Dream❄️

Description
Hey!
အထီးကျန်ရင် အဖော်ပြုပေးမယ့် စာတိုတွေနဲ့ zodiac signတွေက ကြိုဆိုနေပါတယ်ဗျာ ။ instock book လေးတွေလည်း ရှိပါတယ်ဗျ
Advertising
We recommend to visit

ဤချန်နယ်တွင်ကြော်ငြာများထည့်သွင်းလိုပါကAdmin acc ကို ဆကိသွယ်ပါ
@sithuaung2006

Last updated 1 month, 1 week ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 1 year, 2 months ago

1 month, 2 weeks ago
1 month, 3 weeks ago

Shawn Mendes - If The World Was Ending (JP Saxe and Julia Michaels Cover) | Capital

2 months, 1 week ago

" အာ ဘယ်သူတွေလဲမသိဘူး "

" ခဏလောက် အချိန်ပေးလို့ရမလား ။ ကျွန်တော်တို့က လူငယ်ကဏ္ဍ ဆိုတဲ့ ရုပ်သံအစီအစဉ်လေးပေါ့နော် ။ လူငယ်တွေ နဲ့ ကိုယ့်မိသားစုကြားမှာ ဘယ်လို အခက်အခဲတွေရှိလဲ ရင်ဖွင့်ရတာမျိုးပါဗျ "

နေ့ခင်းကြောင်တောင် လမ်းသွားနေတုန်း mic , camera ကိုင်ထားတဲ့ လူငယ်တစ်စုက ကိုယ့်ကို အင်တာဗျူးမယ်ဆိုတော့ တစ်ချက်ကြောင်သွားမိသည်။

" ဒီ လမ်းပေါ်မှာ မတ်တပ်ကြီး ဖြေပေးရမှာလားဟင် "

" မဟုတ်ဘူးနော် အစ်မ ၊ ဟိုနားက cafe လေးမှာပါ "

အင်းပေါ့လေ ။ ကိုယ်လည်းတစ်ခြားဘာမှလုပ်စရာမရှိ ။ ဗျူးကြတာပေါ့ ။ ___

" အစ်မ စိတ်ထဲရှိတာပြောလို့ရတယ်ပေါ့နော်။ ပြီးမှ ရိုက်ထားတဲ့ clip ပြန်ပြပြီး အစ်မမကြိုက်တာရှိရင် ကျွန်တော်တို့ ပြန်ဖျက်ပေးပါမယ် "

" Ok , ok "

" ဒါဆိုစမယ်နော် အစ်မ "

ခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည်။

" ဒီနေ့မှာတော့ ကျွန်မတို့ လူငယ်ကဏ္ဍဆိုတဲ့အစီအစဉ်လေးကို အခုအစ်မကနေ ပါဝင်ပေးထားပါတယ်။ ဒီအစ်မကရော သူမ family life နဲ့ လူငယ်ဘဝနဲ့ ဘယ်လိုအခက်အခဲတွေကြုံရနေလဲဆိုတာ တစ်ချက်လောက် စပ်စုကြည့်ရအောင် "

အင်း မဆိုးဘူးဘဲ ။ အင်တာဗျူးမယ့်ကောင်မလေးက သွက်သား ။

" အစ်မ မင်္ဂလာပါ "

" ဟုတ်ကဲ့ မင်္ဂလာပါ "

" အစ်မအနေနဲ့ ဒီအစီအစဉ်လေးအကြောင်းကို သိပြီးပြီဆိုတော့ အစ်မအနေနဲ့ရော ခေတ်လူငယ်တစ်ယောက်အနေနဲ့ မိသားစုနဲ့ သဟဇာတ မဖြစ်တာမျိုးလေးရှိရင် ပြောပြပါဦး "

" အာ သိပ်မရှိပါဘူး ။ တစ်ခါတစ်လေ စိတ်ဆိုးတာ ၊ နားလည်မှုလွဲတာလောက်ပါပဲ "

" ဘယ်လိုမျိူးလဲ အစ်မ ၊ အသေးစိတ်ပြောပြပါလား "

" တစ်ခါတစ်လေ အမေက သူ့အာရုံနဲ့သူ တစ်ခုခုကိုအာရုံစိုက်နေတဲ့အချိန် အစ်မက တစ်ခုခုပြောရင် အမေက မကြားလိုက်ဘူးပေါ့ကွာ ။ အစ်မက အဲ့ဒီမှာ အမေ့ကို ခဏစိတ်ဆိုး ။ အဲ့လိုလေးတွေပေါ့ "

Mic ကိုင်ပြီး မေးနေသည့်ကောင်မလေးရော ၊ camera ကိုင်ထားသည့်ကောင်လေးရော ခဏလောက်ကြောင်သွားကြသည်။

သူမရယ်လိုက်ကာ

" အာ အစ်မနဲ့ အစ်မမိသားစုက သဟဇာတာမဖြစ်တာနည်းတယ်လေ "

" အစ်မ ဆယ်ကျော်သက်လောက်တုန်းကရော။ဆယ်ကျော်သက်အရွယ်ပီပီ မိဘနဲ့သဘောထားမတိုက်ဆိုင်တာမျိုးတို့ရှိလား "

" မရှိဘူးလို့တော့မဟုတ်ပေမယ့် အစ်မ ဆယ်ကျော်သက်တုန်းက mood swings တအားဖြစ်တယ်ပေါ့နော် ။ အခုရယ်နေပြီး နောက်ငါးမိနစ်နေရင် ငိုချင်တာမျိုးပေါ့။ အဲ့လိုမျိုးတွေ ။ အဲ့တုန်းက အစ်မ အမေက " သမီး ငိုချင်ရင် ငိုလိုက် ၊ ဖွင့်ထုတ်လိုက် " ဆိုပြီး အားပေးတယ်။ အဖေအလုပ်ကနေ အိမ်ပြန်လာရင်လည်း အမေကပြောထားတယ်ပေါ့နော် " သမီး စိတ်အခြေအနေမကောင်းဘူး " ဆိုပြီး ။ အဲ့ဒီအခါ အဖေက ဖွဖွလေးလာဖက်ပေးထားတယ်။ တစ်ခါမှတ်မှတ်ရရ ညဘက် online class တစ်ခုမှာ အစ်မ စကားများတယ်ပေါ့နော် ။ သိတယ်မလား လူက လောင်နေတာလေ အဲ့ဒီအချိန်ဆို ။ အမေနဲ့အဖေ အခန်းထဲဝင်ပြီး " သိလား သမီးစကားများလာတာ ။ ဟိုဘက်က သမီးကို တောက်ခေါက်တယ် " လို့ ကလေးပီပီတိုင်တာပေါ့ကွာ ။ အဲ့ဒီအချိန်မှာ အဖေက မဆူတဲ့အပြင် " သမီး မခံနဲ့ ။ ပြန်ပြော ။ လွန်လာရင် အဖေသွားရိုက်ပေးမယ် " ဆိုလို့ သားအမိတွေထိုင်ရယ်ခဲ့ရသေးတယ် ။

" ဝိုး အစ်မက ညီမ အင်တာဗျူးဖူးတဲ့သူတွေနဲ့မတူဘူးပဲ ၊ အဲ့လို နွေးထွေးတဲ့မိသားစုရအောင်ရော အစ်မဘာတွေညှိယူရလဲ ။ ကြည့်ရတာ အစ်မက စာတော်ပြီးလိမ္မာတယ်ဆိုတဲ့ type ထဲက များလား "

တစ်ချက်ရယ်လိုက်ကာ

" No no , အစ်မက လိမ္မာလွန်းလို့ မိဘတွေကချစ်တာမဟုတ်ဘူး။ ဘယ်လိုပြောရမလဲ ။ အချင်းချင်းနားလည်တာပေါ့ ။ မိဘတွေမှာလဲ bad day , mood swings တွေရှိမှာပဲလေ ။ အစ်မကလေ မိဘတွေမျက်နှာကို အမြဲ check တယ်။ တစ်ခါတစ်လေ အဖေအလုပ်ကပြန်လာရင် မျက်နှာမကောင်းတာမျိုးတွေရှိရင် ပြေးဖက်တယ်။ အမေတစ်ခါတစ်လေ လျှောက်တွေးနေရင် " ဟိတ်၊ ဘာတွေတွေးနေတာလဲ ၊ အကုန်အဆင်ပြေသွားလိမ့်မယ် " ဆိုပြီးနှစ်သိမ့်ပေးတာမျိုးပေါ့နော်။ အချင်းချင်းနားလည်ပေးရင် တင်းနေတဲ့ကြိုးတွေလဲ လျော့ပါတယ် "

" ဟုတ်ကဲ့ အစ်မ အခုလိုဖြေကြားပေးလို့ကျေးဇူးတင်ပါတယ်နော် "

___နောက်နေ့တွင် သူမအိမ်၌နေကာ ဖုန်းကြည်နေတုန်း NF တွင် vd တစ်ပုဒ်တက်လာလေသည်။
Caption က
" မိသားစုကို အပြစ်တင်မည့်အစား ၊ နားလည်ပေးကြည့်ပါတဲ့ "

သူမ၏ privacy ကြောင့် vd မှာ voice ပဲသုံးပေးထားသည်။

Comment ဝင်ကြည့်ကြည့်တော့ account တစ်ခုကနေ " ဒီ video မြင်ပြီး မိဘတွေကို အဆင်ပြေရဲ့လား မေးလိုက်တော့မှ မိဘတွေလည်း ကိုယ်တွေလိုပဲ အဆင်မပြေမှုတွေရှိပါလား သိလိုက်ရတယ် " ဟုရေးထားသည်။

heart reaction လေးပေးကာ သူမပြုံးလိုက်မိသည်။

#sarto
#forward_only
#owner

3 months, 1 week ago
" အဖေ အမေ့ကို ချစ်လား " လို့ …

" အဖေ အမေ့ကို ချစ်လား " လို့ ကျီစယ်ကာမေးတိုင်း
အမေ့ကို ဖွဖွနမ်းပြီး
" သိပ်ချစ်တာပေါ့ကွာ " လို့ ပြန်ဖြေတဲ့
အဖေ့ နှလုံးသားထဲ ချစ်ခြင်းတွေဘယ်လောက်ရှိမလဲ ..။

" သားတို့ဖေဖေက အမေ့အချစ်ဦးလေ " လို့ပြောတဲ့စကားထဲရော ချစ်ခြင်းဘယ်လောက်ရှိမလဲ ..။

အမေ နေမကောင်းတိုင်း အဖေဟာ
" မိန်းမ ယောင်္ကျားရှိတယ်နော် ။ စိတ်မပူနဲ့ " လို့
နှစ်သိမ့်အားပေးတတ်တဲ့ အဖေ့ရဲ့ ချစ်ခြင်းတွေကို ငါဟာ တိုင်းတာလို့မရခဲ့ဘူး ..။
အဆုံးမှမရှိတာ ။

အမေ့ရဲ့ ချစ်ခြင်းတွေကိုလည်း တိုင်းကြည့်သားပဲ ။
မပြောပါပဲနဲ့ အဖေ့အကြိုက်တွေကိုသိနေကတည်းက အမေ့ချစ်ခြင်းတွေကလည်း အဆုံးမရှိခဲ့ပြန်ဘူး ..။

အချစ်ဘယ်ကစလဲတော့မသိပေမယ့်
သေချာတာကတော့
ချစ်ခြင်းရဲ့အဓိပ္ပာယ် အပြည့်အစုံဟာ ငါ့မိဘတွေစီမှာ ကိန်းအောင်းတယ် ...။

#sarto
#forward_only
#owner

3 months, 2 weeks ago
" ကြီးလာရင် ငါလုပ်ချင်တာလုပ်မယ် " လို့ သစ်ပင်ပေါက်လေးက …

" ကြီးလာရင် ငါလုပ်ချင်တာလုပ်မယ် " လို့ သစ်ပင်ပေါက်လေးက ကြိမ်းဝါးဖူးတယ် ။
အခုတော့ အခုတ်ခံရဖို့ စောင့်နေတာ ဘဝကို စိတ်ကုန်ခြင်းလား ..။

မီးစာ ရှိပါရက်နဲ့ မလောင်ကျွမ်းချင်တော့တဲ့
ဖယောင်းတိုင်တွေကို ကိုယ်ချင်းစာတတ်လာတယ်..။

မိုးသည်းတဲ့နေ့တွေဆို
အတောင်စုံတဲ့ငှက်ငယ်တွေအစား ကူဝမ်းနည်းတတ်လာတယ်..။

ညဘက် မအိပ်နိုင်တဲ့ ဇီးကွက်က သဘာဝကြောင့်...။
တစ်ချို့ကတော့ သောကတွေ၊ပူဆွေးမှုတွေကြောင့် ...။

ကလောင်ကို မှင်နဲ့ပဲရေးရမလား ။
သွေးနဲ့ပဲရေးရမလား ။
မျက်ရည်တွေနဲ့ပဲရေးရမလား ။
( ရွေးရခက်လိုက်တာ )

လောကကြီးကို နားလည်လာတာလား ..။
လူတွေကို နားလည်လာတာလား...။
ဒါမှမဟုတ် စိတ်ကုန်လာတာလား ..။

ခေါင်းစဉ်တွေ တပ်ကြည့်သားပဲ။
မလိုက်ဖက်လို့ ပြန်ချထားခဲ့တာ ..။
( ခေါင်းစဉ်လား ၊ ကိုယ်တိုင်လား ဆိုတာတော့ အခုထိ လိုက်ရှာဆဲ..။ )

#owner
#forward_only
#owner

4 months, 1 week ago

Hey guys
It’s just 3 days before 2024. Literally 3 days
အခုလိုနှစ်ကုန်ခါနီးကြည့်တော့ တနှစ်ဆိုတာ ခနလေးနဲ့ အချိန်ကုန်သွားသလိုပဲနော် တကယ်တော့ ၁၂လဆိုတာ အကြာကြီးပါ ဒီအတောတွင်း event တွေအများကြီး ဖြစ်ပျက်သွားတာလေ နှစ်အသစ်တခု chapter အသစ်တခုကို မစခင်မှာ ဒီအချိန်ကာလကြားထဲ ကိုယ်ဘယ်လောက်ဂယက်ထခဲ့ရလဲဆိုတာကို memory ပြန်ခေါ်ဖို့လိုလာပြီ ဒီတော့ 2023 ကို revision ပြန်ဖို့အတွက် reflection prompt လေးတွေကို diary or journal ဖွင့်ပြီး ဖြေကြည့်ပါဦး

Recapping 2023

  1. Who were the people that mattered the most to me?
    အရင်ဆုံး ဘယ်သူတွေက ကိုယ့်အတွက် အရေးပါဆုံးဖြစ်ခဲ့လဲ ဘယ်သူတွေကို ကိုယ် အချစ်ခဲ့ဆုံးလဲဆိုတာက အရေးကြီးဆုံးပေါ့

  2. What were the plot twists I couldn't have predicted?
    Movie တွေထဲ plot twist လောက်ကတော့ real life က သနားတာပေါ့ 2022 တုန်းက လုံးဝမထင်ထားခဲ့တဲ့ အဖြစ်အပျက်တွေဆိုတာ နည်းမှာမဟုတ်
    ဥပမာ- ကိုယ့်အချစ်ဆုံးသူငယ်ချင်းဆီက ပလစ်ခံလိုက်ရတာမျိုး၊ ကိုယ်မကြိုက်ခဲ့တဲ့မုန့်ကို 2023ကျ fav food ဖြစ်သွားတာမျိုး၊ ဘယ်တုန်းကမှ လုပ်ဖြစ်မယ်မထင်ထားတဲ့အလုပ်တခုခုလုပ်ဖြစ်တာမျိုး

  3. List of happy moments (not goals or achievements, just happy little moments )
    E.g - သူငယ်ချင်းတွေနဲ့ ဒိတ်၊ မောင်လေးကို စက်ဘီးစီးသင်ပေးတာမျိုး

  4. List of accomplishments (Big or small)
    ဒီမှာတော့ ကိုယ်ချခဲ့တဲ့ goal တွေလုပ်နိုင်တာမျိုး ကိုယ် proud ဖြစ်ရတာအကုန်ချရေးမယ်

  5. Fav moments alone
    ကိုယ့်အတွက်ကိုယ် သီးသန့် relax ဖို့ ပေးခဲ့တဲ့အချိန်လေးတွေ

  6. The emotion I felt most this year was

  7. New skills or knowledge

  8. Fav books, movies and songs
    ဒီမှာက အချိန်သာရရင် ကြည့်ခဲ့သမျှမူဘီအကုန် ဖတ်ခဲ့သမျှ စာအုပ်အကုန် ချရေးလို့လဲရ

  9. Biggest challenges and how I handled
    နှစ်တိုင်းမှာ စိတ်ကင်ဆာက အမြဲပါလာတတ်တာပဲမို့ စိတ်ကင်ဆာတွေပေးလာတော့ ဘယ်လို handle လုပ်ခဲ့လဲဆိုတာ

  10. What or who left you during this year?

Source - YouTube, Pinterest
#AdminSaera
#forward_only

5 months, 2 weeks ago

So , App သုံးနည်း details

တခြား app တွေလိုပဲ ဝင်ဝင်ချင်း account ဖွင့်ရမယ်။ name , password ပေါ့။

App ရဲ့ အောက်ဆုံးမှာ e-book , podcast, Article, chit-chat , info ဆိုပြီး section 5 ခုခွဲထားပါတယ် ။

E - book မှာ novel , poem တွေဖတ်လို့ရပြီး
Podcast မှာ music, song , audio book စသဖြင့်
Article မှာ English reading
Chit - chat ကတော့ စကားပြောလို့ရအောင် ၊ ပို့စ်တင်လို့ရအောင် လုပ်ပေးထားတာပေါ့ဗျာ

( မအယ်နီ နှင့် ကျွန်တော် ကို e - book ရဲ့ long novel မှာ ဖတ်လို့ရပါတယ် )

App လေးက ကြော်ညာအပိတ်ခံထားရတော့ ads မတတ်သေးပါဘူး
E - book ဖတ်ဖို့ star လေးတွေစုရပါတယ်။
Article ထဲက ပို့စ်တစ်ခုကိုနှိပ်ပြီး sec 30 လောက်နေပေးရင် 1 star ရပါတယ်

မှောင်မှောင်လေး စာဖတ်ချင်ရင်တော့ info မှာသွားပြီး ညာဘက်အပေါ်ဆုံးကို နှိပ်ကာ dark theme ပြောင်းလို့ရပါတယ် xd

ရိုးရှင်းပါတယ် app လေးက ။ စာဖတ်ရင်း click ရတာ အရှုံးမရှိပါဘူး ။

#owner

5 months, 2 weeks ago

လူသားဆန်ဆန် click နည်း

" အမလေး click တာများ လွယ်လွယ်လေး ၊ ကြော်ငြာတွေ ဆက်တိုက် ထိုင်ကြည့်ရုံပဲ " လို့တွေးနေရင်တော့ သင် လူသားဆန်ဆန် မclick တတ်သေးပါဘူး

( ကိုယ်ကြိုက်နေတဲ့သူကို တစ်ချိန်လုံး ချစ်တယ် ချစ်တယ်ကြီး ထိုင်ပြောနေရင် အငြင်းခံရမယ့် ဖြစ်ရပ်မျိုးနဲ့ အလားတူပါတယ် xd )

Click တဲ့သူတွေအနေနဲ့ အချိန်ခဏလေးအတွင်းမှာ ပို့စ်တစ်ခုတည်းကို အကြိမ်ကြိမ် ကလစ်တာမျိုး၊ ကြော်ငြာကြည့်ချင်ဇောနဲ့ အချိန်ခဏလေးအတွင်းမှာ ပို့စ်တစ်ခုပြီးတစ်ခု အဆက်မပြတ် ကလစ်နေတာမျိုးတွေကြောင့် ဂူဂူဟာ " ဟာ ဒီကောင်တွေတော့ တရားမဝင် ကြော်ငြာကြည့်နေတာလား မသိဘူး " ဆိုပြီး app တွေကို ကြော်ငြာ ၊ ADS တွေ ကန့်သတ်ပစ်ပါတော့တယ် ။

ဒါကြောင့် ဘယ် app ကိုပဲ ဖြစ်ဖြစ် clickရင် နူးညံ့ပါ ၊ စိတ်ရှည်ပါ ။

- ကြော်ငြာကြည့်ချင်ဇောနဲ့ ပို့စ်တွေကို ဆက်တိုက်မကလစ်ပါနဲ့၊ ပို့စ်တစ်ခုကို ဝင်ကြည့်ရင် အနည်းဆုံး ၃၀ စက္ကန့်လောက်နေပါ။
- app တစ်ခုကို တစ်ဆက်တည်းကလစ်တာမျိုး မဟုတ်ဘဲ၊ ပို့စ် ၄ ခု ၅ ခုဖတ်လိုက် နားလိုက်နဲ့ click ပါ။

နားနားပြီး ချစ် ( အဲလေ ) နားနားပြီး click ပါ

#owner

5 months, 2 weeks ago

" Teenager "

ရေးမယ် ရေးမယ်နဲ့ အခုမှရေးဖြစ်တယ်ဆိုပါတော့

Teenager ဆိုတာ လမ်းစုံလမ်းခွမှာ ရပ်နေရတဲ့အရွယ်ပဲ ။
ဘာမဆိုဖြစ်သွားနိုင်တယ် ။
ခံစားလွယ်တယ် ။
မိုက်ရူးရဲဆန်တတ်တယ်။

မြင်သာအောင်ပြောရရင် ကျွန်တော် Teenager life မှာ အရာအားလုံး ညှို့မှိုင်းကုန်တယ် ။
အပြင်ပတ်ဝန်းကျင်နဲ့ connection လုပ်ရတာကိုလည်း ရှောင်လာတယ် ။
အခန်းထဲ တံခါးပိတ်နေတာများလာတယ်။ conversation တွေကိုလည်း ရှောင်လာတယ် ။ negative though တွေပဲ စိုးမိုးခဲ့တယ်။
ပြောရရင် cold ဖြစ်ခဲ့တဲ့ dark life time ပေါ့ ။
ဒါတောင်မှ broken family မဟုတ်နေလို့ တော်သေးတယ် ဆိုရမယ် ။
( အခုကျ တခြားစီ social butterfly xd )

တချို့တွေရဲ့ teenager life time က ကျွန်တော်နဲ့ တူချင်မှတူမယ် ။ ဒါပေမဲ့ တူခဲ့ရင်ရှိသော် ဆိုတဲ့ အတွေးနဲ့ ရေးမိတာပေါ့ဗျာ ။

အဲ့အချိန်မှာ အလိုအပ်ဆုံးက နားလည်မှုပဲ ..။
ဒီလို teenager စဖြစ်ရင် emotional အပြောင်းအလဲ ၊ habit အပြောင်းအလဲကို လက်ခံ‌နိုင်ပေးမယ့် နားလည်မှုပဲ ..။

အဲ့တာကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာ teenager အရွယ်ရောက်နေတဲ့ ကလေးတွေကို
" ဒီကောင် ငယ်ငယ်တုန်းက လိမ္မာပါတယ်။ ကြီးလာမှ ရိုင်းလာတာ " လို့တွေးမထင်ပါနဲ့ ။ နားလည်ပေးလိုက်ပါ ။ သေချာပြောပြပါ ။

ဒါမှမဟုတ်ဘဲ ကိုယ်ကိုယ်တိုင် teenager ဖြစ်နေတဲ့ကလေးတွေကလည်း " Maybe, I'm the problem " လို့ မတွေးပါနဲ့ ။
ပြောပြတဲ့ လူကြီးသူမတွေကိုလည်း စိတ်မခုပါနဲ့ ။
အချိန်က ပြင်ပါလိမ့်မယ်။
တစ်ချိန်မှာ " အာ ငါရဲ့ဘယ်လိုပုံစံက ငါ့ဘဝအတွက် ပိုကောင်းတယ် " ဆိုပြီး တွေးမိလာပါလိမ့်မယ်။

ဒါကြောင့် teenager life time မှာ
အသည်းကွဲတာ
လူတွေကိုမုန်းတာ
လောကကြီးကို စိတ်ပျက်တာ
ဘယ်သူ့ကိုမှ ကြည့်မရတာ
မိဘတွေနဲ့ ညှိမရတာ စတဲ့ စိတ်ခံစားချက်မျိုးစုံရှိနိုင်တာပဲ ။ it's ok ။
ဒီလိုဖြစ်နေတာ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာတော့ သိဖို့လိုတယ် ။

အချိန်တွေဆင့်ကဲ့ ပြောင်းလဲလာရင် ကျွန်တော်တို့ရဲ့ ခံစားချက်တွေလည်း အနည်းနဲ့အများ ပြောင်းလဲတတ်တာပါပဲ။

#owner

7 months, 1 week ago

အပြုံးတုတွေ ၊ အပြုံးအစစ်တွေ ရော‌ထွေးနေသော
ပြိုးပြိုးပျက်ပျက် အဝတ်အစားတွေ များပြားသော
Dinner တစ်ခုတွင်

" မေမေ သမီးချမ်းတယ် "

အသံလာရာလှမ်းကြည့်လိုက်တော့ စားပွဲဝိုင်းတစ်ခုမှာ မိသားစုတစ်စု ထိုင်နေသည်။ အသံရှင်ကောင်မလေးသည် ဆယ်ကျော်သက်အရွယ်လေး ။ Dinner မှာရှိတဲ့ သူနဲ့ ရွယ်တူတွေလို makeup တွေမလိမ်းထား ။ ပြိုးပြိုးပျက်ပျက်တွေလည်းမဝတ်ထား ။ သို့သော် dinner ဖြစ်သည့်အတွက် နေရာနှင့် အဝတ်အစားလိုက်ဖက်အောင် ဂါဝန်လေးဝတ်ထားသည်။ ရိုးသည် ။ သို့သော် လှသည်။
သူမ၏ ဘေးတစ်ဖက်စီမှာ မိဘတွေကထိုင်သည်နှင့်တူသည်။

‌ကလေးမလေး ချမ်းလည်းချမ်းချင်စရာ ။ Aircon တွေက ပတ်လည်ဖွင့်ထားသည်မဟုတ်ပါလား ။

" ဟယ် မေ‌မေ အနွေးထည်မယူခဲ့မိဘူး သမီးရယ် " ဆိုပြီး အမေဖြစ်သူသည် လက်ဖဝါးနှစ်ဖက်ကို ပွတ်ကာ ကလေးမလေး၏နားတွေကို အုပ်ပေးသည်။

Dinner ကို ဖိတ်ခေါ်ခံရလို့ လာပေမယ့် Dinner ရှိလူအကုန်က အပြုံးတုတွေ ကြီးစိုးထားလို့ ထိုမိသားစုရှိသည့် ဝိုင်းကိုပဲ အာရုံစိုက်နေမိတော့သည်။

ကလေးမလေးက ချမ်းလွယ်တယ်ထင် ။ ခဏကြာတော့ နားလေးတွေ နီတတ်လာသည်ကိုပါ အတိုင်းသားမြင်ရသည်။ ထိုအခါ

" ဖေဖေ သမီးချမ်းလို့ "

အဖေဖြစ်သူက ဘေးဝိုင်းကလူတွေနှင့် စကားပြောနေပေမယ့် သမီးဖြစ်သူစကားပြောတော့ သမီးဖြစ်သူကိုပဲ ချက်ချင်း အာရုံစိုက်လိုက်သည်။

Dinner ဆိုတဲ့ထုံးစံအတိုင်း စားသောက်ဖွယ်ရာတွေ၊ juice တွေ ၊ alcohol တွေ ရှိတာပဲမဟုတ်လား ..။

Chivas whiskey တစ်ပုလင်း ထိုဝိုင်းတွင်ရှိသည်။
အဖေ ဖြစ်သူသည် ဖန်ခွက်သေးသေးလေးထဲ နည်းနည်းလေး ငှဲ့လိုက်သည်။

" သမီး ဒါလေးကို ဖြည်းဖြည်းချင်း တစ်ငုံသောက်လိုက် "

Wow ဆိုတာ အထိကိုဖြစ်သွားရသည်။
ဗြုန်းကနဲ ကြည့်မည်ဆို ကလေးကို အရက်သောက်သင်နေသည်ဟု တွေးထင်စရာပေမယ့် Dinner မှာ အိမ်ပြန်ပြီး အနွေးထည်သွားယူဖို့က မဖြစ်နိုင်။ Alchol ဆိုတာ မှန်သည်။ သို့ပေမယ့် Chivas whiskey ဆိုတာ အရသာက ပူပူလေးနှင့် လူကို နွေးစေသည်မဟုတ်ပါလား ။ဘယ်လောက်ခေတ်မှီတဲ့ အဖေပါလဲ။

ကလေးမလေးက ယူပြီး တကယ့်တကယ် နည်းနည်းလေးပဲ မရဲတရဲသောက်သည်။

ထိုဝိုင်းတွင်ထိုင်နေသော အဖိုးကြီးကလည်း ကျွန်တော် ထိုမိသားစုကို ပြုံးပြီးကြည့်နေသလို ကြည့်နေတာကို သတိထားမိလိုက်သည်။
ခဏလောက်နေတော့ ထိုအဖိုးကြီးမှ စကားစသံကြားလိုက်သည်။

" ဟာ သောက်နေပါလားကွ ၊ ကြိုက်လို့လား "

ကလေးမလေးကို စ'သည်။
ကလေးမလေးက ပြုံးပြုံးပင်ပြန်ဖြေသည်။

" မကြိုက်ပါဘူး ။ သမီးက အသက်မှမပြည့်သေးတာ ။ ဒါပေမဲ့ အခုက အေးလို့ပါ ။ "

အဖေဖြစ်သူမှ ဝင်စကားပြောသည်။

" ကျွန်တော့်ကလေးတွေကို ဘာမှမတားမြစ်ထားဘူး။ အရွယ်မရောက်သေးဘူး ။ မှန်တယ်။ သို့ပေမဲ့ ဆယ်ကျော်သက်တွေ မဟုတ်လားဗျာ ။ စူးစမ်းချင်ကြတယ်လေ။ လူကြီးက မလုပ်နဲ့ဆို ပိုလုပ်ချင်ကြတယ် ။ ရှေ့မှာလုပ်မရရင် နောက်ကွယ်မှာလုပ်ချင်ကြတယ်။ အဲ့ဒီအစား ကိုယ်က ‌ကောင်းကျိုး၊ဆိုးကျိုးပြောပြထားတော့ သူတို့ဘာကောင်းတယ် ၊ ဘာဆိုးတယ်ဆိုတာ စဉ်းစားနိုင်သွားတယ်လေ ။ "

" ဟားဟား ခင်ဗျားက ခေတ်မီတာပဲ "

" ခေတ်မီတယ်ဆိုတာထက် ကိုယ့်သားသမီးကို လွတ်လွတ်လပ်လပ် အစစ်အမှန်အတိုင်း ရှင်သန်စေချင်ရင် လမ်းဖွင့်ပေးရတာပေါ့ဗျာ "

" ကဲ ပြောဦး သမီးလေး ။ သမီး Beer တွေ ၊ whiskey တွေကြိုက်လား ။ မိုက်တယ်မလား သူတို့ကိုသောက်ရတာ "

လူကြီးအချင်းချင်းစကားပြောနေရင်း ကလေးမလေးဘက် လှမ်းမေးပြန်သည်။

" ဦးလေးကလည်း Alcohol ဆိုတာ လူကို ရုပ်ရင့်စေတယ်လေ ။ မမိုက်ပါဘူး ။ ခေတ်မီတယ်ဆိုတာ ကိုယ့်ခံယူချက်နဲ့ပဲဆိုင်တာ "

" ဟော ဒါဆို သမီးက သောက်ဖူးလို့လား "

" သောက်ဖူးတယ် ။ နည်းနည်းစီပေါ့ ။ အများစုကခါးတာပဲ "

အဲ့လိုနဲ့ အစားအသောက်တွေလာချ‌တော့ စကားပြတ်သွားကြသည်။ ကျွန်တော်လည်း အစားအသောက်ထဲမျောပြီး အာရုံမစိုက်နိုင်တော့ ။
Dinner အပြီးမှာတော့ တစ်ခေါက်ထပ်တွေ့လိုက်ရသည်။ နွေးထွေးခေတ်မှီတဲ့ မိသားစုတစ်စုကိုပေါ့ ..။

#forward_only
#sarto
#owner

We recommend to visit

ဤချန်နယ်တွင်ကြော်ငြာများထည့်သွင်းလိုပါကAdmin acc ကို ဆကိသွယ်ပါ
@sithuaung2006

Last updated 1 month, 1 week ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 1 year, 2 months ago