LLC - Lavender Language Center

Description
since 16th April, 2023 ☘️

Free Language Learning Center!! 🤗

♦️LLC Facebook Page♦️

https://www.facebook.com/profile.php?id=100091426937591&mibextid=ZbWKwL

For any inquiries and some chit chat => https://t.me/LLCConQA
Advertising
We recommend to visit

Community chat: https://t.me/hamster_kombat_chat_2

Twitter: x.com/hamster_kombat

YouTube: https://www.youtube.com/@HamsterKombat_Official

Bot: https://t.me/hamster_kombat_bot
Game: https://t.me/hamster_kombat_bot/

Last updated 1 month ago

Your easy, fun crypto trading app for buying and trading any crypto on the market

Last updated 4 weeks, 1 day ago

Turn your endless taps into a financial tool.
Join @tapswap_bot


Collaboration - @taping_Guru

Last updated 2 weeks, 1 day ago

4 days, 16 hours ago
Elevate Your Reading Skills With Short …

Elevate Your Reading Skills With Short Quotes For Lazy Readers

ဘာသာစကားလေ့လာနေတဲ့ သူ‌ တစ်ယောက်အနေနဲ့ Reading ပိုင်းကို မဖြစ်မနေ practice လုပ်ဖို့ လိုအပ်ပါတယ်။

တချို့ learner တွေအတွက်က စာဖတ်ရတာက အပျင်းဆုံး အလုပ်ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ကိုယ့် level က နိမ့်နေသေးလို့ readingကို မလုပ်ဖြစ်တာလဲ ဖြစ်နိုင်ပါတယ်။

🔖ကိုယ်က အခုမှ စဖတ်တဲ့ သူ ၊ နောက်ပြီး စာဖတ်ရတာ ပျင်းတဲ့ သူ( short story, tale တွေ ပါ ဖတ်ဖို့ ပျင်းတဲ့သူ) ဆိုရင်
စာ‌ဖတ်ချင် စိတ်ကို မြှင့်တက်အောင်
Quote တွေကနေ စ၊သင့်ပါတယ်။

ဘယ်ကြောင့်လဲဆိုတော့
📄ဖတ်ရတာလဲအချိန်မကြာဘူး။
ရိုးရိုးရှင်းရှင်း စာကြောင်းတည်ဆောက်ပုံကြောင့် နားလည်လွယ်တယ်။ မှတ်မိလွယ်တယ်။ ဒါကြောင့် Speaking ပိုင်းအတွက်လဲ Quotes က အထောက်အကူဖြစ်သလို
Writing မှာလဲ ပြန်လည်အသုံးချလို့ရတယ်။

ပေါ့ပေါ့ပါးပါး quote တွေဖတ်ရတာ
ပျင်းသွားပြီဆိုရင် နာမည်ကျော် motivation speaker ၊ artists ၊ authors ၊ entrepreneurs အစရှိတဲ့ နယ်ပယ်အသီးသီးက လူတွေရဲ့ quote တွေ ဖတ်ကြည့်ပါ။
ဗဟုသုတ လဲရသလို တချို့သော အကြောင်းအရာတွေက လူမှုဘဝ မှာ သိထားသင့်တဲ့ သတိထားသင့်တဲ့ အချက်တွေ ပါပါလိမ့်မယ်။

How to Search :
🔎 YouTube တို့ Pinterest တို့မှာ ဖတ်လို့ရသလို Website ဖြစ်တဲ့ BrainyQuote , Goodreads , Quotefancy တို့မှာလည်း ဖတ်လို့ရပါတယ်။

တရက်ကို Quote ဘယ်နှစ်ခုဖတ်မယ်ဆိုပြီး သတ်မှတ်ထားပါ။
Quote ကိုမှ နည်း" ရှည်" ဖတ်ဖတ်
တစ်ကြောင်းနှစ်ကြောင်းပါတာပဲ ဖတ်ဖတ်
ရက်တွေကြာလာတဲ့အခါ story တစ်ပုဒ် မက ရှိလာပါလိမ့်မယ် ။
တကယ့်တကယ် Story တစ်ပုဒ်လုံးဖတ်ဖို့ ကျ ၊ ပျင်းနေမှာ ဖြစ်တဲ့အတွက်ကြောင့် ဒီနည်းလမ်း‌လေးက  စာဖတ်တဲ့ အလေ့အကျင့်ရအောင် အစ ပျိုးတဲ့ နည်းလမ်း ဖြစ်သလို reading skill ကို မြှင့်တင်ရာလဲ ရောက်ပါတယ်။

ᴸᴸᶜ ᶠᵃᶜᵉᵇᵒᵒᵏ ᴾᵃᵍᵉ
https://www.facebook.com/profile.php?id=100091426937591&mibextid=ZbWKwL

ᴸᴸᶜ ᵀᵉˡᵉᵍʳᵃᵐ ᶜʰᵃⁿⁿᵉˡ
https://t.me/LavenderLanguageCenter1642023

#LLC #Lavender_Language_Center
#ElevateYourReadingSkillsWithShortQuotesForLazyReaders
#content_by_Ei_Ei_Phyo
#graphic_by_Shune_Htet_Aung

5 days, 19 hours ago
***🎓*** What is GED? GED ဆိုတာဘာလဲ? …

🎓 What is GED? GED ဆိုတာဘာလဲ? 🎓

ဒီနေ့မှာတော့ LLC ကနေ GED နဲ့ ပတ်သတ်တဲ့ ဗဟုသုတတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

🎓 GED (General Education Development) ဆိုတာ မြန်မာ အစိုးရပညာရေး (၁၂)တန်း (Grade 12) စနစ်နဲ့ ညီမျှတဲ့ အမေရိကန် အထက်တန်းအောင်လက်မှတ် ဖြစ်ပါတယ်။

📖 Subjects Of GED - GED မှာ ဘာတွေသင်ရမလဲ? 📖

GED မှာ Mathematical Reasoning, Reasoning Through Language Arts, Social Studies, Science ဆိုတဲ့ ဘာသာရပ်(၄)ခုအကြောင်းကို သင်ကြားရမှာဖြစ်ပါတယ်။

📍 𝐀𝐛𝐨𝐮𝐭 𝐌𝐚𝐭𝐡𝐞𝐦𝐚𝐭𝐢𝐜𝐚𝐥 𝐑𝐞𝐚𝐬𝐨𝐧𝐢𝐧𝐠
ဒီဘာသာရပ်မှာဆိုရင် Basic Math, Geometry, Basic Algebra, Graphs and Functions တွေအကြောင်းကို သင်ကြားရမှာဖြစ်ပြီး ကျောင်းသားအနေနဲ့ Formula တွေကို အလွတ်ကျက်ဖို့မလိုပါဘူး။ စာမေးပွဲမှာ Formula Sheet ကို ပေးထားမှာဖြစ်ပါတယ်။

📍 𝐀𝐛𝐨𝐮𝐭 𝐑𝐞𝐚𝐬𝐨𝐧𝐢𝐧𝐠 𝐓𝐡𝐫𝐨𝐮𝐠𝐡 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐀𝐫𝐭𝐬
ဒီဘာသာရပ်ကတော့ Reading နဲ့ Writing, Grammar တွေကိုပါ သင်ယူလေ့လာရမယ့် ဘာသာရပ်ဖြစ်ပြီး Reading for Meaning, Identifying and Creating Arguments, Grammar and Language စတဲ့ အကြောင်းအရာတွေကို သင်ယူရမှာဖြစ်ပါတယ်။

📍 𝐀𝐛𝐨𝐮𝐭 𝐒𝐨𝐜𝐢𝐚𝐥 𝐒𝐭𝐮𝐝𝐢𝐞𝐬
GED ဟာ အမေရိကန်အထက်တန်းအောင်လက်မှတ် ဖြစ်တာနဲ့အညီ Social Studies မှာ သင်ယူရမယ့် သမိုင်းကြောင်းတွေကလည်း စိတ်ဝင်စားစရာ အမေရိကန် သမိုင်းကြောင်းဖြစ်ပါတယ်။

📍 𝐀𝐛𝐨𝐮𝐭 𝐒𝐜𝐢𝐞𝐧𝐜𝐞
သိပ္ပံဘာသာရပ်မှာ သင်ယူလေ့လာနိုင်မယ့် အကြောင်းအရာတွေကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ Meaning in Science, Designing and Interpreting Science Experiments, Using Numbers and Graphics in Science ဆိုတဲ့ Topics တွေကို လေ့လာနိုင်မှာပါ။

👨 ဘယ်လိုလူတွေ GED ကို ဖြေဆိုသင့်လဲ? 👨

အရင်အစိုးရပညာရေးစနစ် (၁၀)တန်း အောင်ထားသူများ၊
ယခုလက်ရှိ (၁၂)တန်း မအောင်မြင်သေးသူများ၊
အသက် ၁၄ ပြည့်ပြီး (၇/၈)တန်းအရွယ် ကျောင်းသားကျောင်းသူများအနေနဲ့ ..

နိုင်ငံခြားမှာ ကျောင်းတက်ဖို့
Scholarship တွေရဖို့
ကိုယ့်အတွက် ရွေးချယ်စရာ အခွင့်အလမ်းတွေ ပိုမိုများပြားဖို့
အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးလာစေဖို့ GED ကို တက်ထားသင့်ပါတယ်။

🎯 စာမေးပွဲအတွက် အသက်ကန့်သတ်ချက်များ🎯

အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်း GED ကို ဖြေဆိုနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်က အဲဒီအရွယ်မရောက်ခင်မှာ အကြောင်းအမျိုးမျိုးကြောင့် ကြိုတင်ဖြေဆိုချင်တယ်ဆိုရင်တော့ အနည်းဆုံး အသက် (၁၆)နှစ်ပြည့်ဖို့လိုအပ်ပြီး မိဘအုပ်ထိန်းသူရဲ့ ခွင့်ပြုချက်နဲ့ GED Exam ကို ဖြေဆိုနိုင်ပါတယ်။

✍️ စာမေးပွဲအကြောင်း အသေးစိတ် ✍️

GED exam ရဲ့ အားသာချက်က ဘယ် Subjects ကိုမဆို ကိုယ်ကြိုက်တဲ့နေ့မှာ Test Center တွေနဲ့ အချိန် Schedule လုပ်ပြီး ဖြေလို့ရပါတယ်။

(၄)ဘာသာလုံး တစ်ခါတည်းဖြေလို့ရသလို ကိုယ်အားသာတဲ့ ဘာသာကို အရင်ဖြေပြီး ကျန်ဘာသာရပ်တွေကို သေချာ study ထပ်လုပ်ရင်း အဆင်သင့်ဖြစ်တဲ့အချိန်မှာ ဖြေလို့လည်းရပါတယ်။

GED exam မှာ တစ်ဘာသာချင်းစီရဲ့ အမှတ်ပြည့်က 200 ဖြစ်ပြီး ‌အောင်မှတ်က 145 ဖြစ်ပါတယ်။ စုစုပေါင်း အမှတ် 800 ဖိုး မေးခွန်းထုတ်ပြီး  (၄)ဘာသာလုံး အကုန်အောင်မှသာ GED certificate ကို ရရှိမှာပါ 📜

အောင်မှတ် (Passing Score) - 145
နိုင်ငံခြားမှာ ကျောင်းတက်ဖို့ ပြင်ဆင်ထားသင့်တဲ့အမှတ် (College Ready) - 165 to 174
Scholar အတွက်ပါ ကြိုးစားချင်တယ်ဆိုရင်တော့ (College Ready + Credit) - 175 to 200 ဖြစ်ပါတယ်။

အကယ်၍ ကိုယ်က Passing Score မရခဲ့လို့ဖြစ်ဖြစ်၊ ကိုယ်လျှောက်မယ့်ကျောင်းအတွက် လိုတဲ့အမှတ်ကို မမီလို့ဖြစ်ဖြစ် Test Retake ပြန်လုပ်ချင်တယ်ဆိုရင်လည်း ရပါသေးတယ် 💪

💸 Cost of exam 💸

GED ရဲ့ စာမေးပွဲကြေးက တစ်ဘာာသာကို US$ 80 ဖြစ်ပြီး စုစုပေါင်း (၄)ဘာသာအတွက် Total  US$ 320 ကျသင့်မှာဖြစ်ပါတယ်။ GED Exam fees က တဘာသာကို 80$ ကျသင့်မှာဖြစ်ပြီး စုစုပေါင်း ၄ဘာသာအတွက် 320$ ကျသင့်မှာပါ။

ဒီလောက်ဆိုရင် GED အကြောင်းကို သေချာသိပြီလို့ထင်ပါတယ်။ မကြာခင်မှာလည်း LLC မှ GED Class များကို ဖွင့်လှစ်တော့မှာဖြစ်လို့ တက်ရောက်ချင်တယ်ဆိုရင်တော့ Page ကို Like & Follow လုပ်ထားလိုက်တော့နော်

ᴸᴸᶜ ᶠᵃᶜᵉᵇᵒᵒᵏ ᴾᵃᵍᵉ
https://www.facebook.com/profile.php?id=100091426937591&mibextid=ZbWKwL

ᴸᴸᶜ ᵀᵉˡᵉᵍʳᵃᵐ ᶜʰᵃⁿⁿᵉˡ
https://t.me/LavenderLanguageCenter1642023

#LLC #Lavender_Language_Center
#WhatIsGED? #GED
#content_by_Nyein_Pyae_Sone
#graphic_by_Phyo_Pyae_Sone_Aung

1 week, 1 day ago
**World Mental Health Day**

World Mental Health Day

ကမ္ဘာစိတ်ကျန်းမာရေးနေ့လေးမှာ အရင်ဆုံး စိတ်ဖိအားတွေ ခဏမေ့ပြီး ဒီနေ့အထိ ကြိုးစားရှင်သန်နေတဲ့ မိမိကိုယ်ကို ချီးကျူးစကားလေး ပြောလိုက်ပါနော်။

🔍ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ရဲ့ ရည်ရွယ်ချက်က ကမ္ဘာတစ်ဝှမ်းမှာ ရှိတဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို အသိပညာမြှင့်တင်ဖို့နဲ့ စိတ်ကျန်းမာရေးအတွက် ကြိုးပမ်းအားထုတ်မှုများကို လှုံ့ဆော်ဖို့ ဖြစ်ပါတယ်။
ဒီနေ့ဟာ စိတ်ကျန်းမာရေးနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေမှာ လုပ်ဆောင်နေသူအားလုံးကို သူတို့ရဲ့ အလုပ်အကြောင်းနဲ့ ကမ္ဘာတစ်ဝှမ်းက လူတွေအတွက် စိတ်ကျန်းမာရေးစောင့်ရှောက်မှုကို အမှန်တကယ်လုပ်ဆောင်ဖို့ နောက်ထပ် လုပ်ဆောင်ရမယ့် အရာတွေကို ပြောဆိုဖို့ အခွင့်အလမ်းတစ်ခုလည်း ဖြစ်ပါတယ်။

📺 အောက်တိုဘာလ 10ရက်နေ့ကို ကမ္ဘာ့စိတ်ကျန်းမာရေးနေ့အဖြစ် သတ်မှတ်ခြင်းမှာ 1992ခုနှစ် ကမ္ဘာ့စိတ်ကျန်းမာရေးအဖွဲ့ချုပ် (World Federation for Mental Health)၏ ကမ္ဘာလုံးဆိုင်ရာ စည်းရုံးလှုံ့ဆော်မှုနှင့် အသိပညာပေးအစီအစဉ်၏ ရလဒ်ဖြစ်ပါတယ်။

📂 1948 ခုနှစ် လန်ဒန်မှာ တည်ထောင်ခဲ့တဲ့ ကမ္ဘာ့စိတ်ကျန်းမာရေးအဖွဲ့ချုပ်ဟာ စိတ်ရောဂါဆိုင်ရာ ခံယူချက်တွေကို ပြောင်းလဲဖို့ အားပေးရေးနဲ့ ပညာရေးမှာ ပါဝင်ခဲ့တာ 62 နှစ်ရှိနေပါပြီ။ နှစ်တိုင်း WFMHဟာ WMHDအတွက် ဆောင်ပုဒ်တစ်ခုကို ရွေးချယ်ပြီး လူထုပညာပေးပစ္စည်းများကို ထုတ်လုပ်ကာ website အချက်အလက်များနဲ့ CD များကတစ်ဆင့် ကမ္ဘာတစ်ဝှမ်းရှိတဲ့ အဖွဲ့အစည်းများကို ဖြန့်ချိပေးပါတယ်။

🌻စိတ်ကျန်းမာရေးက လူတိုင်းနဲ့ ဆိုင်ပါတယ်။ စိတ်ကြည်ရင် အရာရာဟာ လှပနေသလို စိတ်ညစ်ရင် ဒေါသတွေ၊ ဝမ်းနည်းမှုတွေ၊ မကောင်းမြင်မှုတွေ စုပြုံလာတတ်ပါတယ်။ စိတ်ညစ်ညူးလာရင် တရားထိုင်ခြင်း၊ ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ခြင်း၊ မိမိကို နားလည်ပေးသူများနဲ့ စကားပြောခြင်းစတဲ့ စိတ်အပန်းဖြေခြင်းများကို ပြုလုပ်သင့်ပါတယ်။

anxiety, trauma အပြင် daily crisisဖြစ်နေတဲ့ ကမ္ဘာကြီးမှာ ပြဿနာတွေ အပ,ထားပြီး နေချင်သလို နေလို့မရပေမဲ့ တစ်ခါတစ်လေမှာတော့ ကိုယ့်ကိုကိုယ် အနားပေးတဲ့အနေနဲ့ အလုပ်၊ စာ၊ ဆိုရှယ်မီဒီယာများကို ခဏဖယ်ထားပြီး အမှတ်တရလေးတွေ ဖန်တီးပါ။ အိပ်တာလည်း အိပ်မက်ထဲ အမှတ်တရဖန်တီးတာပါပဲ။ ; )

🍀စိတ်ကျန်းမာ ကိုယ်ကျန်းမာနဲ့ အိပ်မက်ပန်းတိုင်များကို လျှောက်လမ်းနိုင်ပါစေလို့ ကျွန်တော်တို့ LLCမိသားစုနဲ့ ဆုတောင်းမေတ္တာပို့သရင်း ဒီစာလေးကို အဆုံးသတ်လိုက်ပါတယ်။

ᴸᴸᶜ ᶠᵃᶜᵉᵇᵒᵒᵏ ᴾᵃᵍᵉ
https://www.facebook.com/profile.php?id=100091426937591&mibextid=ZbWKwL

ᴸᴸᶜ ᵀᵉˡᵉᵍʳᵃᵐ ᶜʰᵃⁿⁿᵉˡ
https://t.me/LavenderLanguageCenter1642023

#LLC #Lavender_Language_Center
#WorldMentalHealthyDay
#content_by_Lan
#graphic_by_Shune_Htet_Aung

3 months ago

Preparing for Scholarship in US

အမေရီးကားမှာစကော်ဘာလျှောက်ဖို့ဘာတွေပြင်ထားရမလဲ?

ပထမဆုံးအနေနဲ့ကျောင်းလျှောက်နိုင်ဖို့ အထက်တန်းအောင်လက်မှတ်တစ်ခုလိုအပ်ပါမယ်။
ဥပမာပြောရရင် GED (or) SAT (or) IGCSE

အဲ့လိုအောင်လက်မှတ်ရှိပြီးရင် extra curriculum လိုအပ်ပါတယ်။ ‌‌ဒီ extra curriculum ကတော့ကိုယ့်ရဲ့ volunteering experience တွေနဲ့ recommendations တွေပါပဲ။ အဲ့တော့ recommendation letter တွေရမယ့် organization တွေမှာလုပ်တာကပိုထိရောက်နိုင်မှာပါ။
(Note - Recommendation letter က volunteer လုပ်မှမဟုတ်ပဲ ဆရာဆရာမတွေ၊လုပ်ဖော်ကိုင်ဖက်‌တွေစီကတဆင့်ရတာတွေကိုလဲလက်ခံကြပါတယ်။)

ဒါတွေပြီးရင်တော့ Personal Statement Essay သုံးခုလောက်ကြိုပြင်ဆင်ထားဖို့လိုပါပြီ။
ဒီ Essay ထဲမှာတော့ ဘာကြောင့် study abroad လုပ်ချင်တာလဲ၊ ကိုယ့်ရဲ့ရည်မှန်းချက်တွေကဘာလဲနဲ့ ဘာကြောင့်ပညာသင်စုထိုက်တန်တယ်ဆိုတာတွေကိုရေးသားထားရမှာပါ။
ဒါ့အပြင် ကိုယ့်ရဲ့ Resume/CV ကိုပါပြင်ဆင်ထားသင့်ပါတယ်။

Fully Funded လား Finical Aids ပဲယူချင်တာလားကိုတော့ကိုယ်တိုင်ပဲရွေးချယ်ကြပါ။‌ရွေးပြီးရင်တော့ဘာကြောင့်လိုအပ်တယ်ဆိုတာရှင်ပြရပါမယ်။
လျှေ‌ောက်ဖို့အတွက် Citizenship or Residency Proof လိုအပ်ပါတယ်။ ဒီကနေလျှောက်တဲ့သူတွေဖို့ကတော့ passport or student visa လိုအပ်ပါတယ်။

ဒါတွေကတော့အမေရီးကားမှာစကော်လာလျှောက်ဖို့အတွက်ပြင်ဆင်ထားသင့်တာတွေပဲဖြစ်ပြီး ဒီလိုပြင်ဆင်လျှောက်တဲ့အခါမှာလဲ တစ်ကျောင်းထပ်မကပိုလျှောက်ထားဖို့တိုက်တွန်းချင်ပါတယ်။
တကယ်လို့ application form ကိုကြိုက်နှစ်သက်တယ်ဆိုရင် interview ခေါ်နိုင်ပါသေးတာမို့ အဲ့အတွက်လဲပြင်ဆင်ထားစေချင်ပါသေးတယ်။

ကဲဒါဆိုရင်နောက်ထပ် post တစ်ခုမှပဲပြန်ဆုံကြပါမယ်ခင်ဗျာ။
ᴸᴸᶜ ᶠᵃᶜᵉᵇᵒᵒᵏ ᴾᵃᵍᵉ
https://www.facebook.com/profile.php?id=100091426937591&mibextid=ZbWKwL

ᴸᴸᶜ ᵀᵉˡᵉᵍʳᵃᵐ ᶜʰᵃⁿⁿᵉˡ
https://t.me/LavenderLanguageCenter1642023

#preparingforscholarshipinus
#LLC #Lavender_Language_Center
#Content_by_Lwinphyo
#graphic_by_Lwinphyo

3 months, 1 week ago
3 months, 1 week ago

Thanksgiving Day In The USA

Hello!!! ?

စာတွေပဲလေ့လာနေရတာ ရိုးနေပြီဆိုတဲ့ Eng learners လေးတွေအတွက် ဒီနေ့မှာတော့ Eng speaking country တစ်ခုဖြစ်တဲ့ အမေရိကန်နိုင်ငံရဲ့စိတ်ဝင်စားစရာ Culture တွေထဲကတစ်ခုအကြောင်းကိုအတူလေ့လာကြည့်ကြမယ်နော် ?

?Thanksgiving in the USA

အမေရိကန်မှာ Thanksgiving Day ဟာဆိုရင် နိုဝင်ဘာလရဲ့ စတုတ္ထမြောက်အပတ် ကြာသပတေးနေ့မှာ ကျင်းပတဲ့ အားလပ်ရက်တစ်ခုဖြစ်ပါတယ်။  Thanksgiving day ကတော့ ကောက်ရိတ်သိမ်းပွဲတော်တစ်ခုအဖြစ် စတင်ခဲ့ပြီး 1789 ခုနှစ်မှာတော့  George Washington ရဲ့ ကြေညာချက်တစ်ခုအပြီးမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပခဲ့ကြပါတယ်။  သမ္မတ Abraham Lincoln က နိုဝင်ဘာလ နောက်ဆုံးအပတ် ကြာသပတေးနေ့တွင် Thanksgiving Day ကို ကျင်းပဖို့ အမေရိကန်ပြည်တွင်းစစ်ကာလအတွင်းမှာပဲ ကြေညာသတ်မှတ်ခဲ့ပြီး‌နောက် 1863 ခုနှစ်မှာတော့ National holiday တစ်ခုဖြစ်လာခဲ့ပါတယ်။ ????

? Tradition and Customs

Thanksgiving day လို့ပြောလိုက်တာနဲ့ အရေးကြီးဆုံးနဲ့မပါမဖြစ်လေးကတော့ Thanksgiving dinner ပဲဖြစ်ပါတယ်။ ?️

အဲ့ဒီ dinner မှာဆိုရင် ပုံမှန်အားဖြင့် ကြက်ဆင်အကင်တွေ၊ အဆာပြေစားစရာမုန့်မျိုးစုံ၊ အာလူးထောင်းနဲ့ sauce တွေ၊ ရွှေဖရုံသီးကိတ်တွေစသဖြင့် အရသာစုံလင်လှတဲ့အစားအသောက်မျိုးစုံကို သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့အတူစားသောက်ကြပြီး dinner ပွဲကျင်းပကြပါတယ်။ ?

? How do they celebrate?

အဲ့ဒီနေ့မှာဆိုရင် အမေရိကန်နိုင်ငံရဲ့ မြို့တွေတိုင်းလိုလိုမှာ ချီတက်ပွဲတွေ၊ လူစုဝေးပွဲတွေလုပ်ကြပါတယ်။ New York City မှာကျင်းပတဲ့ Macy's Thanksgiving Day Parade ကတော့ နာမည်အကြီးဆုံးပွဲတစ်ခုပဲဖြစ်ပါတယ်။ ?

ဘောလုံးပွဲကြည့်တာကလည်း Thanksgivng day မှာလုပ်လေ့ရှိတဲ့ popular activity တစ်ခုဖြစ်ပါတယ်။  အဲ့နေ့မှာ NFL(National Football League) ကနေ ဂိမ်းမျိုးစုံကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးတာကလည်း 1920 ခုနှစ်ကတည်းက စတင်ခဲ့တဲ့ ရိုးရာတစ်ခုပဲဖြစ်ပါတယ်။ ??

? Cultural Significance

Thanksgiving day ဟာဆိုရင် မိသားစုတွေပြန်လည်ဆုံဆည်းဖို့အတွက် အချိန်တစ်ခုလဲဖြစ်ပါတယ်။ အဝေးရောက်နေတဲ့မိသားစုဝင်တွေကလည်း အဲ့နေ့မှာ ပြန်လာကြပြီး ညစာစားပွဲကိုအတူကျင်းပလေ့ရှိကြပါတယ်။ ??

စေတနာ့ဝန်ထမ်းလုပ်ငန်းတွေလည်းလုပ်ကြပြီး လိုအပ်တဲ့သူတွေအတွက်အစားအသောက်တွေ လှူဒါန်းကူညီတတ်ကြပါတယ်။ ပရဟိတလုပ်ငန်းတွေလုပ်ဖို့အတွက် တန်ဖိုးရှိတဲ့အချိန်တစ်ခုလည်း ဖြစ်ပါတယ်။ ?

ဒီလောက်ဆိုရင်တော့ အမေရိကန်နိုင်ငံရဲ့အထင်ကရပွဲတော်တစ်ခုဖြစ်တဲ့ Thanksgiving Day ကဘယ်လိုနေ့မျိုးလဲ၊ ဘယ်ကနေစဖြစ်ပေါ်လာခဲ့တာလဲ၊ အဲ့နေ့မှာ ဘာတွေလုပ်ကြလဲဆိုတဲ့အကြောင်းတွေကို တီးမိခေါက်မိရှိသွားမယ်လို့ထင်ပါတယ်‌နော်။

ᴸᴸᶜ ᶠᵃᶜᵉᵇᵒᵒᵏ ᴾᵃᵍᵉ
https://www.facebook.com/profile.php?id=100091426937591&mibextid=ZbWKwL

ᴸᴸᶜ ᵀᵉˡᵉᵍʳᵃᵐ ᶜʰᵃⁿⁿᵉˡ
https://t.me/LavenderLanguageCenter1642023

#thanksgivingdayIntheUSA
#LLC #Lavender_Language_Center
#content_by_Xyla
#graphic_by_emilia

Facebook

Log in or sign up to view

See posts, photos and more on Facebook.

3 months, 1 week ago

? What Type Of Learners Are You ?

သင်ယူလေ့လာခြင်းဆိုတာ ဘယ်တော့မှ ရပ်တန့်လို့အရာမဟုတ်သလို အသက်အရွယ်မရွေး ဆည်းပူးလို့ရတဲ့ အရာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် တချို့က ကိုယ့်ရဲ့ ကိုယ်ပိုင်လေ့လာပုံ လေ့လာနည်း မမှန်တဲ့အခါ အချိန်နဲ့အမျှ ကြန့်ကြာမှုတွေဖြစ်တတ်ပြီး သင်ယူမှု အပိုင်းမှာ လက်လျော့ခြင်း၊ စိတ်ပါဝင်စားမှု လျော့နည်းလာခြင်း၊ ကိုယ့်ကိုယ်ကို အားမလို အားမရဖြစ်ခြင်းတွေပါ ကြုံတွေ့လာရပါတယ်။

အဲ့တော့ LLC နဲ့အတူတူ ကိုယ်ရဲ့ လေ့လာသင်ယူပုံစံက ဘယ်လ်ိုနည်းနဲ့ ကိုက်ညီလဲဆိုတာ  ကြည့်လိုက်ရအောင်...

  1. Visual learners ?
    အမြင်အားဖြင့် သင်ယူလေ့လာမှုပုံစံမျိုးဆိုတာ အရောင်၊ ရုပ်ပုံ၊  ဇယား၊ ပုံကြမ်း၊ flash card၊ ရေးမှတ်ထားတဲ့ စာတို စာစတွေနဲ့ လေ့လာခြင်းဖြစ်ပါတယ်။

  2. Auditory learners ?
    နားထောင်ခြင်း သင်ယူမှု အပိုင်းမှာဆိုရင် စာပေ၊ ဆွေးနွေးပွဲများ၊ audio စာအုပ်များနှင့် lecture တွေကို record ပြန်နားထောင် လေ့လာသင်ယူခြင်း ဖြစ်ပါတယ်။

  3. Kinesthetic learners ⚙️
    နောက်ဆုံးအနေနဲ့ သင်ယူလေ့လာခြင်းက လက်တွေ့ကျကျ လှုပ်ရှားမှုများနှင့် ပေါင်းစပ်လေ့လာမှုပုံစံဖြစ်ပါတယ်။ ဥပမာအားဖြင့် role play အနေနဲ့ လေ့လာခြင်း နှင့်  အခြားသော စမ်းသပ်လေ့လာမှုအပိုင်းတွင် ကိုယ်ကိုယ်တိုင် ပါဝင် လေ့လာ ဆည်းပူးခြင်းတို့ဖြစ်ပါတယ်။

ဒါဆို ကိုယ်က ဘယ်လို ကိုယ်ပိုင် နည်းဟန် သင်ယူမှုမျိုးနဲ့ပိုပြီး သင့်လျော်သလဲဆိုတာ အနည်းအကျဉ်းတော့ သိသွားလောက်မယ်လို့ မျှော်လင့်ပါတယ်။

Lavender Language Center Social Media Platforms

Facebook
https://www.facebook.com/profile.php?id=100091426937591&mibextid=ZbWKwL

Telegram
https://t.me/LavenderLanguageCenter1642023

#What_type_of_leaners_are_you#LLC #Lavender_Language_Center
#Content_by_Diana
#GraphicDesign_by_Me_Me_Kyaw

Facebook

Log in or sign up to view

See posts, photos and more on Facebook.

3 months, 2 weeks ago

Financial Planning for Study aboard

Studying aboard လုပ်နေစဉ်အတွင်းမှာ Financial planning လုပ်ရတာဟာ ကျောင်းသားတွေအတွက်တော်တော်လေး Challenging ဖြစ်နေပါတယ်။??

ဒါပေမဲ့ ဒီလိုမျိုး Planning လုပ်ခြင်းအားဖြင့် ကိုယ့်ရဲ့အသုံးအစရိတ်ကို ဘယ်လိုမျိုး ကာမိအောင်နေရမယ်၊ အရေးပေါ်အခြေနေတွေအတွက်  ငွေဘယ်လောက် ချန်ထားနိုင်မလဲဆိုတာ ခွဲခြားနိုင်မှာဖြစ်ပါတယ်။
ဒီနေ့မှာတော့ Study aboard လုပ်မယ့် ကလေးတွေ‌ရော Studying aboard လုပ်နေတဲ့ ကျောင်းသားတွေအတွက် financial planning tips လေးတွေ အနည်းငယ် ပြောပြပေးသွားပါမယ်။?

?Research

နိုင်ငံအသစ်တစ်ခုကို အ‌ခြေမချခင် ထိုနိုင်ငံရဲ့ Finance နဲ့ဆိုင်တဲ့ information တွေကို သေချာလေး Research လုပ်ထားဖို့လိုပါတယ်။ local currency ကိုလဲ နားလည်ထားပြီး ငွေလဲနှုန်းကိုလည်း ရင်းနှီးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ငွေကြေးလဲလှယ်မည့်အချိန်များမှာ အကောင်းဆုံးဖြစ်အောင် ငွေဈေး အတက်အကျများကို Researchလုပ်ရန်လည်း အရေးကြီးပါတယ်။

?Create a Budget

ကိုယ့်ရဲ့ နေ့စဉ်/အပတ်စဉ်နဲ့ လစဉ်ကုန်ကျစရိတ်တွေကို ခန့်မှန်းပြီး Listလုပ်ထားသင့်ပါတယ်။ transportation, food နဲ့ entertainment အစရှိသောလက်တွေ့ကျ‌တဲ့ အရာများကို List မှာထည့်သွင်းထားတာက ကိုယ့်အတွက် အပိုမကုန်အောင် အသုံးစရိတ်ကို ထိန်းချုပ်ပေးနိုင်ပါတယ်။

?Get a local bank account

နိုင်ငံသစ်မှာ အခြေချနေထိုင်သည့်အခါ ကနဦးဘဏ္ဍာရေးအဆင့်ဖြစ်တာကြောင့် ပြည်တွင်းဘဏ်အကောင့်တစ်ခုရှိဖို့ ဦးစားပေးသင့်ပါတယ်။ Bank account ရှိခြင်းအားဖြင့် ငွေလွှဲခများကို လျှော့ချနိုင်ပါတယ်။ဒီနေရာမှာ - ငွေပေးငွေယူ အခကြေးငွေများအကြောင်း research လုပ်ထားဖို့လိုပါတယ်။

?Uphold lifestyle

ကိုယ့်ရဲ့နေထိုင်မှုပုံစံအတွက် မိဘတွေစီကပဲတောင်းနေတာမျိုးမဟုတ်ပဲ Part time job တစ်ခုရအောင်လုပ်ပါ။  အချို့နိုင်ငံတွေမှာ ကျောင်းသားတွေက တစ်ပတ်မှာ နာရီ 20အထိအလုပ်လုပ်ခွင့်ရှိပါတယ်။  အလုပ်ရှာဖွေရာမှာ တစ်ခုထည့်သွင်းစဉ်းစားရမှာကအလုပ်ခေါ်စာထဲမှာ ကျောင်းသားvisaနဲ့ အလုပ်လုပ်နိုင်ခြင်း ရှိ၊ မရှိ စစ်ဆေးရန်လိုအပ်ပါတယ်။

?Take advantages of the Student Card

restaurant တွေ၊ ရုပ်ရှင်ရုံ‌တွေ၊ သယ်ယူပို့ဆောင်ရေးနဲ့ showroom တွေမှာ ကျောင်းသားတွေအတွက် သီးသန့် Discount တွေရနိုင်တာကြောင့် ကျောင်းသားကတ်ကို စောစောစီးစီးရထားတာက ဈေး၀ယ်ရာမှာအ‌ တော်လေးအထောက်အကူဖြစ်စေပါတယ်။ 

?learn to cook

Fresh ဖြစ်တဲ့ ingredients‌ တွေ၀ယ်ပြီးကိုယ်ဘာသာကို အိမ်မှာပဲချက်စားမယ်ဆိုရင် 30% to 50% လောက် Budget saveဖြစ်စေမှာပါ။ အကယ်၍ ကိုယ်ကအချိန်မလုံလောက်ဘူးဆိုရင်  တစ်ခါတည်းများများ ချက်ပြုတ်ထားပြီး ရေခဲသေတ္တာထဲမှာ သိမ်းဆည်းကာ ကိုယ်စားခါနီးမှ အပူပြန်‌ ပေးပြီး စားနိုင်ပါတယ်။

studying aboard ‌လုပ်နေစဉ် ငွေကြေးသုံးစွဲမှုမှာ စိန်ခေါ်မှုတွေရှိနိုင်ပေမယ့် ကောင်းကောင်းစီမံခန့်ခွဲနိုင်ရင် အဆင်ပြေနိုင်ပါတယ်။  UK/ US/ နှင့် သြစတြေးလျတို့ကဲ့သို့ နိုင်ငံတွေမှာ ပညာသင်ကြားခြင်းက ဘဝနေထိုင်မှုပုံစံကို အဆင့်မြှင့်တင်ရန် အဆုံးမရှိသောအခွင့်အရေးများပေး နေမှာပဲဖြစ်ပါတယ်။?

ᴸᴸᶜ ᶠᵃᶜᵉᵇᵒᵒᵏ ᴾᵃᵍᵉ
https://www.facebook.com/profile.php?id=100091426937591&mibextid=ZbWKwL

ᴸᴸᶜ ᵀᵉˡᵉᵍʳᵃᵐ ᶜʰᵃⁿⁿᵉˡ
https://t.me/LavenderLanguageCenter1642023

#Lavender_Language_Center
#Content_by_Ellery
#Graphic_by_Alice

3 months, 2 weeks ago

Plastic Free July

Do you know  plastic items can take up to 1000 years to decompose in landfills!

နေ့စဉ်ကျနော်တို့ဘဝထဲအသုံးပြုနေကြတဲ့ plastic ပစ္စည်းတွေကဆွေးမြေ့ဖို့အတွက်နှစ်ပေါင်းတစ်ထောင်ထိကိုကြာမြင့်နိုင်ကြပါတယ်။
ဒါ့အပြင်မြန်မာပြည်ရဲ့လူသုံးအများဆုံးပစ္စည်းဖြစ်တဲ့ ပလက်စတစ်အိတ်တွေဟာဆွေးမြေ့ဖို့အတွက်နှစ်ပေါင်း ၂၀လောက်ထိကြာမြင့်ပါတယ်။

စနစ်တကျစွန့်ပြစ်ခြင်းလည်းကင်းမဲ့နေတော့ သဘာဝပတ်ဝန်းကျင်ယို့ယွင်းသည့်အပြင် ဒီပလက်စတစ်အိတ်တွေကြောင့် နှစ်စဉ်တိရိစ္ဆာန် 1 million ကျော်ထိသေဆုံးနေကြရပါတယ်။

ဒီလိုကြောက်စရာကောင်း‌တဲ့ပလက်စတစ်တွေကိုကိန်းဂဏန်းပေါင်းများစွာဆက်လက်ထုတ်လုပ်နေမယ်၊ ဟန့်တားမှုကင်းမဲ့နေမယ်ဆိုရင် အခုထက်ပိုပြီးအသက်ပေးလာကြရပါလိမ့်မယ်။

Plastic Free July ဟာအထက်ပါအန္တာရယ်တွေကိုအတက်နိုင်ဆုံးလျှော့ချနိုင်ဖို့အတွက် Rebecca Prince-Ruiz နဲ့ Western Australia ရဲ့ local government အဖွဲ့တို့အခြေပြုပြီး Plastic Free Foundation ကို 2011 July မှာစတင်ခဲ့ကြပါတယ်။

အစဦးပိုင်းမှာ Australia နိုင်ငံတစ်ခုတည်းအတွင်းလှုပ်ရှားမှုဖြစ်ခဲ့ပေမဲ့ အချိန်တိုအတွင်းနိုင်ငံပေါင်း 170 ကျော်ထိပြန့်နှံသွားခဲ့ကြရာ ယနေ့တိုင်ကမ္ဘာတစ်ဝှမ်း Plastic Free July မှာပါဝင်သူ‌တွေဟာနှစ်စဥ်ပိုမိုများပြားနေဆဲဖြစ်ပါတယ်။

ဒီ Plastic Free July မှာပါဝင်ဖို့ဆိုတာကထင်ထားသလောက်မခက်ခဲတဲ့ challenge လေးဖြစ်ပါတယ်။ အဓိကအချက်ကတော့ Say No to Single-Use Plastic ပါပဲ။ ပြီးတော့ plastic သုံးဆွဲမှုကိုအတက်နိုင်ဆုံးလျှော့ချပြီး အစားထိုးပစ္စည်းတွေကိုကိုယ်တိုင်ဖန်တီးပြီးဖြစ်စေ၊ ဝယ်ယူသုံးတာပဲဖြစ်စေ ကိုယ့်ရဲ့ဖန်းတီးနိုင်စွမ်းကိုပါမြှင့်တင်နိုင်မှာပဲဖြစ်ပါတယ်။

အများအကျိုးဆောင်ကိုယ်ကျိုးအောင်ဆိုသလို တရိစ္ဆာန်လေးတွေရဲ့အသက်ကိုပါကယ်တင်ပြီးသားဖြစ်နိုင်သေးတာမို့ Plastic Free July လေးမှာကျွန်တော်တို့ Lavender Language Center (LLC) နဲ့အတူပါဝင်ပြီးပလက်စတစ်ဆန်မှုလေးတွေကိုလျှော့ချလိုက်ကြရအောင်လားဗျာ!

ᴸᴸᶜ ᶠᵃᶜᵉᵇᵒᵒᵏ ᴾᵃᵍᵉ
https://www.facebook.com/profile.php?id=100091426937591&mibextid=ZbWKwL

ᴸᴸᶜ ᵀᵉˡᵉᵍʳᵃᵐ ᶜʰᵃⁿⁿᵉˡ
https://t.me/LavenderLanguageCenter1642023

#PlasticFreeMonth
#LLC #Lavender_Language_Center
#contnent_by_lwinphyoe
#Graphic_by_Emilia

We recommend to visit

Community chat: https://t.me/hamster_kombat_chat_2

Twitter: x.com/hamster_kombat

YouTube: https://www.youtube.com/@HamsterKombat_Official

Bot: https://t.me/hamster_kombat_bot
Game: https://t.me/hamster_kombat_bot/

Last updated 1 month ago

Your easy, fun crypto trading app for buying and trading any crypto on the market

Last updated 4 weeks, 1 day ago

Turn your endless taps into a financial tool.
Join @tapswap_bot


Collaboration - @taping_Guru

Last updated 2 weeks, 1 day ago