ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006
Last updated 1 month ago
Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.
Last updated 2 years ago
မင်းမှာဘာကျန်ခဲ့လဲ
-----------------
Aမွန်
ဘုရားသခင်ရဲ့မွေးနေ့မှာ
ဖုန်ပေနေတဲ့ ကျောက်စိမ်းနားကပ်လေးတစ်ဖက်ကျန်ခဲ့တယ်
ခု နှစ်သစ်ကူးပြီ
မင်းအလောင်းကို ပြန်တူးရင်
ရွဲ့စောင်းနေတဲ့ အူတွေက
ဖက်ဒရယ် ဒီမိုကရေစီဟဲ့လို့ ထမြည်ပြီး
ဟ သွား တဲ့ မင်းမေးရိုးက
ဒေါနတောင်ရိုးကို ရိုက်ချိုးလိမ့်မယ်
မင်းမှာဘာကျန်ခဲ့လဲ
နှင်းရိုင်းတွေ
ဘယ်လောက်အေးအေး
မင်းအကျီ်ခရမ်းပြာကွက်လောက် မနွေးနိုင်ဘူး
ဘယ်သူသိနိုင်မလဲ
ရော်ဘာရွက်ခြောက်တောအောက်
နတ်သားတစ်ပါးလို မင်းတောက်ပသွားခဲ့ရပုံ
ဘယ်သူသိနိုင်မလဲ
တောသုဿန်လေးထဲ
ငါ့ခေါင်းစည်းကြိုးလေး ချိတ်ခဲ့ရပုံ
ဘယ်သူသိနိုင်မလဲ
ငါ အနေအထိုင်ခက်ရပုံ
မင်းမှာဘာကျန်ခဲ့လဲ
ဒါ ကဗျာဆရာ
ခင်ဗျားတို့အမိန့်ပြန်စရာမလိုဘူးလို့
စိုးရ ကပြောတော့
အားလုံးက အလေးပြုခဲ့ကြ
မင်းမှာဘာကျန်ခဲ့လဲ
ကျွန်းတောအိုလေးဟာ သက်ပြင်းချ
သောင်ရင်းမြစ်ကို ဖြတ်ကျနေတဲ့
နေရောင်ထဲ ငါတို့
မင်းကို ထားခဲ့ရတယ်
ကံတရားပဲဆိုပါစို့တဲ့
ဆံပင်ပွပွလေးလေးနဲ့
မရိတ်သင်ရသေးတဲ့ မုတ်ဆိတ်ကျင်စွယ်လေးလို
ငါတို့နိုင်ငံတော်
မင်းမှာဘာကျန်ခဲ့လဲ
မင်းခြေရင်းကျွန်းပင်မှာ
ဓါးနဲ့နက်နက်ခုတ်
ငါတို့ ကဗျာတစ်ပုဒ်ထားခဲ့တယ်။
Aမွန်
31.12.2021
အေစိုင်းကေ
ကွယ်လွန်ခြင်း လေးနှစ်ပြည့်
မိုးပေါ် ထောင် ဖောက် လိုက်သော ကိုကြီးထွန်း ၏ တတိယမြောက် သေနတ်သံ ကြောင့် ကျွန်ုပ် မှာ လန့်ဖျပ်ပြီး လှမ်း ကိုင်ထားသော လက်ဖြူ ကိုယ် မှ လက် ကို ပင် ရုပ်လိုက်မိသွားသည် ။
ထိုအခါမှ တစ်တောလုံး တစ်တောင်လုံး ရှိ အရပ်ရှစ်မျက်နှာ က ချေ ဟောက် နေသံ ၊ ဖက်စုပ်သံတွေ မှာ ပဲ့တင်သံတွေ နှင့် ရောထွေးကာ ဝေး၍ ဝေး၍ ပျောက်သွားလေသည် ။
“ ဟေ့ကောင် ဖိုးအောင် လက် ကို ပွတ်မနေနဲ့ ။ ငါ ပဆိုးကွင်း ထဲ ထည့်ပြီး ပွေ့ခေါ်လာမယ် ။ မင်း နဲ့ ကျော်သန်း ချေသေကို ထမ်းပြီး ရှေ့က မြန်မြန် ထွက် ကြ ။ အချိန် သိပ် မရှိဘူး ”
ပြောပြောဆိုဆို ပင် ကိုကြီးထွန်းအောင် သည် လည်ယောက် လာသော ပုဆိုးကွင်း ထဲ လက်ဖြူ ကို ပွေ့ထည့် ယူ လိုက်သော အခါ ကျွန်ုပ် နှင့် ကိုကျော် သန်း တို့ မှာ လည်း ရရာ နွယ်ပင် တစ်ပင် ကို လှမ်းဆွဲ ဖြတ်ယူ ကာ ချေကို ခြေ ကို ခြေချင်း လက်ကို လက်ချင်း ပူးချည်ပြီး ဝါးပြောင်း နှင့် လျှိုထမ်းပြီး အထက်တော မှ အမြန်ဆုံး ထွက်လာ ကြလေသည် ။
◽ဝေယံလင်းခေါင်
? သူတော်ငတေ နှင့် ကျောက်ဖားမြည်သံ
ဆူးခလောက် ချုံပုတ် တစ်ခု နားတွင် လှုပ်လှုပ်ရှားရှား မြင်လိုက်ရ၍ လှမ်း ကြည့် လိုက်ရာ လဲကျ သေနေသော ချေသေ၏ ဗိုက် ကို လက်ဖြူ က ဝုတ်ခနဲ ဝုတ်ခနဲ ထိုးဟပ် ကိုက်ဖောက် စားနေသည် ။ လက်ဖြူ မှာ အမဲသားကောင် ရ တိုင်း အူတွေ ၊ အသည်းကလီစာတွေ ကို စားနေကျ ဖြစ်သဖြင့် ချက်သိ နေ၏ ။ ထို့ကြောင့် ယခု ချေဗိုက် ကို လူ မဦးမီ ကမန်းကတန်း ဖောက်ကိုက် စားနေ လေသည် ။
“ ကိုကြီးထွန်း ကိုကြီးထွန်း မြန်မြန် မြန်မြန် အစာမဲ နေတဲ့ လက်ဖြူ ဆီ က ချေကို ကျွန်တော် တစ်ယောက်တည်း လု လို့ ရမှာ မဟုတ်ဘူး ။ လက်ဖြူ ၊ ရန်ရှာလိမ့်မယ် ။ ခု ချေဗိုက် ထဲက အူတွေကို လက်ဖြူ ဖောက် ကိုက်စား ... ”
“ ဟေ့ကောင် ... ဟေ့ကောင် ဘာဖြစ်လို့ အော် ပြောရတာလဲ တော .. ”
ကျွန်ုပ် အသံ မဆုံးမီ ကိုကြီးထွန်း အသံ ကို ကြားလိုက်ရသည် ဟု ကျွန်ုပ် ထင်မိလိုက်သည် ။ သို့သော် မည်သို့ ဖြစ်သွားသည် မသိ ၊ တစ်ကိုယ်လုံး ကြက်သီး ဖြန်းဖြန်း ထ သွားကာ လန့်ဖျပ် သွားသည် ။ အကြောင်း မှာ လဲသေ နေ၍ သူ့ ဗိုက် ကိုပင် လက်ဖြူခွေး ဖောက်ကိုက် စားခြင်း ခံနေရသော ချေ သေသည် ကျွန်ုပ် ဝမ်းသာအားရ အော်ပြောလိုက်မိသံ မဆုံးမီ ပင် “ ဝေါင် ဝေါင် ” ဟု ထ ဟောက်သံ ပေးကာ ခေါင်းထောင် ထ လာပြီး ချေဖားကြီး သည် အူတန်းလန်း နှင့် ချက်ချင်း ထ ပြေး သွားသည် ။
ထို ချေဟောက်သံ ပေး၍ ထပြေး သွားသည်နှင့် တစ်တောလုံး တစ်တောင် လုံး ပဲ့တင်ထပ်ကာ အရပ် ရှစ်မျက်နှာ မှ ဟောက်သံတွေ ပေါ် လာလေသည် ။
ချေများ ဟောက်သံ နှင့် အတူ ဖက်စုပ်သံ လို အသံ တစ်မျိုး ကလည်း ဆူညံ လာ၏ ။ ဘယ်နေရာ ဘယ်ဘက် ကို ပင် လိုက်ရမှန်း မသိအောင် ဖြစ်ကာ ကျွန်ုပ် မှာ ထိတ်လန့်ပြီး ချက်ချင်း ကျောက်ရုပ် တစ်ရုပ် လို ဖြစ်သွားသည် ။
သူ ဗိုက်ဖောက် ကိုက်စား နေသော ချေ ထ ပြေး သွားသော အခါ လက်ဖြူ ကား ကျွန်ုပ် လို သတိ မပျက် ။ ဟောင်သံ ပေးကာ သားကောင် နောက် ဆက် လိုက် သွားသည် ။
“ ဟေ့ကောင် ဟေ့ကောင် ချေ နဲ့ ခွေး ဘယ်လို ဖြစ်ဖြစ် တောမှာ တောင်မှာ ဘာဖြစ်လို့ အကျယ်ကြီး အော်ပြောရလဲ ။ တောဝင်တတ်တယ် ဆိုတာ မသိ ဘူးလား ၊ ဖြန်း .. ဖြန်း ”
မတ်တတ် ရပ်ကာ ကျောက်ရုပ် တစ်ရုပ် လို ဖြစ်နေသော ကျွန်ုပ် အား ကိုကြီး က ဇက်ပိုး ကို ရိုက်ပြီး ပြောလိုက်တော့ မှ ကျွန်ုပ် လည်း သတိ ပြန် ရသွား သည် ။
“ချေ က သေနေတာဗျ ။ ခွေးတောင် ဗိုက်ဖောက် ... ”
“ တော်စမ်းကွာ ”
ကိုကြီးထွန်း က ကျွန်ုပ် ကို အော်ထားခဲ့ပြီး လက်ဖြူ ဟောင်သံ ကြားရာသို့ ပြေးလိုက် သွားသည် ။ ထိုအခါမှ ကျွန်ုပ် နှင့် ကိုကျော်သန်း တို့ လည်း ကိုကြီးထွန်း နောက် ပြေး လိုက်ကြသည် ။ ကျွန်ုပ် နှင့် ကိုကျော်သန်း တို့ သည် ကိုကြီး ထွန်းအောင် ကို မီလာကြသည် ။
ကိုကြီးထွန်းအောင် က ချေကို ပစ်ရန် သေနတ်နှင့် ချိန်ရွယ် နေစဉ် ကျွန်ုပ် နှင့် ကိုကျော်သန်း တို့မှာ ပါးစပ် ထဲ က ‘ ဟာ ’ ခနဲ အသံ ထွက်ကာ မှင်တက်မိ သွားကြပြန်သည် ။
အကြောင်းမှာ ဗိုက် ပေါက်၍ အူတန်းလန်း ထွက်နေသော ချေသည် လက်ဖြူ ခွေးနောက် ကို လိုက်ပြီး ခွေး ၏ တင်ပါး ၊ ပေါင်ကြားတွေ ကို အစွယ် နှင့် ထိုးပက် ကော်ပစ် နေသည် ။ ရှေ့ကို ရောက် နေသော ခွေးလက်ဖြူ မှာ သူ့ နောက်က ချေ တစ်ချက် ပက် ကော် လိုက်တိုင်း ဝေါင်ခနဲ တစ်ချက်စီ အော် ကာ ရှေ့တိုး တစ်လှမ်းစီ ခုန် လိုက်ကာ တဝုတ်ဝုတ် အော် နေသည် ။ သို့သော် စောစောက ဟောင် နေသော အသံမျိုး မဟုတ်တော့ ။
ကျွန်ုပ် နှင့် ကိုကျော်သန်း တို့ က ခွေးနောက်ကို လိုက်ပြီး ခွေးတင်ပါး ၊ ပေါင် ကြားထဲ တစ်ချက်ချက် ထိုးပက် နေသော ချေနှင့် လက်ဖြူ နောက်ပိုင်း တစ်ခု လုံး သွေးအလိမ်းလိမ်း ဖြစ်နေသည် ကို မြင်ရသော အခါ ပို၍ အံ့ဩတကြီး ဖြစ်သွားမိကြပြန်သည် ။ ထိုအချိန် တွင် ကိုကြီးထွန်းအောင် သည် ဘာကို သတိရ သွားသည် မသိ ။
သူ့ လက် ထဲ က နှစ်လုံးပြူးသေနတ် ကို ချေပစ်ရန် အနီးကပ် ချိန်ရွယ် နေရာ က ချက်ချင်း မပစ်ဖြစ်တော့ဘဲ သူ့ ပေါင် နှစ်လုံးကြား အောက်မှ နှစ်ခါသုံးခါ သေနတ် ကို သွင်းလိုက် ထုတ်လိုက် လုပ် ပစ်လိုက်သည် ။ ပြီးမှ မပြေးနိုင်ကြ တော့သည့် အပြင် ချေက နောက်မှ ပက်ထည့်လိုက် ၊ ခွေးက ဝုတ်ခနဲ တစ်ချက် အော်ကာ ရှေ့သို့ တစ်လှမ်း ခုန်သွားလိုက် ဖြစ် နေကြသော ချေနှင့် ခွေးလက်ဖြူတို့ အနား ကို နီးနိုင်သမျှ တစ်လှမ်းချင်း အနီးကပ် ချိန်ရွယ် သွား ပြီး တစ်လံခန့် သာ ကွာမည့် နေရာ ရောက်တော့ မှ ခွေးလက်ဖြူ တင်ပါး ကို နောက်က တစ်ချက်ချင်း လိုက်ပက် ထိုးဆောင့် နေသော ချေကို ဒိုင်းခနဲ ပစ် ချလိုက်၏ ။
ထိ မထိ ကို မူ မသိ ။ ဒုတိယ တစ်ချက် ထပ် ပစ်လိုက်စဉ်၌မူ ဗိုက်ပေါက်ကာ သေနတ်သံ နှင့် အတူ ခွေးလက်ဖြူ ကို တစ်ချက် ဆောင့် ပက်လိုက်ကာ လဲကျ သွားလေသည် ။ ဗိုက်ပေါက်နှင့် အတူ လက်ဖြူခွေး လည်း လဲကျသွားသည် ကို မြင်လိုက်ရ သဖြင့် ကျွန်ုပ် ထ အော်လိုက်မိသည် ။
“ ကိုကြီးထွန်း လက်ဖြူ ကို လည်း ထိသွားပြီ ထင်တယ်ဗျ ”
ငိုသံပါကြီး နှင့် အော် လိုက်ကာ ကျွန်ုပ် လက်ဖြူ အနား ရောက်သွားသည် ။ လက်ဖြူ ကား အသံတိမ်တိမ် နှင့် ညည်းညူကာ ကျွန်ုပ် ကို ပင် အရှင်သခင် မှန်း မသိတော့ ။
“လက်... လက်ဖြူ ၊ လက်ဖြူ ကျွန်တော့်ခွေး ... ”
ဖယောင်းတိုင် // တက္ကသိုလ်ဘုန်းနိုင်
---
အမျိုးသား - ကျွန်တော်ကအိမ်ထောင်ရှိပါတယ်။ ဒါပေမဲ့ အခြားမိန်းကလေးတယောက်ကို ရူးရူးမူးမူး ချစ်မိနေတယ်။ အဲဒါဘယ်လို လုပ်ရမလဲ။
အတိုင်ပင်ခံ - ဒီမိန်းကလေးဟာ သင့်ဘ၀အတွက် နောက်ဆုံး ချစ်နိုင်တဲ့မိန်းကလေးဆိုတာ သင်သေချာလား။
အမျိုးသား - ဟုတ်ပါတယ်။
အတိုင်ပင်ခံ - ကွာရှင်းပြီး ခုမင်းချစ်နေတဲ့ တယောက်ကို ယူလိုက်။
အမျိုးသား - ဒါပေမဲ့ ခုလက်ရှိမိန်းမက နားလည်ပေးတယ် သည်းခံတယ် တော်တယ်။ ကျွန်တော်ဒီလို လုပ်ရင် သူ့အတွက် ရက်စက်ရာ ကျမလား။
အတိုင်ပင်ခံ - အိမ်ထောင်ရေးဆိုတာ တရားတယ် ရက်စက်တယ်လို့ ဆိုတာတွေ မရှိပါဘူး။ ခုမင်းချစ်နေတာက တခြားမိန်းကလေးဖြစ်နေပြီ။
အမျိုးသား - ဒါပေမဲ့ ကျွန်တော့် မိန်းမက ကျွန်တော့်ကို အရမ်းချစ်တာ။
အတိုင်ပင်ခံ - ဒါဆို သူက ပေးဆပ်မှုနဲ့ ပျော်ရွှင်နေတယ်။
အမျိုးသား - ကွာရှင်းပြီး တခြားမိန်းကလေးကို လက်ထပ်လိုက်ရင် သူနာကျင်ခံစားရလိမ့်မယ်။
အတိုင်ပင်ခံ - အိမ်ထောင်အရပြောရရင် မင်းကို ချစ်နေတဲ့ အချစ်ကို သူမ ပိုင်ဆိုင်နေမယ်။ ဒါပေမဲ့ ဒီအိမ်ထောင်မှာ မင်းက သူ့ကို ချစ်တဲ့ အချစ် မင်းမှာမရှိတော့ဘူး။ မင်းက တခြားတယောက်ကို မင်းရဲ့အချစ်တွေပေးလိုက်လို့။ မင်း သူ့ကိုမချစ်တော့တဲ့ အတွက် မင်းဆုံးရှုံးနေတာ နာကျင်မှာ မင်းပဲ။
အမျိုးသား - ကျွန်တော် နောက်တယောက်နဲ့ ပျော်ရွှင်တဲ့ အိမ်ထောင်သစ်ကိုအစပြုတော့မှာ။ သူ ကျွန်တော့်ကို ဆုံးရှုံးတာ။
အတိုင်ပင်ခံ - မင်းမှားနေပြီ။ သူမ က ဒီအိမ်ထောင်မှာ ဒီအချစ်စစ် တခုနဲ့ သူလျှောက်လှမ်းနေတာ။ သူ့ရဲ့ အချစ်စစ်ကို သူပေးဆပ်တယ်။ သူ ပျော်တယ်။ မင်းသာ မင်းကို အချစ်စစ်နဲ့ ချစ်နေတဲ့သူကို မင်းလက်လွတ်ဆုံးရှုံးရမှာ။
အမျိုးသား - သူမ ပြောဖူးတယ်။ သူမက ကျွန်တော်ကလွဲပြီး တခြားတယောက်ကို မချစ်နိုင်တော့ဘူးတဲ့။
အတိုင်ပင်ခံ - ဒီလို စကား မင်းကော ပြောဖူးသလား။
အမျိုးသား - ကျွန်တော် ...
အတိုင်ပင်ခံ - မင်းရှေ့က ဖယောင်းတိုင် ၃ တိုင်ကိုကြည့်လိုက်။ ဘယ်ဟာ အလင်းဆုံးလဲ။
အမျိုးသား - မသိပါဘူး။
အတိုင်ပင်ခံ - ဒီဖယောင်းတိုင် ၃ တိုင်သာ မိန်းကလေး ၃ ယောက်ကို ကိုယ်စားပြုနေမယ်ဆိုရင် ဒီ လူ့လောကမှာ မရေမတွက်နိုင်တဲ့ မိန်းကလေးတွေရှိတယ်။ ဒီ ၃ တိုင်တောင် ဘယ်တိုင်က ပိုလင်းပြီး တောက်ပ နေတယ်ဆိုတာ မင်းမပြောနိုင်ဘူး။ အခု မင်းချစ်နေတဲ့ တယောက်က မင်းရဲ့ နောက်ဆုံးချစ်နိုင်တဲ့ မိန်းကလေးဆိုတာကို မင်းပြောနိုင်လား။
အမျိုးသား - ကျွန်တော်…
အတိုင်ပင်ခံ - မင်း အခု ဖယောင်းတိုင် တတိုင်ကို မင်းယူလိုက်။ မင်းစိတ်နဲ့ကြည့်လိုက် ဘယ်အတိုင် အလင်းဆုံးလဲ။
အမျိုးသား - ကျွန်တော် ကိုင်ထားတဲ့ အတိုင်ပေါ့ဗျာ။
အတိုင်ပင်ခံ - ကယ် နဂိုနေရာပြန်ထားလိုက်။ ဘယ်အတိုင် အလင်းဆုံးလဲ။
အမျိုးသား - မသိတော့ဘူး။
အတိုင်ပင်ခံ - မင်းခုနက ယူလိုက်တဲ့ ဖယောင်းတိုင်က မင်းလက်ရှိ မိန်းမကို ကိုယ်စားပြုမယ်ဆိုရင် အချစ်ဆိုတာ ရင်ထဲက ဖြစ်လာတဲ့ အတွက် မင်း သူ့ကို ချစ်နေရင် မင်းစိတ်ထဲမှာ သူဟာအလင်းဆုံး မင်းသာ သူ့ကို စိတ်ထဲမှာ မထားဘူး နဂိုနေရာမှာဆိုရင် မင်းစိတ်ထဲကို မထည့်တဲ့ အတွက် အလင်းဆုံးကို မင်းတွေ့မှာမဟုတ်ဘူး။ ချစ်သေးတယ် မချစ်တော့ဘူးဆိုတာ မင်းရဲ့ စိတ်ပါပဲ။
အမျိုးသား - အော်။ ကျွန်တော်နားလည်ပါပြီ။ တကယ်ကွာရှင်းခိုင်းတာ မဟုတ်ပါဘူးလား။ လမ်းမှန်ကို ရောက်အောင် လမ်းညွန်ပြနေတာပါလား။
အတိုင်ပင်ခံ - ကယ် နားလည်ပြီဆိုရင် မင်းရဲ့ စိတ်နဲ့ အလင်းဆုံး ဖယောင်းတိုင်တစ်တိုင်ကို မင်းစိတ်နဲ့ သွားရှာတော့…
အမျိုးသား - ကျွန်တော် ရင်ထဲမှာ ဘယ်သူအလင်းဆုံးလဲ ဆိုတာ ကျွန်တော်သိပြီ။ ကျွန်တော့် မိန်းမပါ။
ဒီ လူ့လောကကြီးမှာ အိမ်ထောင်ရေးဆိုတဲ့ တံတိုင်းကြီးပေါ့… တံတိုင်းထဲ နဲ့ တံတိုင်းပြင် ပေါ့။ အပြင်မှာ ရှိနေတဲ့ သူတွေက အထဲ၀င်ချင် အထဲမှာရှိတဲ့ သူက အပြင်ထွက်ချင်။ အထဲမှာရှိတဲ့ သူတွေကလဲ အပြင်ဘက်က ရူ့ခင်းတွေကို ကြည့်ချင်။ ရထားပိုင်ဆိုင်ထားတာတွေနဲ့ မကျေနပ်ကြဘူး။မရောင့်ရဲကြဘူး။ မိုးပေါ်ကကြယ်လေးတွေ လင်းလက်နေတာကို မက်မောကြတယ်။ ကိုယ့်ရဲ့ အိမ်မှာ နွေးထွေးတဲ့ ဟင်းနဲ့စောင့်နေတာကို မမြင်ကြဘူး။ သာမာန်ရိုးကျ နေ့စဉ်လုပ်ရပ်တွေကို ငြီးငွေ့လာတယ်။
အချစ်သစ်ရဲ့ စိတ်လှုပ်ရှားမှုတွေကို မက်မောလာတယ်။ ကိုယ့်ရဲ့ပျော်ရွှင်မှုတွေကိုအဝေးမှာပဲ ထင်ပြီးနောက်တယောက် လာခေါ်ဆောင်မှုကို စောင့်စားနေတယ်။ နောက်တယောက်ကြောင့် ဘ၀ဟာ စိုပြေလာတယ်လို့ ထင်လာတယ်…ဒါကို သင်ကကျေနပ်နေမိတယ်…
တချို့အရာတွေက မသိစိတ်ကနေ စိတ်ထဲမှာ ဖြစ်ပေါ်လာတယ်… စိတ်ထဲမှာ ဖြစ်လာတဲ့အတိုင်း လုပ်ကြတယ်….. ဒီလိုနဲ့ ပဲ ဖေါက်ပြန်မှုတွေက များပြားလာတော့တာပေါ့…။
---
ကြယ်တွေကြွေတာကို မြင်ဖူးကြမှာပေါ့ ။ ဒါဆို လူတွေကြွေတာကိုရော မြင်ဖူးလား ။
ဟိုးအဝေး အလင်းနှစ်သန်းပေါင်းများစွာအဝေးက ကြယ်ကြွေတာကို မြင်ရတဲ့ခါ စိတ်ထဲ တခုခု ဆုံးရှုံးသွားရသလိုမျိုး ခံစားမိဖူးလား ။
အဝေးကြီးကမဟုတ်ပဲ ကိုယ့်အနီးအနားကလူတယောက် ကိုယ့်ဘဝထဲကနေ ကြယ်ကြွေသလို ကြွေကျသွားတာမျိုးရော ကြုံဖူးသလား ။
ဒါတွေဟာ တကယ်ဖြစ်ခဲ့ပါတယ် ။
#စစ်ငြိမ်း
#ကြယ်တွေကြွေတဲ့အကြောင်း
တွန်မြဲတွန် ချွန်မြဲချွန်
သြော် အဖွားရွာဟာ
ကဗျာမဟုတ်
ခံငုတ် ကိုင်းစွန်း ခါကျိုးတွန်လျှက် ။
အဖွားစကား နားကကြားယောင်
" ငါ့မြေး ...
သတ္တိကောင်းတဲ့ ခါငှက်ဟာ
ပေါင်ကျိုးနေပေမဲ့
တွန်သံမပျက်
တွန်မြဲ တွန်တယ်။"
အပွင့် အခူးခံရ
အသီး အဆွတ်ခံရ
ခံရတဲ့ဘက်ကချည်း
အမြဲနေရတဲ့
ခံပင် ဟာ
ဆူးကို အမြဲချွန်ထားတယ် ။
အဖွားရွာမှာ
ခါပေါင်ကျိုးလည်း တွန်မြဲတွန်လျှက် ...
တွန်နေတယ် ... ။
ခံပင်ဆူးလည်း ချွန်မြဲ ချွန်လျှက်
ချွန်နေတယ် ...။
ကြည်အောင်
"ငှက်တကောင်၏ ဘာသာစကား"
ငါဟာ
ခင်နှင်းယုရဲ့ ဝတ္ထုထဲက
အ တတ ငှက်ကလေးတကောင်ပါ။
ရေသဖန်းပင်ကြီးကို
မှီကပ်နေခဲ့တဲ့
ကျေးသားလေးတစ်ကောင်ပေါ့။
မိုး ရွာစေဖို့
မန္တာန် ငါ မရွတ်တတ်ခဲ့။
နတ်သိကြားရေစင်ဖြန်းလာဖို့
ငါ မပန်ကြားတတ်ခဲ့။
ချစ်ခြင်းတရားနဲ့ယှဉ်တွဲ
သစ္စာမြဲခြင်းတစ်ခု....သာ
ငါ အထပ်ထပ် ရွတ်ဆိုနေမိတဲ့
ဘာသာစကားတစ်ခွန်းပါပဲ။ ။
ထင်လင်းဦး(Wisdom Villa)
ဒီစာစုလေးကို (ကဗျာလို့ အမည်မတပ်ပါ)
အခြေခံတန်ဖိုး ငါးသောင်းကျပ်နဲ့ ဝယ်ယူနိုင်ပါတယ် ။
ရငွေက ခက်ခဲနေသူတယောက်ကို ကူညီဖို့ပါ ။
ပုံက ကဒ်ထူပြားမှာ
ကိုယ်တိုင် ခဲခြစ်ရေးဆွဲထားတာဖြစ်ပါတယ် ။
ဒေါ်ခင်နှင်းယုရဲ့ " ပုံပြောကောင်းသောမိန်းကလေး" ဝတ္ထုထဲက ကျေးသားငှက်ငယ်တကောင်အကြောင်းကို ခံစားရေးသားခဲ့တာပါ ။
ဘဝ
------
အသစ်တစ်ရံ ရဖို့
သေချာတယ်လို့ သိရင်
ဟော့ဒီဖိနပ်
ဆွဲဖြတ်လိုက်တာ ကြာပြီ ။ ။
▪သစ္စာပိုင်စိုး
အောင်သူစာပေနဲ့ဒီနေ့ပြောဖြစ်တာလေးတွေ
ကျနော်။ ။ကိုဂုတ်ပု ကျနော်စိတ်ဓာတ်ကျသွားပီ အိပ်ရေးလည်းပျက် အလုပ်ပါပျက် လက်ညောင်းတာပဲအဖတ်တင်တယ်
ကိုဂုတ်ပု ။ ။မင်းနားရင်တော့အရှုံးပေးလိုက်တာပဲ နောက်ပီးစာအုပ်ဆိုတာကရထိုက်ချင်တဲ့ခါရလာတတ်တာပဲ။ဘယ်အချိန်ဆိုတာတော့မင်းကြိုးစားနေတဲ့အပေါ်မူတည်မှာပဲ
ငါတို့ဟာ ကွဲကြေနေတဲ့
မှန်သားတွေ ဖြစ်ခဲ့ရင်တောင်
ငါတို့ရဲ့အစအနတွေဟာ
ဘယ်သူ့ကိုမှ မလွင့်စင်စေရ။
အောင်ခိုင်မြတ်
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006
Last updated 1 month ago
Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.
Last updated 2 years ago