Review

Description
Advertising
We recommend to visit

Community chat: https://t.me/hamster_kombat_chat_2

Twitter: x.com/hamster_kombat

YouTube: https://www.youtube.com/@HamsterKombat_Official

Bot: https://t.me/hamster_kombat_bot
Game: https://t.me/hamster_kombat_bot/

Last updated 4 weeks ago

Your easy, fun crypto trading app for buying and trading any crypto on the market

Last updated 3 weeks ago

Turn your endless taps into a financial tool.
Join @tapswap_bot


Collaboration - @taping_Guru

Last updated 1 week ago

2 days, 14 hours ago

Homesick  (2022)

"Homesick"ဆိုတဲ့ ဇာတ်လမ်းတွဲလေးနဲ့မိတ်ဆက်ပေးပါမယ်နော် ...

ဇာတ်လမ်းအညွှန်း🏠

မိဘမဲ့ဂေဟာမှာကြီးပြင်းလာတဲ့ ချန်ယို့ရှီးဆိုတဲ့မိန်းကလေးဟာ  ပျောက်ဆုံးနေတဲ့ညီမငယ်ဖြစ်သူရှောင်ရှို့ကိုရှာဖို့ရာ မိဘမဲ့ဂေဟာကထွက်လာခဲ့ရာကနေ ဇာတ်လမ်းလေးကအစတည်လာပါတယ်။

ရှောင်ရှို့မပျောက်ဆုံးခင် သတင်းတွေအရကတော့ ရှောင်ရှို့ဟာ လီမိသားစုအိမ်မှာ ကလေးထိန်းအနေနဲ့ အလုပ်လုပ်ခဲ့ပြီး ပျောက်ဆုံးသွားပြီးနောက်မှာတော့ လီမိသားစုဘက်ကနေ ရှောင်ရှို့ဟာ အိမ်ကနေပစ္စည်းဥစ္စာတွေခိုးယူကာ ထွက်ပြေးသွားခဲ့ကြောင်း အခိုင်အမာဆိုခဲ့ကြပါတယ်။

ဒါကိုအစ်မဖြစ်သူ ချန်ယို့ရှီးကတော့ လုံးဝအမှန်တရားမဟုတ်ဘဲ လီမိသားစုအပေါ် သံသယတွေဝင်ခဲ့ပြီး သူနဲ့သက်တူရွယ်တူ လီမိသားစုရဲ့သမီး လီဝမ်ဝမ်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အိမ်ကနေထွက်သွားခဲ့တာကို ရှာတွေ့ခဲ့တာကြောင့် လီဝမ်ဝမ်အနေနဲ့ဟန်ဆောင်ကာ လီမိသားစုဆီ ဝင်ရောက်ခဲ့ပါတယ်။

ချန်ယို့ရှီးတစ်ယောက် လီဝမ်ဝမ်အနေနဲ့ လီမိသားစုထဲဝင်လာပြီးတဲ့နောက်မှာရော ဘယ်လိုအပြောင်းအလဲတွေဖြစ်လာမှာလဲ

မိသားစုရဲ့နွေးထွေးမှုဆိုတဲ့အရသာက သူ့ရဲ့သံသယတွေအပေါ်ပြောင်းလဲပစ်နိုင်မှာလား

နွေးထွေးမှုရဲ့နောက်ကွယ်မှာရောဘယ်လိုပွေလီရှုပ်ထွေးလှတဲ့အမှုကိစ္စတွေရှိနေမလဲဆိုတာ

ဒီဇာတ်လမ်းတွဲလေးမှာ လိုက်ပါစီးမြောရင်းစောင့်မျှော်ကြည့်ရှုပေးကြပါဦးနော် ....

2 days, 14 hours ago

Meow Ears Up (2022)

ဇာတ်လမ်းအကျဉ်း
အခန်းကျဉ်းကျဉ်းလေးထဲမှာ ပျင်းစရာကောင်းလှတဲ့ အထီးကျန်ဆန်ဘဝနဲ့
တစ်ယောက်တည်း ကျင်လည်ရှင်နေတဲ့ ကာတွန်းဆရာလေး ဒန်တန်ဟာ….
ငယ်ငယ်ကတည်းက ကိုယ့်ဒူးကိုယ်ချွန် ရပ်တည်လာခဲ့ပြီး မိဘမဲ့တစ်ယောက် ဖြစ်တာကြောင့်
“နွေးထွေးတဲ့ အချစ်မေတ္တာ” ကို ငတ်မွတ်နေသူ တစ်ဦးပါ…..
ရိုလာကိုစတာ မဆန်ပဲ ရေငြိမ်လို ရပ်တန့်နေတဲ့ သူ့ဘဝက မရိုးမဖန် လောကဓံကြားမှာ အပြောင်းအလဲမရှိ လည်ပတ်နေချိန်မှာ….
ရုတ်တရက် ပုံသေ သတ်မှတ်ထားလို့ မရတဲ့ ကံကြမ္မာက ဖန်လာပြီး
“နွေးထွေးတဲ့အချစ်မေတ္တာ”နဲ့ တူသော “ထူးဆန်းပြီး လမ်းပျောက်နေတဲ့ ကြောင်ကလေးတစ်ကောင်” နဲ့ တွေ့ဆုံစေခဲ့ပါတော့တယ်….
ထူးခြားတာက အဲ့ဒီကြောင်ကလေးက လူအဖြစ် ပြောင်းလဲလာတဲ့ ကြောင်ကလေးတစ်ကောင်ပဲ ဖြစ်ပါတယ်…
ငြိမ်သက်နေတဲ့ ရေပြင်ကျယ်ပေါ်ကို ခဲတစ်လုံး ပစ်ချလိုက်သလို….
အဲ့ဒီကြောင်ကလေးက ဒန်တန့်ဘဝထဲ ဝင်ရောက်လာပြီး သူ့ဘဝကို လှုပ်လှုပ်ရွရွနဲ့ အရောင်စုံလာအောင် ဖန်တီးပေးလိုက်တဲ့အခါ….
ဘာတွေ ဆက်ဖြစ်လာမလဲ?
အသွင်မတူတဲ့ ကိုယ်ခန္ဓာနှစ်ခုကြားက တရိပ်ရိပ် ကြီးထွားလာတဲ့ အချစ်စစ် မေတ္တာစစ်ကို အတူပျိုးထောင်နိုင်ပါ့မလား?

2 days, 14 hours ago

Unforgotten Night (2022)

အရမ်းကြမ်းတဲ့ ဇာတ်ဝင်ခန်းတွေပါဝင်မှာမို့လို့ မထွက်လာခင်တည်းက
နာမည်ကြီးနေတဲ့ ဒီ စီးရီးလေးရဲ့ ဇာတ်လမ်းအကျဉ်းကတော့
မာဖီးယားဂိုဏ်းခေါင်းဆောင်ဖြစ်တဲ့ ခမိုက လိင်စိတ်နဲ့ပတ်သက်လာရင်
ကြမ်းကြမ်းတမ်းတမ်းဆက်ဆံရတာ (BDSM) ကို သဘောကျနှစ်ခြိုက်သူတစ်ယောက်ဖြစ်ပြီး
ဘယ်သူကမှ သူ့ကို စိတ်ကျေနပ်အောင် ဖြည့်ဆည်းပေးနိုင်စွမ်းမရှိသေးလို့
ပိုက်ဆံတွေချမ်းသာပြီး လိုအင်ဆန္ဒတွေမပြည့်ဝရတဲ့ သူတစ်ယောက်ပါ
အဲ့လိုမာဖီးယားဂိုဏ်းခေါင်းဆောင်က ရည်းစားနဲ့လောလောလတ်လတ်ပြတ်ထားပြီး အချစ်ရေးမှာ
စလုံးရေစတည်းက ကံမကောင်းတဲ့ ကင် ဆိုတဲ့ ကောင်လေးနဲ့ တစ်ညတာ အချိန်ဖြုန်းပြီးတဲ့နောက်မှာ
တစ်သက်လုံး ဆန္ဒတွေမပြည့်ဝလာခဲ့ရတဲ့ မာဖီးယားကြီးကို
ဘယ်လိုတွေဖြည့်ဆည်းပေးလိုက်လို့ ကင်တစ်ယောက် သူ့ရဲ့ ချစ်သူဖြစ်သွားရလဲ
ခမိုရဲ့ ‌ဘေးနားမှာ နေရဖို့က ထင်ထားသလိုလွယ်ကူတဲ့ခရီးလမ်းဖြစ်နေမှာ မဟုတ်လို့
ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာကို ၂၁ ယောက်စုပြီး တူတူထိုင်ကြည့်ကြရမှာဖြစ်ပါတယ်
ရိုးရိုးအိပ်ယာပေါ်ချော့သိပ်တဲ့ဇာတ်ဝင်ခန်း‌မျိုးတွေ မဟုတ်ပဲ အားလုံးထက်ကြမ်းတဲ့ BDSM Scene တွေ
ဖောဖောသီသီပါဝင်မှာဖြစ်တာကြောင့် ၂၁ ယောက်ပြည့်မှ ကြည့်ရှုကြဖို့ တောင်းဆိုအပ်ပါတယ်နော် ďżź

2 weeks, 3 days ago

The White Haired Witch of Lunar Kingdom (2014)

တရုတ်သိုင်းကား ကြည့်ချင်‌ပေမဲ့ အပိုင်းအများကြီးမကြည့်ချင်တဲ့ သူတွေအတွက် ဒီဇာတ်လမ်းလေးကို ညွှန်းပေးချင်တယ်။ ၂၀၁၄ တုန်းက ရိုက်ခဲ့တာပါ။ နာမည်ကျော်တရုတ်မင်းသမီးချော Fan Bingbing နဲ့အတူ (သိမ်းငှက်သူရဲကောင်းဇာတ်လမ်းထဲက ရန်ကော်အဖြစ် လူသိများတဲ့) မင်းသားချော Huang Xiaoming တို့အဓိကခေါင်းဆောင်ပါ၀င်ထားတာကြောင့် သရုပ်ဆောင်ပိုင်းကိုတော့ အထူးညွှန်းစရာမလိုပါဘူး။

ဖြောင့်မတ်မှန်ကန်ပြီး ကြင်နာတတ်တဲ့၊ သစ္စာတရားကိုတန်ဖိုးထားတဲ့၊ ကိုယ်ကျိုးစွန့်တတ်တဲ့ ဝူတန်းဂိုဏ်းသား ကျိုးရိဟန်တစ်ယောက်…. ဝူတန်းရဲ့သိက္ခာတရား၊ ဆရာသခင်အတွက် ကလဲ့စားနဲ့ တိုင်းပြည်အရေးတို့ကြား ရွေးချယ်စရာကြုံလာတဲ့အခါ ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ။ နန်းတွင်းက မိစ္ဆာမလို့သတ်မှတ်ပြီး လိုက်လံဖမ်းဆီးခံနေရပေမဲ့ တကယ်တမ်း အများပြည်သူကို ကူညီပေးနေတဲ့၊ အချစ်ကိုမယုံကြည်တတ်တဲ့ မိန်းမချောလေးနဲ့ မေတ္တာတရားကြီးမားတဲ့ ကျိုးရိဟန်တို့ရဲ့ အချစ်လမ်းခရီးက ဖြောင့်ဖြူး နိုင်ပါ့မလား။

သိုင်းဇာတ်လမ်းတင်မကဘဲ တိုင်းပြည်အရေး၊ သစ္စာဖောက်မှုတွေနဲ့အတူ အချစ်၊ အလွမ်းရသစုံကို ထည့်သွင်းရိုက်ကူးထားပါတယ်။ ဇာတ်လမ်းရိုက်ကူးစဉ်ကလည်း မင်းသားဟာ ရိုက်ကွင်းမှာ ၃ မီတာအမြင့်ကနေ ပြုတ်ကျခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရခဲ့တဲ့အထိ စွန့်စားရိုက်ကူးခဲ့ကြတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် တရုတ်သိုင်းကားချစ်သူတွေအတွက်ရော ရုပ်ရှင်ချစ်သူတွေအတွက်ပါ ကြည့်လို့ကောင်းမယ့် ဇာတ်လမ်းတစ်ပုဒ်ဆိုတာ သေချာပါတယ်။

2 weeks, 3 days ago

Shanghai Bund The Righteous Way of the Wind and Cloud ( 2023 )

တစ်ခေါက်တင်ဆက်ပေးချင်တဲ့ Right Way ရုပ်ရှင်ကားဟာဆိုရင်
90’s ခုနှစ်တွေအတွင်း တရုတ်ပြည်တွင်းကို ဂျပန်လူမျိုးတွေ
ဘိန်းတွေမှောင်ခိုတင်သွင်းကြတဲ့အကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ် ။
ရှန့်ဟိုင်မြို့မှာ သယ်ယူပို့ဆောင်ရေးဆိုင်ရာအချက်အခြာကျတဲ့ ဆိပ်ကမ်းတွေကို
ခွဲဝေယူထားကြတဲ့ လူဆိုးဂိုဏ်းနှစ်ဂိုဏ်းရှိပြီး တစ်ဂိုဏ်းကိုတော့
ကျန့်ယိုတောက်လို့ခေါ်တဲ့ ခေါင်းဆောင်ကဦးဆောင်ပြီး
နောက်တစ်ဂိုဏ်းကိုတော့ ချန်ထျန်းဝေလို့ခေါ်တဲ့ခေါင်းဆောင်ကဦးဆောင်ပါတယ် ။

ဒါပေမဲ့ ဂိုဏ်းခေါင်းဆောင်နှစ်ဦးကအမြဲတမ်းမတည့်ကြပါဘူး ။
မတည့်ရတဲ့အကြောင်းအရင်းကတော့ ကျန့်ယိုတောက်က
မျိုးချစ်စိတ်အပြည့်ရှိသူဖြစ်ပြီးတော့ ပြည်တွင်းကို ဂျပန်တွေဘိန်းတွေ
မှောင်ခိုကူးနေတာကို အလွန်ကိုမှ တင်းတင်းကြပ်ကြပ်တားမြစ်ထားတဲ့သူတစ်ဦးဖြစ်ပြီး
ချန်ထျန်းဝေကတော့သူနဲ့ပြောင်းပြန် ဂျပန်တွေဘိန်းမှောင်ခိုကူးတာကို ကူညီပေးနေလို့ပဲဖြစ်ပါတယ် ။
ကျန့်ယိုတောက်တစ်ယောက် ဘိန်းမှောင်ခိုကူးတာကို ဘယ်လိုတားမြစ်မလဲ ,
အဲ့အချိန် တရုတ်အစိုးရကရော လူဆိုးဂိုဏ်းခေါင်းဆောင်ဖြစ်နေတဲ့သူ့ကိုကူညီပါ့မလား ,
ထိုခေတ်ထိုအခါက တရုတ်ပြည်တွင်းမှာ ဂျပန်တွေဘယ်လိုဆိုးယုတ်ခဲ့သလဲဆိုတာကို
ဒရမ်မာဆန်ဆန် ၊ ဇာတ်လမ်းဇာတ်ကွက်အပြည့်အစုံ ၊ အက်ရှင်အလန်းစားတွေနဲ့ကြည့်ရမှာပဲဖြစ်ပါတယ် ။
ဇာတ်လမ်းက ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့
ဝါရင့်မင်းသားမင်းသမီးတွေနဲ့ရိုက်ထားတာမို့ မကောင်းမှာတော့မပူရဘူးဆိုတော့
ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှု့ပေးကြပါအုံးရှင် ။

2 weeks, 3 days ago

Are We In Love? (2019)

နတ်မျက်စိ ​ဗေဒင်စာအုပ်ကို သိကြတယ်မလား….
တကယ်လို့ ကိုယ့်ရဲ့အချစ်ကိစ္စနဲ့
ပတ်သတ်တဲ့ ​မေးခွန်း​တွေကို

အမှန်တိုင်း​ဖြေ​ပေးတဲ့ စာအုပ်ရှိခဲ့မယ်ဆိုရင်

ဘာ​တွေ​မေးမိမယ်စိတ်ကူးကြလဲ….
ဒီကားက ဆိုး​ဂျောင်ဆိုတဲ့ ​ကောင်မ​လေးက

အူတူတူ​လေး သူ့​ဘော့စ်ဆွန်း​ဂျေး က ကော်ဖီဆိုင်ပိုင်ရှင်…
တစ်​နေ့ ဆိုး​ဂျောင်က ​ဘော့စ်အပြစ်​ပေးလို့ညနက်တဲ့ထိ အလုပ်လုပ်ရင်း

အဖွားအိုတစ်​ယောက်ကဆိုင်ကိုလာပြီး စာအုပ်တစ်အုပ်​ပေးသွားတယ်
အဲ့စာအုပ်​လေးရပြီး​နောက်ပိုင်းဆိုး​ဂျောင်းအချစ်​ရေးက

ဂျွမ်းထိုး​မှောက်ခုန်ဖြစ်သွားတယ်
​ဘော့စ်အူတိုတဲ့ အခန်း​လေး​တွေဆို
အူယားစရာတအား​ကောင်းလွန်းပါတယ်
​ပေါကားလုံးဝမဟုတ်တာ​တော့ အာမခံပါတယ်
ဒီကား​လေးကြည့်ပြီး အချစ်စစ်ကိုရှာ​ဖွေတတ်ကြပါ​စေလို့

3 weeks, 2 days ago

Aa a Prelude to Fear (2022)

ဆယ်နှစ်ကြာပြီးတဲ့အချိန်ထိ မဖြေရှင်းနိုင်သေးတဲ့ လူပျောက်မှုသုံးမှု… ဒီအမှုတွေရဲ့ သံသယတရားခံ ဂီတပညာရှင်လူဂွစာကြီး ဂျားလ်စ်ကာ့ကရွန် သက်သေမပြနိုင်လို့ အခုထိမဖမ်းနိုင်ဖြစ်ခဲ့ရလို့ အခဲမကျေတဲ့ ရဲမှူးကြီး… နှစ်အတော်ကြာနေပြီဖြစ်တဲ့ သူတို့နှစ်ဦးကြားက မီးပွားလေးက အိဗ်တေလာဆိုတဲ့ကျောင်းသူတစ်ယောက် ထပ်မံပျောက်ဆုံးချိန်မှာ ပြန်ပေါ်လာတဲ့အချိိန်မှာတော့…. ဒီပျောက်ဆုံးမှုတွေဟာ သူတို့နဲ့ဘယ်လိုပတ်သက်နေတာလဲ။ အမှုမှန်ရော ပေါ်ပေါက်နိုင်ပါ့မလား။
ဒီရုပ်ရှင်ကိုတော့ မြန်မာပရိသတ်များရင်းနှီးနေပြီးသားဖြစ်တဲ့ ဘရိုက်တန်(Brighton)မြို့တစ်ဝိုက်မှာ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံထားတယ်လို့သိရပြီ။ independence movie ဖြစ်လို့ နည်းနည်းလိုအပ်ချက်တွေတော့ရှိတာတွေ့ရမှာပါ။ ကြည့်ပြီး ဝေဖန်ပေးကြပါဦးခင်ဗျာ။

3 weeks, 2 days ago

Crrush  (2021)

Ravi, Taju နဲ့ Vamsi တိုဟာ အမေရိကန်မှာကောလိပ်တက်ဖိုရည်ရွယ်ပြီး စာကိုပဲကြိုးစားလာကြတဲ့ စာကြမ်းပိုးလေးတွေပါ

အမေရိကန်ရောက်မှ ကဲမယ်တေးထားကြသူတွေပေါ့.. ဒါပေမဲ့ အမေရိကန်မှာကျောင်းတက်နေတဲ့ အစ်ကို၀မ်းကွဲနဲ့ တွေ့ဆုံမိချိန်မှာတော့ သူတိုထင်ထားတာတွေ တလွဲဖြစ်နေကြောင်း သိလိုက်ရပါတယ်

အမေရိကန်မှာ စာတော်ရုံနဲ့ လူ၀င်မဆန့်နိုင်ကြောင်း၊ မိန်းကလေးတွေနဲ့ပတ်သက်ဖို လက်တွေ့အတွေ့အကြုံလိုကြောင်း သိလာရပါတယ်

အဲဒီလိုနဲ့ သူတိုသုံးယောက်ဟာ အမေရိကန်မသွားရသေးခင် နွေရာသီအားလပ်ရက်မှာ အတွေ့အကြုံယူဖို ဆုံးဖြတ်လိုက်ပါတယ်

ပထမတော့ ရသလိုအတွေ့အကြုံယူဖို ကြံစည်ခဲ့ပေမဲ့ နောက်ပိုင်းမှာ သူတိုရဲ့ပထမဆုံးအကြိမ်ကို ချစ်တဲ့သူနဲ့ပဲဖြစ်ရမယ်လို ဆုံးဖြတ်ခဲ့ကြပါတယ်

အဲဒီလိုနဲ့ “မ” နဲ့ပတ်သက်ရင် နကန်းတစ်လုံးမှမသိကြတဲ့ လူပျိုပေါက်စလေး ၃ ယောက်ဟာ အစပိုင်းမှာ အလွဲလွဲအ‌ချော်ချော်တွေ ဖြစ်ကြပါတော့တယ်

သူတိုချစ်တဲ့သူတွေနဲ့ ဆုံတဲ့အခါမှာလည်း ဘယ်လိုတွေလွဲကြဦးမလဲ၊ ဘယ်လိုအခက်အခဲတွေကြုံရမလဲ၊ သူတိုကြံစည်တဲ့အတိုင်းဖြစ်လာပါ့မလားဆိုတာကို စောင့်ကြည့်ရင်း ခွီးကြရမှာဖြစ်ပါတယ်

3 weeks, 2 days ago

The Divine Fury (2019)

ဘုရားသခင်ကိုသက်ဝင်ယုံကြည်တဲ့သားအဖ၂ယောက် အဖေလုပ်သူက သေခါနီးအချိန်မှာ
တကယ့်ကိုအားကိုးရာရှာတဲ့အနေနဲ့ဘုရားသခင်ထံဆုတောင်းပြီး သူ့အဖေက ပြန်မကောင်းလာပဲ တကယ်သေသွားတဲ့အခါ

ဘုရားသခင်ကိုလဲ အယုံအကြည်မရှိတော့တဲ့ကလေးလေးတစ်ယောက် သူကြီးလာတဲ့အခါ

ယုံကြည်မှုမရှိပဲကြီးပြင်းလာခဲ့ပေမယ့် ဘုရားသခင်ကို
နက်နက်ရှိုင်းရှိုင်းယုံကြည်မှရနိုင်တဲ့အရာတွေ သူ့ဆီကိုရောက်ရှိလာတဲ့အခါ
ဘာတွေဖြစ်မလဲဆိုတာကတော့

1 month ago

Young Adult Matters (2020)

ဒီတစ်ခါတော့ ရုပ်ရှင်ဆု ၃ ဆု ဖြစ်တဲ့
– The Directors’ Guild of Korea (DGK) Award
– KTH Award at the 25th Busan International Film Festival
– Best Actress Award (Buil Film Awards)
တို့ ရရှိထားတဲ့ လူငယ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။
Squid Gameထဲက ”ငါနဲ့ကစားပေးလို့ ကျေးဇူးတင်ပါတယ် ”တစ်ခွန်းနဲ့
အချစ်တွေသိမ်းကျုံးယူသွားတဲ့ Ji Yeong(Lee Yoo Mi) နဲ့
EXID အဆိုတော်အဖွဲ့ထဲက EXIDရဲ့ Hani တို့ အဓိကသရုပ်ဆောင်အနေနဲ့
ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
==================================
လူငယ်…..
သစ်ရွက်လေးလုပ်တာမြင်ရင်တောင် စိတ်ကစား ထွေပြားတတ်ကြတဲ့
အဲ့အရွယ်မှာ တွေ့ကြုံရမယ့် ပြသနာတွေဆိုတာကတော့
စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာမှာပါ အများကြီးရှိကြပါတယ်
ဘဝမှာ အပြောင်းအလဲတစ်ခုအနေနဲ့ ရှေ့ဆက်လျှောက်မယ့်အနာဂတ်ကို ဖန်တီးထုဆစ်ပေးတာက
အဲ့အရွယ်ကာလလို့ဆိုလည်း မမှားဘူးဗျ
အရာရာတိုင်းကို စူးစမ်းချင်ကြသလို သူများပြောသမျှအရာမှန်သမျှကိုလည်း
ခံစားလွယ်စိတ်ဆတ်တတ်ကြပြီး အဆိုးဝါးဆုံးအနေနဲ့ဆိုရင် ”အိမ်ပြေး”တွေ ဖြစ်သွားတတ်ကြတဲ့ထိပေါ့
ဆိုတော့ကာ….. ဒီဇာတ်ကားထဲမယ် ထိန်းကွပ်မှုမဲ့နေတဲ့
အိမ်ပြေးလူငယ်ကောင်မလေးနှစ်ယောက်ရဲ့ ပြသနာတွေကိုကြည့်ရင်း ယူတတ်ရင်
ပညာရစရာတွေများလှပါဘိ
ဇာတ်လမ်းကိုအကျဉ်းအမြည်းပြောပြရရင်တော့
၁၈နှစ်အရွယ်နဲ့ ကိုယ်ဝန်လွယ်ထားရလို့ ခွဲစိတ်ဖျက်ချဖို့ငွေလိုနေတဲ့ ကျောင်းသူလေး ယွန်းဆယ်ဂျင်း
အမေ့စကားလေး တစ်ခွန်းကြောင့်နဲ့ အိမ်ကထွက်ပြေးလာပြီး ၄နှစ်ကြာ အိမ်ပြေး ၁၈နှစ်အရွယ် ဂျူယောင်း
တစ်နေ့ သူတို့တွေ့ကြတဲ့အခါ ငွေရဖို့နဲ့ ကိုယ်ဝန်ဖျက်ချဖို့ရာ အလုပ်လုပ်ရင်း မုဒိန်းကျင့်ခံရမလိုဖြစ်ဆဲဆဲမှာ
လမ်းပေါ်က ကယ်တင်ရှင် အိမ်ပြေး ကိုကိုနှစ်ယောက်ဖြစ်တဲ့ ဂျယ်ပီ နဲ့ ရှင်းဂျီက အမှတ်မထင် ကယ်တင်ပေးလိုက်ပါရော
ဒီလိုနဲ့ သူတို့လေးယောက် အပြန်အလှန် မှီခိုနေထိုင်ကြပြီး
ဆယ်ဂျင်းကိုယ်ဝန်ဖျက်ချဖို့ရာ ငွေအတွက် ကြံရာမရနဲ့ ဂိုဏ်းတစ်ခုမှာ အလုပ်ကြကြရင်း
အဆိုးဝါးဆုံး အထင်လွဲမှုကြီးရှိလာတဲ့အခါ….
အနာဂတ်ဟာ လမ်းမှန်ပြန်ရောက်မလား ဘယ်လိုဖြစ်သွားမလဲဆိုတာ ဆက်လက်ရှုစားလိုက်ကြပါ
ဒါရိုက်တာ Lee Hwanကိုယ်တိုင်ကလည်း ဂျယ်ပီအဖြစ် သရုပ်ဆောင်ထားပါသေးတယ်

We recommend to visit

Community chat: https://t.me/hamster_kombat_chat_2

Twitter: x.com/hamster_kombat

YouTube: https://www.youtube.com/@HamsterKombat_Official

Bot: https://t.me/hamster_kombat_bot
Game: https://t.me/hamster_kombat_bot/

Last updated 4 weeks ago

Your easy, fun crypto trading app for buying and trading any crypto on the market

Last updated 3 weeks ago

Turn your endless taps into a financial tool.
Join @tapswap_bot


Collaboration - @taping_Guru

Last updated 1 week ago