Thismoment Zone

Description
A place for soothing mind
We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@vip_admin_3

Last updated 12 hours ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 5 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 2 weeks, 2 days ago

2 months, 2 weeks ago

???????? ??????????

?ဒီနေ့ခေတ်မှာ လူတိုင်းနီးပါး Social Media တွေကို အသုံးပြုကြတယ်... ကိုယ်တိုင်ဖန်တီးသူတွေအဖြစ်သော်လည်းကောင်း၊ သူတစ်ပါးဖန်တီးမှုများကို ကြည့်ရှုသူများအဖြစ်သော်လည်းကောင်း မျိုးစုံ အသုံးပြုကြတာတွေ ရှိပါတယ်...

?ဒီလို အသုံးပြုကြတဲ့အခါ စိတ်မချမ်းမြေ့စရာမျိုးစုံ၊ စိတ်တို ဒေါသထွက်စရာ၊ မကျေနပ်စရာ၊ အမြင်မတူတာတွေ၊ သဘာဝမကျတာတွေ၊ ပျော်စရာ၊ သနားစရာ၊ ရယ်စရာ အစရှိတဲ့ ခံစားချက်မျိုးစုံကိုရကြတယ်။

?ကောင်းတာတွေနဲ့ သာမန်ခံစားချက်တွေ၊ တုံ့ပြန်မှုတွေဟာ အထွေအထူးမဟုတ်ပေမယ့်၊ မကောင်းတဲ့ ခံစားချက်တွေ၊ ထိုအရာတွေအပေါ် တုံ့ပြန်မှုတွေကတော့... မိမိအတွက်ကော သူတစ်ပါးတွေအတွက်ပါ ထိခိုက်မှုတွေဖြစ်လာတယ်။ ဘာထိခိုက်မှုလည်းဆို စိတ်ခံစားမှု ကျန်းမာရေးနဲ့ စိတ်ခံစားမှု ဉာဏ်ရည်တွေ ထိခိုက်တာပါပဲ...

?ဒါကြောင့်လည်း ဒီလို Toxic ဖြစ်တာများတဲ့ Social Media ကို မသုံးကြဖို့၊ လျော့သုံးကြဖို့ ပြောနေခဲ့ကြတာပါ၊ သို့သော် ကိုယ်က စွဲလမ်းနေတယ်၊ တခြားလုပ်စရာလည်းမရှိလို့ ဒါပဲသုံးနေရတယ်။ ကိုယ့်အသက်မွေးဝမ်းကြောင်းနဲ့ ဆက်စပ်လို့ မဖြစ်မနေ အသုံးပြုနေရတယ်ဆိုရင်တော့ သတိရှိရှိနဲ့ အသုံးပြုလို့ရပါတယ်။

❗️သတိရှိရှိနဲ့ ဘယ်လိုသုံးမလဲ?

New Feed ကို ကြည့်တဲ့အခါ သာမန် content တွေပဲဖြစ်ဖြစ်၊ photo တွေ၊ video content တွေပဲဖြစ်ဖြစ် မြင်ပြီး စိတ်မှာ မကြည်မလင်ဖြစ်သွားတယ်၊ မကောင်းတဲ့ အပြုသဘောမဆောင်တဲ့ ခံစားချက်လေးဖြစ်သွားတယ်ဆိုရင် ... ချက်ချင်းမတုံ့ပြန်လိုက်ပါနဲ့။

ကျော်လိုက်တာမျိုး၊ ချက်ချင်း reaction ပေးလိုက်တာမျိုး၊ ချက်ချင်း comment လုပ်လိုက်တာမျိုး၊ တုံ့ပြန်မှု တစ်ခုခုလုပ်လိုက်တာမျိုး မလုပ်သေးပဲ ခဏလေး ကိုယ့်ကိုယ်ကိုယ် သတိနဲ့ကြည့်လိုက်ပါ...

ဒီကိုယ်မကြိုက်တဲ့၊ မကောင်းဘူးထင်တဲ့ အရာလေးကို မြင်လိုက်တဲ့အခါ ရုပ်ပိုင်းဆိုင်ရာ ဘာတွေ တုံ့ပြန် ပြောင်းလဲမှုဖြစ်သွားလဲ ကြည့်လိုက်ပါ... အများစုကတော့ ဒီလိုဖြစ်တိုင်း နှလုံးခုန်နှုန်းတွေမြန်လာတယ်၊ အသက်ရှူတွေမြန်လာတယ်၊ ပြင်းလာတယ်... အဲ့ဒီရုပ်ပိုင်းဆိုင်ရာ အခြေအနေလေးတွေကို ခဏလေး သတိနဲ့ ကြည့်နေလိုက်ပါ။

မထင်ရှားရင် လက်ကို နှလုံးရှိတဲ့ဘက်အခြမ်းက ရင်ဘတ်ပေါ်မှာတင်ပြီး ခံစားကြည့်ပါ။ ဒီလိုလေး မိနစ်ဝက်၊ တစ်မိနစ်လောက် ကြည့်လိုက်ရင်ပဲ တော်ရုံခံစားချက်မျိုးဆိုရင် ပြန်ပြီး ငြိမ်သက်သွားတာကို တွေ့ရပါလိမ့်မယ်။

ကိုယ်နဲ့သက်ဆိုင်တဲ့အရာကြောင့်ဖြစ်တဲ့ ခံစားချက်မျိုးတွေ... ဥပမာ- ကိုယ့်ကို မကောင်းတဲ့ reaction တွေ၊ comment တွေ လာပေးထားလို့... အဲ့လို notification တွေကြောင့် ခံစားချက်ဖြစ်တယ်ဆိုရင်တော့ တစ်မိနစ်ကနေ ငါးမိနစ်လောက်အထိ အချိန်ယူပြီး သတိနဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေကို ကြည့်လိုက်ပါ။

ဒီလို ခံစားချက်တွေဖြစ်တိုင်း ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတွေကို ကြည့်ပြီးရင်၊ စိတ်မှာကော ဘယ်လိုဖြစ်နေသေးလဲ... ဆိုတာကို ကြည့်ပါ။ ဘယ်လိုခံစားနေမိတယ်၊ ဘာကြောင့်ခံစားနေမိတယ်၊ ဘယ်လိုတုံ့ပြန်ချင်နေတယ်ဆိုတာတွေကို အဖန်ဖန်ကြည့်လိုက်ပါ။

?ဒီလိုလုပ်ခြင်းအားဖြင့် စိတ်ခံစားမှု ကျန်းမာရေးကောင်းလာပါလိမ့်မယ်။
?ကိုယ်မကြိုက်တဲ့အရာကိုလည်း မကြိုက်ကြောင်း တုံ့ပြန်တဲ့အခါ မှန်မှန်ကန်ကန် တုံ့ပြန်တတ်လာပြီး အမှားအယွင်းနည်း ပြဿနာနည်း လာပါမယ်။

?အဓိကကတော့ ကိုယ့်စိတ်ခံစားချက်လေး ဘယ်လိုဖြစ်တယ်၊ အဲ့ဒီခံစားချက်ကနေ ရုပ်မှာ စိတ်မှာ အတွေးအခေါ်မှာ ဘာအပြောင်းအလဲတွေဖြစ်တယ်ဆိုတာ သိရင် ရပါပြီ။ ဘယ်လိုတုံ့ပြန်မယ်ဆိုတာကတော့ ကိုယ့်ရဲ့ ရွေးချယ်မှုပါပဲ။

မှန်ကန်သော ရွေးချယ်မှု၊ တာဝန်ခံတတ်သော စိတ်ခံစားချက်များနှင့် စိတ်ခံစားမှု ဉာဏ်ရည်မြင့်ပြီး ကျန်းမာဖို့ရန်အတွက် သတိရှိရှိနဲ့ social media တွေကို အသုံးပြုကြပါစို့...

အရှင်နန္ဒာစာရ

#ThismomentZone
#vennandacara
#mentalhealthawareness
#mentalhealthmatters
#mindfulness
#mentalhealing
#selfawareness
#relaxandsoothing

2 months, 4 weeks ago

? ရပ်တန့်ခြင်း...

လောကလူတွေဟာ နေ့စဉ်ဘ၀မှာ မရပ်မနားလှုပ်ရှားနေကြရတယ်။
ရုပ်ကော စိတ်ကောပေါ့...

ရုပ်ပိုင်းဆိုင်ရာ ရပ်တန့်မှုတွေကို လုပ်ဖြစ်တယ်ဆိုရင်တောင်မှပဲ စိတ်ပိုင်းဆိုင်ရာ ရပ်တန့်မှု မရှိကြတာများတယ်။

အိပ်ပျော်သွားတဲ့ အချိန်မျိုးမှာဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ ရပ်တန့်ဖို့ရာ ခက်ခဲတဲ့သူတွေက အိပ်ရေးမ၀ကြရရှာဘူး။ အိပ်မက်တွေ အများကြီးမက်တာတို့၊ ခနခနလန့်နိုးတာတို့၊ အိပ်ပျော်ဖို့ရာ ခက်ခဲတာတို့တွေ ဖြစ်ကြရရှာတယ်။

ရပ်တန့်ခြင်းက အနားယူခြင်းပဲ...

တရားထိုင်တယ်ဆိုတာ တကယ်တော့ စိတ်ကော ရုပ်ကော ရပ်တန့်ထားလိုက်တာမျိုးပေါ့။

တစ်နည်းအားဖြင့် စိတ်ကော ရုပ်ကော အနားပေးလိုက်တာမျိုး။

ဒီအချိန်မှာ ခန္ဓာကိုယ်က မနားနေတဲ့ အပိုင်းတွေရှိတယ်။

အသက်ရှူတာတို့၊ နှလုံးခုန်တာတို့ လုပ်နေရသေးတာကိုး။

အဲ့ဒီအရာတွေကို စည်းချက်တွေလို့ အောက်မေ့လိုက်ပြီး ကိုယ့်ရဲ့စိတ်ကို တခြားမှာ မထားပဲ အသက်ရှူသံစည်းချက်လေးနဲ့အတူပဲ ထားလိုက်ရင် သိပ်ကောင်းတဲ့ အနားယူနည်းတစ်မျိုးဖြစ်သွားတာပဲ၊

အသက်ရှူသံစည်းချက်တွေနဲ့ စိတ်နဲ့ တစ်ထပ်တည်းဖြစ်နေချိန်မှာ အခြားသော အတွေးတွေ၊ အာရုံတွေ ပေါ်လာရင်လည်းပေါ်လာဦးမှာပဲ၊ အဲ့ဒီအချိန်ကျရင် အသက်ကို ရှည်ရှည်လေးရှူပြီး ပေါ်လာတဲ့အတွေးတွေကို လက်ခံပေးလိုက်၊ သူတို့တွေကို အသိအမှတ်ပြုပေးလိုက်၊ ပြီးရင် အသက်ရှူသံစည်းချက်တွေဆီကိုပဲ ပြန်လာခဲ့လိုက်။ ဒါဆိုရပြီ။

အသက်ရှူသံစည်းချက်တွေပေါ်ကို စိတ်က စူးစူးစိုက်စိုက်ထားပြီး အနားယူတတ်မယ်ဆိုရင် လောကလူတွေ ဇိမ်ခံပြီး အနားယူကြတဲ့ နည်းလမ်းပေါင်းစုံတွေထက် ပိုပြီး သက်တောင့်သက်သာဖြစ်တယ်။ ပိုပြီးလည်း အနားရတယ်။ အကောင်းဆုံးကတော့ ငွေကုန်ကြေးကျမရှိတာပဲ။

ဒီနည်းလေးက ဆရာတော်သစ်နက်ဟန်ရဲ့ နည်းလမ်းလေးပါ။

ဒီတစ်ခါ အနားယူတော့မယ်ဆိုရင် စိတ်နဲ့ရုပ်ကို ရပ်တန့်ထားပေးခြင်းမျိုးနဲ့ အနားယူနိုင်အောင် ကြိုးစားကြည့်လိုက်ပါ။

နှလုံစိတ်ဝမ်းအေးချမ်းကြပါစေ...

- အရှင်နန္ဒာစာရ

#ThismomentZone #vennandacara #MentalHealthAwareness #mentalhealthawareness #mentalhealthmatters #??????????? #mentalhealing #SelfAwareness #RelaxatingAndSoothing

3 months, 4 weeks ago
4 months, 3 weeks ago

? Mindfulness ဟာ စိတ်ကျန်းမာမှုအတွက် မဖြစ်မနေလိုအပ်တဲ့ ဆေးတစ်ခွက်ပါ။

မိမိတို့ရဲ့ Mental Wellbeing အတွက် စိတ်အစာကြေစေဖို့ရာ ဆရာတော်အရှင်နန္ဒာစာရရဲ့ "စိတ်အစာကြေဆေး"ဆိုတဲ့ Audio လေးကို မျှဝေပေးလိုက်ပါတယ်။

အားလုံး နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။ ??

#thismomentzone
#mentalwellbeing
#mindfulness
#mentalhealthmatters
#mindfulliving
#selfcare
#selfawareness
#selfreflection

4 months, 4 weeks ago
Thismoment Zone
4 months, 4 weeks ago

?တစ်ယောက်နဲ့တစ်ယောက် မှာ Trauma Response ကြောင့်ရတဲ့ ခံစားချက်တွေက မတူညီကြပါဘူး။ ဒါပေမဲ့ တော်တော်လေး စိတ်အနှောင့်အယှက်ဖြစ်စေပြီး ခံစားနေရတာတွေကို ထိန်းချုပ်ဖို့ခက်ခဲပါတယ်။ ကိုယ့်ရဲ့စိတ်ချမ်းသာသုခ (mental wellbeing) အတွက် ဒါတွေကိုကျော်ဖြတ်ပြီး မှန်ကန်စစ်မှန်တဲ့ ခံစားချက်တွေ၊ လွတ်လပ်ပျော်ရွှင်တဲ့ ခံစားချက်တွေရဖို့ ဒီလို မလွယ်ကူပေမဲ့ ကိုယ့်စိတ်ကိုယ် သိအောင်ကြိုးစားခြင်းကလည်း self-love နဲ့ self-care လုပ်ပေးခြင်းလို့ နားလည်လာခဲ့ပါတယ်။

?အဓိကကတော့ ကိုယ့် feelings တွေကို ရှင်းရှင်းလင်းလင်း နားလည်လာရတဲ့အခါ ဘယ်အရာတွေက ကိုယ့်အတွက် အကောင်းဆုံးလဲ၊ ဘယ်အရာတွေက ကိုယ့်ကို မကောင်းတဲ့စိတ်ခံစားချက်တွေနဲ့ ကုန်ဆုံးစေတယ်ဆိုတာ သိရှိလာမယ်။ ကြောက်စိတ်တွေ လျော့ပါးလာမယ်။ ဒီလိုသိရှိလာတဲ့အချိန်မှာ Boundary တွေကို ပိုမိုချောမွေ့စွာ ထားနိုင်တာကို ကျွန်မတွေ့ရပါတယ်။

Romantic ဆက်ဆံရေးပဲဖြစ်ဖြစ်၊ သူငယ်ချင်း၊ မိသားစု၊ လုပ်ငန်းခွင် ဆက်ဆံရေးမှာပဲ ဖြစ်ဖြစ် Boundary တွေကို ခိုင်မာစွာချနိုင်ဖို့ဆိုတာ အရမ်းအရေးကြီးတဲ့အချက် ဖြစ်ပါတယ်။

Boundary တွေက အခြားသူတွေကို ထည့်မတွက်တာမဟုတ်ဘဲ ကိုယ့်ရဲ့ mental wellbeing ကိုကာကွယ်ဖို့ ထားတာဖြစ်ပါတယ်။

ကိုယ်ကိုယ်တိုင်အတွက် အာရုံစိုက်ပြီး ကိုယ်ပိုင် emotional လိုအပ်ချက်တွေကို ပိုနားလည်လာတဲ့ အချိန်မှာတော့ Boundary တွေဟာ ပိုမိုသေချာခိုင်မာလာပါတယ်။

?နောက်ဆုံးတော့ “No” ပြောဖို့ဆိုတာ တစ်ခါတလေ ခက်ခဲနိုင်ပေမယ့် ကိုယ့်ရဲ့ အကောင်းဆုံး လုပ်ဆောင်မှုကနေ ရလာတယ်ဆိုရင်တော့ အဲ့ဒီ Boundary တွေက ကိုယ့်ကိုယ်ကို ချစ်ခြင်းမေတ္တာနဲ့ ထိန်းသိမ်းတဲ့ လုပ်ရပ်လို့ ဆိုရမယ်။ Boundary တွေက တားဆီးတာမဟုတ်ဘဲ ကိုယ့်စိတ်ပိုင်းဆိုင်ရာအတွက် ရှင်သန်ဖွံ့ဖြိုးနိုင်စေဖို့ ပြုလုပ်တဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။

အားလုံးနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။
မအေမီ
26.09.2024

#thismomentzone
#mentalwellbeing
#mindfulness
#mentalhealthmatters
#mindfulliving
#selfcare
#selfawareness
#selfreflection

4 months, 4 weeks ago

ကိုယ်ချချင်တဲ့စည်း(boundary) ခိုင်မာဖို့ဆိုရင်

?????????? ???? မှ မိတ်ဆွေများအားလုံး မင်္ဂလာပါရှင်။

?ကျွန်မ ဒီနေ့ အားလုံးနဲ့မျှဝေချင်တဲ့ အကြောင်းအရာလေးကတော့ ကျွန်မကိုယ်တိုင် လွန်ခဲ့တဲ့သုံးလလောက်အတွင်း သေချာလေး ကိုယ့်စိတ်ခံစားချက်တွေကို အလုပ်လုပ်ရင်း ရလာတဲ့ အသိတစ်ခု၊ စိတ်ငြိမ်းချမ်းမှုတစ်ခုပါ။

?ကျွန်မတို့ နေ့စဉ်ဘဝတွေမှာ မလုပ်ချင်ပေမဲ့ အားနာလို့ လုပ်ပေးလိုက်ရတာ၊ toxic relationship ထဲက ထွက်ချင်ပေမဲ့ မထွက်နိုင်ဖြစ်နေတာ၊ ကိုယ်မပျော်ရွှင်ရတဲ့ ပတ်ဝန်းကျင်ကို မစွန့်ခွာနိုင်တာ၊ ကိုယ်နဲ့ကိုယ်ကြားမှာ boundary ချချင်ပေမဲ့ မလုပ်နိုင်ဘူးဖြစ်နေတာ၊ ကိုယ့်အတွက် ဒါလေးတွေလုပ်နိုင်ရင် ကောင်းမယ်၊ စိတ်ချမ်းသာမယ် ဆိုတာ သိပေမဲ့ သူများတွေ ကိုယ့်ကို တစ်မျိုးထင်သွားမှာ ဝေဖန်မှာစိုးလို့ မပျော်ရွှင်ပေမဲ့ လုပ်လိုက်ရတာ၊ သူငါ့ကိုထားသွားမှာစိုးရိမ်လို့ မလုပ်ချင်ပေမဲ့ လုပ်လိုက်ရတာ၊ ပြန်ပြောချင်ပေမဲ့ မပြောနိုင်လိုက်တာ …… ဒါလေးတွေကို ရင်းရင်းနှီးနှီး ကြားဖူးကြမယ်ထင်ပါတယ်။ ကိုယ်တိုင်လဲ တွေ့ကြုံဖူးကြမယ်ထင်ပါတယ်။

?ကျွန်မကိုယ်တိုင်လည်း လူ‌တိုင်းဆီကအချစ်ကိုရဖို့၊ ခင်မင်မှုကိုရဖို့ လိုက်လျောညီထွေဖြစ်အောင် နေထိုင်လာရင်းကနေ ကိုယ့်ကိုယ်ကိုယ် ဘာကြိုက်မှန်း၊ ကိုယ့်ရဲ့ဘယ်ခံစားချက်က အစစ်အမှန်မှန်း တောင် မသိတော့လောက်တဲ့ အနေအထားထိ ရောက်ရတဲ့အဖြစ်ကို ကြုံခဲ့ရပါတယ်။

?ဒါတွေကို လွန်ခဲ့တဲ့နှစ်နှစ်လောက် counsellor ဖြစ်ဖို့ လမ်းကြောင်းပေါ် စပြီးလျှောက်ကတည်းက ကိုယ့်ကိုယ်ကို အချိန်ပေးပြီး ကိုယ့်ခံစားချက်အစစ်အမှန်တွေက ဘာလဲ... အဲ့လိုဖြစ်နေတဲ့ ခံစားချက်တွေကရော ဘယ်ကနေ လာနေတာလဲ၊ ငါဒီလိုခံစားနေရတယ်ဆိုတာ ဘာလို့လက်မခံနိုင်တာလဲ ဆိုတာလေးတွေကို အချိန်ပေးပြီး ကိုယ်ရဲ့စိတ်အတွင်းပိုင်း(inner self) ကို အလုပ်လုပ်ဖြစ်ခဲ့တာပါ။

?လွန်ခဲ့တဲ့သုံးလအတွင်းမှာတော့ ကျွန်မရဲ့အရင်လုပ်မိနေတဲ့ ကိုယ်အတွက်လည်းမကောင်းပေမဲ့ ထပ်ခါထပ်ခါ အလားတူပုံစံတွေကိုပဲ ဖြစ်စေနေတဲ့ ခံစားချက်တစ်ခုကို သေချာအလုပ်လုပ်ရင်းကနေ ကိုယ်လိုချင်တဲ့စည်း(boundary) တစ်ခုကို ကောင်းကောင်းမွန်မွန် ချနိုင်ခဲ့တဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု၊ လွတ်လပ်တဲ့စိတ်ခံစားချက်နဲ့ ငါလုပ်ချင်ရင်လုပ်နိုင်တာပဲ... ဆိုတဲ့ အရသာကောင်းလေးကို အားလုံးနဲ့ မျှဝေချင်မိတယ်။

?Boundary တွေထားဖို့ဆိုတာ လွယ်လောက်တဲ့အရာ မဟုတ်ပါဘူး။ တစ်ခါတလေမှာတော့ “မလုပ်ချင်ပေမယ့် ဟုတ်ကဲ့ပဲ ပြောလိုက်ရတာ” ဆိုတဲ့ ခံစားချက်မျိုးရှိတတ်ပါတယ်။ ကျွန်မအနေနဲ့လည်း အခုသုံးလကြာတဲ့ personal work ထဲမှာ တွေ့လာတာက Boundary ခိုင်မာစွာထားဖို့ဆိုတာ ကိုယ့်အတွင်းကို နက်ရှိုင်းစွာ နားလည်မှ စတင်နိုင်တဲ့အရာဆိုတာပါပဲ။

?ကျွန်မရဲ့ အတွေ့အကြုံအရ အနည်းဆုံးကိုယ်ရဲ့ feelings တွေ၊ ကိုယ်ပိုင်လိုအပ်ချက်တွေကို မသိမချင်း Boundary တွေကို ခိုင်မာစွာ ထားလို့မရပါဘူး။ တစ်ခါတလေတော့ မိမိကိုယ်တိုင် ဘယ်လောက်ပဲ emotional burden ပေးနေပြီဆိုရင်တောင် အကြောင်းမသိဘဲ ခံစားရတတ်ပါတယ်။ တကယ်တော့ ဒီလို feelings တွေရှိလာတာက ကိုယ့်ကိုယ်ကို လုံလောက်စွာ နားမလည်မှုနဲ့ သက်ဆိုင်ပါတယ်။ ကိုယ့်စိတ်ခံစားချက်တွေက ဘယ်နေရာက အစပျိုးလာ‌နေတာလဲမသိရင် ပိုဆိုးပါ‌တယ်။ ကိုယ်တစ်ယောက်ထဲဖြစ်တော့မှာပဲ... ဆိုတဲ့ကြောက်စိတ်လည်း ပါ ပါတယ်။

?ကျွန်မဘက်ကနေ သင်ယူခဲ့တဲ့အရာက—ကျွန်မရဲ့ inner self ကို ပိုမို နားလည်ဖို့လို‌နေတယ် ဆိုတာပါ။ “ဟုတ်ကဲ့” ပြောတဲ့အချိန်မှာ တကယ်တမ်း ကိုယ်လိုလိုခြင်ခြင်နဲ့ လုပ်ချင်လို့လား၊ ဒါမှမဟုတ် ကိုယ့်အတွက် အားနာလို့၊ လွန်ဆန်မရလို့ ကိုယ့်စိတ်ထဲသိပ်မကျေနပ်ဘဲ ခံစားနေရလားဆိုတာကို သိဖို့လိုပါတယ်။ ကိုယ်ရဲ့ feelings တွေကို သိမှပြီးတော့ Boundary တွေကို ပိုမိုသေချာစွာ ထားနိုင်တာပါပဲ။

?ကိုယ့်ရဲ့ခံစားချက်တွေကို သိအောင်လုပ်ရတဲ့အခါမှာ မလွယ်ကူပါဘူး။ ဘာလို့လဲဆိုရင် ကျွန်မတို့ရဲ့စိတ်မပျော်ရွှင်တဲ့၊ မကောင်းတဲ့ခံစားချက်တွေကို သေချာကြည့်ပြီး စဉ်းစားပြီး နားလည်အောင်လုပ်ယူရတဲ့အတွက်ပါ။ တစ်ခါတစ်ရံ ကိုယ့်ရဲ့ ငယ်ငယ်က စိတ်ဒဏ်ရာတွေကိုပါ သွားပြီးဆက်စပ်မိတဲ့အခါ ကိုယ်တစ်ယောက်ထဲ လုပ်လို့မရလို့ သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေနဲ့ counselling ယူရတာမျိုးတွေရှိပါတယ်။

?ကျွန်မတုန်းကဆိုရင် ငယ်ငယ်က မသိဘဲရခဲ့တဲ့ စိတ်ဒဏ်ရာအကြီးကြီးနဲ့ ပတ်သက်‌နေလို့ personal work လုပ်တဲ့အချိန်မှာ ကျွန်မ therapy ယူခဲ့ရပါတယ်။ သေချာအတိအကျပြောရရင်တော့ စိတ်ဒဏ်ရာကလာတဲ့ တုန့်ပြန်စိတ်ခံစားချက်(Trauma Response) ရတဲ့အချိန်မှာ ဘာနဲ့မှမတူတဲ့ကြောက်ရွံခြင်းကို ကျွန်မခံစားခဲ့ရလို့ပါ။

5 months ago
Thismoment Zone
5 months ago

???????????? ?? ?????????? ??? ???????? ????????????? - ????? ?

မင်္ဂလာပါ ?

“အခြေခံ စိတ်ပညာနှင့်ဗုဒ္ဓစိတ်ကုထုံး ပညာဒါနသင်တန်း” ????? ? (??? ?? ??? ????) တန်းခွဲအတွက် Registered ပြုလုပ်ထားသောသူများကို ???????????? ????? များ ပေးပို့ထားပြီးဖြစ်ပါတယ်။

Email မရရှိသေးပါက ကျေးဇူးပြုပြီး ?????????? ???? ???????? ????????? တွင် မိမိ registration လုပ်ထားသော email address ပေးပို့၍ အကြောင်းကြားပေးပါရှင်။

Registration Form ဖြည့်စဥ်က email address မှားဖြည့်ထားမိရင်လည်း mail ပြန်မရတာ ဖြစ်နိုင်ပါတယ်။
‼️????/???? folder တွေထဲမှာ စစ်ကြည့်ဖို့လည်း မမေ့ပါနဲ့နော်။ ‼️

Thank you ??????

?????? ???? ??? ???????? ??? ???????... ⬇️ ⬇️ ⬇️
Telegram: https://t.me/ThismomentZone
YouTube: https://www.youtube.com/@ThismomentZone
Instagram: https://instagram.com/thismomentzone
Facebook: https://www.facebook.com/ThismomentZone

#thismomentzone
#psychoeducation
#mentalhealthmatters
#buddhistpsychotherapy
#psychologytraining
#mentalhealing
#mentalhealthawarness
#mindfulness

5 months ago
Thismoment Zone
We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@vip_admin_3

Last updated 12 hours ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 5 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 2 weeks, 2 days ago