Danger Force LPDF

Description
We recommend to visit

မိတ်​ဆွေတို့ရဲ့ လုပ်ငန်း​ကြေငြာများ

ထည့်သွင်းလိုပါက @Contact_Summer_Bot ကိုဆက်သွယ်​ပေးပါ။

Last updated 2 years, 1 month ago

မနက်ဖြန်တိုင်းမှာ kdramaနဲ့ အသက်ဆက်မဲ့သူတွေအတွက် ဝမ်းမြောက်စွာကြိုဆိုပါတယ်ရှင့်

Last updated 3 years, 11 months ago

Last updated 1 year, 5 months ago

1 year, 3 months ago

မိဘပြည်သူများအား အသိပေးကြေငြာခြင်း

ရက်စွဲ ။ ။ ၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ ၂၃ ရက်

ကျနော်တို့ Danger Force LPDF အတွက် (၂၀၂၄) ခုနှစ် မေလ (၁၅) ရက် မှ စ၍ (၂၀၂၅)ခုနှစ် ဇန်နဝါရီလ (၂၃) ရက်နေ့ထိလှူဒါန်းပေးပါသော ပြည်တွင်း ပြည်ပ မှ အလှူရှင်များ ၏ အလှူငွေများ ၊ ဒေသခံများ၏ အလှူငွေများ ၊ ရဲဘော်များ၏ ညီအကိုမောင်နှမ များမှ လှူဒါန်းသောအလှူငွေများ၊
အတိုးနှုန်း မယူဘဲ ကူညီပေးသော ပြည်တွင်းပြည်ပမှ မိဘပြည်သူများ၏ ချေးငွေ များဖြင့် -

(၁) ၅.၅၆ ကျည် - ၈၀၀၀ တောင့်
(၂) MA1 - ၂ လက်
(၃)စစ်လွယ်အိပ် - ၃ လုံး
(၄) Level 4 ကျည်ကာပြား - 1 ခု
(၅) ယူနီဖောင်း - ၅ စုံ စုစုပေါင်း ကာလ တန်ဖိုး (၈၀၀) သိန်း ကျပ် ဖြင့် ဝယ်ယူထားပါတယ်ခင်ဗျာ ။

စစ်အာဏာရှင် စနစ်အမြစ်ပျက်ချေမှုန်းရေးနှင် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန်အတွက် ပြည်တွင်းပြည်ပမှ လှူဒါန်းပေးပါသော မိဘပြည်သူ ညီအကိုမောင်နှမ များ ၊ ဒေသခံများ နှင့် ရဲဘော်များ၏ ညီအကိုမောင်နှမများ ၊ အတိုးနှုန်းမယူ ဘဲ ချေးငွေများ ကူညီပေးသော ပြည်တွင်းပြည်ပ မှ မိဘပြည်သူ များအား ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျာ ။

( ချေးငွေ များဆပ်ရန်ကျန်ရှိနေသောကြောင့် ပြည်တွင်းပြည်ပ မှ မိဘပြည်သူများအနေဖြင့် တက်နိုင်တဲ့ဘက်က ပါဝင်ကူညီပေးဖို့ရာ မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ 🙏🙏🙏)

1 year, 3 months ago
Danger Force LPDF
1 year, 3 months ago
Danger Force LPDF
1 year, 7 months ago

မိဘပြည်သူများအား အသိပေးကြေငြာခြင်း

ရက်စွဲ ။ ။ ၂၀၂၄ ခုနှစ် ၊ အောက်တိုဘာလ ၁၈ ရက်

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ( ၁၇) ရက်နေ့ တွင် ကျွန်တော်တို့ Danger Force LPDF ရဲဘော်များမှ တော်လှန်
သီတင်းကျွတ် လူထုလှုပ်ရှားမှုများ ပြုလုပ်ခြင်း ၊ ကျဆုံးသွားသော ရဲဘော်များ အား အလေးပြုခြင်း ၊ တော်လှန်ကဗျာ ရွတ်ဖတ်ခြင်းများ ပြုလုပ်ခဲ့သည် ။

Danger Force LPDF

1 year, 8 months ago

စစ်ဆင်ရေးကြေငြာချက် (၅ / ၂၀၂၄)

ရက်စွဲ ။ ။ ၂၀၂၄ ခုနှစ် ၊ စက်တင်ဘာလ ၁၁ ရက်

(၂၀၂၄) ခုနှစ် ၊ စက်တင်ဘာလ ( ၄) ရက် နေ့မှ စက်တင်ဘာလ (၉) ရက်နေ့ ထိ မုံရွာ - အရာတော် လမ်းမပေါ် ရှိ ကျေးရွာ များတွင် တပ်စွဲ ၍ အပစ်မဲ့ ပြည်သူများအား ဓားစာခံအဖြစ် ဖမ်းစီး သတ်ဖြတ်ခြင်း ၊ လူနေအိမ်များ မီးရှို့ဖျတ်စီးခြင်း ၊ ရိက္ခာ များ ခိုးယူခြင်း ၊ မုံရွာ မှ အရာတော် သို့ သံပြားကာ ကား (၁၆) စီးဖြင့် စစ်လက်နက် ရိက္ခာ များ သယ်ဆောင်ခြင်း များကို လုပ်ဆောင်နေသော စခ အင်အား ( ၂၀၀) ခန့် အား မုံရွာခရိုင် ကွပ်ကဲရေးမှူး၏ ကွပ်ကဲ မှု ဖြင့် Drone Mission ၊ 60 mm Mission ၊ ထိတွေ့ တိုက်ပွဲ ၊ 40 mm Mission များစွာ လုပ်ဆောင်ခဲ့ပါသည် ။ အဆိုပါ Mission များ အပြီးတွင် ရန်သူ့ စခ များဘက် မှ သေဆုံး မှု များ ၊ အပြင်းထန်ဒဏ်ရာရရှိမှုများ ( ၁၂) ဦးခန့် ရှိကြောင်း သိရှိရသည် ။ ကျွန်ုပ်တို့ Danger Force LPDF မှ ရဲဘော် (၁)ဦး ဒဏ်ရာ အပြင်းထန် ရရှိ ၍ အရေးပေါ်ဆေးကုသမှု ခံယူနေရပါသည် ။ ယခု Mission များ ကို ကျွန်ုပ်တို့ Danger Force LPDF နှင့် အတူ Special Revolution Force ၊ မုံရွာခရိုင် ပကဖ ၊ မုံရွာခရိုင် တပ်ရင်း (၁) Demo တပ်ခွဲ ၊ အရာတော် ပကဖ ၊ အရာတော် ပလဖ ၊ မုံရွာခရိုင် Drone တပ်ဖွဲ့ တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ပါသည်။

Telegram Link - https://t.me/dangerforcelpdf

Danger Force LPDF

1 year, 8 months ago

မိဘပြည်သူများအား အသိပေးကြေငြာခြင်း

ကျွန်တော် တို့ Danger Force LPDF အနေဖြင့် (၂၀၂၁) ခုနှစ် စစ်အာဏာသိမ်းသည်မှ စ၍ ယနေ့ အချိန်ထိ သပိတ်စစ်ကြောင်းလှုပ်ရှားမှုများ ၊ စစ်ရေးလှုပ်ရှား မှုများ ၊ လေ့ကျင့်ရေး များ ၊ တိုက်ပွဲများ ၊ ထုတ်လုပ်ရေးလုပ်ငန်းများ ၊ Drone စစ်ဆင်ရေးများ ၊ လက်နက်ကြီး စစ်ဆင်ရေးများ ၊ ကာကင်းလှုပ်ရှားမှုများ တစ်ရက်မှ မပျက် လှုပ်ရှားဆောင်ရွက် ခဲ့ပါတယ်ခင်ဗျာ ။ (၂၀၂၄) ခုနှစ် ၊ သြဂုတ်လ (၂၀) ရက်နေ့တွင် မုံရွာခရိုင် ၊ အရာတော် မြို့နယ် ၊ စပါးတွင်းပျူရွာ တိုက်ပွဲ ၊ (၂၀၂၄) ခုနှစ် ၊သြဂုတ် လ (၂၈ ၊ ၂၉ ၊ ၃၀) ရက်နေ့တွင်လည်း မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊ ကံကြီးကုန်း ပျူရွာ တိုက်ပွဲများတွင် မုံရွာခရိုင်ကွပ်ကဲရေးမှူး၏ ကွပ်ကဲ မှု ဖြင့် ခရိုင်တပ်ရင်းများ ၊ ပကဖ များ ၊ LPDF များနှင့်အတူ လက်တလော စစ်ရေးလှုပ်ရှားမှုအနေဖြင့် ပါဝင်ဆင်နွှဲခဲ့ပါတယ် ခင်ဗျာ ။ တိုက်ပွဲအတွင်း ပျူ ၊ စခ များဘက်မှ Howitzar လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုများ ၊ ဂျက်ဖိုက်တာ ၊ Mi35 တို့ဖြင့် လေကြောင်းတိုက်ခိုက်မှုများစွာ ကြုံတွေ့ခဲ့ရပါတယ် ခင်ဗျာ ။ဆက်လက်၍ တိုက်ပွဲများဆင်နွှဲနိုင်ရန်အတွက် ပြည်တွင်းပြည်ပမှမိဘပြည်သူများအနေဖြင့် ကျည် ၊ လက်နက် ၊ ခဲယမ်းဖိုးများ ပါဝင်အားဖြည့်ပေးဖို့ရာ မေတ္တာရပ်ခံအပ်ပါတယ် ခင်ဗျာ ???

Telegram Link - https://t.me/dangerforcelpdf

#Danger Force LPDF

2 years, 1 month ago

စစ်ဆင်ရေးကြေငြာချက် (၄/၂၀၂၄)

ရက်စွဲ ။ ။ ၂၀၂၄ ခုနှစ် ၊ ဧပြီလ ၁၆ ရက်

၂၀၂၄ ခုနှစ် ၊ ဧပြီလ (၁၂) ရက် နေ့တွင် အမှတ် (၁) စစ်ဒေသ မုံရွာခရိုင်ကွပ်ကဲရေးမှူး၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မုံရွာခရိုင်၊ မုံရွာမြို့ (နမခ) ထပရ-၉၂၉ မှ အရာတော်မြို့နယ် (စခတ-၁၀) သို့ သင်တန်းသားအသစ် (၂၅၀) ဦးပါ စစ်ကောင်စီ၏ (၁၂)ဘီးကား (၅) စီးနှင့် Express ကား (၁) စီးအား အရာတော်မြို့နယ်၊ ကမ်းဖြူရွာ၌ ဧပြီလ (၁၂) ရက်တွင် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ ရန်သူ့ကား (၃) စီး ပျက်စီးပြီး ဒု-အရာခံဗိုလ် (၁) ဦး၊ တပ်ကြပ်ကြီး (၁) ဦး၊ တပ်ကြပ် (၁) ဦး၊ အားကစားသိပ္ပံမှ (၁) ဦးနှင့် သင်တန်းသား အသစ် (၄၅) ဦးအား ဖမ်းဆီးရမိသည်။ ယခုစစ်ဆင်ရေးကို ကျွန်တော်တို့ Danger Force LPDF နှင့်အတူ မုံရွာခရိုင် တပ်ရင်း (၆၊ ၁၉၊ ၂၄)၊ မုံရွာခရိုင် ကွန်မန်ဒိုတပ်ဖွဲ့၊ မုံရွာခရိုင် လက်နက်ကြီးတပ်ဖွဲ့၊ အရာတော်မြို့နယ် ပကဖ၊ အရာတော်မြို့နယ် တိုက်နယ်-၁၁ ပကဖ၊ မိတ္ထီလာခရိုင် တပ်ရင်း-၂၊ ကျားသစ်နက် LPDF နှင့် Special Revolution Force LPDF အဖွဲ့တို့မှ ပူးပေါင်းပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ရန်သူ့ဘက်မှ ဗိုလ်ကြီး (၁) ဦးအပါ သင်တန်းသား (၂၀) ခန့် သေဆုံးပြီး (၁၅) ဦးခန့် ထိခိုက်ဒဏ်ရာရသည်။ ရန်သူ့ထံမှ လက်နက်ငယ် (၇) လက်၊ ကျည်မျိုးစုံ (၅၅၀၀) ခန့်၊ ဗုံးသီး မျိုးစုံ (၈၀) ခန့်၊ RPG-7 ဒုံးသီး (၁၀) လုံး၊ မိုင်းမျိုးစုံ (၇၀) ခန့်၊ Jammer စက်အကြီး (၁) လုံး၊ ကျည်အိမ် (၇) ခု၊ Detonater (၅၀) ချောင်း၊ ကျည်ကာ ဦးထုပ် (၃) လုံး၊ စစ်ဖိနပ် (၂၀) ရံ၊ Equipment (၁) ခု၊ ကျောပိုးအိတ် (၁) လုံး၊ ဖိုင်တွဲ (၈၈) ဖိုင် သိမ်းဆည်းရမိသည်။

Danger Force LPDF

We recommend to visit

မိတ်​ဆွေတို့ရဲ့ လုပ်ငန်း​ကြေငြာများ

ထည့်သွင်းလိုပါက @Contact_Summer_Bot ကိုဆက်သွယ်​ပေးပါ။

Last updated 2 years, 1 month ago

မနက်ဖြန်တိုင်းမှာ kdramaနဲ့ အသက်ဆက်မဲ့သူတွေအတွက် ဝမ်းမြောက်စွာကြိုဆိုပါတယ်ရှင့်

Last updated 3 years, 11 months ago

Last updated 1 year, 5 months ago