BUBBLE

Description
Advertising
We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 месяц, 3 недели назад

Animeများကို မြန်မာစာတန်းထိုးဖြင့် ကြည့်နိုင်ပါသည်။

ကြော်ငြာများထည့်သွင်းလိုပါက @OnichanAnimeMyanmar ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။

India movie Channel gives credit to original websites and translators.

If you own the copyrights of any stuff, we will remove it within 24 hours.

Last updated 6 месяцев, 2 недели назад

2 days, 20 hours ago

အိမ်ကဆင်ထားပေးတဲ့ရွှေက
အပိုင်ပေးတာလားမသိဘူး
အပိုင်ဆိုရင်လည်း
ရောင်းစားရအောင်လို့

3 days ago

ပိုက်ဆံက အရာရာ မဟုတ်ရင်တောင်
အသက်ရှင်နေတဲ့ အခိုက်တန့်လေးမှာ
လူချစ် လူခင် အပေါင်းသင်းများပြီး
လူရာဝင်တယ် ကုန်ကုန်ပြောရရင်
မိသားစုဝင်တွေ ထဲမှာတောင် ပိုက်ဆံ
ရှာနိုင်တဲ့ လူက ပိုပြီး အချစ်ခံရတယ် 💵

3 days, 11 hours ago

ဘွဲ့ ဒီဂရီ ​တွေ ပညာ​တွေ
ဘယ်လောက် တတ်တတ်
အတွေ့အကြုံ ​တွေ ရာထူး​တွေ
ဘယ်​လောက်ရှိရှိ
.
လူ့ကျင့်၀တ် ကို နားမလည်ရင်
Ethic မသိရင်
စိတ်ထား​သေး သိမ်ရင်
​​စောင့်ထိန်းရမှာ​တွေ မ​စောင့်ထိန်းရင်
လူမှုရေး အရှုပ်အရှင်း ရှိတယ်ဆိုရင်
.
လူတစ်​ယောက်ဟာ ဘယ်​တော့မှ
သူတို လိုချင် တဲ့ ​လေးစားမှု ရမှာ မဟုတ် ဘူး
.
လူငယ် စကားနဲ့ ​ပြောရမယ်ဆို
Respect ဆိုတာ
စိတ်ဓါတ်​မှန်မှ ရမှာ
စာရွက်​တွေ နဲ့ မရဘူး ....

1 week, 2 days ago

အမေကပြောတယ်
တစ်ဖက်ကမချစ်ဘူးဆိုရင်
အချစ်ခံရဖို့ အတင်းမကြိုးစားရဘူး
ကိုယ့်မာနနဲ့ကိုယ်
နေတတ်အောင်ကြိုးစားရမယ်တဲ့

ကိုယ်လဲသူ့ကိုချစ်သလို
သူလဲအခြားသူကိုချစ်ရှာမှာပဲလေတဲ့

အရာရာဟာ သဘာဝတရာကြီးပဲမို့
တရားသဘောနဲ့သာတွေးပြီး
လျစ်လျူရှုတတ်အောင်ကျင့်ပါတဲ့

1 week, 2 days ago

-သည်းခံတယ်၊ ခွင့်လွှတ်ပေးတယ်၊ စိတ်ဆိုးပြေလွယ်တယ် ၊ သဘောကောင်းတယ် ၊ သနားအောင်ပြောလိုက်ရင်အယုံလွယ်တယ် ၊ သနားတတ်တယ် ၊ ကိုယ်ချင်းစာတတ်တယ် ၊ စိတ်ကောင်းရှိတယ်။
-အဲ့လိုအသုံးမကျတဲ့ အချက်တွေကြောင့် လူတွေကငါ့အပေါ်ဆို ပေါ့ပျက်ပျက်နိုင်လွန်းတယ် ။
-တခါတလေ ကိုယ်ချင်းစာစိတ်တွေ တကယ်ကိုမရှိချင်တော့ဘူး ။

1 week, 2 days ago

-သူများမကောင်းကြောင်း ပြောလိုက်ရလို့ ဝမ်းသာအားရ မနေပါနဲ့ ။
-အရင်ဆုံးပုပ်ပွသွားတာ ကိုယ့်ရဲ့စိတ်ထားဆိုတာလဲ မမေ့ပါနဲ့ဦး ။
- မနာလိုစိတ်လဲ မထားပါနဲ့ သာဓုမခေါ်နိုင်တဲ့ ဘဝရောက်တတ်တယ်ဆိုတာလဲ သတိရပါဦး ။

2 weeks, 2 days ago

ကိုယ်တိုင် ပိုက်ဆံ ရှာပါ

မရှာနိုင်ရင် ရှာနိုင်တဲ့ ဘဲကြီးနဲ့ ယူပါ

2 weeks, 2 days ago

ဘဝမှာ မတန်တာတွေ ရှိတယ် ။
ပြုံးပြဖို့မတန်တာတွေ ၊ ပေးဆပ်ဖို့မတန်တာတွေ။
ရှင်းပြဖို့မတန်တာတွေ ၊ ရန်ဖြစ်ဖို့ မတန်တာတွေ။
ခင်မင်ဖို့မတန်တာတွေ ၊ မြတ်နိုးဖို့မတန်တာတွေ။
သတိရဖို့မတန်တာတွေ ...
အများဆို အများကြီးရှိတယ် ။
အခုနောက်ပိုင်း ကိုယ့်အတွက် မတန်တဲ့
အရာတွေအတွက် အ‌ဖတ်လုပ်နေဖို့ ၊
အချိန်ပေးဖို့ ၊ နေရာပေးဖို့ ၊ ခံစားနေဖို့ရော
မတန်တာမို့ မတန်တဲ့အရာတွေ တော်တော်များများကို ဉပေက္ခာပြုထားလိုက်တော့တယ် ။ 😊

2 weeks, 2 days ago

လောကကြီးက ရယူချင်လေလေ မရလေလေ

3 weeks, 4 days ago

" သန်မာသူတို့ရဲ့ အိမ်ပြန်ချိန်ဟာလည်း ပင်ပန်းစရာတွေ
ရှိနေတတ်တာပဲလေ … " ဆိုတဲ့ စကားမျိုးကို

သိပ်သန်မာတာပဲ ၊ လေးစားစရာကောင်းလိုက်တာလို့
ကိုယ်အမြဲ မှတ်ယူထားတဲ့သူဆီကနေ ကြားခဲ့ရတုန်း
လူတိုင်းက နွေးထွေးမှုကို လိုအပ်ပါလားဆိုတာ
နားလည်ခဲ့တယ် ။

သူကတော့ သန်မာတယ် …
သူ့ခြေထောက်ပေါ် သူရပ်တည်နေတာ
မိသားစုကိုတောင် ထောက်ပံ့နေတာ …
အရမ်း ငွေရှာကောင်းတယ် ၊ ရဲတင်းတယ်လို့
သတ်မှတ်ခံရတာက ဂုဏ်ယူစရာကောင်းပေမဲ့
ဝမ်းနည်းစရာတစ်ခုဟာ သူတို့မှာ ထွေးပွေ့မဲ့သူရှားတာပဲ ။
အမြဲသန်မာတယ်လို့ အထင်ခံရသူတွေမှာ
အဆင်ပြေရဲ့လား ဂရုတစိုက်မေးတဲ့သူ မရှိဘူး ။

သူကတော့ စိတ်ချရတယ် … သူ့အတွက်ပူစရာမလိုဘူး
ဆိုတဲ့ ထင်ကြေးတွေနဲ့ အမေ့လျော့ခံရတဲ့လူတွေက
သပ်သပ်ကိုရှိနေတာ ။

ဘယ်သူမဆို အနွေးဓာတ်ကတော့လိုတာပဲ
ဘယ်လောက်ပဲ သန်မာတယ်ပြောပြော
စိတ်ဓာတ်ကျတဲ့နေ့တွေ ရှိတာပဲ ။
အားပေးစကားလိုအပ်တဲ့ အချိန်တွေရှိတာပဲ ။
ငါ့အတွက် သူရှိနေပါလားဆိုတဲ့ စိတ်လုံခြုံမှုမျိုး
လိုချင်ကြတာပဲ ။

တစ်ခါတလေ gas အပြည့်နဲ့ကို ခြစ်လို့မရတဲ့
မီးခြစ်တစ်လုံးလိုမျိုး …
သန််မာတဲ့ခွန်အားတွေနဲ့ ပြိုလဲနေချိန်တွေရှိတယ် ။
အဲချိန်မှာ သူတို့လိုအပ်တာဟာ
နွေးထွေးတဲ့ စကားတစ်ခွန်း နှင့် ကြင်နာတဲ့
ထွေးပွေ့မှုတစ်ခုကိုပဲ ။

ပင်ပန်းခဲ့တဲ့ အိမ်ပြန်ချိန်တွေမှာ …
တစ်နေ့တာအကြောင်းကို နားထောင်ပေးမဲ့သူ
အဆင်မပြေတာတွေကို ကူစဉ်းစားပေးမဲ့သူ
စကားပြောဖော်လူတစ်ယောက်ရှိခဲ့ရင် …
ဘဝက လွယ်ကူရတာပါပဲပေါ့ ။

ဒါကြောင့် ကိုယ့်ဘေးနားက ဘယ်သူ့ကိုမှ ပစ်မထားနဲ့
အဝေးရောက်နေတဲ့ သားသမီးကို ဖုန်းဆက်ဖို့မမေ့နဲ့
ကျန်းမာရေးကောင်းရဲ့လားလို့ မိဘတွေကို
လှမ်းမေးဖို့ဝန်မလေးနဲ့ …
ကိုယ့်ချစ်သူလေး အဆင်ပြေနေရဲ့လားဆိုတာကို
ဂရုစိုက်ဖို့မမေ့ပါနဲ့ ။
လူတိုင်း အနွေးဓာတ်လိုပါတယ် ။

သန်မာသူတို့ရဲ့ အိမ်ပြန်ချိန်တွေမှာလည်း ပင်းပန်းမှုတွေက ရှိနေမှာပဲလေ … ။

#TharHtwe

We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 месяц, 3 недели назад

Animeများကို မြန်မာစာတန်းထိုးဖြင့် ကြည့်နိုင်ပါသည်။

ကြော်ငြာများထည့်သွင်းလိုပါက @OnichanAnimeMyanmar ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။

India movie Channel gives credit to original websites and translators.

If you own the copyrights of any stuff, we will remove it within 24 hours.

Last updated 6 месяцев, 2 недели назад