ဟဒယ

Description
နေ့စဉ် ‌ရင်ဆိုင်နေရတဲ့ မိဘပြည်သူ၊ တော်လှန် တို့ရဲ့ ဘဝ အမောများ အတွက် ခေတ္တ ရယ်မောစရာများ
We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@vip_admin_3

Last updated 10 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 3 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 10 months, 3 weeks ago

2 years ago

ဘာကြောင့်တော်လှန်နေတာလဲ လို့ မေးမြန်သူများကို ပြောကြားချင်တာက

ပြည်သူတွေ အနာဂတ် ရေရှည်လှပအောင် ယနေ့ပဲ တော်လှန်နေကြတယ်လို့ ပြောကြားပါရ‌စေ။

ဒါကြောင့် မို့ ပြည်သူအားလုံး၊ တိုင်းရင်းသား အားလုံး၊ ဘာသာ ပေါင်းစုံ၊ အလွှာ ပေါင်းစုံကနေ ပူးပေါင်းပါဝင် တော်လှန်မှု့ဟာ အရမ်းအရေးပါပါတယ်။

သင်ကော ဒီတော်လှန်ရေးမှာ ဘယ်နေရာ၊ ဘယ်အခန်း ကဏ္ဍကနေ ပါဝင်မလဲ ပြန်မေးပါရစေ။

မင်းသုတ
(ဒီဇင်ဘာ ၁၉၊ ၂၀၂၃)

2 years ago

တော်လှန်ရေးဆိုတာ စကစကို မုန်းနေယုံနဲ့ မပီးဘူး

ပြည်သူကိုလဲ ချစ်တတ်ရတယ်

ရဲဘော် တဦး
(ဒီဇင်ဘာ ၁၇၊ ၂၀၂၃ )

2 years ago

ဒီ တော်လှန်ရေး ကာလမှာ

ကျတော်တို့ အမြစ်စွဲခဲ့တဲ့ မကောင်းတဲ့ စိတ်ဓာတ်တွေ၊ အကျင့်တွေ ရိုက်ချိုး ဖို့လည်း လိုပါမယ်။

ဘာတွေက မကောင်းတဲ့ အကျင့်၊ စိတ်ဓာတ်တွေလဲ ?
စုစုစည်းစည်းနဲ့ မလုပ်တတ်တဲ့ အကျင့်တွေ
ပြသနာ အထင်လွဲ သံသယရှိတိုင်း ထိပ်တိုက် ညှိနှိုင်း ဆွေးနွေးခြင်းမပြုတာတွေ
ဒါလေးတော့ ရပါတယ်ဆိုပြီး သတိပေါ့လျော့တာတွေ
အများကြီး ရှိပါသေးတယ်။

အောင်မြင်မှု့ ခရီးလမ်းမှာလည်း
သစ္စာရှိပါ
သီးခံပါ
အချင်းချင်း ခွင့်လွတ် အကောင်းမြင်ပါ
စုဖွဲပြီး လုပ်ဆောင်ပါ
ပိုကောင်းအောင် အမြဲ တွေးတောကြံဆလုပ်ဆောင်ပါ
စတာတွေ ပြောင်းဖို့ လိုပါသေးတယ်။

မင်းသုတ
(ဒီဇင်ဘာ ၁၄၊၂၀၂၃)

2 years ago

ကျတော်တို့ တွေ ဟာ စုဖွဲ့မှုအားကောင်းဖို့ လိုအပ်ပါမယ်။

စုဖွဲ့မှု့ ပြိုကွဲအောင် လုပ်ဆောင်တဲ့ အရာမှန်သမျှဟာ၊ ကြိုးစားအားထုတ်မှု့ အသေး၊ အလတ်၊ အကြီး အားလုံးဟာ
ရန်သူ့ အလိုကျ ဖြစ်စေပါတယ်။

အဖွဲ့ဝင်အချင်းချင်း ညီညွတ်မှု့ပြိုကွဲအောင် ပြုမှု ပြောဆိုမှု့များ၊ တရားမျှတအောင် မဆောင်ရွက်ကြမှု့များ၊ ပြည်သူကို မငှဲ့ကွက် မှု့များဟာလည်း အောင်မြင်မှု့အတွက် အဟန့်အတား ဖြစ်စေမယ်ဆိုတာ အားလုံးအသိပင် ဖြစ်ပါတယ်။

မင်းသုတ
(ဒီဇင်ဘာ ၈၊ ၂၀၂၃)

2 years ago

စနစ်သစ် တခုကို ဖော်ဆောင်နေတဲ့ အချိန်မှာ plagiarism ရှောင်ကြပြီး သူများ ကြိုးစားထားတဲ့ ညာဏ မူပိုင်ခွင့် လေးစားထားဖို့လည်း ခေတ်သစ်၊ စနစ်သစ်၊ ဒီမိုကရေစီ စနစ်မှာ လိုအပ်ပါ‌ပေမယ်။
နောင်လူငယ်‌တွေကို ညာဏ မူပိုင်ခွင့် အကြောင်း ပိုမိုသိရှိပြီး တကမ္ဘာလုံး နှင့် ရင်ဘောင်တန်းနိုင်စေဖို့ အစပြုပျိုးထောင်းသင့်ပါပြီ။

မင်းသုတ
(ဒီဇင်ဘာ ၇၊ ၂၀၂၃)

2 years ago

တော်လှန်ရေးလုပ်ဆောင် နေကြချိန် ပြည်သူရယ် တော်လှန်ရဲဘော်တွေကို အမြဲ ထည့်တွက် ဦးစားပေးရပါမယ်။ အထူးသဖြင့် ပြည်သူနှင့် ရဲဘော်များမှ အပ်နှင်းထားသော ရာထူးယူထားသူများအနေဖြင့် ပိုလို့တောင် လိုအပ်ပါပေ
မယ်။

အာဏာ ကို အလွဲသုံးစားလုပ်ခြင်းဟာလည်း စစ်ကောင်စီလိုချင်နေတဲ့ အချင်းချင်း ပြိုကွဲစေတဲ့ ဗျူဟာတစ်ရပ်ပါပဲ။ သင်ကော မိမိကိုယ်ကို ပြန်စစ်ဆေးကြည့်ပီးပီလား? ကိုယ်ပြုသည့်ကံ ကိုယ့်ထံပြန်လာပေမည်။

အဂတိ တရား ကင်းကြပါစေ။

မင်းသုတ
(ဒီဇင်ဘာ ၅၊ ၂၀၂၃)

2 years ago

ကျတော်တို့ဟာ တော်လှန်နေကြတာ
ရေရှည်နဲ့ ပုံမှန် တော်လှန်နိုင်ဖို့ လိုပါမယ်

နေ့စဉ် ဘာသာရေး လုပ်နေသလိုမျိုး နေန့စဉ်ကို အာရုံထဲ ထည့်ပြီး နည်းသည် မဆို များသည် မဆို လုပ်ဆောင်ကြဖို့ပါပဲ

မိမိကိုယ်ကိုယ် မေးပါ။ ဒီတော်လှန်ရေးမှာ သင် ဘာတွေ လုပ်ဆောင်ပီးပီလဲ?

မင်းသုတ
(ဒီဇင်ဘာ ၂၊ ၂၀၂၃)

2 years ago

တော်လှန်ရေး လုပ်တယ်ဆိုတာ
စနစ်တခုကို ရပ်တန့်ပီး အသစ်တခုကို အစားထိုးရခြင်းလို့ မြင်တယ်။

ရှင်းရှင်းပြောရရင်
လက်ရှိစနစ် ကို ဖြိုရမယ် ပီးရင် အသစ်ပြန်ဆောက်ရ‌တာပါပဲ။

လက်ရှိစနစ်ဆိုတာ
စစ်ကောင်စီရဲ့ သွားမြဲ သွား၊ အုပ်ချုပ်ဆဲ၊ ထုတ်ပြန်ဆဲ၊ လုပ်ဆောင်ဆဲ အမိန့်တွေ၊ ယန္တရားလည်ပတ်မှု့တွေပေါ့။ ဒီ အရာတွေကို နှောင့်နှေးအောင်၊ မ‌လည်ပတ်အောင် ဆောင်ရွက်ကြရမှာ တော်လှန်သူ အားလုံးရဲ့ သမိုင်းပေး တာဝန်တရပ် ဖြစ်လာပါတယ်။

အဲ့အတွက် ပေးဆပ်ကြရမယ်။ အနစ်နာခံရမယ်။ လုပ်ရဲကိုင်ရဲ ခံနိုင်ရဲရမယ်။

ဒါတင်ဘဲလား?
သူ့စနစ်ကို နှေးအောင် လုပ်ယုံတင်မကဘူး ကိုယ့်စနစ်ကိုလည်း အသက်သွင်း ရမယ်။ မိမိတို့ တော်လှန်ရေးအစိုးရရဲ့ အုပ်ချုပ်ရေး တွေ၊ ဝန်ဆောင်မှု့လို့ ခေါ်တဲ့ ပြည်သူ့ကျန်းမာရေး၊ လုံခြုံရေး၊ သယ်ယူပို့ဆောင်ရေး၊ ပညာရေး အစရှိတဲ့ လုပ်ငန်းတွေရဲ့ အမိန့်တွေ၊ လည်ပတ်နေမှု့တွေကို အမြန်အကောင်အထည်ဖော်ရပေမယ်။

ထိုသို့ အကောင်အထည်ဖော်ဖို့ ဆိုတာ အရေးအကြီးဆုံးက ပြည်သူ ပူးပေါင်းပါဝင်မှု့ပါပဲ။ ကျတော်တို့ ဟာ ပြည်သူမှ ပေါက်ဖွားလာတဲ့ ပြည်သူ့ ရင်သွေး တွေမို့ ပြည်သူ့ လိုအပ်ချက်၊ ဆန္ဒတွေကို အမြဲတမ်း နားဆင်ပြီး ဆက်လက် ကြိုးစားသွားနေရပါတယ်။ တချိန်တည်းမှာ ပြည်သူတွေကလည်း မိမိတို့ တော်လှန်ရေး အစိုးရ စနစ်အမြန်အကောင်အထည်ပေါ်လာစေဖို့ မိမိအသိစိတ်ဖြင့် မမှိတ်မသုံ ရဲဝံပြတ်သားသော စိတ်ဖြင့် အတူ ဖော်ဆောင်ရဲဖိုလိုပါမယ်။

ဒီနေရာမှာ ပြည်သူ တဦး အနေနဲ့ ဘာတွေ ဖော်ဆောင်ရဲရမှာလဲ မေးစရာ ရှိလာပါပြီ။ ဘာတွေလဲ? ဆိုတော့

ပညာရေး မှာ မိမိအစိုးရရဲ့ အစီအမံတွေကို လိုက်နာရဲရမယ်။
လုံခြုံရေး အတွက် မိမိ အစိုးရ ကာကွယ်ရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး အဖွဲ့ ဝင်တွေနှင့် ပူးပေါင်း သတင်းပေးရဲရမယ်၊ လိုက်နာပေးရဲရမယ်။
မိမိ အစိုးရက ထုတ်ပြန်ချက်တွေကို မမှိတ်မသုံ လိုက်နာကျင့်သုံးပေးရဲရမယ်။
မိမိကိုယ်တိုင်ကလည်း အများသူငှာ သိရှိရအောင် ဖြန့်ဝေပေးရဲရမယ်။ ဒီလို အလေ့အကျင့်ကောင်းလေးတွေနဲ့ စနစ်သစ် တရပ်ကို အမြန်အကောင်အထည်ဖော်ရပါမယ်။

သူ့စနစ်ကိုချိုး
ကိုယ့်စနစ်ကို ပျိုး
အချိန်ရောက် နေပါပြီ။

သူ့စနစ်ကိုချိုး
ကိုယ့်စနစ်ကို ပျိုး
သင့်ပါပြီ

သူ့စနစ်ကိုချိုး
ကိုယ့်စနစ်ကို ပျိုး
ရပါမယ်။

မင်းသုတ
(ဒီဇင်ဘာ ၁၊ ၂၀၂၃)

2 years ago

ကျတော်တို့တွေ မအိပ်ခင်လေး

အသက်ကို ပြင်းပြင်းရူသွင်းကြပြီး
ညီအကိုတွေ မောင်နှမတွေအကြောင်းလေး၊ တော်လှန်းရေး အကြောင်းလေး အကောင်းမြင်ပြီး တွေးတောခြင်း လုပ်ကြည့်ကြရအောင်လား အတူတူ။

ဒီအရာလေးကို ဗုဒ္ဓဘာသာမှာတော့ သတိပဌာန် တရားလို့ ခေါ်ဆိုကြတယ်
အဂ်လိပ်လို ကတော့ Mindfulness practice လေးပေါ့။ ခရစ်ယာန် အစ အခြား လေးစားရတဲ့ ဘာသာရေးတွေမှာလည်း တရားထိုင်ခြင်း၊ ပြန်လည် သုံးသပ်ခြင်း အမှူတွေ လုပ်ကြပါတယ်။

အသက်လေးကို ဖြေးဖြေးလေးရူသွင်းထုတ်လိုက်ပါ။
ပြီးရင်ကိုယ်နဲ့ အတူ တူ တော်လှန်နေကြတဲ့ ရဲဘော်တွေ၊ ပြည်သူတွေ ကျန်းမာပါစေ။ အစစအရာရာ အဆင်‌ပြေပါစေ လို့ မေတ္တာစိတ်လေးနဲ့ ဆုတောင်းပေးကြရအောင်လာား။

ကျတော်တို့တွေ အခု ရင်ဆိုင် နေရတာက အာဏာလု အကြမ်း ဖက် မအလ နှင့် သူ့ရဲ့ ယန္တရား စနစ်တခုလုံးကို ဖြိုဖျက်နေရတာပါ။ တွေးကြည့်ရင် မြင်ရမှာပါ။

စနစ်တခုကို ဖြို ဖို့ ဆိုတာ အချိန်ယူရပါတယ်။ သေချာလေး တွေးပေးပါ။ ဘာတွေ လိုအပ်သေးမလဲပေါ့။
မှားတယ် မှန်တယ် ဆိုတာထက် ဒီနေရာမှာ တွေးစေချင်တာပါ။

တွေးပီးပီလို့ ယူဆပါတယ်။
စနစ်တခု ဖြိုဖို့ အင်အား လိုပါမယ်
ဘယ်လိုအင်အားလဲ ဒီနေရာ မှာ မေးကောင်းမေးလာပါလိမ့်မယ်။

သေချာတာက စနစ်ကို တော်လှန်တဲ့ ကျတော်တို့လို လူအင်အားပါပဲ။ တော်လှန်ရဲတဲ့ အင်အား၊ ထောက်ပံရဲတဲ့ အင်အား၊ မှားမှာ မကြောက် ရှေ့ဆက် ဝံရဲ့တဲ့ သတ္တိအင်အား၊ ဘယ်သူခွဲခွဲ ဘယ်လို ခွဲခွဲ မပြိုကွဲဘူးဆိုတဲ့ စိတ်ဓာတ် အင်အားပါပဲ။

ဆက်လက် တွေးတော စေချင်ပါတယ်
မိမိအတွေးလေးတွေကို ပို့စ်ရဲ့ အောက်မှာ မန့်ပေးရပါတယ်

မှားမှာ ကြောက်နေတာထက် မလုပ်မိမှာကို ပိုကြောက်စေချင်ပါတယ်။

မင်းသုတ

We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@vip_admin_3

Last updated 10 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 3 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 10 months, 3 weeks ago