ကြော်ငြာထည့်သွင်းလိုပါက official account ??တခြားအကောင့်မသုံးပါ
@Vip_admin_3
https://t.me/+TFfwUKIkxDBlZWJl
Last updated 3 months, 2 weeks ago
Last updated 2 months ago
Admin ဆီသို့ဆက်သွယ်ရန်?
@Contact_Summer_Bot
Last updated 1 month, 2 weeks ago
ဒီဘက်မှာအခြေအနေတွေ မကောင်းဘူးဖြစ်နေတယ်🥺
အဲ့ဘက်တွေမှာရောဟင်
Hello Good Morning ပါ Buddies လေးတို့ရေ
ထက်ကတော့ အခုရက်လေးတင်ပဲ စိတ်ကျသွားတာနဲ့ ဒီနေ့မှပြန်ပြီး academic comeback ပြန်လုပ်ရတော့မယ်
ဒါနဲ့စကားမစပ်...
ASEAN scholarship လျှောက်ဖို့စဉ်းစားထားတဲ့သူတွေရှိကြလားနော်🥺
တစ်နေ့ကို ဘယ်နှစ်နာရီလောက် စာလုပ်ဖြစ်ကြလဲ Buddies လေးတို့ရေ...
ကိုယ်စာလုပ်တဲ့အချိန်က လုံလောက်တယ်လို့ရောထင်လား
ဘယ်လိုထင်လဲ👩💼
ဘာကြောင့်ရော အဲ့လိုထင်တာလဲ ဆွေးနွေးပေးသွားကြပါဦး😍
??ရင်ခွင်မဲ့ ဖြစ်နေတဲ့ မျိုးဆက်သစ်ကလေးငယ်များရဲ့ အနာဂတ်လှပပြီး တိုင်းပြည်အတွက်အကျိုးပြုမယ့် လူတော်လူကောင်းလေးတွေအဖြစ် ကြီးပြင်းလာစေဖို့ ပါဝင်ကူညီလှူဒါန်းချင်တယ်ဆိုရင်တော့...?
???ကလေးသူငယ်တွေမှာ မိဘတွေရဲ့ တာဝန်လစ်ဟင်းမှု၊ တာဝန်မယူနိုင်မှုတို့ကြောင့် အစွန့်ပစ်ခံလေးတွေ ဖြစ်လာကြရပြီး တစ်ချို့ကလည်း မိဘနှစ်ပါးစလုံး မရှိတော့တာကြောင့် မိဘမဲ့ကလေးလေး ဖြစ်လာကြရပါတယ်။
?ကလေးသူငယ် အခွင့်အရေးဆုံးရှုံးမှုပြဿနာဟာ အင်မတန်ကို အရေးကြီးပါတယ်။
?အထူးသဖြင့်တော့ မိဘမဲ့ကလေးလေးတွေက ဆုံးရှုံးမှုအများဆုံးဖြစ်ပြီးတချို့မိဘမဲ့ကျောင်းတွေက အလှူရှင်တွေရှိတာကြောင့် အထောက်အပံ့ ကောင်းကောင်းရကြပေမဲ့ တချို့ချောင်ကျတဲ့ မြို့ငယ်၊ ရွာငယ်လေးမှာရှိတဲ့ မိဘမဲ့ကျောင်းလေးတွေကတော့အခုထိချို့တဲ့နေဆဲ ဖြစ်ပါတယ်။?️
?ဒါကြောင့် ထက်တို့ကျောင်းရဲ့ Project Based learning မှာ Global perspective ဘာသာရပ်အတွက် project လေးတစ်ခုကို ထက်တို့ရဲ့ Group 3 (Eclipse) အဖွဲ့က သူငယ်ချင်းတွေ စုပေါင်းပြီး.... ?
?️16/11/2024 တန်ဆောင်မုန်းလဆုတ်1ရက်၊ စနေနေ့မှာ
?ကလေးဦးရေ ၈၀ဦး၊ ဆရာမဦးရေ ၁၅ဦးရှိတဲ့၊
?ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ ရှိတဲ့ မျိုးဆက်သစ်မိဘမဲ့ဂေဟာကိုသွားရောက်ပြီး ကလေးတွေအတွက် လိုအပ်မယ့် စာရေးကိရိယာ၊ မုန့်နဲ့ ??အာဟာရဒါနလေးလုပ်ဖို့ စီစဉ်ထားကြပါတယ်။
?အခုလောလောဆယ်တော့ လှူဖို့အတွက် ငွေကျပ် ဆယ်သိန်းတိတိကို သူငယ်ချင်း ငါးယောက်နဲ့ မိသားစုဝင်တချိူ့က စုမိပြီဖြစ်ပါတယ်။
?အကယ်၍ ကိုယ်ကလည်း မိဘမဲ့ကျောင်းတွေကို သွားလှူချင်တယ်၊ ကိုယ်တိုင်လည်း သွားမလှူနိုင်ဘူး၊ အရမ်းအများကြီးလည်း မတတ်နိုင်ဘူးဆိုရင် ?ထက်တို့သွားလှူမယ့် အလှူကလေးမှာ ??တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်လှူဒါန်းလို့ ရပါတယ်။
?နည်းတယ်များတယ် ကိုယ်တတ်အားသလောက် လှူနိုင်ပါတယ်ရှင့်
??ရင်ခွင်မဲ့ ဖြစ်နေရတဲ့ မျိူးဆက်သစ် ကလေးငယ်တွေအတွက် နောင်တစ်ချိန်မှာ အနာဂတ်လှပပြီး တိုင်းပြည်အတွက် အကျိုးပြုစေဖို့ အတွက် ထောက်ပံ့ပေးချင်တယ် ဆိုရင်တော့??
ထက်ရဲ့ Tg acc -? @hanako1314
မှာ လာရောက်လှူဒါန်းနိုင်သလို ထက်ရဲ့ သူငယ်ချင်းတွေ ရဲ့ Tg acc -
? @law_alone0_0
? @Shenzzrr
? @D18doraa
? @Kentthe
မှာလည်း 14/11/2024၊ ကြာသပတေးနေ့နောက်ဆုံးထားပြီး လှူဒါန်းပေးနိုင်ပါတယ်ရှင့်
?အကယ်၍ အဆင်ပြေမယ်ဆိုရင် ကလေးလေးတွေအတွက် အထောက်အပံ့ပိုရဖို့ ဒီပို့စ်လေးကိုလည်း sharing လုပ်ပေးကြပါဦးနော်?
Singapore ASEAN Scholarship Program ကို ဆွတ်ခူးနိုင်အောင် အကောင်းဆုံးပြင်ဆင်နိုင်မယ့်နည်းလမ်း
Secondary 3 ကနေ Pre-University 2 အထိ 4 နှစ်တိတိ Fully Funded Scholarship ရရှိမယ့် ASEAN Scholarship Program ကို ဆွတ်ခူးဖို့ရည်မှန်းထားတဲ့ ကျောင်းသား/ကျောင်းသူများအတွက် ဘယ်လို Prepare လုပ်ထားသင့်တယ်ဆိုတဲ့ နည်းလမ်းကောင်းတွေကို ဝေမျှပေးချင်ပါတယ်။
ဒီစာမေးပွဲဟာဆိုရင် English စာကို Academic နဲ့ Language ပိုင်းအပြင် Maths, IQ, General Knowledge ကိုပါ စစ်ဆေးတာဖြစ်လို့ လွယ်ကူတဲ့စာမေးပွဲတော့မဟုတ်ပါဘူးနော်။
ဒါကြောင့် Short List မထွက်ခင်မှာတည်းက စာမေးပွဲအတွက် သေချာအာရုံစိုက်ပြီး ကြိုတင်ပြင်ဆင်မှုတွေလုပ်ဆောင်ထားမှ လူပင်ပန်း စိတ်ပင်ပန်းတဲ့ဒဏ်တွေ လျော့ပါးနိုင်မှာဖြစ်ပါတယ်။
ဒါဆို မေးခွန်ပုံစံတွေ၊ ဖြေဆိုပုံတွေနဲ့ ပြင်ဆင်ထားသင့်တဲ့ နည်းလမ်းတွေကို လေ့လာကြည့်ရအောင်နော်…..
✍️ Maths Exam
အရင်ဆုံးစတင်ဖြေဆိုရမယ့် Maths Exam ကို မနက် 8:30 am မှာစတင်မှာဖြစ်ပြီး ဖြေဆိုချိန်စုစုပေါင်း 2 နာရီ 15 မိနစ်ပေးထားပါတယ်။ မေးခွန်းအနေအထားကတော့ လွယ်တာကနေ တဖြည်းဖြည်းခက်တဲ့ပုံစံ ထည့်သွင်းထားပြီး စုစုပေါင်းမေးခွန်း (30) ကနေ (40) အထိပါဝင်နိုင်ပါတယ်။ လွယ်တဲ့အပိုင်းကတော့ Academic Maths ဖြစ်ပြီး ခက်တဲ့အပိုင်းမှာတော့ အိုလံပစ်သင်္ချာမေးခွန်းတွေဖြစ်ပါတယ်။
Maths Exam အတွက် ပြင်ဆင်ရမယ့် အပိုင်းတွေကတော့ Singapore Past Years Paper နှစ်နီးတာတွေနဲ့ Curriculum Content တွေ ကြိုကြည့်ထားပြီး Test တွေ ဖြေကြည့်ထားသင့်ပါတယ်။ Olympiad Class တွေကြိုတက်ထားပြီး ဖြစ်နိုင်ရင် အိုလံပစ်ပြိုင်ပွဲမှာ ဆုတစ်ခုခုချိတ်ထားတာ အကောင်းဆုံးပါပဲ။ IQ, Challenging Maths နဲ့ Heuristic Thinking Skill တွေထပ်ဖြည့်ပြီး AEIS မေးခွန်းဟောင်းတွေကိုလည်း Reference ယူကာ တစ်လလောက်ကြိုတင်ပြင်ဆင်ထားရင်တော့ အဆင်ပြေနိုင်ပါတယ်။
အဓိကက Maths Exam ဟာ Calculator သုံးလို့မရတာကြောင့် စေ့စပ်သေချာဖို့ အရေးကြီးသလို အခက်ဆုံးမေးခွန်းကိုတောင် (6) မိနစ်လောက်ပဲ ဖြေဆိုချိန်ရတဲ့အတွက် Time Management ကောင်းကောင်းနဲ့ ဖြေဆိုတတ်ဖို့ အရေးကြီးပါတယ်။
Maths Exam ပြီးရင်တော့ နာရီဝက်အနားယူခွင့်ရှိပြီး အဲ့ဒီအချိန်အတွင်းမှာ Toilet ဝင်ထားဖို့ကို မမေ့ပါနဲ့။
?English Exam
English Exam ကို 11:15 am မှာ စတင်ဖြေဆိုရပြီး Comprehension Paper နဲ့ Essay Paper ဆိုပြီး Paper (2) ခုဖြေရမှာပါ။
◽Comprehension Paper က Maths Exam လောက်မခက်သလို အချိန်ကလည်း 1 နာရီ 45 မိနစ်အထိ ရတဲ့အတွက် အချိန်လုဖြေစရာမလိုပါဘူး။ ဒါပေမယ့် Vocabulary Section မှာတော့ ခက်ခဲနိုင်ပြီး True or False နဲ့ မေးခွန်းတိုလေးတွေမေးမှာဖြစ်ပါတယ်။ နောက်ပြီးတစ်ခုသတိထားရမှာက မေးခွန်းတွေကို စာလုံးရေအကန့်အသတ်နဲ့ ဖြေဆိုရမှာပဲဖြစ်ပါတယ်။
◽Essay Paper အတွက်ကတော့ ဖြေဆိုချိန် မိနစ် (30) ပဲရှိပါတယ်။ Word Limit 300 ကနေ 500 အတွင်း ရေးရမှာဖြစ်လို့ General Knowledge ကောင်းအောင် စာများများဖတ်ထားဖို့လိုပါတယ်။ မေးခွန်းကတော့ နှစ်ခုမေးလေ့ရှိပြီး အဲ့ထဲကမှ မိမိနှစ်သက်တဲ့ တစ်ပုဒ်ကို ရွေးချယ်ဖြေဆိုနိုင်ပါတယ်။
English Exam အတွက် ကြိုတင်လေ့လာထားသင့်တဲ့ အရာတွေကတော့….
?GRAMMAR
?COMPREHENSION
?CREATIVE WRITING
?EDITING
?VOCABULARY
?SYNTHESIS AND TRANSFORMATION တို့ကို များများလေ့ကျင့်ထားသင့်ပါတယ်။
Singapore ASEAN Scholarship Program လျှောက်ထားဖို့ ဘာတွေလိုအပ်လဲ❓
✔️2 Jan 2008 ကနေ 1 Jan 2011 အတွင်းမွေဖွားသူဖြစ်ရမယ်။
✔️English Speaking ကျွမ်းကျင်ရမယ်။
✔️ကျောင်းစာ စာမေးပွဲတွေမှာ အမှတ်ကောင်းကောင်း နဲ့ ထွက်ထားတဲ့ record ရှိရမယ်။
✔️အနဲဆုံး Grade 9 ( စနစ်သစ် ) ပြီးထားရမယ် (သို့မဟုတ် ) Secondary 2 ပြီးရမယ်။
✔️မိမိတက်ရောက်ခဲ့တဲ့ ကျောင်းနောက်ဆုံး နှစ် ၂ နှစ်မှာ English Subject လေ့လာသင်ယူခဲ့ခြင်းရှိရမယ်။
✔️ကျောင်းသင်ရိုးမဟုတ်သော အခြားသင်ရိုးများ / ပြင်ပစာမေးပွဲများမှာ ( ဥပမာ - YLE or Olympiad Exam ) များမှာပါ၀င်ဖူးသူဖြစ်ရပါမယ်။
? အကျိုးခံစားခွင့်များ
✔️100 % ကျောင်းလခ ကင်းလွတ်ခွင့် ( 100% fully funded )
✔️ကျောင်းတွင်အဆောင်နေထိုင်ခွင့် နှင့် နှစ်စဉ်ထောက်ပံ့ကြေး
✔️အခြေချစရိတ်
✔️အသွားအပြန် လေယာဉ်ခ
✔️ကျောင်းလခ
✔️ GCE O-Level နှင့် A-Level အတွက် စာမေးပွဲကြေး (တစ်ကြိမ်သာ၊ လျှောက်ထားနိုင်သည်)
✔️ထောက်ပံ့ထားသော ဆေးဘက်ဆိုင်ရာ အကျိုးခံစားခွင့်များနှင့် မတော်တဆမှုများအတွက် အသက်အာမခံ စတာတွေပါ၀င်ပါမယ်။
ကြိုတင်ပြင်ဆင် လေ့ကျင့်ထားချင်တဲ့ ကလေးတွေအတွက် A4 International Maths School မှာ Preparation Class တွေ ဖွင့်လှစ်သွားတော့မှာဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း အောင်မြင်တဲ့ကလေးတွေ မွေးထုတ်ပေးထားနိုင်တဲ့အတွက် ယုံကြည်စိတ်ချစွာ တက်ရောက်ဖို့ ဖိတ်ခေါ်အပ်ပါတယ်။
? No. 2/4
တော်ဝင်လမ်းနှင့် စကားဝါလမ်းထောင့်။
တော်ဝင်စင်တာအနီး။
ဒဂုံမြို့နယ်။
ရန်ကုန်မြို့။
☎️09 4444 99 369
☎️09 4444 99 359
☎️09 4444 99 349
https://t.me/studyinspirationhub11
Hello
There's a place you can discuss, share, learn, teach and perceive for your educational needs and information....
Let's join and talk there...
Good night sweet dreams
Study buddies....
‼️‼️IGCSE ကို 4 သောင်းတည်းနဲ့ တက်နိုင်မယ့် အခွင့်အရေး ??
ZOOM class မို့ teacher နဲ့ တိုက်ရိုက်စာသင်ရင်း မေးလို့ရပြီနော်?
သူငယ်ချင်းတွေ အသိတွေထဲ လိုအပ်မယ်ထင်တဲ့သူေတွကိုလည်း sharing လုပ်ပေးကြပါနော်??
ATHENA admin တွေကနေပြီး လူငယ်တွေ အတွက် အကျိုးဖြစ်စေမယ့် project တစ်ခုနဲ့ ထပ်လာပါပြီ?
Igcse ဆိုတာ ဈေးကြီးပေးပြီးမှ တက်ရတဲ့ ပညာရေး တစ်ခု၊ အဲ့လို ပေးမှ အမှတ်ကောင်းနိုင်တာ မဟုတ်တော့ပါဘူး???
IGCSE ကို ကျောင်းကြီးတွေမှာ အကြောင်း အမျိုးမျိုးကြောင့် မတက်နိုင်တဲ့ ATHENA လေးတို့အတွက်
?IGCSE ကိုသင်နေကျ teacher အချို့နဲ့ A နဲ့ပြီးထားတဲ့ ကျောင်းသားတွေထဲကမှ စာသင်တာ experience ရှိပြီးသား ကျောင်းသားတွေကို စုပြီးတော့မှ သင်ကြားပေးသွားမှာပါ?*
?2026 , May/June target ဖြစ်ပြီးတော့
?Edexcel ရော CIE ရော လာလျှောကိလို့ ရပါတယ်
?ကိုယ်အဆင်ပြေတဲ့ subject ကိုပဲ ရွေးယူနိုင်ပါတယ်
ကိုယ်က အပြင်မှာ ကျောင်းတက်နေပြီးသားကို တစ်ဘာသာလောက် ထပ်တက်ချင်တယ်ဆိုလည်း တစ်ဘာသာပဲ ရွေးယူလည်း အဆင်ပြေပါတယ်ရှင့်
ရနိုင်မယ့် subject တွေက
?EFL
?ESL
?maths/ mathsB
?Amaths / further pure
?Biology
?Physics
?Chemistry
?Business
?Economic
?Accounting
?ICT
?computer science
?တစ်ဘာသာမှ 4 သောင်းပဲ ကျသင့်မှာဖြစ်ပါတယ် ?
‼️School လိုမျိုးဖွင့်မှာပါရှင့်
guide or tutoring ပုံစံမဟုတ်ပါဘူး
Textbook သင်ရိုး အစအဆုံး အသေးစိတ်သွားမှာ ဖြစ်ပြီး past paper တွေပါ လေ့ကျင့်မှာပါ‼️
?တစ်ဘာသာကို စာသင်ချိန်က တစ်ပတ်ကို 1နာရီခွဲ 2 ချိန်တောင်ရှိပါတယ်
?နောက်ပြီး class လူဦးရေကိုလည်း 20 ထက်မပိုအောင် ကန့်သတ်ထားပါတယ်
?Timetable ကတော့ ကျောင်းသား enrollment ပိတ်ခါနီးမှ ကျောင်းသားတွေနဲ့ teacher တွေ ညှိယူပြီး အဆင်ပြေအောင် လုပ်ပေးသွားပါမယ်
တချို့ teacher တွေက နေ့ဘက် အလုပ်တစ်ဖက်နဲ့မို့ တချို့ subject တွေက ညဘက်ဖြစ်နိုငိပါတယ်နော်
??Admin တွေဘက်က လုံးဝ အာမခံတာတော့ teacher တွေရဲ့ teaching skills ကိုအာမခံပါတယ် ??
Founder ကိုယ်တိုင် သေချာ ရွေးပြီးမေးထားတာ မို့ပါ
??Group တွေလည်း ဖွဲ့ပေးမှာမို့ စာမရတာရှိလည်း မေးလို့ ရပါတယ်
????တကယိလို့ ကျောငိးသားတွေက သင်နေတဲ့ teacher နဲ့ အဆင်မပြေဘူးဆိုရင်လည်း ချက်ချငိးပြောင်းပေးမှာပါ
?????အဆင်မပြေတာရှိရင်လည်း group ရဲ့ admin ကို ပွင့်ပွင့်လင်းလင်း သွားပြောလို့ရပါတယ်
‼️‼️စစဖွင့်ချင်းမို့ တစ်တန်းပဲ ဖွငိ့မှာ ဖြစ်တဲ့အတွက် လူပြည့်သွားရငိ Enrollment က ပိတ်သွားမှာမို့ မြန်မြန် စာရင်းသွင်းပြီး လာလျှောက် ပေးကြပါနော်‼️‼️
Nov 10 ရက်နေ့စမှာဖြစ်တဲ့အတွက် အဲ့မတိုင်ခငိ လာအပ်ကြပါရှင့် ?
@ATHENA_admin_team
??တက်မယ်လို့ ပြောတယ့်သူတွေများတဲ့အတွက် ငွေလွှဲပြီးမှ register စာရင်းထဲထည့်ပေးပါတော့တယ်နော်???
သူငယ်ချင်းတွေ အသိတွေထဲ လိုအပ်မယ်ထင်တဲ့သူေတွကိုလည်း sharing လုပ်ပေးကြပါနော်‼️?
အားလုံးပဲ မင်္ဂလာပါ
Buddies လေးတို့ထဲမှာ ဆေးပညာနဲ့ နည်းပညာကို စိတ်ဝင်စားတဲ့သူရှိကြလား ရှိရင် မန့်ခဲ့ပေးပါဦးနော်
ကြော်ငြာထည့်သွင်းလိုပါက official account ??တခြားအကောင့်မသုံးပါ
@Vip_admin_3
https://t.me/+TFfwUKIkxDBlZWJl
Last updated 3 months, 2 weeks ago
Last updated 2 months ago
Admin ဆီသို့ဆက်သွယ်ရန်?
@Contact_Summer_Bot
Last updated 1 month, 2 weeks ago