသဖြင့် ကိုယ့်မှာ အဝေးကကြည့်ရုံဖြင့်
လုံလောက်နေသယောင်ယောင်။
ကိုယ့်မှာ မမှီတဲ့ ပန်းကို လှမ်းခူးချင်နေတော့။
မမှီမှန်းသိပေမယ့် ရူးမိုက်စွာလှမ်းချင်မိိတယ်။
ကြားဖူးတယ် မို့လား။
ကိုယ်ဟာ ချောက်ကမ်းပါးက ပြုတ်ကျတော့မယ့် လူတစ်ယောက်လို ကောက်ရိုးတစ်မျှင်ကို မျှော်လင့်ချက်လေးနဲ့ ဆုပ်ကိုင်မိတာမျိုး။
ကိုယ်ဟာ အချိန်ကြာလေ မေတ္တာ တွေ ပိုတိုးလေပါပဲ။

မဆီမဆိုင် သူချစ်သော ပန်းလေးတွေကိုပါ
သဝန်တိုမိပါသည်။ကိုယ့်အခြေအနေဟာ ထိုသူ့အတွက် အရေးမပါမှန်း သိလျှက်နဲ့ပေါ့။
ထိုသူဆီမှ မျက်လုံးဖြင့်ဆွေ့ပြီးကြည့်ခံရလျှင် ကိုယ့်ဖို့မှာ သေပျော်ပါပြီ

ထိုသူ တယုတယ စိုက်ပျိုးထားသော နှင်းဆီနီတို့ကိုတောင် မနာလိုဖြစ်မိပါသည်။
ကိုယ့်ဘဝသည် ပန်းပင်ကိုတောင် အားကျရသည်လား။ ကိုယ်မှာသာ အနီရောင်ပွင့်ဖတ်တွေ့ရှိပြီး ဆူးတွေရှိခဲ့ရင်
မင်းကိုယ့်ကို ပြန်ပြီး သဘောကျလာလောက်မလား

ရင်ခွင်ထဲ ထည့်ထားချင်တယ် ဘယ်သူမှ မမြင်အောင်
ထိုသူရဲ့ ကိုယ်လုံးလုံးလေးကို။
ထိုသူ့ မျက်နာ လုံးလုံး လေးကို အနီးကပ်ကြည့်ချင်မိတယ်။
မင်းဆံပင်လေးတွေကို ဖွပေးပြီး ချစ်ကြောင်းတွေပြောပြချင်သေးသည်။
ကိုယ်မအိပ်ပါပဲ အိမ်မက်တွေ မက်နေလေပြီ။

ထိုသူကို တွေ့မိတဲ့ အချိန်တွေကိုသာ ရပ်ရလျှင် တစ်နေ့ကုန် ထိုင်ကြည့်မည်။
ရူးလောက်အောင်ချစ်ပါသည်

Kook - ဒီမှာဘာလုပ်နေတာလဲ

ရုတ်တရပ်ထွက်ပေါ်လာပေါ် အသံဆူးဆူးလေးသည်
ကိုယ့် နှလုံးသားပိုင်ရှင်၏ အသံလေးပင် မဟုတ်ပါလား။
ထိုအပင်များကြားထဲကို ထိုသူရဲ့ အငွေ့အသက်ကြောင့်ပင် လာခဲ့မိသည်။
အခုတော့ ဒုက္ခလှလှတွေ့ချေဘီ။

Kook - ငါဒီနေရာမှာ ဘယ်သူကိုမှမရှိစေချင်ဘူးလို့ ပြောထားတယ်လေ

ကြောက်မိပါသည် ။ ထိုသူ့အဝေးမှ ထွက်သွားရမှာ။
နီးစပ်ခွင့်မရှိရင်တောင် မဝေးချင်တာမို့

Kim - တောင်းပန်ပါတယ် '' သခင်လေး ''

Kook - မင်းအပြစ်လုပ်ခဲ့တာပဲ ။ မင်းအတွက် ထိုက်တန်တော့ အပြစ်တော့ရှိသင့်တယ် မို့လား။
မင်းဒီမှာ အလုပ်လုပ်စရာ မလိုတော့ဘူး။

Kim - တောင်းပန်ပါတယ် '' သခင်လေး"
''ကိုယ် ''
အာ .... ကျနော် ထွက်မသွားနိုင်ဘူး။

Kook - မင်းဘာလို့ ခေါင်းမာရတာလဲ ''ကင်မ်''

ထိုသူ နှုတ်ခမ်းဖျား အရေးတယူခေါ်လိုက်သည်က " ကင်မ် " တဲ့လား။
ဒီနေရာမှာတင် နှလုံးရပ်သေသွားရင် ကျွတ်မယ် မထင်။
ရင်ထဲမှာ အပျော်လှိုင်းလေး ဖြတ်သွားသလို။ဒီကကောင်ကို
မျက်ရေအဝဲသားဖြစ်သွားအောင် ပြုစားရက်လွန်းသည်။

Kim- ကျနော် သခင်လေး ကို တွေ့ချင်လို့ ။
''သခင်လေး '' နဲ့ နီးစပ်ခွင့်မရခဲ့ရင်တောင် မဝေးချင်လို့။
အချိန်တိုင်းမကြည့်နိုင်ခဲ့တဲ့ ခနတာသာ ခိုးကြည့်ခဲ့ရတဲ့ မျက်နှာလေးကို လွမ်းလို့။
''သခင်လေး '' အငွေ့အသက်တွေ အပြည့်ရှိတဲ့ ဒီနေရာလေးကို မခွဲနိုင်လို့။
ဒီအတိုင်းလေး ငေးကြည့်ချင်ခဲ့တာ
မမှီမှန်းသိလို့။

Kook - ....

ကိုယ့်အနားမှ ခန္ဓာကိုယ်ငယ်လေးကို ရင်ခွင်ထဲ ဆွဲသွင်းမိရဲ့။
ထိုက လက်ခံမည်လား ။
မုန်းသွားမည်လားကို တွေးခြင်းမရှိပါဘဲ။
အနည်းဆုံးတော့ အိမ်မက်လေး တစ်ခု ဖြစ်မြောက်သွာသည် မဟုတ်လား

Part 2 မျှော်

#Jeon
#Own_idea
react ပေးရင် ဆက်ရေးဖို့ အားဖြစ်မိမှာ အမှန်ပဲ။?
သီချင်းလေးနဲ့ နားထောင်လို့ရအောင်
ဒါဒါလေးတို့ဖို့ ?

#request

1 year, 6 months ago

မင်မင် fic လေးတွေက တစ်ညတစ်ပိုင်း up မှာမို့ မြန်မြန်စဖတ်ရအောင် ဝါသနာတူသူငယ်ချင်းတွေကိုလည်း ch link လေး share ပေးလိုက်ဉီးနော်

5 ယောက်ပဲလိုတော့တယ်

#Jeon

1 year, 6 months ago

Hello
Jeon ပါ ဒီချန်နယ်လေးရဲ့ owner ပါနော်
မင်မင်ကိုယ်တိုင်ရေးတဲ့ fic လေးတွေကို ဒီမှာ တင်ပေးသွားမှာပါ

sub 30 လောက်မှ စရန်းမယ်နော်

ကြိုက်ရင် reaction လေးတွေပေးကြပါနော်
မင်မင်ရေးထားတာတွေကို repost လုပ်ခွင့်မရှိပါဘူး

First fiction name က???
"မောင်ချစ်သော နှင်းဆီနီ" ပါ

Channel started date >>> 28. 6.23

#Jeon
#Owner
#pinned_post

We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Admin acc @vip_admin_3