ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006
Last updated 1 month ago
Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.
Last updated 2 years ago
ခရီးသည်တင် လေယာဉ်များသည် သူခိုးသောင်းကျန်းသည့် နေရာသစ် ဖြစ်လာသည်။
အာရှတွင် လေယာဉ်ပေါ် ခိုးယူမှုများသည် ဗီယက်နမ်၊ ဘန်ကောက်နှင့် တရုတ်နိုင်ငံ ခရီးစဉ်များတွင် အဖြစ်များကြောင်း လေယာဉ်မှူးတစ်ဦးက ပြောသည်။
လွန်ခဲ့သည့် သီတင်းနှစ်ပတ်က မလေးရှား ပြည်တွင်းခရီးစဉ် ပီနန်မှ ကွာလာလမ်ပူသို့ ပျံသန်းနေစဉ် လေယာဉ်ပေါ်တွင် မလေးရှားနိုင်ငံသားနှစ်ဦးထံမှ ရင်းဂစ် ၅,၅၀၀ ကျော် ခိုးယူမှုဖြင့် မလေးရှားရှိ တရားရုံးက ခိုးမှုကျူးလွန်သည့် တရုတ်နိုင်ငံသားနှစ်ဦးကို စုစုပေါင်း ရင်းဂစ် ၅,၇၀၀ ဒဏ်ရိုက်ခဲ့သည်။
၎င်းဖြစ်ရပ်သည် မကြာသေးမီက ခရီးသည်တင် လေယာဉ်များပေါ်တွင် ခိုးယူမှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည့်အထဲမှ ခိုးမှုဖြစ်သည်။
မလေးရှားမှ ဟောင်ကောင်သို့ ပျံသန်းစဉ် ခရီးသည်နှစ်ဦးထံမှ ဟောင်ကောင်ဒေါ်လာ ၄၃၀၀ ကျော် ခိုးယူမှုဖြင့် တရုတ်နိုင်ငံမှ အသက် ၄၉ နှစ်အရွယ် အမျိုးသားတစ်ဦးကို အောက်တိုဘာ ၂၆ ရက်က ဖမ်းဆီးခဲ့သည်။
မကြာသေးမီက ပီနန်မြို့မှ ကွာလာလမ်ပူသို့ ပျံသန်းစဉ် သံသယရှိသူ အမျိုးသားတစ်ဦးသည် အခြားခရီးသည်တစ်ဦးထံမှ ငွေသား ရင်းဂစ် ၃,၀၀၀ ခိုးယူသည်ကို လက်ပူးလက်ကျပ် ဖမ်းမိခဲ့သည်။ လေယာဉ်ပေါ်တွင် ဖမ်းဆီးထားပြီး လေဆိပ်တွင် အာဏာပိုင်များထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
လေယာဉ်ပေါ် ခိုးယူခံရမှု အများစုမှာ လေယာဉ်ပေါ်မှဆင်းပြီးနောက် အတော်ကြာပြီးမှ ခိုးယူခံရသည်ကို သိကြရသဖြင့် အဆိုပါ ခိုးယူမှုအများစုမှာ ရဲထံ တိုင်ကြားနိုင်ခြင်း မရှိချေ။
ဒီဇင်ဘာ ၄ ရက်တွင် ဟောင်ကောင်မှ လုံခြုံရေးအကြီးအကဲက ဟောင်ကောင်သို့ လာသည့် လေယာဉ်ပေါ်တွင် ခိုးယူမှုကြိမ်ရေသည် ၂၀၂၄ ခုနှစ်တွင် နှစ်ဆနီးပါးတိုးလာကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
အစိုးရအချက်အလက်များအရ ၂၀၂၃ ခုနှစ် တစ်နှစ်တာလုံးတွင် ၉၂ မှု ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် ပထမ ၁၀ လအတွင်း ၁၆၉ မှု ရှိခဲ့သည်။
ခိုးမှု အများစုမှာ ငွေသား၊ တန်ဖိုးကြီး လက်ဝတ်ရတနာများ၊ အဖိုးတန်နာရီများနှင့် အကြွေးဝယ်ကတ်များဖြစ်ပြီး စုစုပေါင်း တန်ဖိုး ဟောင်ကောင်ဒေါ်လာ ၄.၃၂ သန်းခန့် ရှိသည်။
အဆိုပါ ခိုးယူမှုများမှာ မကြာခဏဆိုသလို ဖြစ်ပွားခဲ့ပြီး ရာဇဝတ်ဂိုဏ်းများက ကြိုးကိုင်ထားကြောင်း ခရီးသည်တင် လေယာဉ်၏ လေယာဉ်မှူးတစ်ဦးမှ ပြောကြားခဲ့သည်။
“ဒီခိုးမှုတွေဟာ ဗီယက်နမ်၊ ဘန်ကောက်နဲ့ တရုတ် လမ်းကြောင်းတွေမှာ ဖြစ်လေ့ရှိပြီး ဆိုက်ရောက်နဲ့ ထွက်ခွာ နှစ်ခုစလုံးမှာ ဖြစ်ပွားပါတယ်" ဟု ၎င်းက ပြောကြားသည်။
'အားလပ်ရက်တွေ ပွဲတော်ရာသီတွေမှာ အသွားအလာများပြားတဲ့ ခရီးသွားကာလများမှာ ခိုးယူမှု ကြိမ်ရေ ပိုများပါတယ်"ဟု ၎င်းက ပြောသည်။
လေယာဉ်မှူး၏ အဆိုအရ သူခိုးများသည် တဦးနှင့်တဦး မသက်ဆိုင်သူများသဖွယ် လှုပ်ရှားသော ပုံစံဖြင့် ပြစ်မှုကျူးလွန်ကြသည်။
၎င်းတို့သည် အစီအစဥ် စီစဉ်ထားခြင်းကြောင့် တဖွဲ့လုံး ဖမ်းမိဖို့ ခဲယဉ်းကြောင်း ၎င်းက ပြောကြားသည်။
“သူတို့က တယောက်နဲ့တယောက် မပတ်သက်တဲ့ သီးခြားခရီးသွားတစ်ယောက်စီ အနေနဲ့ သွားလာပါတယ်။ သူတို့က လေယာဉ်ပေါ် မတက်ခင်မှာ သားကောင် ဖြစ်နိုင်ခြေ ရှိသူတွေကို boarding gate ဝင်ဖို့ စောင့်ဆိုင်းနေကြရချိန်မှာ ရှာကြတယ်။ လေယာဉ် အမြင့်ပေ တနေရာမှာ ပျံသန်းနေစဉ် ခရီးသည်တွေ တမှေးအိပ်ဖို့ မီးမှိန်ပေးထားတဲ့အချိန်မျိုးမှာ ပုံမှန်အားဖြင့် ခိုးမှုကျူးလွန်တတ်ပါတယ်" ဟု ၎င်းက ပြောသည်။
သူခိုးအဖွဲ့ထဲမှ တစ်ဦးသည် ထိုင်ရာမှ ထပြီး ထိုင်ခုံအပေါ်ဘက် အိတ်များ ထားသည့်နေရာတွင် ထားရှိသည့် အိတ်ကို ယူဖို့ ကြိုးစားဟန်ပြုသည်။ အကယ်စင်စစ် ပစ်မှတ်ထားခံရသူ၏ အိတ်ကို မွှေနှောက် ရှာဖွေနေခြင်း ဖြစ်သည်။
အဖိုးတန်ပစ္စည်းများကို ရရှိပြီးပါက ခိုးယူထားသောပစ္စည်းများကို အစီအစဉ်အရ အိမ်သာခန်းကဲ့သို့သော နေရာမျိုး အပါအဝင် ချိန်းဆိုထားသည့် နေရာသို့ ပို့ပေးသည်။ အခြားအဖွဲ့ဝင်တယောက်က ၎င်းပစ္စည်းများကို ရယူသည်။
ထို့အတွက်ကြောင့် ၎င်းရာဇ၀တ်ကောင်များကို ဖမ်းဆီးရန် ခက်ခဲသည်။
" သင်္ကာမကင်း ဖြစ်ခံရရင် လက်ထဲမှာ ခိုးထားတဲ့ဟာကို မထားတော့ဘူး။ လွှင့်ပစ်လိုက်တယ်။ တကယ်လို့ လက်ပူးလက်ကျပ် ဖမ်းမိခဲ့ရင် အိတ်မှားယူမိတယ်လို့ ပြောပြီး တောင်းပန်ပါတယ်"ဟု ၎င်းက ပြောသည်။
"သူခိုးကို မိထားပြီဆိုရင်တော့ လေယာဉ် ဆက်သွယ်ရေး ကိုင်တွယ်ဖြေရှင်းခြင်းနှင့် သတင်းပို့ခြင်းစနစ် ACARS (Aircraft Communications Addressing and Reporting System)မှတဆင့် လေဆိပ်ကို အကြောင်းကြားထားလိုက်ပါတယ်" ဟု ၎င်းက ပြောပြသည်။
Source ANN
#TravelerGuide
16 December 2024 Berthing List ရန်ကုန်ဆိပ်ကမ်း သင်္ဘောစာရင်း
ရန်ကုန်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် သင်္ဘောများ၊ ဆိုက်ရောက်မည့် သင်္ဘောများ စာရင်းကို ဖော်ပြပေးထားပါသည်။
#LogisticsIndustryGuide
MYANMAR PORT AUTHORITY BERTHING INFORMATION AS AT 12:00 HOURS 16 December 2024, VESSELS AT WHARVES
L= Loading
D= Discharging
BERTHING VESSELS
Vessel Name - Berth - Cargo
Yellow Maize
TUOJIANG -A.I.P.T.1- L.22000
DUYEN HAI -1 -M.I.P.2- L.25000
Steel
J LUCK -A.I.P.T.3 - D.9000
Rails Cars
BBC LEER -MITT.4- D.2445(12) Units
Wheat(In Bulk)
KENZEN -WILMAR JETTY- D.18627
Steel(D’ Bars)
OCEANWIN GLORY -TMIT.2- D.15120
Urea
BEREKET M -M.K.H- D.20142
G/C
CITRA -MFSL- D.2290
Container
ISEACO GENESIS -AWPT.3- D.789,L.922 TEU
CAPE FELTON -AWPT.3- D.713,L.895 TEU
BANGKOK -M.I.P.4- D.922,L.945 TEU
MV MCL-9 -T.M.T.2- D.55 TEU
SITC ZHENGDE -MITT.1- D.450,L.291 TEU
Rice
MY HUNG -Y.I.G.T- L.5200
SEA NOBLE -S.P.W.3 - L.9000
AKDENIZ-M -S.P.W.7- L.29000/3000(TopUp)
STELLA BEAUTY -T.M.T.1- L.5900 Rice
G/C VESSELS EXPECTED
Vessel Name - Cargo - To/From Country
18/12
HANTONG LUCKY - L. 5000 Rice, INDONESIA
19/12
SEIYO GODDESS - D. 11000 Iron Slag, JAPAN
PVT AROMA - L. 24000 Yellow Maize, INDIA
20/12
PHU THAN - D. 5500 Urea, INDONESIA
PHU THANH-36 - D. 5500 Urea, INDONESIA
DEVBULK DEMET - D. 26300 Urea, BELGIUM
HT UNITY - L. 20000 Yellow Maize, INDIA
22/12
HOANG TUAN - L. 4900 Rice, INDONESIA
DL OLIVE - D. 14607 Steel & Equipment, CHINA
30/12
BBC DESTINY - D. 2445 (12)Units Rail Cars, SPAIN
CONTAINER VESSELS EXPECTED
sail from Singapore
Vessel Name - Berth
16/12
SITC HUMING - AWPT
YONG YUE -11 - AWPT
XO LUCKY - MIP
17/12
HANSA BITBURG - MITT/MIP
SITC YUANMING - AWPT
19/12
SITC SHUNDE - AWPT
MSC ANDREA F - AWPT
KOTA TENAGA - AWPT
VIMC DIAMOND - MITT/AWPT
20/12
UNI-ACTIVE - AWPT
SINAR BUKITTGGI - AWPT
21/12
METHI BHUM - AWPT
SITC WENDE - MITT
23/12
SOL PIONEER - AWPT
24/12
ISEACO WISDOM - AWPT.
.
.
.
.
ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၁၁) တွင် လေယာဉ်ထိုင်ခုံ အပေါ်ဘက် အိတ်များ ထားသည့်နေရာတွင် ထားရှိသည့် အိတ်အတွင်းမှ US$4,500 ခိုးယူခဲ့သူဟု သံသယရှိသည့် အသက် ၃၈ နှစ်အရွယ် အမျိုးသားတဦးကို ဟောင်ကောင်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
ခိုးယူမှုများတွင် ၇၀% ခန့်သည် ဗီယက်နမ်၊ မလေးရှား၊ ထိုင်းနှင့် အိန္ဒိယ နိုင်ငံများမှ ရောက်ရှိလာသော ခရီးတို ပျံသန်းပြေးဆွဲသည့် လေယာဉ်များပေါ်တွင် ကျူးလွန်ခံ့ခြင်း ဖြစ်သည်။
၂၀% သည် အာရပ်စော်ဘွားများ ပြည်ထောင်စု၊ တူရကီနှင့် ကာတာတို့မှ ထွက်ခွာလာသော လေယာဉ်များပေါ်တွင် ကျူးလွန်ခံ့ခြင်း ဖြစ်သည်။
ကျန်သည့်အမှုများသည် တရုတ်ပြည်မကြီး၊ ဂျပန်၊ တောင်ကိုရီးယား၊ အမေရိကန်၊ ကနေဒါ၊ သြစတြေးလျနှင့် ဆွစ်ဇာလန်တို့မှ ထွက်ခွာလာသော လေယာဉ်များပေါ်တွင် ကျူးလွန်ခံ့ခြင်း ဖြစ်သည်။
ခိုးယူခံရသော အဖိုးတန်ပစ္စည်းများတွင် အများစုမှာ ငွေသား၊ တန်ဖိုးကြီးလက်ဝတ်ရတနာများ၊ အဖိုးတန်နာရီများ၊ အကြွေးဝယ်ကတ်များဖြစ်သည်။
Source afp
#TravelerGuide
18 September 2024 Berthing List ရန်ကုန်ဆိပ်ကမ်း သင်္ဘောစာရင်း
ရန်ကုန်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် သင်္ဘောများ၊ ဆိုက်ရောက်မည့် သင်္ဘောများ စာရင်းကို ဖော်ပြပေးထားပါသည်။
#LogisticsIndustryGuide
MYANMAR PORT AUTHORITY BERTHING INFORMATION AS AT 12:00 HOURS 18 September 2024, VESSELS AT WHARVES
L= Loading
D= Discharging
BERTHING VESSELS
Vessel Name - Berth - Cargo
Palm Oil (In Bulk)
MT.RM-2 -H.O.B- D.5000
Container
SITC HAIPHONG -AWPT.3-.672,L.533 TEU
MSC KANU F -AWPT.3- D.786,L.578TEU
CHANA BHUM -AWPT.3- D.723,L.716 TEU
PADIAN-3 -AWPT.3- D.353,L.603 TEU
BEYPORE SULTAN -M.I.P.3-D.81,L.4 TEU
XO LUCKY -M.I.P.4- L.220 TEU
MV.MCL-9 -T.M.T.2- D.68 TEU
PADIAN-3 -MITT.1- D.265,L.60 TEU
Rice
PHC GLORY -A.I.P.T.3- L.8700
DUYEN HAI-1 +M.I.P.2- L.25200
HT PIONEER -S.P.W.2- L.11000
ASHICO SYMPHONY -S.P.W.3- L.10380
KEN GIANT -S.P.W.7- L.25000
LIMCO SEOUL -T.M.T.1- L.7000
NORD LOIRE -T.M.T.3- L.34400
SEA DREAM -MITT.4- L.10000
DEVBULK GULTEN -MITT.5- L.33000
TAY SON-3 -WILMAR JETTY- L.10000
ASHICO HARMONY -TMIT.1- L.10000
Urea
KRAKUS -S.P.W.5- D.25500/25000
PESTANA -WILMAR JETTY- D.34505
RT Steel & Equipment
DEWI SHINTA MANGGALA -TMIT.2- D. 20481
Wheat
CLIPPER KENT -IBTT- D.28000
G/C VESSELS EXPECTED
Vessel Name - Cargo - To/From Country
21/9
HONG HAI STAR - L. 3750 Rice, PHILIPPINES
23/9
FAROUK M - L. 38000 Rice, MOZAMBIAUE & IVORY COAST
24/9
ANHAISTAR - L. 10000 Rice, PHILIPPINES
25/9
ZHONG SHENG-166 - D. 402 1 Unit Mobile Crane, KOREA
26/9
HIROMI - D. 5000 D’Bar, CHINA
30/9
BBC CITRINE - D. 670 (18)Unit , Rail Cars, SPAIN
THOR ACHIEVER - D. 34274 Steel & Equipment, CHINA
CONTAINER VESSELS EXPECTED
All vessel sail from Singapore
Vessel Name - Berth
19/9
CAPE FELTON - AWPT
KOTA TENAGA - AWPT
MSC FORTUNE F - AWPT
21/9
SITC HAIPHONG - AWPT
.
.
ထိုင်းနိုင်ငံ ဆန်တင်ပို့မှုသည် လာမည့်နှစ်တွင် စုစုပေါင်းဆန်တန်ချိန် ၈ သန်းအောက်သာ တင်ပို့နိုင်ဖွယ်ရှိသည်။
ကန်ဒေါ်လာနှင့် ငွေလဲနှုန်းတွင် ဘတ်ငွေ အားကောင်းနေခြင်း၊ အိန္ဒိယက ဆန်တင်ပို့မှု ပိတ်ပင်ထားခြင်းကို ယခုနှစ် နှစ်ကုန်တွင် ရုတ်သိမ်းနိုင်ခြေ ရှိခြင်းတို့ကြောင့် နောက်နှစ်တွင် ထိုင်းဆန် ပြည်ပတင်ပို့မှု လျော့ကျနိုင်သည်။
ထိုင်းဆန်တင်ပို့သူများအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Chookiat Ophaswongse က ထိုင်းနိုင်ငံ မြောက်နှင့်အရှေ့မြောက်ပိုင်းတွင် ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း ယခုနှစ်တွင် ဆန်တင်ပို့မှုကို မထိခိုက်ဟု ပြောကြားပါသည်။
ထိုင်းနိုင်ငံသည် ယခုနှစ်တွင် ရည်မှန်းထားသည့် တန်ချိန် ၈ ဒသမ ၂ သန်းကို ကျော်လွန်နိုင်မည်ဟု မျှော်မှန်းထားသည်။ နှစ်မကုန်ခင် ကျန်ရှိသည့် လများတွင် တစ်လလျှင် ပျမ်းမျှ တန်ချိန် ၆ဝဝ,၀၀၀ တင်ပို့ပါက တနှစ်တာ စုစုပေါင်းပမာဏသည် တန်ချိန် ၉ သန်းအထိ ရှိလာနိုင်သည်။
အင်ဒိုနီးရှား၏ ဆန်တင်သွင်းမှုအေဂျင်စီ Bulog သည် တစ်လလျှင် ပျမ်းမျှ ဆန်တန်ချိန် ၄၅၀,၀၀၀ ခန့် ဝယ်ယူရန် လစဉ် တင်ဒါခေါ်ယူသည်။
ထိုင်းဆန် စျေးနှုန်းများသည် တင်ဒါ ရည်မှန်းဈေးနှုန်းထက် ဈေးပိုမြင့်နေသဖြင့် တင်ဒါ မအောင်ချေ။ ဗီယက်နမ်၊ မြန်မာနှင့် ပါကစ္စတန်နိုင်ငံတို့မှ ဆန်များသည် ထိုင်းဆန်ထက် စျေးသက်သာသောကြောင့် ၎င်း၃နိုင်ငံသည် အမှာစာများ ပိုရကြသည်။
ဗီယက်နမ်၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် မြန်မာနိုင်ငံတို့သည် လာနီနာရာသီဥတုဖြစ်စဉ်အတွင်း မိုးရွာသွန်းမှုကြောင့် ဆန်စပါး အထွက်တိုးလာကာ ကမ္ဘာ့ဈေးကွက်တွင် ဆန်စပါး ပိုများလာသည်။
အိန္ဒိယသည် ယခုနှစ် စတုတ္ထသုံးလပတ်တွင် ဆန်ဖြူတင်ပို့မှု ပြန်လည်စတင်ဖွယ် ရှိသည်။ ထိုအခါ ကမ္ဘာ့ဆန်ဈေး ကျဆင်းမည်။
အမေရိကန် စိုက်ပျိုးရေးဌာန ကြိုတင်ခန့်မှန်းချက်အရ အိန္ဒိယသည် ၂၀၂၅ ခုနှစ်တွင်လည်း ကမ္ဘာပေါ်တွင် ဆန်အများဆုံး တင်ပို့သည့် နိုင်ငံအဖြစ် ဆက်ရှိနေမည်။ ဆန်တင်ပို့မှု တန်ချိန် သန်း ၂၀ ရှိလာမည်ဟု ခန့်မှန်းထားသည်။
ထိုင်း တန်ချိန် ၇.၅ သန်း၊ ဗီယက်နမ် တန်ချိန် ၇.၅ သန်း၊ ပါကစ္စတန် တန်ချိန် ၅.၆ သန်း အသီးသီး တင်ပို့မည်ဟု ခန့်မှန်းထားသည်။
Source Bangkokpost
#FoodIndustryGuide
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006
Last updated 1 month ago
Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.
Last updated 2 years ago