Unlock a World of Free Content: Books, Music, Videos & More Await!

စာအုပ်စာပေ လူ့မိတ်ဆွေ

Description
Knowledge
Advertising
We recommend to visit

ဤချန်နယ်တွင်ကြော်ငြာများထည့်သွင်းလိုပါကAdmin acc ကို ဆကိသွယ်ပါ
@sithuaung2006

Last updated 1 month, 1 week ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 1 year, 2 months ago

3 months ago

အေးပို သည် အေးသွယ် တို့ လူစု အား မည်သို့ ပြန် ဖြေရမည် ကို တွေး၏ ။ တွေး၍ မရ နောက်ဆုံး တွင် ...

“ ငါ ဘယ့်နဲ့ ပြောရမလဲ အေ့ … ဖူးစာ ပေါ့ ”

“ စာ ပဲ စာလွန်း တော် ... ဒီ ရုပ်ကြီးများ ...”

“ အန်ချင်စရာ ငါ့ ပုံ က ဆိုးပေမယ့် ၊ ဘုံကြိုးပြတ်ပါတဲ့ နတ်မိမယ် တောင် ၊ ဓာတ် သိရင် မဖယ်လေဘူးဗျ ၊ ကျုပ် လူထူးဆိုတာ မကြားဖူးဘူးလား အေးသွယ် ရဲ့ ၊ ဒီ ကောင်မ လဲ တစ်ခု ခု ထူး နေမှာပေါ့ ”

“ ဟုတ်ဗျာ ... ဟုတ်ပေါ့ ”

“ အမယ်လေး …. လန့်လိုက်တာ နော် ... ကာလနာကြီး ၊ ဘယ် အချိန် တိတ်တိတ် ဝင်လာ လည်း မသိဘူး ”

လွတ်လပ်စွာ ပြောဆို နေကြသော မိန်းကလေး တစ်သိုက် မှာ ရုတ်တရက် လန့် သွားကြ၏ ။

“ တိတ်တိတ် လာရတာပေါ့ ဗျ … ကျုပ် မိန်းမ ကို ခင်ဗျားတို့ ဘာတွေ လာ နားချ နေကြမှန်း မှ မသိဘဲ ၊ မပို သူတို့ ပြောတိုင်း မယုံနဲ့ နော် ၊ ရော့ … ဟောဒီ ဖားတွေ ချက် စား ... ”

“ အမေ့ … ကြောက်တယ်လို့ ဆိုနေ … သေနာကျကြီး … ကဲ …”

အေးပို သည် ဖားတွဲကြီး ကို ကြည့် ကာ ကြက်သီးကလေးများ ထ နေရာ မှ ကိုသာလူကြီး ၏ ရင်ဘတ် ကို ပြေး၍ ဗျောတီး လိုက်လေ သတည်း ။

ရန်ကုန်ဘဆွေ

📖 ရန်ကုန်ဘဆွေ ဝတ္ထုတိုများ

#ကိုအောင်နိုင်ဦး

3 months ago

ရွာ လမ်းမ တွင် ကစား နေကြသော ကလေးငယ်များ သည် ကိုသာလူ ကို ငေး၍ ကြည့် နေရာ မှ လွန် သွားသော အချိန် တွင် ထိတ်လန့်တကြား အိမ် ထဲ သို့ ပြေးဝင်ကြ ကုန်၏ ။

အေးပို တို့ အိမ် သို့ ကိုသာလူ ဝင်ရောက် လာသော အချိန် ၌ လည်း ဆန်ပြာ နေသော အေးပို သည် ရုတ်တရက် မော့ကြည့် မိရာ မှ ဟစ်အော် လိုက်တော့မည် ကဲ့သို့ ဖြစ်သွား သေး၏ ။ ကိုသာလူ က ဦးကြီးကော ဟု မေးလိုက်သော အခါ အေးပို သည် ဘာမျှ ပြန် မပြောနိုင်ဘဲ ကတုန်ကယင် နှင့် အိမ် ထဲ သို့ ပြေး ဝင်ခဲ့၏ ။

“ ဟဲ့ … ကောင်မလေး ဘာဖြစ်လာတာလဲ ”

“ ဟို .. ဟို ... အပြင် ... အပြင် ….”

အေးပို ၏ အဘ သည် စိတ် မရှည် နိုင်ဘဲ အပြင် သို့ လှမ်းကြည့် လိုက်ရင်း ...

“ တယ် … ဒီ ကောင်မလေး .. ရူးရန်ကော ၊ လာ လာဟေ့ ... သာလူ ” ဟု ပြောပြောဆိုဆို အပြင် သို့ လှမ်း နှုတ်ဆက်လျက် ထွက် သွား၏ ။

ကိုသာလူ သည် ရိုးသားသော အညာသား တစ်ယောက် ဖြစ်သော်လည်း အခြား အညာ သားများ ကဲ့သို့ ပိန်ကပ်ကပ် မည်းခြောက်ခြောက် မဟုတ် ၊ ဂင်တိုတို နက်ကျောကျော ဖြစ်၏ ။

မောင့် တစ်မျက်နှာလုံး ကျောက်ဖြုန်း နှင့် အပြည့် ဖြစ်၏ ။ ပြုံးရယ် လိုက်တိုင်း မှေးသော မျက်ပေါက် နှစ်ခုသည် ပိတ်၍ ကျယ်သော ပါးစပ်ကြီး က ပြဲ လာ ပြီးလျှင် ကြောက်ဖွယ် အတိ ပြီးသော မညီမညာ သွားများ မှာ ထိုးထိုးထောင်ထောင် နှင့် ပေါ်ထွက် လာ တတ်၏ ။

အေးပို သည် ကိုသာလူ ၏ မျက်နှာ ကို ရဲရဲ မကြည့်ဝံ့ ၊ ကွယ်ရာ မှ တိတ်တိတ် ခိုး၍ ကြည့်၏ ။

သို့ ခိုး ကြည့် လိုက်တိုင်း ရင်ထဲ ၌ ဖိုကာ စိတ် ထဲ တွင် ကြောက်၍ ကြောက်၍ လာ၏ ။

ကိုသာလူကြီး ရောက်စ က ဆိုလျှင် အိမ်မက် ထဲ ၌ ပင် မကြာမကြာ မြင်မက် ကာ လန့်၍ လန့်၍ အော် မိ၏ ။

တစ်ခါ တစ်ခါ ၌ ဒါလောက် ကြောက်စရာ ကောင်းအောင် အရုပ် ဆိုးသော လူ တစ်ယောက် သည် ဘယ်တော့မျှ မိန်းမ ရနိုင်တော့မည် မဟုတ်ဟု လည်း တွေး၏ ။

သို့ တွေးမိရင်း အေးပို သည် ကိုသာလူကြီး အား သနား သလိုလို လည်း ဖြစ် လာတတ် သေး၏ ။

နောက် အတော် နေသားကျသော အခါမှ ကိုသာလူကြီး ရှေ့ တွင် သွားဝံ့ လာဝံ့ စကား ပြောဝံ့ ဖြစ် လာတော့၏ ။

ကိုသာလူ မှာ ပုံတိုပတ်စများ အလွန် ရ တတ်၍ စကား ပြောကောင်းသူ တစ်ယောက် ဖြစ်၏ ။ ည ညတွင် ကိုသာလူ ပြောသော သရဲ တစ္ဆေအကြောင်း ၊ အညာ မှ ကျတ်တွေ အကြောင်း စသည် တို့ မှာ အလွန် နားထောင် ၍ လည်း ကောင်း၏ ။ ကြောက်စရာ လည်း ကောင်း၏ ။

ကြောက်စရာ ကောင်း နေရသည့် ကြား ထဲ တစ်ခါတစ်ခါ လူများ ငြိမ်၍ နားစိုက် နေကြ လျှင် သူ က ခြောက်လိုက်တတ် သေး၏ ။

ထို အချိန် ၌ အေးပို သည် ရင်ထဲ ၌ ဖိုကာ နေစရာ မရှိအောင် ကြောက် ကြောက်သွားတတ်၏ ။

အဘ နှင့် အစ်မ တို့ က အေးပို ကို ကြည့် ၍ ဝိုင်း ရယ်ကြ၏ ။

ဤလို အချိန် မျိုး ၌ အေးပို သည် ကိုသာလူကြီး အား နင်းကန် မုန်းပစ် လိုက်တတ်လေသည် ။

သို့ရာတွင် တစ်ခါတစ်ရံ မအားလပ်၍ စကားဝိုင်း မဖြစ်သော ညများ ၌ အေးပို သည် ကိုသာလူ ပြော ပြသော တစ္ဆေပုံများ ကို တားမနိုင် ဆီးမရ အောင် နားထောင်ချင် စိတ်တွေ ပေါ်လာတတ်၏ ။

အိမ်ရှေ့ ချောင်းရိုး ထဲ ၌ ပေါက် နေသော လမုပင် မည်းမည်းကြီးများ ပေါ်တွင် ကိုသာလူကြီး ပြော ပြသော ဘုန်းကြီးသဘက်ကြီး သည် နားရွက်ကြီး နဲ့ များ ငါးသဲ့ နေတာ တွေ့ ရမလား ဟု လှမ်းကြည့် လိုက်မိ၏ ။

သူ ဘာပြုလို့ ညဉ့်နက် ပါလိမ့် ၊ လယ် ထဲ က ထန်း နှစ်ပင် မှာ ဖိုးသူတော် တစ္ဆေကြီး နဲ့ များ နပန်းလုံး နေရလို့လား ဟု စိတ် ပူလာမိ၏ ။

အေးပို သည် မသိမသာ အိမ်နောက်ဖေး သို့ ဆင်း ခဲ့သည် ။ လယ်ကွက် ထဲ တွင် ဖားလက်တက် ကလေးများ နှင့် ပုစဉ်းရင်ကွဲ တို့ က အော် နေကြ၏ ။

အေးပို သည် အိမ် နောက်ဖေး ခြံထောင့် လယ်အစပ် သို့ ရောက်သွားသော အခါ ပုစဉ်း ရင်ကွဲတွေ က တိတ်သွားကြ၏ ။

ကွင်း ထဲ သို့ လှမ်းမျှော် လိုက်သည် ။

အမှောင် ထဲ တွင် ကောက်ပင်များ လှိုင်းထ နေသည်ကို ရေးရေးသာ မြင်ရ၏ ။

လေ တိုက် သဖြင့် ကောက်ပင်များ မှ ရှဲရှဲ - ရှဲရှဲ မြည်သံ သည် ကျယ်လွန်းလှသည် ဟု မှတ်ထင် နေရ၏ ။

လယ်ကွင်း ပေါ် မှ ဖြတ်ကျော်လာသော လေ သည် အေးပို ၏ တစ်ကိုယ်လုံး ကို စိမ့်ခနဲ အေး၍ သွားစေ၏ ။

“ ဟင် … ငါ ဘာပြုလို့ ဒီကို ဆင်းလာမိတာပါလိမ့် ”

အေးပို သည် သုတ်သီးသုတ်ပျာ နှင့် အိမ်ဘက် သို့ လှည့် လိုက်၏ ။ သူ့ အနီး တွင် ခပ်မည်းမည်း အကောင်ကြီး တစ်ကောင် ကို တွေ့ လိုက်ရသည် ။

ဒိတ်ခနဲ အေးပို ၏ ခေါင်းကြီး မှာ ပုတ်လောက် ဖြစ် သွား၏ ။ သံကုန် ကုန်း ၍ အော်တော့မည် အပြု တွင် လက် တစ်ဖက် သည် အေးပို ၏ ပါးစပ် ကို လာ၍ ပိတ် လိုက်၏ ။

“ မပို … မပို … ငါ ပါ ဟ ၊ ငါ ကွင်း ထဲ က ပြန် လာရင်း နင် ရပ် နေတာ တွေ့လို့ ဘယ်သူလဲ လို့ လာ ကြည့်တာ ”

အေးပို သည် ကိုသာလူ ၏ ပြော စကား ကို နား ထဲ က ကြားပါ၏ ။ နတ်ပူး သလို တစ်ကိုယ်လုံး ကတုန်ကယင်နှင့် ရပ်တည်ရာ မရ ဖြစ်နေ၏ ။ စကား လည်း မပြောနိုင် ။ ကိုသာလူ ၏ ရင်ခွင် ကို အားပြု လျက် အလန့် ပြေအောင် အတော်ကြီး နေ လိုက်ရသေး၏ ။

သည့်နောက် ၌ ကား အေးပို တစ်ယောက် လင့် နောက် လိုက်သွားပြီ ဟူသော သတင်းသည် ဝါကျွတ်ပွဲတော် နှင့် အတူ ဂုံညင်းချုံ တစ်ရွာလုံး တောမီး လောင် သလို ချက်ချင်း ပျံ့နှံ့ သွားတော့၏ ။

••••• ••••• •••••

“ ဒါကြီး ကို ဘာများ မက်မောပြီး .… ”

3 months ago

နောက် အကြိမ်များ တွင် သူ သာ မဟုတ် ၊ အဖော်တွေ ပါ ခေါ်သွား၏ ။ ဒေါ်ဂျမ်းဘုံကြီး အိမ်ဝိုင်း ထဲ မှ မာလကာသီးများ ကို ခူးရန် ဆွယ်၏ ။ အဖော် တစ်စု နှင့် မာလကာသီး နုနုကလေးတွေ ကို သွား၍ ခူးကြ၏ ။

ကျားဘို နှင့် တွေ့ကြ ပြန်၏ ။ မာလကာသီး ခူး ရုံမျှ မဟုတ် ၊ ကျားဘို ကို ပါ ခဲ နှင့် ပေါက်၍ ပြေး ကြ၏ ။

ကျားဘို က လိုက်၍ မီလု မီလု ရှိသော အခါ ငယ်သံ ပါ အောင် အော်၏ ။ လူကြီးတွေ က ဝိုင်း မောင်း သဖြင့် လွတ် သွားသော အခါ အေးပို သည် အဖော်များ နှင့် မာလကာသီး နုနုကလေး ကို လု စားရင်း တစ်ပျော်တစ်ပါးကြီး ဖြစ်နေတော့၏ ။

မာလကာသီးနုနုကလေးများမှာ အရသာ ရှိ နေ၏ ။

“ ပျော်လိုက်တာ ဟာ ၊ မော လဲ မော ရဲ့ ၊ ငါ့ ခြေသလုံး တော့ ကျားဘိုကြီး ပါးစပ် ထဲ ပါရော အောက်မေ့ လိုက်တာ ရင် ထဲ ကို ဖို သွားတာပဲ ၊ ပေးစမ်း ငါ့ တစ်ကိုက် ”

ပလုတ်ပလောင်း နှင့် မာလကာသီးနုကလေး ကို ဝါးရင်း အေးပို ၏ နဖူး တွင် ချွေးကလေး များ စို့လျက် မျက်လုံးကလေးများ ပင် ကြည်ရွှန်း တောက်ပ ၍ နေတော့၏ ။

တစ်ခါတစ်ရံ မည်သူ့ ကို မျှ စ စရာ မရှိသော အခါ အကြိုအကြား သို့ လိုက်၍ ကြွက်သိုက် တွေ ရှာ၏ ။

ကြွက်သိုက် ထဲ မှ မျက်လုံး မပွင့်သေးသော ကြွက်ပေါက်စ နီနီထွေးထွေးကလေးတွေ ထွက် ကျ လာသော အခါ စူးစူးဝါးဝါး နှင့် သံကုန် အော် ၍ ပြေး၏ ။

ထို့နောက် တဖြည်းဖြည်း အနီး သို့ ပြန်ကပ်၏ ။

ခြေကလေး လက်ကလေးများ လှုပ်တုပ် လှုပ်တုပ် နှင့် နေသော ကြွက် နီထွေးထွေးကလေး များ ကို ကြည့် ကာ အသည်း ယား နေ၏ ။

တစ်စုံ တစ်ယောက် က ရှေ့ သို့ တွန်း ပို့ လိုက် လျှင် သံကုန် ဟစ်၍ နောက် သို့ ဆုတ်၏ ။

ထို့နောက် တဖြည်းဖြည်း ကြွက်ကလေးတွေ အနီး သို့ ပြန် ကပ် ပြန်၏ ။ ကြွက်ကလေးတွေ က ခြေကလေး လက်ကလေးများ ကို လှုပ်လိုက် တိုင်း အသည်း ယား နေရ ပြန်၏ ။

ဤသို့နှင့် ပင် တစ်ယောက် ယောက် က ကြွက်ကလေးတွေ ကို ဝေးဝေး သို့ ယူ၍ မပစ် လိုက် သမျှ အေးပို အဖို့ အသည်း ယား နေရသည် မှာ အရသာ တစ်ခု ပင် ဖြစ်တော့၏ ။

ယခု မူ အေးပို သည် အပျိုကြီးဖားဖား ဖြစ်ခဲ့ လေပြီ ။ ငယ်စဉ် က လို ကြောက်စရာတွေ ရှာ၍ ကြောက်ရအောင် စ စပြီး ကြောက် ကြောက် နေရသည် ကို ပျော်မနေ စေကာမူ ကြောက် တတ်သော ဝါသနာ မှာ ပါမြဲ ပါနေ၏ ။

••••• ••••• •••••

တောသူ ပင် ဖြစ် သော်လည်း အေးပို ၏ မိဘများ မှာ လယ်ပိုင် ချောင်းပိုင် ဖြစ် ကြ၏ ။

ထို့ကြောင့် အေးပို သည် လယ် ထဲ ချောင်း ထဲ သို့ မဆင်းဘဲ နေလို က နေနိုင်၏ ။ သို့ရာတွင် အေးပို က မနေ ၊ အဖော်များ ကောက်စိုက် လျှင် အေးပို ပါ ဆင်း၍ စိုက်၏ ။ မျှော့ကလေးများ တွယ် လိုက်သော အခါ အေးပို က သံကုန် အော်၍ ပြေး၏ ။ အဖော်တွေ က ဝိုင်းဝန်း ဖြုတ် ပေးကြသော အခါ အဖော် တစ်ယောက် ၏ ရင်ဘတ် တွင် ခေါင်းကလေး ဝှက် လျက် မျှော့ မပြုတ်မချင်း မျက်လုံး စုံ မှိတ်၍ ရင်ကလေး ဖို နေတတ်၏ ။

အေးပို မျှော့ ကြောက်ရမလားဟု မည်သူ က မျှ မကဲ့ရဲ့ … ။

အေးပို ၏ ရုပ်ရည် အခြေအနေ နှင့် မျှော့ အကြောက် ကြောက် ၊ ဖား အကြောက် ကြောက် ၎င်းတို့ နှင့် အတူ ဆင်း၍ လုပ် နေခြင်း ကို ပင် သနား နေကြ၏ ။

“ ကောင်မ ရယ် … ညည်းအသားတွေ မည်းပြီး လက်ကလေး ခြေကလေးတွေ တော့ သမန်းဆီတွေ တက် ကုန်တော့မှာပဲ ”

“ တောသူ ပဲ အေ … သမန်းဆီ တက် မှာပေါ့ ”

အဖော် တစ်စု သည် အေးပို ၏ လှပသော မျက်နှာ ကို နှမြော ကြင်နာစွာ ကြည့်ရင်း မက်မက် မောမော ငေးနေကြ၏ ။ အေးပို ၏ အလှ သည် မိန်းမဖော်ချင်း ကို ပင် တပ်မက် စေ၏ ။ ငယ်စဉ် က ရွံမုန်းကြီး ဖြစ်ခဲ့ကြသော ကပ္ပိယ အဘိုးအို နှင့် မုဆိုးမကြီး အမေခြုံ ပင် လျှင် အေးပို ကို မေတ္တာ ရှိလာ၏ ။ အရီးဂျမ်းဘုံ တို့ အိမ် မှ ကျားဘိုကြီး သည် ပင် အေးပို လာလျှင် အမြီးကလေး နှံ့လျက် ပွတ်သီးပွတ်သပ် လုပ် နေပေပြီ ။

••••• ••••• •••••

လှသော အေးပို ၊ ကြောက်တတ်သော အေးပို ၊ ဖော်ရွေသော အေးပို ၊ သွက်လက် ချက်ချာ သော အေးပို ၊ ကွမ်းတောင်ကိုင် သော အေးပို ၊ ဂုံညင်းဖြူရွာ ၏ ကျက်သရေဆောင် အေးပို ၊ ထို အေးပို ကို ဂုံညင်းချုံ ရွာသားများ သာ မက ရွာနီးချုပ်စပ် တို့ ပါ ပိုးပန်းကြ၏ ။

အစွမ်းကုန် ပြင်ဆင်ကြ လျက် လူရေလူလုံး ပြ ကြ၏ ။ မည်ရွေ့မည်မျှ တင် တောင်းပါမည် ဟု ကြေး ပစ်ကြ၏ ။ စေ့စပ်ကြောင်းလမ်း ကြ၏ ။

အေးပို ၏ မိဘများ က အေးပို ငယ်သေးသည် ဟု အကြောင်း ပြ၏ ။ အေးပို ၏ ရွာကာလသား များ က ဂုမ္ဘန် တစ်ထောင် ကဲ့ သို့ စောင့်ကြ၏ ။ အေးပို က ကလေးဆန်ဆန် ပြောင်စီစီ နှင့် ကြိုက်ချင်ပေါင် တော် ဟု ပြော တတ်၏ ။

သို့နှင့် မရ၍ သာ နေကြ ရသည် ။ အေးပို သည် လူပျိုတိုင်း ကြိုက် ပါတဲ့ နှင်းဆီခိုင် ဖြစ်နေတော့၏ ။

“ အေးပို များ ရမယ် ဆိုရင်တော့ကွာ ” ဟူသော စကားသည် ကာလသား တိုင်း က ဖွင့်ဟ ၍ ကြိမ်းကြသော စကား ဖြစ်၏ ။ သို့ရာတွင် မကြိမ်းသူ တစ်ဦး ရှိ နေပါသေးသည် ။

ထို သူ ကား အေးပို တို့ အိမ် သို့ ယခု နှစ် မှ ဝင် လာသော သူရင်းငှား ကိုသာလူ ဆိုသူ ပင် ဖြစ်၏ ။

ကိုသာလူကြီး အေးပို တို့ အိမ် ၌ အလုပ် လုပ်ရန် အထုပ်အပိုး ကို ထမ်း ၍ ရွာလမ်း မှ ဝင်လာ သော အချိန်တွင် ရွာ ထဲ ၌ ခွေး တစီစီ ဖြစ်၍ ကျန်ရစ်ခဲ့၏ ။

5 months ago

မျဉ်းဖြောင့်တစ်ခုရဲ့ရနံ့

အိပ်ပျော်သွားရင် နိဗ္ဗာန်
အိပ်မပျော်သေးရင် ငရဲ
ငါ့ဦးခေါင်းက ပူလောင်မှုကို မင်းရယ်မယ်။

အလကားနေ
ဘယ်သူမှ ‌အဝေးကိုငေးနေမှာ မဟုတ်ဘူး။

ရုတ်တရက်
ငါ့အပေါ်က ဖြတ်သွားတဲ့နွားပျံလို
အိမ်ပြန်ချင်ပေါ့။ ။

#ခင်ဇော်မြင့်

5 months ago

အချစ်ဆွန်းနက်
________
[အောင်ခင်မြင့်]

တစ်နေ့မှာ သူခိုးစျေးထဲ
ကိုယ့်ကတိအဟောင်းတွေကို
ကိုယ်ကိုယ်တိုင် ပြန်ကိုင်ကြည့်မိနေတတ်တယ်
အချစ်ကိုတစ်ရက်တွေ့ကြုံပြီး
နှစ်များစွာ ဘေးထွက်ဆိုးကျိုး ခံစားနေရသူတွေ အများကြီး
အဲဒီထဲက တချို့ဟာ ဆံပင် စဆိုးနေရပြီ
ဘ၀ထဲ မီးခိုးရောင်အရာတွေရဲ့ တစ်စစ ကျူးကျော်မှုပဲ ဆိုပါစို့
ဗုဒ္ဓေါ ကိုယ်မလိုချင်ဆုံးက ချိုမြိန်မှုနဲ့ မတည့်တဲ့ ဇီ၀ဒီဇိုင်း
ငယ်ရွယ်တဲ့အတွဲတွေဟာ အရေးပေါ်ကြေညာချက်အပြီး ဆက်နမ်းကြတယ်
ပြန်ပြင်လို့မရတဲ့အရာ ဆိုတာ လွှင့်ပစ်လိုက်ရတာရှိသလို ပြတိုက်ထဲ သိမ်းထားရတာလည်း ရှိရဲ့
ပန်းအိုးထဲ မြှုပ်ထားတဲ့ အခန်းသော့ရဲ့ နေရာကို ချစ်သူနှစ်ယောက်ပဲ သိတယ်
တံခါးလာခေါက်တော့ ကိုယ်တို့ ချစ်လက်စကြီးလေ မှတ်မိလား
နောက်တော့ ငါတို့ ယုံကြည်မှုတွေ တစ်ကြိမ် ထပ်ပြောင်းခံရတယ်
ဆေးအညွှန်းတွေဆို ငါ သေသေချာချာ ဖတ်တယ်
ဒီလိုနဲ့ ဆေးသားကွာနေတဲ့ တနင်္ဂနွေတစ်ရက်ကိုပဲ
ချီတုံချတုံနဲ့ ၀ယ်သွားကြတာများတယ်
ပျံလွှားတွေက ကောင်းကင်မှာ စက်၀ိုင်းပုံ ၀ဲလို့ပေါ့
ဓါတ်တိုင်တစ်တိုင်စာလောက် ရှေ့ရောက်နေတဲ့ သဏ္ဌာန်တစ်ခုကို
ဟေး...အချစ်လို့ ငါ အော်ခေါ်လိုက်တယ်

#အောင်ခင်မြင့်

5 months ago

ဝေ၏ကိုယ်သည် ကျွန်တော်ကိုယ်ကို လာမှီသည်။ ထိုနောက် တွင်တော့ ကျွန်တော်သည် ဝေ၏ ကိုယ်ကို ဘယ်လက်ဖြင့် မွေ့ဖက်မိရာက ကျွန်တော်နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ထူးဆန်းစွာ တွေ့ရှိကြသည်။

ကိုယ့်အမှားကို ကိုယ်သတိရလာသည့်အခါတွင် “သြော်... လူတွေမိုက်မဲသလို မိုက်မဲကြတာပဲ။ ဒီထက်တော့မပိုပါဘူး ”ဟုလူတွေသည် ကိုယ့်ကိုယ်ကို ခွင့်လွတ်တတ်ကြသည့် သတ္တဝါတွေ ဖြစ်သည်။ အမှားကို အလွယ်တကူ ကျူးလွန်၍ အမှားကို အလွယ်တကူ ခွင့်လွှတ်တတ်ကြသည်။ ထို့နောက်တွင်ကား ..... ကျွန်တော်နှင့် ဝေဝေတို့ ကောင်းကောင်း မတွေ့ကြရတော့ပေ။ ဝေဝေသည် တတ္တသိုလ်တွင် ဂုဏ်ထူးတန်းတက်ရန် နည်းပြဆရာလုပ်နေသည်ဟု ကြားရ၏။ ကျွန်တော်ကလည်း ဝေဝေကို မတွေ့လိုတော့။ ဝေဝေကလည်း ကျွန်တော့်ကို တွေ့ချင်တော့မည်မထင်။

၁၉၅၂ ခုနှစ်ကမူကား ဝေဝေနှင့်ကျွန်တော် ပြန်တွေ့ရပြန်၏
သို့ရာတွင် ဝေဝေ၏ ဘေးတွင် ထောင်ထောင်မောင်းမောင်း ယောက်ျားတစ်ယောက် ပါလာ၏။

အစတုန်းကတော့ ကျွန်တော်၏ “တေးမြိုင်မြိုင်"အဖွဲ့ကိုတက္ကသိုလ်ရှိ အသင်းတစ်သင်းက နိုင်ငံခြားသို့ ပညာတော်သင်သွားမည့်ဆရာနှင့် ဆရာမ ဇနီးမောင်နှံတို့အား နှုတ်ဆက်ပွဲတွင် လာတီးပေးပါ ဆိုသဖြင့် ခါတိုင်းလိုပင်

လိုက်သွား၏။

ဟိုရောက်တော့မှ နိုင်ငံခြားသို့သွားမည့် ဆရာနှင့်ဆရာမမှာ ဝေတို့ စုံတွဲဖြစ်သည်ကို သိရ၏။ ခန်းမတစ်ခုလုံးတွင် ဆရာဆရာမများ; ကျောင်းသားကျောင်းသူများဖြင့် ပြည့်နှက်လျက်ရှိ၏။

ချွေးနံ့၊ စီးကရက်နံ့တို့သည် မီးခိုးနှင့်အတူ အခန်းထဲတွင် လွင့် လျက်ရှိ၏။စကားပြောသံတို့သည် တဝေါဝေါဖြင့် ညံလျက်ရှိသည်။

ထိုအခိုက်တွင် အသင်းအတွင်းရေးမှူးက ဆရာမ ””ဒေါ်ဝေဝေခင် အား “စံပယ်ပွင့်ဝေဝေ သီချင်းကို စန္ဓယားနှင့် ဆိုတီးတီးရန် တောင်းပန် နေကြပါတယ်ခင်ဗျာ။ ဒါကြောင့်မို့ ဆရာမ ဒေါ်ဝေဝေခင်က ကျေးဇူး ပြုလိမ့်မယ် မျှော်လင့်ပါတယ်””ဟု ကျေညာ၏။ အားလုံးသော ကျောင်းသူ ကျောင်းသားတို့က တစ်ခဲနက် သြဘာပေးကြသည်။

“ဆရာမဆိုပါ . .. ဆရာမဆိုပါ ”ဟု နောက်ပိုင်းက ထပွက်သံကြီးကို ကြားရလေသည်။

ခက်ကပြီ၊ ကျွန်တော်သည် တစ်ခါတည်း အခန်းထဲမှ ပြေးထွက် သွားချင်၏။ မတွေ့လိုသူနှုတ်ဆက်ပွဲကို ကြံကြံဖန်ဖန် ရောက်လာရပြီ။ တစ်ဖန် ကျွန်တော်စပ်သည့် ”စံပယ်ပွင့်ဝေဝေ” ကိုမှ ဆိုတီးတီးရဦးမည်ဟု ဆိုသည်နှင့် ကြုံရပြန်သည်။

ဝေဝေသည် စန္ဒရားဆီသို့ ထလာ၏။နောက်က ကျောင်းသူလေး နှစ်ယောက် ရောပါလာ၏။ ဝေဝေကို ဒီအကြိမ်ကြည့်ရသည်မှာ ခါတိုင်း ထက် ပို၍လှသည်ဟု ကျွန်တော်ထင်၏။ ဗမာဆန်၏။

ပခုံးပေါ်တွင် ပန်းနုရောင်ပဝါကို စုချထားကာ ဗမာဆန်ဆန် ဆံပင်ကို ရိုးရိုးလေး ဘီးဆံပတ် ပတ်ထားသဖြင့် ပျံ့ပြူးသော နဖူးပြင် လေးမှာ ထင်းကနဲ ပေါ်နေ၏။ မျက်လုံးအစုံတို့သည် ခါတိုင်းလို တောက်ပ

လျက်ရှိ၏။

ကျွန်တော်သည် စန္ဒရားနှင့် ခပ်လှမ်းလှမ်းတွင်ထိုင်ရင်း ဝေ‌ေ၀ကို မြင်သောအဓါတွင် အညှို့ခံရသည့် သားကောင်ဘ၀သို့ ပြန်ရောက်သွား၏။ ဝေဝေသည် ကျွန်တော့်ကိုမြင်သောအခါတွင် ကြက်သေသေသလို ဖြစ်သွားသော်လည်း ခဏချင်းပြန်၍ကု‌ေန္ဒြဆည်ကာ စန္ဒရားတွင်ဝင်ထိုင် ရင်း စန္ဒရားလက်တန်တွေကို အစမှအဆုံး ဆွဲလိုက်ပြီးစမ်းနေ၏ ဝေဝေ၏ ပြောသည့် စကားတွေကို သည်အခါကျမှ ကျွန်တော် သဘောပေါက်လာ၏။ ဝေဝေသည် စန္ဓရားကို အားပါးတရတီး၏။ တီးကွက်တွေကို စိတ်ပါလက်ပါ စမ်း၏။ ကျွန်တော့်နှလုံးခုန်သံသည် စန္ဒရားသံနှင့်အတူ ပြိုင်နေသည်ဟု ထင်မိ၏။

“အရိုင်းပန်းလေး တမွှေးမွှေးသင်းပျံ့ပေ၊
မိုးတိမ်တွေကွယ်ကာပျောက်တော့ သွေ့ခြောက်ခါ ဂုဏ်မဝင့်နိုင်ရှာတဲ့ စံပယ်ပွင့်ဝေဝေ”

ဝေဝေ၏ အသံသည် ဘယ်တုန်းကမှ ဒီလောက်ကြေကွဲ ဝမ်းနည်း သံပါသည်ဟု ကျွန်တော်မထင်ခဲ့၊ ဝေဝေသည် ”စံပယ်ပွင့် ဝေဝေ' ဖြင့် တက္ကသိုလ် ဂီတလောကတွင် ထင်ရှားသူဖြစ်သည့်အတိုင်း ”စံပယ်ပွင့် ဝေဝေ” နှင့် ဝေဝေသည် ခွဲလို့မရအောင် ရှိခဲ့ဘူး၏။

ကျွန်တော်ကမူ သီချင်းဘယ်အချိန် ဆုံးသွားသည်ကိုပင် မသိ လိုက်ဘဲ ငိုင်နေရင်းက တစ်ခါတုန်းက ”အရိုင်းပန်း”ကို ပြန်၍ တသက် သက် အောက်မေ့မိ၏။ စိတ်ထဲမှာရှိတာကို ဝေ‌ေ၀ကို ဖွင့်ပြောလိုက်ချင်သေး၏။
“ သွားပေတော့ စံပယ်ရေ.....သွားပေဦးတော့၊ ပြန်ကြုံတွေ့တဲ့ နောက်တစ်နေ့တိုင်အောင်လို့....”
မြသန်းတင့်
၁၉၅၂ ခုနှစ်

5 months, 1 week ago

တကယ်ဆို ကိုယ့်ကမ္ဘာမှာ
အလင်း​ရောင်​တွေ​ပျောက်ဆုံး​နေတာ ကြာခဲ့ပြီ။
အနက်​ရောင် အတိပြီးတဲ့အ​မှောင်ဟာ
ကိုယ့်မြင်လွှာ​တွေ၊ အသက်ရှုသံနဲ့ နှလုံးသားကို
လွှမ်းမိုးဝါးမြိုသွားတာ ကြာလှခဲ့ပေါ့။

အလင်းရဲ့သဘာဝသတ္တိကို မေ့လု​မေ့ခင်မှာ
ကိုယ်ဟာအလင်းစတစ်စကို မ​မျှော်လင့်ပဲ
ဖမ်းဆုပ်မိခဲ့ရဲ့။

အလင်းဟာ ပြုံးပြုံးက​​လေး။
ရင်းနှီးခင်မင်လိုမှု၊ တွယ်တာ​နှောင်ဖွဲ့လိုမှု၊
ရယူ​ပေးဆပ်လိုမှု၊ ​လောဘအတ္တစိုးစဥ်းကင်းတဲ့
အလင်းရဲ့အပြုံးဟာကြည်ကြည်လင်လင်
ရှင်းရှင်းသန့်သန့်က​လေး။

အလင်းဟာ တည်တည်ငြိမ်ငြိမ်က​လေးလည်း
ပြုံးတတ်တယ်။
ရိုးရိုးရှင်းရှင်းက​လေးလည်း ရယ်တတ်တယ်။

ပြာ​ရောင်ခြယ်အာကာသပြင်လွှာမှာ ဝဲ​နေတဲ့
အဖြူ​ရောင်တိမ်မျှင်တန်း​လေး​တွေလို
အဖြူ​ရောင်ခြယ်​နေ​သေးတယ်။

#မြတ်ဆု
#လွတ်​မြောက်ခြင်းများ 🩶🩷

5 months, 1 week ago

တကယ်ရှိသော စစ်ပွဲများက ..

ကဗျာဆန်တယ်။ မုန့်ညင်းစော တအိုးချက်ရတာက ပိုကဗျာဆန်တယ်။ နီကျစ်ကျစ်ညနေထဲက အေသီနာနတ်ဘုရားမရဲ့ ရင်သားတွေလို စစ်ပွဲတွေက ကဗျာဖြစ်မနေဘူး။ နာနေတဲ့ခေတ်ကြီးအကြောင်းကို၊ ဇာတ်မနာသူတယောက်က နစ်နစ်နဲနဲပြောတော့လည်း ငါတို့ကြိတ်ကြွေခဲ့ရတာမလား။ တကယ့်မိုးထဲရေထဲဆိုရင် လမ်းထိပ်က ကွမ်းယာဆိုင်လောက်တောင် (သူတို့) မရဲရင့်ခဲ့ကြဘူး။ ထားပါ၊ အနုပညာဆိုတာ အာသာပြေရုံလောက်ပဲ ကျော်ကြားမှုအတွက် သရုပ်ပြတခုပဲ။ ဒီကုန်းတွေ၊ ဒီလျှိုတွေ၊ ဒီကြောတွေ ရှိခဲ့တောင် အရေးအသားပဲ။ နန်းလင်းဟာ ငါတို့အတွက် ရန်ကုန်ပဲ။ ကျည်က မျက်လုံးကိုထိပြီးမှ၊ ဦးနှောက်ထဲမှာ ဆင့်ကွဲတယ်။ ဒီလူငယ်ရဲ့ အသိစိတ်နည်းနည်းထဲကနေ နာတယ်လို့ ညည်းသံ ကြားရတယ်။ “မင်းမသေဘူး” ဆိုရုံနဲ့ ခေတ်သစ်ကသတင်းတွေကြည့်ပြီး ပျော်နေကြသူတွေအကြောင်း၊ သမိုင်းမှာ ဘယ်လို ထည့်သွင်းမလဲ။ ဘုရားကျောင်းရဲ့ အမိုးကိုတည့်တည့်ကျမှ၊ ခိုတွေလန့်ပြေးသလို၊ ငါတို့စိတ်တွေ ကျိုးကြေခဲ့ရတယ်။ “အဝင်းဆိုတဲ့ ဖာသည်မလေးကို၊ အဲသလိုစော်ကားမိပါတယ်”ဆိုတဲ့ အောင်ချိမ့်ရဲ့ သရော်မှုတွေထဲ စနစ်ကြီးက ပြုတ်ကျခဲ့။ ပြည့်နေတဲ့ လကထွက်ကျလာတဲ့ လရောင်တွေထဲ ငါတို့ မျက်နှာတခြမ်းနဲ့ အသိစိတ်တဝက်ဟာ ထွေပြားခဲ့တယ်။ ခေတ်စုတ်ခေတ်ပျက်ကြီးကို ကြားကောင်းရုံ ကဗျာတွေ၊ စာပေတွေထဲ ဖတ်ကြည့်ကြတယ်။ တကယ်လည်း ခေတ်ကြီးက ရှိလာရော၊ စစ်ပွဲတွေက တကယ်မရှိကြတော့ဘူး။ နာကျင်လို့ အော်နေတဲ့ စစ်ခွေးတကောင်ကို ငါ သနားဖူးတယ်။ ကလေးတွေကိုကျ စစ်ပွဲကြီးက မသနားဘူး။ ဒီလိုနဲ့ ငါကိုယ်ငါ ရွံလာသလို၊ ကဗျာဆရာတွေကို ရွံလာတယ်။ မယုံကြည်မှုဟာ သောက်နေကျ ချဉ်စော်ကား အရသာဖြစ်သွားတယ်။ နေ့စဉ်စားသောက်နေရတာဟ အတိတ်ကို လွမ်းပြီး ရင်နင့်နေရ။ ဒီလောက်ပါပဲ၊ မနိုင်တဲ့ ခေတ်ကြီးကိုထမ်းပြီး၊ စစ်ပွဲတွေကို ငါတို့နိုင်ချင်နေရပြီမလား ယောက်ဖ။ ဒီလောက်ပါပဲ။ သံသရာအဆက်ဆက်တော့ ကြယ်တွေကို မော့ကြည့်ဖို့ ရွံမုန်းနေသူ ဖြစ်လာရင် သိပ်ကောင်းမှာပေါ့။ အိမ်ကိုမမြင်ရတော့သူဟာ၊ အိမ်နဲ့နီးလာသလို ခံစားရရင် ပျော်လာတတ်သတဲ့။ ဒါကြီးပြီးရင်တော့ ကဗျာစာအုပ်တွေကို မြေဆွေးနဲ့ရောပြီး သဘာဝမြေဩဇာလုပ် အပင်တွေစိုက်မယ်။ တပင်ချင်းဆီကို ငါ့ရဲဘော်တွေနာမည်ပေးပြီး မူးလာတိုင်း စကားပြောမယ်ကွာ။ ဒါပါပဲ ယောက်ဖ။

မောင်ဖြိုးဝေ
26.11.2023

5 months, 1 week ago

မင်းမျက်လုံးတွေအတွက် မဟုတ်ဘူးဆိုရင်
တို့မျက်ကန်းဗိမာန်မှာ
ကောင်းကင်ဆိုတာ ရှိတော့မှာ မဟုတ်ဘူး

မင်းရယ်သံတွေအတွက် မဟုတ်ဘူးဆိုရင်
နံရံတွေဟာ ဘယ်တော့မှ
မင်းမျက်လုံးတွေထဲက ပျောက်ကွယ်သွားမှာ မဟုတ်ဘူး

မင်းရဲ့ နိုင်တင်ဂေးလ်ငှက်တွေအတွက် မဟုတ်ဘူးဆိုရင်
အကြင်နာတရားပြည့်တဲ့ မိုးမခပင်တွေဟာ ဘယ်တော့မှ
တံခါးဝအထိ လှမ်းလာမှာ မဟုတ်ဘူး

မင်းလက်မောင်းတွေအတွက် မဟုတ်ဘူးဆိုရင်
နေမင်းဟာလည်း ဘယ်တော့မှ
တို့အိပ်စက်ခြင်းထဲ တစ်ညတာ နေမှာ မဟုတ်ဘူး။

- ဗာစကို ပိုပါ (ကွာဝေး - မှ)

5 months, 2 weeks ago

“ ရွှေရော ××× ငွေရော ××× ငါ ဆင်ပေးထားတာ xxx ”

သီချင်းသံ ။

ကား က ‘ ဝှီး ’ ခနဲ လေ ထဲ မှာ ...

“ အား ..…”

သူ ၏ ကြောက်လန့်တကြား အော်သံ ...

နောက်ဆုံး ...

“ အား ...”

“ ကျွိ ”

“ ဒုန်း ... ”

အကြည်တော်

📖 ကျွန်တော့် ချစ်သူ ပြောသော သူ့ ချစ်သူ အကြောင်း

#ကိုအောင်နိုင်ဦး

We recommend to visit

ဤချန်နယ်တွင်ကြော်ငြာများထည့်သွင်းလိုပါကAdmin acc ကို ဆကိသွယ်ပါ
@sithuaung2006

Last updated 1 month, 1 week ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 1 year, 2 months ago