Dream

Description
ကျွန်တော်သိသမျှ experience & knowledge တွေ sharing လုပ်ပေးမှာပါ ။ အထီးကျန်ရင် အဖော်ပြုပေးမယ့် စာတိုတွေကလည်း ကြိုဆိုနေပါတယ် ~
We recommend to visit

ကြော်ငြာထည့်သွင်းရန် @sithuaung2006

Last updated 5 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 month, 2 weeks ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 2 years ago

1 month, 3 weeks ago

နှင်းဆီဖြူက
" ကျန်တဲ့သူတွေရော ဘာမေးချင်တာရှိသေးလဲ?
ဆွေးနွေးချင်တာရော? "

Roll 07က
" မရှိတော့ဘူး "

Roll 08က
" ပြီးရင် ထွက်လို့ရပြီလား "

နှင်းဆီဖြူက
" ဆွေးနွေးချင်တာ၊ မေးချင်တာမရှိဂင် ထွက်လို့ရပြီနော် "

Roll 07က
" အာ့ဆို ထွက်ပြီနော်
နောက်နေ့လည်း meetingထပ်လုပ်မယ်နော် "

နှင်းဆီဖြူက
" Ok Ok byeee "

Group membersအကုန်နီးပါး meetingမှ leaveသွားလေသည်။ သို့သော် နှင်းဆီဖြူ၊ လူမင်း နှင့် ငြိမ်းချမ်းသူကတော့ meetingထဲက မ leaveသေးချေ။

ငြိမ်းချမ်းသူက
" ဟျောင့် လူမင်း ထွက်လေ ဘာလုပ်နေတာလဲ "

လူမင်းက
" မင်းကရော မထွက်ဘဲ ဘာလုပ်နေတာလဲ "

နှင်းဆီဖြူက
" ဟဲ့ ဘယ်နှယ့် တစ်ယောက်ကိုတစ်ယောက် မောင်းထုတ်နေကြတာလဲ
ငါထွက်မယ် နင်တို့မထွက်ရင် "

ငြိမ်းချမ်းသူက
" မဟုတ်..မဟုတ်ဘူးလေ "

လူမင်းက
" အူတက် နှင်းဆီဖြူ မထွက်နဲ့။ ငါတမင် ငြိမ်းချမ်းသူကိုစတာ။ သူ့မှာ နင့်ကို ဘာပြောစရာရှိလဲမသိဘူး မထွက်နဲ့ဦး။ ငါထွက်မယ် "

လူမင်း leave သွားလေသည်။

နှင်းဆီဖြူက
" ကဲ ပြော "

ငြိမ်းချမ်းသူက
" မူလဒီမိုကရေစီက အေသင်ကစတာမလား နှင်းဆီဖြူ "

နှင်းဆီဖြူက
" Yes Yes "

ငြိမ်းချမ်းသူက
" နှင်းဆီဖြူက ကျွန်တော့်ရဲ့ အေသင်မြို့ဆိုတာရောသိလား "

နှင်းဆီဖြူက
" ဟမ် ဘာကြီး ဘာအဓိပ္ပာယ်လဲ အဲ့တာ "

ငြိမ်းချမ်းသူက
" သိချင်ရင် ရှာကြည့်ပေါ့
ကျွန်တော်ထွက်ပြီ "

နှင်းဆီဖြူ
" ဟာ လုပ်ပြန်ပြီ "
*___

Me*eting ပြီးသည်နှင့် နှင်းဆီဖြူဟာ chatgptစီပြေးလေသည်။

နှင်းဆီဖြူက
" Heyyyy. Can you help me? "

Chatgpt
" Sure "

နှင်းဆီဖြူက
" What is the meaning of " You're my Athens? "

Chatgpt
" The phrase "You're my Athens" can have deep and symbolic meanings depending on the context in which it’s used. Athens is often associated with:
In summary, saying "You're my Athens" is a poetic way of expressing admiration, inspiration, or love for someone. "

နှင်းဆီဖြူက
" Ohhhhh, my friend said that to me you know. "

Chatgpt
" Your friend gender is? "

နှင်းဆီဖြူက
" A boy "

Chatgpt
" If a boy says to a girl, "You're my Athens," it could imply that she holds a special, almost sacred place in his heart. The meaning might depend on the boy's perspective, but here are a few interpretations:

  1. Intellectual Admiration: He sees her as someone wise, intelligent, and inspiring, like the city of Athens, which is known for its philosophers and thinkers.

  2. Cultural and Emotional Beauty: He might find her as captivating and rich in character as Athens is in art, culture, and history.

  3. Source of Strength and Resilience: He could view her as a strong and resilient person who has a profound impact on his life.

  4. A Personal Treasure: Athens symbolizes a place of immense value and significance. By saying this, he might mean she is as meaningful to him as Athens is to the world.

It's a unique and thoughtful compliment, reflecting a deep level of appreciation and connection. "

နှင်းဆီဖြူ screenကိုကြည့်ကာ ပြုံးလေသည်။ တော်တော် တော်ကီကောင်းသည့် ငြိမ်းချမ်းသူပါလား ဟုလည်း တွေးလေသည်။

#BTC
#forward_only
#owner@Never_giveup_on_your_dream

1 month, 3 weeks ago

လူမင်းက
" အာ ပေါက်ပြီ
Different law, Different punishment "

ငြိမ်းချမ်းသူက
" ဟုတ်တယ် "

Roll 07က
" ငါတစ်ခုမေးလို့ရလား? "

နှင်းဆီဖြူက
" မေး မေး "

Roll 07က
" ဟိုဟာလေ Americanမှာလေ ပြည်နယ်တွေရှိတယ်မလား။ အဲ့ဒီပြည်နယ်တွေကို ပြည်နယ်အဆင့်အဖြစ်ဘယ်လိုသတ်မှတ်တာလဲ "

နှင်းဆီဖြူက
" ငါဖတ်ကြည့်ရသလောက်ဆိုရင် ..ဥပမာပေးပြီးပြောမယ်နော်..ဥပမာကွာ ဧရာဝတီကို ပြည်နယ်သတ်မှတ်ချင်တယ်ပဲထား..အဲ့ကိစ္စက ဧရာဝတီသား ( ဧရာဝတီမှာနေတဲ့သူတွေ )နဲ့ပဲဆိုင်တယ်။ ပထမအဆင့်အနေနဲ့ ပြည်နည်အဖြစ်သတ်မှတ်မလား၊ မသတ်မှတ်မလားကို အဲ့မှာနေတဲ့သူတွေက မဲခွဲဆုံးဖြတ်ရမယ်။ ထောက်ခံမဲများလို့နိုင်သွားရင် ပြည်နယ်/ဒေသဆိုင်ရာလွှတ်တော်က အတည်ပြုပေးရတယ်။ အထက်လွှတ်တော်၊ အောက်လွှတ်တော်၊ ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်မှ ပြည် နယ်ဆိုတဲ့ titleရတာ "

လူမင်းက
" ရှုပ်လိုက်တာ
လွှတ်တော်ပို့လိုက်၊ ဟိုပို့လိုက်၊ မဲခွဲလိုက်နဲ့ "

ငြိမ်းချမ်းသူက
" သားကြီး မဲခွဲတာက Democracyပဲ "

လူမင်းက
" အာ့တော့ငါသိတာပေါ့ဟ "

နှင်းဆီဖြူက
" အာ့ဆို မူလဒီမိုကရေစီက ဘယ်ကစတာလဲ နင်သိလား "

လူမင်းက
" သိသားပဲ အေသင်မြို့ကနေလေ "

နှင်းဆီဖြူက
" ဟုတ်လှချည်လား "

လူမင်းက
" နင့်သူငယ်ချင်းပဲလေ ဒီလောက်ကတော့မိုင်နာလေး
Direct Democracy, Indirect Democracy, Representative Democracyတို့ပါ ငါသိတယ် "

နှင်းဆီဖြူက
" သိရင်ပြောကွာ "

လူမင်းက
" ဟဲဟဲ Direct Democracy (တိုက်ရိုက်ဒီမိုကရေစီ )က နိုင်ငံသား/ပြည်သူတွေက တိုက်ရိုက်ဆုံးဖြတ်ချက်ချရတာ
Indirect Democracy ( တစ်ဆင့်ခံ/သွယ်ဝိုက်ဒီမိုကရေစီ)ကကျ နိုင်ငံသားတွေအလုပ်ရှုပ်သက်သညအောင် လွှဲအပ်စေခိုင်းတဲ့ဝန်ဆောင်မှုပုံစံ
ဥပမာ - နိုင်ငံရေးသမားတွေလေ
Representative Democracy ( ကိုယ်စားပြုဒီမိုကရေစီ ) ကကျ latest versionဟ
ကိုယ်စားပြုထားတဲ့ဆန္ဒနဲ့အညီလုပ်ကိုင်ဆောင်ရွက်ရတာ "

1 month, 3 weeks ago

Meeting မစခင် နာရီဝက်အလိုတွင် Social studies Groupထဲ၌

Roll 07က
" ကဲကဲ "

လူမင်းက
" ဟ အစောကြီးရှိသေးတယ် "

Roll 08
" မီးက ထမင်းတောင်မစားရသေးဘူး "

နှင်းဆီဖြူက
" စောပါသေးတယ်ဟ
07 activeဖြစ်ချက် "

Roll 12က
" မစကြနဲ့ဦး ငါအခုမှ‌ရှာဖတ်နေတုန်း "

လူမင်းက
" တူတူပဲ "

နှင်းဆီဖြူက
" လူမင်း နင်အခုမှ စာရှာဖတ်မယ်ဆိုလည်း မမှီဘူး "

လူမင်းက
" အထင်smallတာလား "

Roll 12က
" Motiကြီးကလည်း "

လူမင်းက
" Electionအကြောင်း ဆွေးနွေးမှာမလား
ရတယ် ငါက Electionနောက်ပိုင်းကဟာတွေအခုရှာဖတ်လိုက်မယ် "

ငြိမ်းချမ်းသူက
"အေး ရတယ် ဖတ်ကွာ meetingထဲရောက်မှ ငါမေးတာ မင်းမ‌ဖြေနိုင်ရင်လုပ်ပြီ "

လူမင်းက
" အဲ့လိုကြီးကျ "

နှင်းဆီဖြူက
" အေးဆေးပေါ့ တစ်ယောက်နည်းနည်းစီဖတ်ခဲ့လေ
ပြီးမှ Discussလုပ်ရင်း သိတာ share, မသိတာမှတ်မယ်လေ "

Roll 48က
" Wait wait အခုဟာက Federal systemအကြောင်းရှာဖတ်ရမှာမဟုတ်ဘူးလား "

ငြိမ်းချမ်းသူက
" Electionပါဟ "

လူမင်းက
" ဟျောင့်တွေ မနောက်ကြနဲ့နော် ငါကအခု Electionအကြောင်း ဖတ်လက်စကြီးနော် "

Roll 48က
" ဟာ ကျွန်တော်က Federal systemအကြောင်းရှာဖတ်နေတာ လွန်ကုန်ပြီ "

Roll 45က
" Electionရော၊ Federal systemရော နှစ်ခုလုံးဖတ်ရမှာမလား "

Roll 12က
" ရှုပ်ကုန်ပြီ "

နှင်းဆီဖြူက
" မသိ ရောချ မီးစင်ကြည့်က "

လူမင်းက
" နေ့တိုင်း အဲ့တိုင်းပဲချနေတာ "

Roll 08က
" စလိုက်ကြမလား
ဝင်ချင်တဲ့သူဝင်နှင့် "

နှင်းဆီဖြူက
" ငါ 7အတိမှဝင်မယ် "

Roll 08က
" ငါ linkချပေးထားတယ် "

ငြိမ်းချမ်းသူက
" ဘယ်မှာလဲ? မမြင်ပါဘူး "

Roll 08က
" အော် မပို့ပေးရသေးတာ နင်တို့မြင်မယ်ထင်လို့ "

နှင်းဆီဖြူက
" Zoom linkကို ဒီ Groupထဲချမှ ငါတို့ကဝင်လို့ရမှာလေ "

ထိုအခါမှ Roll 08ဟာ zoom linkကိုပို့လေသည်။

ထို့နောက် နှင်းဆီဖြူ၊ လူမင်း၊ ငြိမ်းချမ်းသူတို့ဟာ zoomထဲ joinလိုက်လေသည်။ zoomထဲ ရောက်ရောက်ချင်း Audio connectလုပ်ပြီးသည်နှင့် ကြားရသည်မှာ 08သီချင်းဆိုနေသော အသံဖြစ်လေသည်။ လူမင်းက နှင်းဆီဖြူ၊ ငြိမ်းချမ်းသူတို့နှင့် သက်သက်ဖွဲ့ထားသော Group chat ထဲတွင်

" Wtf is that "

ငြိမ်းချမ်းသူက
" နှင်းဆီဖြူကိုကျ attention seekerဘာညာနဲ့ သူမဟုတ်ဘူးလား attention seekerက "

နှင်းဆီဖြူက
" ဟဲ့ ဟဲ့ နင်တို့ကအားကြီးတွေနဲ့ မပြောနဲ့လေ
Micပိတ်ဖို့မေ့နေတာနေမှာ "

ထိုစဉ် social studies groupထဲတွင် Roll 43က
" ငါဘာမှရှာမဖတ်ရသေးဘူး နေမကောင်းလို့အိပ်နေတာ စောနကမှနိုးတာ "

လူမင်းက
" ရတယ် အဆင်ပြေသလိုကြည့်လုပ်
ပြရင် ငါတို့ဖတ်ထားသမျှ facts, knowledgeတွေ Groupထဲပို့မှာ "

Roll 43က
" အင်း အင်း "

ငါးမိနစ်လောက်ကြာသောအခါ meetingတွင် လူစုံ၍နေပြီဖြစ်လေသည်။ Roll 8က
" အော် ငါ Micဖွင့်ထားမိတာပဲ ဟီးဟီး "

နှင်းဆီဖြူက
" Anyway တကယ့်အကြောင်းအရာကိုပြောကြတာပေါ့
ရှာဖတ်လာတာတွေ discussလုပ်တာပေါ့ "

လူမင်းက
" ငါ ရှာဖတ်လာတာက Electionက မဲများရင် နိုင်တယ်တဲ့ "

Roll 08က
" သားလေး ရယ်ရတယ်နော် "

ငြိမ်းချမ်းသူက
" 08နဲ့ လူမင်းနဲ့က အရမ်းရင်းနှီးလား? "

Roll 08က
" ဟင် အဲ့လိုတော့မဟုတ်... "

ငြိမ်းချမ်းသူက
" ကျွန်တော်တို့ တအားရင်းနှီးတဲ့သူတွေတောင် 'သားလေး' လို့မခေါ်ဘူးဗျ
ကျွန်တော်ပြောချင်တဲ့ အဓိပ္ပာယ်ကို 08သဘောပေါက်မယ်ထင်ပါတယ် "

Roll 08က
" အော် အင်း အင်း
လူမင်း ငါစည်းကျော်သွားရင် sorryနော် "

လူမင်းက
" ရပါတယ် ရပါတယ် နောက်တစ်ခါသာစည်းမကျော်နဲ့ပေါ့ဗျာ "

နှင်းဆီဖြူက
" ဒါဆို discussမယ်နော် ငါဖတ်ထားတာကတော့ အကုန်ဖတ်ထားတယ် ဒါပေမဲ့ Federal systemအကြောင်း ငါဖတ်ထားတာ အရင်ပြောပြမယ်နော် "

ငြိမ်းချမ်းသူက
" ပြော ပြော ကျွန်တော်နားထောင်နေမယ် "

လူမင်းက
" ဟ မဟုတ်ဘူးလေ ငါတို့လည်းနားထောင်နေတာကို မင်းကဘာလို့ တမူးပိုရှူ "

နှင်းဆီဖြူက
" ငါပြောမယ်ဆိုနေ
နှစ်ယောက်လုံး ဘယ်လိုဖြစ်နေတာလဲ "

လူမင်းက
" စတာ စတာ ဟဲဟဲ ပြော ပြော "

နှင်းဆီဖြူက
" What is federal system?
ခွဲဝေအုပ်ချုပ်တာက Federal systemပဲ
တစ်နည်းပြောရမယ်ဆိုရင် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခြင်း၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိခြင်းပ

ငြိမ်းချမ်းသူက
" ကျွန်တော်ဆက်ပြောမယ် ရလား "

နှင်းဆီဖြူက
" ရတယ် ပြော ပြော "

ငြိမ်းချမ်းသူက
" ခွဲဝေအုပ်ချုပ်တယ်ဆိုတာ အာဏာခွဲဝေမှု၊ သယံဇာတခွဲဝေမှု၊ အခွန်အကောက်ခွဲဝေမှုတွေပေါ့ဗျာ
နောက်တစ်ခုက ကိုယ့်ကြမ္မာကိုယ်ဖန်တီးဆုံးဖြတ်ခွင့်ဆိုတာ ဖက်ဒရယ်နဲ့ ပြည်နယ်ကြားဖြစ်စေ၊ ပြည်နယ်အချင်းချင်းကြားဖြစ်စေ ခွဲထားတဲ့အာဏာသုံးရပ်ကို မတူညီစွာကျင့်သုံးတာ "

လူမင်းက
" မင်းပြောတဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးဆုံးဖြတ်ခွင့်က ရှုပ်တာကွာ။ လူလိုပြော။ "

ငြိမ်းချမ်းသူက
" အော် ဒီကောင်ကလည်း အရိပ်ပြအကောင်မမြင်ဘူး "

လူမင်းက
" မမြင်ဘူးကွာ မြင်အောင်ရှင်းပြ "

ငြိမ်းချမ်းသူက
" ဒီလိုကွာ ဥပမာပြောရမယ်ဆိုရင် ငါတို့အိမ်မှာ အဖေပြောတဲ့စကားကို အမေကနားထောင်ချင်မှ နားထောင်မယ်။ နားထောင်ရင်တောင် လုပ်ချင်မှလုပ်မယ်။ လုပ်ခဲ့ရင်တောင် အမေ့စိတ်ကြိုက်လုပ်မယ်ဆိုတဲ့သဘောကွာ "

4 months ago

ထို့နောက် မြန်မာစာ main groupထဲတွင် နှင်းဆီဖြူဟာ 08ကို replyပြန်လေသည်။

" သူငယ်ချင်း စကားလုံးအသုံးအနှုန်းလွဲနေတယ်နော်။
မပါခိုင်းတာမဟုတ်ဘဲ လူပြည့်သွားတာလို့ ငါပြောပါတယ် "

08က ချက်ချင်းပင် replyပြန်လေသည်။
" ဒါမဲ့ ငါနင့်ကို ပါမယ်ဆိုပြီး စာအရင်လာပို့တာလေ "

နှင်းဆီဖြူက
" နင်တစ်ယောက်တည်းပို့တာမဟုတ်ဘူးနော်
ကျန်တဲ့အတန်းဖော်တွေလည်းပို့တယ်
ဒါမှမဟုတ် ဒီလိုလုပ်ပါလား "

08က
" ဘယ်လိုလဲ "

နှင်းဆီဖြူဟာ တီချယ့်ကို mentionခေါ်ကာ
" တီချယ် 08က တအားပါဝင်ချင်နေတာဆိုတော့လေ သူ့ကို သက်သက်အဖွဲ့ဖွဲ့ခိုင်းလိုက်ပါလား? သမီးအဖွဲ့က လူပြည့်သွားပြီဆိုတော့လေ.. သူ့ရဲ့ တက်ကြွနေတဲ့ ပါဝင်ဆွေးနွေးချင်စိတ်လေးကို မရပ်တန့်ချင်လို့ "

08က
" အဲ့လိုတော့ မဟုတ်ဘူးလေ.. ရတယ်ချယ် သမီးနောက်အခါမှပါတော့မယ်ချယ် "

တီချယ်ကတော့
" နှင်းဆီဖြူ သမီးစိတ်ကြိုက်လုပ်နော် " ဆိုသည့်စာတစ်ကြောင်းပဲပို့လေသည်။

တစ်ဖက်တွင် ဟယ်ရီက
" မိန်းမတွေများ စကားတွေမှာ အလှည့်အပြောင်း၊အကောက်အကွေ့တွေနဲ့ "

ဂျူးက
" ဟို 08ပြောပုံ၊ဆိုပုံက မဟုတ်နေတာ "

လူမင်းက
" ငါသိနေတယ်နော် 08အချိုးကို
မပြောချင်ဘူး ဟင်းဟင်း "

ငြိမ်းချမ်းသူ
" ကျွန်တော်ကတော့ တီချယ်ပြောသလို နှင်းဆီဖြူစိတ်ကြိုက်လုပ်နော်ပဲ "

#BTC
#forward_only
#owner@Never_giveup_on_your_dream

4 months ago

" ကလေးတို့ ပြောပါဦး
ဒါရိုက်တာတွေ ဘယ်သူလုပ်မလဲဆိုတာ "

အတော်ကြာမှ နှင်းဆီဖြူဟာ

" မိန်းကလေးအဖွဲ့ရဲ့ ဒါရိုက်တာကို အကုန်လုံး အဆင်ပြေမယ်ဆိုရင် သမီးလုပ်ပေးပါ့မယ်ချယ် "

တီချယ်က
" အဆင်ပြေတယ် သမီး "

နှင်းဆီဖြူက
" ချယ် အတန်းထဲက မိန်းကလေးတွေအကုန်လုံးနဲ့ အဖွဲ့ဖွဲ့ရမှာလား? "

တီချယ်က
" မဟုတ်ဘူး သမီး
သမီးအဆင်ပြေမယ်ထင်တဲ့ 15ယောက်လောက်နဲ့ပဲ လုပ်။ presentationထဲ ပါချင်တဲ့ သမီးတွေကလည်း နှင်းဆီဖြူစီ သွားပြောလိုက်ကြ။
ကျန်တဲ့ကလေးတွေက ပွဲကြည့်ပရိတ်သတ်လုပ်ရမှာ "

နှင်းဆီဖြူက
" အာ ဟုတ် ချယ်.. ပါဝင်ချင်တဲ့သူက 15ယောက်ထက်ကျော်နေရင်ရော ဘယ်လိုလုပ်ရမလဲချယ် "

တီချယ်က
" 15ယောက်ပဲ သမီး.. ပါဝင်ချင်တဲ့သူများလည်း သမီးအဆင်ပြေမယ့်သူပဲရွေး။ သမီး
သမီးက ဒါရိုက်တာလေ "

နှင်းဆီဖြူက
" ဟုတ် ချယ် "

တီချယ်က
" ကဲ ယောင်္ကျားလေးတွေ
ဘယ်သူက ဒါရိုက်တာလုပ်မှာလဲ
မြန်မြန်လေးပြောမယ် "

လူမင်းက
" သားလုပ်ပါမယ် ချယ် "

တီချယ်က
" ဟုတ်ပြီ သားလေး
သားတို့အဖွဲ့တင်ဆက်မယ်ဆိုရင် ' ဆရာဝန်မလေး ' နေရာနဲ့လိုက်မယ့် အသံနူးနူးညံ့ညံ့ သားလေးတစ်ယောက်ကို ရွေးဦးနော် "

လူမင်းက
" ဟုတ် ချယ် "

တီချယ်က
" နှင်းဆီဖြူ သမီးတို့မိန်းကလေးအဖွဲ့မှာ ' ဆရာဝန်မလေး ' နေရာကို ဘယ်သူ့လုပ်ခိုင်းစေချင်လဲ? "

နှင်းဆီဖြူက
" ချယ် အမှန်တိုင်းပြောရမယ်ဆိုရင် ' 05 ' ကို လုပ်ခိုင်းစေချင်တာပါ။ သူ့အသံက‌ တော်တော်လှတယ်ချယ် "

တီချယ်က
" အိုခေ ' 05 ' အတန်းထဲရှိလား သမီးလေး? "

ချက်ချင်းပြန်မဖြေချေ။
အတော်ကြာမှ
" သမီးကို ခေါ်တာလားချယ် " ဟုဖြေလေသည်။

တီချယ်က
" အေး သမီး presentationမှာပါဝင်လိုက်နော် "

05က
" ဟုတ် ချယ် "

တီချယ်က
" ကဲ ဒါရိုက်တာတို့ တီချယ် တစ်ပတ်အချိန်ပေးမယ်။
သေချာပြင်ဆင်ပါ။ "

နှင်းဆီဖြူနှင့် လူမင်းဟာ " ဟုတ်ကဲ့ " ဟု ပြိုင်တူဖြေကြလေသည်။
*___

Gr*oup chatထဲတွင် ဟယ်ရီက
" သားကြီး လူမင်း ငါပါမယ်နော် "

လူမင်းက
" မင်းမပါလည်း ငါကထည့်မှာ "

လူမင်းက
" ငြိမ်းချမ်းသူ မင်းလည်းပါရမယ် "

ငြိမ်းချမ်းသူက
" ငါ ပွဲကြည့်ပရိတ်သတ်လုပ်မှာ "

လူမင်းက
" မင်းက ယောင်္ကျားထုကြီးကို အကျိုးမပြုချင်ဘူးလား "

ငြိမ်းချမ်းသူက
" ငါက နှင်းဆီဖြူဘက်မဟုတ်ရင် ဘယ်ဘက်မှမပါချင်ဘူး "

လူမင်းက
" မေးမိတဲ့ ငါပဲမှားတယ် "

ဟယ်ရီက
" ဒါနဲ့ နှင်းဆီက ဘယ်ပျောက်နေတာ
ဟဲ့ နှင်းဆီ @... "

နှင်းဆီက
" နေဦးဟေ ကောင်မလေးတွေ သူပါမယ်၊ငါပါမယ်ဆိုပြီး စာတွေပို့ထားကြလို့ ငါသေချာစစ်ပြီးလူရွေးနေတာ "

လူမင်းက
" အမျိုးသမီးထုကြီးက အင်အားတောင့်လှချည်လား "

နှင်းဆီဖြူက
" ပြီးမှ ပြန်လာမယ် ခဏ "

နာရီဝက်လောက်ကြာသောအခါ နှင်းဆီဖြူဟာ Groupထဲတွင်

" ငါတို့တော့ လူပြည့်သွားပြီ
နင်တို့ ‌ယောင်္ကျားလေးအဖွဲ့ရော "

လူမင်းက
" ငါးယောက်ပဲရှိသေးတယ်ဟေ "

ဂျူးက
" အူတက် "

ဟယ်ရီက
" အာ့ကြောင့် ငြိမ်းချမ်းသူကိုပါပါလို့ပြောနေတာ "

ငြိမ်းချမ်းသူ
" လုံးဝပဲသားကြီး ငါပြောပြီးသားလေ
နှင်းဆီဖြူဘက်ကမဟုတ်ရင် ဘယ်ဘက်မှမပါချင်ဘူး "

လူမင်းက
" ဒီ သောက်.. "

ဟယ်ရီက
" ဒါနဲ့ နှင်းဆီ ' ဆရာဝန်မလေး ' နေရာမှာ နင် 05ကို ရွေးလိုက်တာမှန်တယ်။
သူ့အသံကချိုချိုလေး ပြီးတော့ ချောလည်းချောတယ် "

နှင်းဆီဖြူက
" ဟဲဟဲ "

လူမင်းက
" 05က အတန်းထဲက ယောင်္ကျားလေးတွေကြားလည်း နာမည်ကြီးတယ်ဟ
တစ်ယောက်ဆို အသေအလဲကြိုက်နေတာ "

ဟယ်ရီက
" အေးဆိုနေ "

နှင်းဆီဖြူက
" ငါက သူ့အသံက ' ဆရာဝန်မလေး ' ဇာတ်ရုပ်နဲ့လိုက်မယ်ထင်လို့ပဲရွေးတာပါဟာ။ ကျန်တာဘာမှမပါဘူး "

ငြိမ်းချမ်းသူက
" 05က နှင်းဆီဖြူလောက်မချောပါဘူး "

လူမင်းက
" အော် ဒီတစ်ဖက်သတ်ရူးနေတဲ့ မအေ.. "

ထိုစဉ် မြန်မာစာ main groupထဲကနေ notiတက်လာလေသည်။ 08ဆိုသည့် accကနေ " တီချယ် နှင်းဆီဖြူက သမီးတို့ကို တမင်မပါခိုင်းဘူးချယ် " ဆိုသည့် notiဖြစ်လေသည်။

ဂျူးကအရင်မြင်ကာ
" ဟဲ့ Main groupထဲက စာက ဘာလားပဲ
ငါတောင် ပါချင်တာ လူပြည့်နေလို့မပါတာကို
သူ့ပဲ နှင်းဆီက တမင်မပါခိုင်းတယ်ပဲဖြစ်ရဦးမယ် "

ဟယ်ရီက
" နှင်းဆီက သူ့ကို ' ဟဲ့ နင်မပါနဲ့ 'လို့ ပြောလိုက်လားမှမသိတာxd "

လူမင်းက
" နှင်းဆီလား အဲ့လိုပြောမှာ "

နှင်းဆီဖြူက
" ငါအဲ့လိုမပြောပါဘူးဟ "

ငြိမ်းချမ်းသူက
" နှင်းဆီဖြူကဘယ်လိုပြောလိုက်လို့လဲသူ့ကို "

နှင်းဆီဖြူက
" ' ပါဝင်ချင်တာ ကျေးဇူးတင်ပေမယ့် လူပြည့်သွားပြီမလို့ပါ သူငယ်ချင်းရေ။ Next timeကျမှပေါ့။ နော် ' လို့ပြောလိုက်တာ "

လူမင်းက
" ယဉ်ယဉ်ကျေးကျေးပြောတာပါဟ "

ဂျူးက
" အေးလေ "

ငြိမ်းချမ်းသူက
" ကျွန်တော် သွားရှင်းလိုက်ရမလား "

နှင်းဆီဖြူက
" နေနေ ငါ့ပြဿနာ ငါ့ဘာသာရှင်းမယ် "

4 months ago

" Beyond the screen ( Chapter - 30 ) "

" Good morning နှင်းဆီဖြူ "

မနက်ပိုင်း အတန်းချိန်မစခင် နှင်းဆီဖြူ၏ဖုန်းတွင် ငြိမ်းချမ်းသူ၏ notiဝင်လာလေသည်။

နှင်းဆီဖြူလည်း " Morning " ဟု ပြန်ပို့လိုက်သည်။

ဦးဆုံးစာသင်ချိန်ဟာ မြန်မာစာအချိန်ဖြစ်လေသည်။

" ကဲ ကလေးတို့ တီချယ် ဒီနေ့ဘာသင်မယ်ပြောထားလဲ "

နှင်းဆီဖြူက
" ကဗျာသင်မယ်လို့ပြောထားတာပါ ချယ် "

" ဒါဆို တီချယ်တို့ စာမျက်နှာ ၁၀၂ကို သွားရအောင် "

ထိုစဉ် Telegram group chatထဲတွင် နှင်းဆီဖြူဟာ

" လူမင်းနဲ့ ဟယ်ရီဘယ်ပျောက်နေတာ
စာသင်ချိန်စနေပြီလေ "

ဂျူးက
" အေးဆိုနေ "

ငြိမ်းချမ်းသူက
" မနိုးကြတာနေမှာ "

ထိုစဉ် လူမင်း၏ typingပေါ်လာလေသည်။

" လာပြီ လာပြီ
Attendenceခေါ်ပြီးပြီလား "

ဂျူးက
" မခေါ်ရသေးဘူး "

လူမင်းက
" တီချယ် ဘာသင်မှာတဲ့လဲ "

ငြိမ်းချမ်းသူက
" စာမျက်နှာ ၁၀၂ "

လူမင်းက
" ကျေးဇူး သားကြီး "

နှင်းဆီဖြူက
" ဟယ်ရီတစ်ယောက် နေဖင်ထိုးနေပြီ မထသေးဘူးလားမသိ attendanceလွတ်ဦးမယ် အဲ့မအေ... "

ထိုစဉ် စာသင်ခန်းထဲတွင် တီချယ်ဟာ

" ကဲ ကဗျာကို တစ်ယောက်လောက် volunteerလုပ်ပြီး ဖတ်ပေးပါဦး "

နှင်းဆီဖြူက
" ချယ် "

" အေး ပြော သမီးဖတ်မလို့လား "

" မဟုတ်ဘူးချယ် လူမင်းက သူဖတ်မယ်တဲ့ "

လူမင်းက
" ဟာ "

တီချယ်က
" အေး အေး အဲ့တာဆိုလည်း လူမင်းဖတ် သားလေး "

လူမင်းက
" အဟမ်း ဟုတ်ချယ်
မဝယ်ဘူး .. "နဲ့တင် ရပ်၍နေလေသည်။

ငြိမ်းချမ်းသူက
" မဝယ်လည်းနေပေါ့ကွာ "

လူမင်းက
" မဟုတ်ဘူးလေကွာ မင်းကလည်း "

တီချယ်က
" သူငယ်ချင်းအချင်းချင်း တအားချစ်နေကြပြီလား နှစ်ဝက်နဲ့တင် "

လူမင်းက
" တီချယ် သားဆက်ဖတ်မယ်နော် "

တီချယ်က
" အေး အေး "

လူမင်းက
" မဝယ်ဘူး
မယ်ခူးတဲ့ဖက်စို။

မီးမကူ နေပူမှာ မကင်အားလို့... " ဟု လက်ဆောင်ကဗျာကို အသံနေ၊အသံထားဖြင့် ဖတ်ပြလေသည်။

" ၁၉ရာစု မယ်ခွေ " ဟု အဆုံးသတ်ပြီးသည်နှင့် micပိတ်ပြီး Group chatထဲသို့ပြေးကာ

" နှင်းဆီဟာ ဘလိုင်းကြီး ငါ့ကိုအချွန်နဲ့မတာ "

နှင်းဆီဖြူက
" ဟဲဟဲ စတာပါဟာ "

လူမင်းက
" ငြိမ်းချမ်းသူကလည်း ဘလိုင်းကြီး မီးလောင်ရာလေပင့် "

ငြိမ်းချမ်းသူက
" မင်းပဲ မဝယ်ဘူး ဆိုလို့လေ "

လူမင်းက
" ငါကဗျာဖတ်နေတာ မင်းသိရဲ့သားနဲ့ "

ထိုစဉ် zoomထဲတွင် တီချယ်ဟာ မယ်ခွေရဲ့ အစ်မဟာ မယ်ကေဖြစ်ကြောင်း မိသားစုတော်စပ်ပုံကိုရှင်းပြ၍နေလေသည်။ နှင်းဆီဖြူက Group chatထဲတွင်

" မယ်ခွေ
မယ်ကေ
ဘာတုန်း မယ်က မျိုးရိုးနာမည်လား? "

လူမင်းက
" ငါက မယ်မင်းလေ
လူမင်းဆိုတာ အယောင်ပြ "

နှင်းဆီဖြူက
" ဟယ် "

လူမင်းက
" ငါက ငိုချင်း သောက်ရမ်းကျွမ်းတာ "

ငြိမ်းချမ်းသူက
" အဲ့တာဆို ငိုချင်း ရေးကြည့်စမ်းကွာ "

နှင်းဆီဖြူက
" အေး ဟုတ်တယ်
ဖတ်ပြီး မငိုရရင် နင်ငိုချင်းမကျွမ်းလို့ပဲ "

လူမင်းက
" အိုခေ ရမယ် ခဏစောင့် "

ထို့နောက် စာရွက်ပေါ်တွင် " ငိုချင်း " ဟုရေးထားသော ဓာတ်ပုံကိုပို့လေသည်။

ဂျူးက
" ငိုချင်းရေးတာ အံ့ဩစရာကြီးနော် "

လူမင်းက
" ဒါပဲလေ ဖြစ်ရမယ်ဒါမျိုး
ငါဟဲ့ မယ်မင်း "

ထိုစဉ် ဟယ်ရီ၏ typingပေါ်လာလေသည်။

" ငါအခုမှနိုးတာ
Attendenceခေါ်ပြီးသွားပြီလား "

ဂျူးက
" အေး "

ဟယ်ရီက
" ဟာ ကွိုင်ပဲ "

ငြိမ်းချမ်းသူက
" တီချယ်က မင်းခဏ ခဏ အတန်းပျက်နေလို့ ရုံးအဖွဲ့နဲ့တိုင်မယ်လို့ပြောသေးတယ် "

ဟယ်ရီက
" ဟာ "

နှင်းဆီဖြူက
" Zoomထဲသာ မြန်မြန်ဝင်ခဲ့စမ်းပါ
Attendenceမခေါ်သေးဘူး "

ဟယ်ရီက
" မင်းတို့က ငါ့ကိုကျပ်တယ်ပေါ့ "

ငြိမ်းချမ်းသူက
" ရတုန်းလေးပါကွာ "

စာသင်ချိန်တစ်ဝက်ကျိုးသည်နှင့် တီချယ်ဟာ ကဗျာသင်ခြင်းကို ခေတ္တခဏရပ်လိုက်လေသည်။ ထို့နောက်

" ကလေးတို့ စာမျက်နှာ ၄၈ကို တစ်ချက်ကြည့်မယ် "

" ဟုတ် ချယ် " ဟု တစ်တန်းလုံးပြိုင်တူဖြေကြလေသည်။

" ယောင်္ကျားအမှန်ဆိုတဲ့ ဝတ္ထုတိုတွေ့လား ကလေးတို့ "

" ဟုတ် တွေ့ပါတယ်ချယ် "

" တီချယ်က အဲ့တာလေးကို presentationလုပ်ခိုင်းမလို့
အခုကစပြီး တီချယ်ပြောတာကို သေချာလေးနားထောင်ပေးပါ "

" ဟုတ်ကဲ့ပါ ချယ် "

" Presentationကို တီချယ်က ယောင်္ကျားလေးတစ်ဖွဲ့၊ မိန်းကလေးတစ်ဖွဲ့ လုပ်စေချင်တယ်
အဲ့တော့ အဖွဲ့ခေါင်းဆောင်၊ တစ်နည်းပြောရရင် စီစဉ်ညွှန်ကြားပေးမယ့် ဒါရိုက်တာလိုတယ် "

လူမင်းက
" ဘယ်လိုလဲချယ် သိပ်မရှင်းဘူး "

" ယောင်္ကျားလေးတစ်ဖွဲ့၊ မိန်းကလေးတစ်ဖွဲ့ကို ဦးဆောင်ပြီး လုပ်ပေးမယ့် ယောင်္ကျားလေးတစ်ယောက်၊ မိန်းကလေးတစ်ယောက်လိုတယ်။ ဘယ်သူလုပ်ချင်လဲလို့ ပြောချင်တာသား "

" အာ ဟုတ် ချယ်
ဒါပေမဲ့ ဘာလို့ 15ယောက်တောင်လဲချယ်?
အဓိကဇာတ်ကောင်က ဘထွန်းနဲ့ ဆရာဝန်မလေး နှစ်ယောက်ပဲမဟုတ်လား "

" ဟုတ်တယ်။ ဒါပေမဲ့ နောက်ခံပုံပြင်ပြောသူတွေလိုမယ်လေ သားကလည်း။ ဝတ္ထုတိုကအရှည်ကြီးဆိုတော့ နောက်ခံစကားပြောသူများများလိုမယ်လေ "

" သဘောပေါက်ပါပြီ ချယ် "

ထို့နောက် အတန်းဟာ တိတ်ဆိတ်သွားလေတော့သည်။

6 months, 3 weeks ago

" Beyond the screen ( Chapter - 4 ) "
ယခုလက်ရှိ ကျွန်တော်တတ်နေသည့် online school၏ အမှတ်ပေးသည့်စနစ်မှာ ကျောင်းသားတွေရဲ့ participationအပေါ် ဗဟိုပြုထားခြင်းဖြစ်သည်။ စာသင်ချိန်တွေမှာ ပါဝင်ဆွေးနွေးပြီး activeဖြစ်ရမှာမျိုးပေါ့။ သို့‌ပေမယ့် ကျွန်တော်ဟာ introvert ဖြစ်သည်။ ဒါပေမဲ့ နှင်းဆီဖြူကတော့ ထိုကဲ့သို့ဟုတ်ပုံမရ။ online classတက်တာ နှစ်ပတ်ရှိပြီဖြစ်ပြီး စာသင်ချိန်တစ်ဝက်လောက်က နှင်းဆီဖြူ၏ တတ်ကြွသော ပါဝင်ဆွေးနွေးမှုအသံများဖြင့် ဖုံးလွှမ်းနေတတ်သည်။ အတန်းသားအားလုံးငြိမ်တတ်သည့် social studies အချိန်မှာတောင် နှင်းဆီဖြူဟာ တတ်ကြွမြဲဖြစ်သည်။ “ ဒီကောင်မလေးက social butterfly လေးပါလား “ ဟု first impression ပေးမိသည်။

“ ကဲ….ကလေးတို့ကို တီချယ် presentationလုပ်ခိုင်းမယ် “

ဟိုရောက်ဒီရောက်ဖြစ်နေသည့် အတွေးတွေဟာ presentationဆိုသည့်အသံကြောင့် screenထဲက chemistryစာသင်ချိန်စီ ပြန်စုစည်းမိသွားသည်။ video learningမှတတ်လာသည့် ကျောင်းသားဖြစ်သောကြောင့် ကျွန်တော်ဟာ presentationဆိုသည့်ခေါင်းစဉ်နှင့် မရင်းနှီးပါ။ presentationအများစုဟာ group workနှင့်လုပ်ရသည်ဟုကြားဖူးထားသည်။

“ ဒါကြောင့် ကလေးတို့ကို တီချယ်က groupတွေခွဲပေးမယ်။ ဒီအတန်းမှာ အတန်းသားစုစုပေါင်း အယောက်50 ရှိတာဆိုတော့…. ဆယ်ယောက်တစ်ဖွဲ့ဖွဲ့ပေးမယ်နော် “

ခဏလောက် တိတ်သွားပြီး

“ လွယ်သွားအောင် roll noတွေနဲ့ပဲ ခွဲပေးလိုက်မယ်နော်။ 1 ကနေ 10အထိက Group - 1၊ 11ကနေ 20က Group 2၊ Group 3က 21ကနေ 30အထိ၊ 31ကနေ 40က Group 4၊ 41ကနေ 50အထိက Group 5။ ဟုတ်ပြီလား “

ကျွန်တော့် roll noဟာ 31ဖြစ်သည်။ မှတ်မိသလောက်ဆိုရင် နှင်းဆီဖြူရဲ့ roll noက 33ဖြစ်သည်။ အတန်းစတတ်ကတည်းက အာရုံထဲ ခဏခဏပေါ်လာတတ်သည့် နှင်းဆီဖြူနှင့် တစ်ဖွဲ့တည်း group work လုပ်ရတော့မည်ဖြစ်သည်..။

“ Group 4 presentation title က Nanoscience, Nanotechnology ပါ “

Chemistryရဲ့ other branches တစ်ခုဖြစ်တဲ့ nanoscience ကို presentation အဖြစ် တင်ဆက်ရတော့မည်။ “ ဘယ်လိုများလုပ်ရမလဲ “ ဟုအတွေးနယ်ချဲ့နေမိတော့သည်။

“ ကလေးတို့ကို သုံးရက်အချိန်ပေးမယ်။ တီချယ့်အချိန်ပြီးတာနဲ့ groupကိုယ်စီက telegramမှာ groupတွေဖွဲ့ပြီး group linkကို chemistry group ထဲချပေးပါ “

သုံးရက် ဆိုသည့်အချိန်က နည်းလွန်းသည်ဟုထင်မြင်မိသည်။ စောဒကတတ်ဖို့ စဥ်းစားနေတုန်း တီချယ်မှ အတန်းဖြုတ်လိုက်လေပြီဖြစ်သည်။

“ သားကြီး! မင်းနဲ့ငါ Group မတူဘူး “

Telegramကနေ မျိုးစင်စီမှ noti ဝင်လာခြင်းဖြစ်သည်။ မျိုးစင် roll noဟာ 42ဖြစ်သည့်အတွက် ကျွန်တော်နှင့် group မတူချေ။

“ အေး ဟုတ်တယ် “

“ နေဦး…နှင်းဆီဖြူက 33ဆိုတော့ မင်းနဲ့ Group တူတာပဲ။ မင်းခဏခဏပြောနေတဲ့ နှင်းဆီဖြူ ~ “

“ Yes “

“ သားကြီး ဟဲဟဲ “

“ ဟျောင့်! ငါက နှင်းဆီဖြူကို ဒီတိုင်းစိတ်ဝင်စားတာဟ။ သူက စာသင်ချိန်တွေ တအားတတ်ကြွတော့ အာရုံစိုက်မိတယ်လေ “

“ အေးပါ… ငါလည်း ဘာမှမပြောပါဘူး။ မင်းကလည်း “

ထိုအချိန်တွင် chemistry groupထဲမှ noti ဝင်လာသည်။ Group အသီးသီး၏ group link တွေဖြစ်သည်။ Group 4 ဆိုသည့် linkကိုနှိပ်ကာ join လိုက်တော့သည်။ Members listကိုကြည့်လိုက်တော့ “ 33 Rose “ ဆိုသည့် acc လေးကိုမြင်ရသည်။ တခြား acc တွေလည်းရှိပါတယ်..။ ဒါပေမဲ့ ကျွန်တော်ကတော့ Rose accလေးကိုပဲ ကွက်ကြည့်မိသည်။
*____

စ*ာသင်ချိန်တွေအကုန်ပြီးလို့ နားနေတုန်း Group 4 ထဲကနေ noti ဝင်လာသည်။ ဝင်ကြည့်လိုက်တော့ “ 33 Rose “ ဆိုသည့် acc လေးက “ Hello ” လုပ်ထားခြင်းဖြစ်သည်။

Keyboard မှာ “ Hi “ ဟု ပြန်ရိုက်နေတုန်း Hi ဆိုသည့်စာကြောင်းတစ်ခုနှင့် stickerတစ်ခု chat ထဲပေါ်လာသည်။

“ Hi “ ပို့သည့် accကိုကြည့်လိုက်တော့ “ 37 Harry “ လို့တွေ့ရသည်။ stickerပို့သည့် accက “ 35 Lu min “ ဟုမြင်တွေ့ရသည်။ introvert ပီပီ keyboard ပေါ်က စာလုံးတွေပြန်ဖျက်ပြီး ထိုင်ကြည့်နေလိုက်သည်။ ချက်ချင်းဆိုသလို “ 33 rose is typing “ဆိုတာလေးပေါ်လာသည်။ ထို့နောက် rose typing ရပ်သွားသည်နှင့်အညီ rose ပို့လိုက်သည့် text ဟာလည်း chat ထဲပေါ်လာသည်။

“ အရင်ဆုံး တစ်ခု အမှန်တိုင်းပြောပြမယ်။ ငါက video learningကလာတာမလို့ presentationတွေ၊ group workတွေ မလုပ်ခဲ့ရဘူး။ အဲ့တော့ ဘယ်လိုလုပ်ရမလဲ သေချာမသိဘူး “

“ ဒီကောင်မလေးလည်း ငါ့လိုပါလား “ ဟုတွေးမိကာ video learning အဖော်တူတူရှိသွားပြီဖြစ်လို့ အားတတ်သွားရသည်။

35 Lu min accက “ ငါလည်း တူတူပဲ “ ဟုဝင်ထောက်ခံလေသည်။

“ နင်တို့ ညကျအားမယ်ဆိုရင် meeting လုပ်ရအောင်လေ။ ငါရှင်းပြပေးမယ် “ ဟု 37 Harry ၏ text ပေါ်လာသည်။

အားလုံးတစ်ပြိုက်နက်တည်း “ ok “ ဟု ပြန်ဖြေလိုက်ကြသည်။

#BTC
#forward_only
#owner

6 months, 3 weeks ago

" channel အကြောင်း တစ်စေ့တစ်စောင်း "

ကျွန်တော်ဒီ channel မှာ အများဆုံးတင်ဖြစ်တာက ကဗျာလို့အမည်တပ်လို့ရတဲ့စာတစ်ချို့နဲ့ ဝတ္ထုလေးတွေပါ..။
နောက်..G10တတ်နေတဲ့ online studentလေးတွေကို အခက်အခဲမဖြစ်ရအောင် ကျွန်တော် G10တုန်းက noteလေးတွေလဲတင်ပေးပါတယ်?
Movie enjoyer မလို့ movie recommend list လည်း အားရင်အားသလို တင်ပေးတတ်တဲ့ channelလေးပေါ့..။

ကျွန်တော် channelရဲ့ ရည်ရွယ်ချက်က ဘာလဲမေးရင်
" You're not alone " ဆိုတာလေးကို အခြေခံထားပါတယ်။
ကျွန်တော်တို့ဘဝမှာ တစ်ခါတစ်လေ အရာအားလုံးကို စိတ်ပျက်တဲ့အချိန်တွေရှိကြမှာပဲ။ အဲ့လိုအချိန်တွေမှာ " You're not alone " ဆိုတဲ့ vibeပေးနိုင်အောင် တည်ထောင်ထားတဲ့ channel လေးပါပဲ ?
ဓမ္မဘက်မှာ ရပ်နေတဲ့သူတွေအတွက်ဆို ပိုမှန်မယ်
( Also, ကျွန်တော့်ဝါသနာဖြစ်တဲ့ စာရေးတာကိုလည်း အခြေခံထားတာပေါ့ >< )

နောက် add post ကိစ္စလေး
Add post က ရပ်ထားပါတယ်ဗျ။

ကျွန်တော့် စာလေးတွေကို ဖတ်ချင်ရင်
[ #sarto ]

G10 နဲ့ပက်သက်တဲ့ noteတွေဖတ်ချင်ရင်
[ #G10 ]

ရာသီခွင်လေးတွေအကြောင်း သိချင်ရင် [ #zodiac_sign ]

Romance ဖတ်ချင်ရင်
[ #2000_real_story ]

Red flag ဆန်ဆန်လေးဖတ်ချင်ရင်
[ #fictional ]

ဝတ္ထုအတိုလေး‌တွေဖတ်ချင်ရင်
[ #short_novel ]

လတ်တလော ongoing ဖြစ်တဲ့ online class romance ဝတ္ထုလေးဖတ်ချင်ရင်
[ #BTC ]

နောက်လည်းအသစ်‌တွေထပ်တင်ဖြစ်ရင် Hashtag လေးတွေကို လာဖြည့်ပေးပါမယ်။ ပိုရှာရလွယ်ကူအောင်လို့ပါ။

#pinpost
#owner

6 months, 3 weeks ago

" မင်းက ဘာဖြစ်လို့ အိမ်ထဲဝင်ချင်ရတာလဲ " " ဒီအိမ်ထဲက ကောင်မလေးကို ပြတင်းပေါက်ကနေမြင်လိုက်ရတာ။ ကိုယ်ရောင်ကိုယ်ဝါကတအားတောက်ပနေလို့။ အဲ့တာ စိတ်ဝင်စားသွားလို့ " အိမ်စောင့်နတ်ကြီးက ရင်ကိုကော့ပြီး ဂုဏ်ယူသောလေသံဖြင့် " ငါတို့အိမ်ကကလေးမလေးက Cdm studentလေ။ မဆန်းပါဘူး…

9 months, 3 weeks ago

" မတွေ့ခဲ့ကြရင် ကောင်းသား ( အခန်း - ၂ ) " ကောင်းစံ သည် အိမ့် ဘက်လှည့်ကာ " မမ အဆင်ပြေရဲ့လား " " အင်း ပြေပါတယ် " " ဒါဆို ကောင်တာက ခုံမှာထိုင်နေလိုက် ။ ကျွန်တော် ဒီပန်းအိုးကွဲစတွေ ရှင်းမလို့ " " ရပါတယ် ၊ နှစ်ယောက်ရှင်းတော့ မြန်မြန်ပြီးတာပေါ့ " ဟုဆိုကာ…

We recommend to visit

ကြော်ငြာထည့်သွင်းရန် @sithuaung2006

Last updated 5 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 month, 2 weeks ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 2 years ago