ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006
Last updated 1 month, 4 weeks ago
Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.
Last updated 1 year, 10 months ago
"နရသိန် ထဲက ဒုက္ခများ"
*ကိုယ်ကျင့် သိက္ခာတွေ
လူ့အခွင့်အရေးတွေ ကို
အတိုင်းအဆရယ် မရှိ
ချနင်းခံခဲ့ရတဲ့...ထောင်ထဲက...နိုင်ကျဉ်း
ဘယ်မှာတဲ့လဲ...လူ့အခွင့်အရေး...
*အိမ်ကပေးလိုက်တဲ့ စားစရာပါဆယ်
ဒင်းတို့စားဖို့ နှိုက်ထားလိုက်ပြီ
*အပြင်မှာ ကွမ်းမစားတတ်တဲ့
နိုင်ကျဉ်း နဲ့ အကျဉ်းသူ မိန်းခလေး
ထောင်ထဲရောက်မှ ကွမ်းရောင်းနေရပြီ
ဝန်ထမ်းရဲ့ အားအားရှိမွေး
ခလေးပါ ထိမ်းပေးရပြီ
ဒါတွေဟာ ထောင်ပိုင်အတွက်ပေါ့
*ဝန်ထမ်းက သွင်းပေးပါတဲ့ ဒီငွေ
ရှာဖွေရေးမှာ တွေ့တော့
သိမ်းသွားပြန်ပေါ့
အဆောင်မှာ မီးချောင်း နဲ့ ရေစက်
ကောဇော နဲ့ အထွေထွေ ဆေးခန်း
အလှူခံပြန်တော့လည်း ဒီဝန်ထမ်းပဲ
ကဲ...ဒင်းတို့ သိမ်းတော့
ဘာနဲ့ ပေးရမှာလဲ ....
*ခြင်ကကိုက် ဝဲကကိုက်
ကျန်းမာရေးက မကောင်းပြန်တော့
ပြေးကြည့် ဆေးခန်းမှာ ဆေးကမရှိ
အရေးပေါ်ဖြစ်လာပြန်တော့
အဆင့်ဆင့် သတင်းတွေပို့
၂၄နာရီ တာဝန်ရှိတဲ့ ဝန်ထမ်း
စောင့်ရင်း ကြာသွားပါတဲ့ အချိန်နဲ့နာရီ
ငါတို့ နိုင်ကျဉ်း နဲ့ အကျဉ်းသား
ဝန်ထမ်းရဲ့ တာဝန်မဲ့မှု့ကြောင့်
အသက်တွေ အလဟဿ
စတေးခံရပြီပေါ့ ....
ဒါတွေဟာ...ဒါတွေဟာ...
နရသိန် ထဲက....
အဟုတ်ပါတဲ့ ဒုက္ခတွေပေါ့ ...
နိုအယ်လ်
4.12.2024
ဒီဇင်ဘာ(၁၈)၊၂၀၂၄၊ရန်ကုန်။
စစ်ကိုင်းတိုင်း မုံရွာမြို့မ ရဲစခန်းအတွင်းရှိ ရဲအချုပ်အတွင်း မတရားဖမ်းဆီးခံထားရသော အချုပ်သားများအပေါ် စစ်ကောင်စီ လက်အောက်ခံရဲဝန်ထမ်းများသည် လုံလောက်သည့် နေရာထိုင်ခင်းများမပေးခြင်းအပြင် ကျန်းမာရေးနှင့် သင့်တင့်လျောက်ပတ်သည့် စားစရာ ကျွေးမွေးခြင်းမပြုပဲ ဥပဒေမဲ့ ဖမ်းဆီးထားလျက်ရှိသည်။
အထက်ပါ အခြေနေ အခက်အခဲများအပေါ် အခွင့်ရေးရယူလျက် ရဲဝန်ထမ်းများ၏ မိသားစုဝင်များကပါ ကိုယ်ကျိုးစီးပွားရှာ ခေါင်းပုံဖြတ်လျက်ရှိနေသည်။
ထို့အပြင် မိသားစုများမှပေးပို့လာသော ငွေကြေးနှင့်အခြားပစ္စည်းများကိုလည်း ဖြတ်ယူခြင်း၊အလွဲသုံးစားပြုခြင်းများကိုလည်း ကျူးလွန်လျက်ရှိသည့်အပြင် စိတ်မကျေနပ်သည့်အခါတိုင်း ဆဲရေးတိုင်းထွာခြင်း၊ စိတ်ရှိတိုင်း ပြောဆိုခြင်းများကို နေ့စဉ်ရက်ဆက် ကျူးလွန်လျက်ရှိသည်။
သို့ပါသောကြောင့် ပြည်သူလူထုနှင့် တော်လှန်ရေးအင်အားစုများ ၊သပိတ်အင်အားစုများ ၊လူ့အခွင့်အရေးအဖွဲ့အစည်းများအနေဖြင့်လည်း အကျဉ်းထောင်များနှင့် အကျဉ်းဦးစီးဝန်ထမ်းများကို စောင့်ကြည့်ပြီး လက်တွေ့ကျသည့် ကူညီမှုများ၊ ထိရောက်သည့် အရေးယူမှုများ၊ လူမှုရေးပြစ်ဒဏ်ပေးမှုများကို ထိရောက်စွာ ပြုလုပ်ပေးကြပါရန် တိုက်တွန်းအပ်ပါသည်။
PPNM
လူ့အခွင့်အရေးသည်
လူသားအားလုံးနဲ့သက်ဆိုင်သည့်အတွက်
မြန်မာပြည်က ပြည်သူလူထုတွေဟာလည်း
လူသားတွေဖြစ်သောကြောင့်
လူ့အခွင့်အရေးအပြည့်အဝ ရရှိသင့်ပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)
ယနေ့ အောက်တိုဘာလ(၇)ရက်နေ့ မနက်(၃)နာရီအချိန်တွင် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကျဆုံးသွားကြောင်း။
မကွယ်လွန်ခင်အချိန်တွင် စစ်ကောင်စီအနေဖြင့် လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ကြောင်း ကြားသိရပါသည်။
အကြမ်းဖက်စစ်ကောင်စီနှင့် အကျဉ်းဦးစီးဌာနအနေဖြင့် ထောင်တွင်းဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိ၍ ကွယ်လွန်ခဲ့သည် စသည့် သတင်းစကားများ မြန်မာပြည်သူများနှင့် ကမ္ဘာပြည်သူများထံ ပြန့်နှံ့သွားမည်ကို ကာကွယ်ရန်အတွက်သာ လွတ်ငြိမ်းသက်သာခွင့်ကို မကွယ်လွန်ခင်အချိန်အတွင်း လာရောက်ဖတ်ကြားခြင်းဖြစ်သည်။
ထောင်တွင်း ကျန်းမာရေးနဲ့ညီညွတ်သည့် စားသောက်နေထိုင်ရေး မရခြင်း၊ သောက်သုံးရေများတွင် ခဲဓာတ်ပါဝင်မှုများပြားခြင်း၊ထောင်တွင်းဆေးဝါးမလုံလောက်ခြင်းနှင့် အရေးပေါ်ဆေးဝါးကုသရမည်များကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ထောင်ပြင်ပဆေးရုံသို့ အချိန်နှင့်တပြေးညီ ပို့ဆောင်ပေးခြင်းမရှိသောကြောင့် ကျဆုံးခဲ့ကြရပါသည်။
၂၀၂၄ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလ(၇)ရက်နေ့အတွင်း ထောင်တွင်းဆေးဝါး လုံလောက်စွာမရရှိ၍ ကျဆုံးခဲ့ရသူ နိုင်ငံရေးအကျဉ်းသား(၁၁)ဦးနှင့်နိုင်ငံရေးအကျဉ်းသူ(၂)ဦး စုစုပေါင်း(၁၃)ဦး ကျဆုံးခဲ့ရပါသည်။
PPNM
ဆောင်နေခြင်းဖြစ်ပါတယ်။
ထို့ကြောင့် အကျဉ်းထောင်နှင့်ပက်သက်ပြီး သတင်းတစ်ခုခုကြားပါက ချက်ခြင်း မယုံကြည်ဘဲ စိစစ်ရန် အထူးလိုအပ်ပြီး ကြားရသည့်သတင်းက ဘယ်ကစလာတာလဲ အရင်ဆုံး အတည်ပြုသင့်ပါသည်။ယုံကြည်စိတ်ချရတဲ့ အဖွဲ့အစည်း များ၊သတင်းမီဒီယာများက ထုတ်ပြန်ထား/မထား ပြန်ကြည့်ပြီးမှသာ ယုံကြည်ကြပါရန် မေတ္တာရပ်ခံအပ်ပါ သည်။
(သိုက်ထွန်းဦးသည် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် -PPNM ၏ ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်သည်။)
စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားတွေကို သေဒဏ်တွေ ထပ်ပေးနေသလား၊ စိတ်ဓာတ် စစ်ဆင်ရေးလား
By သိုက်ထွန်းဦး (PPNM)
အကြမ်းဖက်စစ်ကောင်စီက စက်တင်ဘာလ ၂၃ ရက်နေ့ နှင့် စက်တင်ဘာလ ၂၄ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများကို အင်းစိန်အကျဉ်းထောင်အတွင်း သေဒဏ်များ စီရင်လိုက်သည်ဆိုသော သတင်းများ ထွက်ပေါ်လာသည်။ အဆို ပါသတင်းနှင့် ပတ်သက်ပြီး သိရှိထားသမျှ ပြန်လည် တင်ပြလိုပါသည်။
ကျွန်တော်တို့(PPNM)အဖွဲ့သူ၊အဖွဲ့သားများသည် ပြည်သူလူထုသိရှိရန်ခက်ခဲပြီး အကျဉ်းထောင်အသီးသီးတွင် အမှန်တကယ်ဖြစ်ပေါ်ခဲ့သော နိုင်ငံရေးအကျဉ်း သားများအပေါ် လူ့အခွင့်အရေးချိုးဖောက်နေမှုများ၊ဥပဒေမဲ့ သတ် ဖြတ်မှုများ၊လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုနှင့် အဓမ္မပြုကျင့်ခံရမှုများ၊ ထောင်တွင်း သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား/သူများ၏ အချက်အလက်များ၊ ထောင်အာဏာပိုင်များ၏ လာဘ်စားမှု ကိစ္စရပ်များစွာကို သတင်းထုတ်ပြန်မှုများ ပြုလုပ်ခဲ့ကြပါသည်။ PPNM အနေဖြင့် အချက်အလက်မှန်ကန်မှုကို အဓိက ထားပြီး ထုတ်ပြန်ခဲ့သည့် အတွက် ထိုထုတ်ပြန်ချက် တစ်ခုချင်းစီကို စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများကအမြဲပြန်လည်ရှင်းလင်းချက်များ ထုတ် ပြန်နေရဆဲဖြစ်ပါသည်။
စက်တင်ဘာလ ပထမအပတ်တွင် လူသိများသော ပုဂ္ဂိုလ်တစ်ဦး၏ ဖေ့ဘွတ်စာမျက်နှာတွင် “သေဒဏ်ပေးထားသူတွေ ထပ်မံကွပ်မျက်မယ်လို့ သတင်း ထွက် တယ်” ဆိုသည့် အကြောင်းများဖြင့် ဖော်ပြလာသည်။ ထိုကဲ့သို့ ရေးသားခဲ့သည်ကို ပထမဦးစွာ ဖတ်ရပြီးနောက် သေဒဏ်သတင်းသည် စတင်ပျံနှံလာခဲ့ပါသည်။
အတည်ပြုနိုင်ခြင်းမရှိသော အဆိုပါ သေဒဏ်ပေးမည့်သတင်း အပေါ် ခန့်မှန်းယူဆချက် အမျိုးမျိုးဖြစ်ခဲ့ရာမှ ပြည်သူများမှာလည်း စိုးရိမ်ပူပန်များစွာ ဖြစ်ပေါ်ခဲ့ကြရသည်။လက်ရှိ အင်းစိန်အကျဉ်းထောင်အတွင်း ရက်အလိုက် ထူး ခြားဖြစ်စဉ်များကို ရက်အလိုက် မှတ်တမ်းရယူထားနိုင်ခဲ့ပါသည်။
ထောင်အကျရုံးတွင် သေဒဏ်ချခံထားရသည့် ကျား ၄ ဦးနှင့် မ ၁ ဦးကို ရဲတပ်ဖွဲ့ဝင်များ ခေါ်ယူတွေ့ဆုံမှု ပြုလုပ်ခဲ့ကြသည်။ အဆိုပါ ခေါ်ထုတ်လာသည့် သေ ဒဏ်ချမှတ်ခံထားရသူ ၅ ဦးကို ထောင်ဝန်ထမ်းနှင့်ရဲတပ်သား ၁၈ ဦးက လုံခြုံ ရေးယူ၍ ခေါ်ထုတ်ခဲ့ပါသည်။
အကျဥ်းထောင်သို့ ဒုညွန်ချုပ် လာရောက်ခဲ့ပြီး အကျဉ်းထောင်အပြင်ဘက်ရှိ ဝန်ထမ်းအရာရှိအိမ်ရာတွင် အရေးပေါ်အစည်းအဝေးတစ်ခုပြုလုပ်ခဲ့သည်။ စက်တင်ဘာ ၁၆ ရက်နေ့မှ စ၍ အကျဉ်းထောင်ထဲတွင် Standby (အသင့်အနေ အထား) ပြင်ဆင်ခဲ့ကြပါသည်။
အကျဉ်းထောင်အတွင်ရှိ ဝန်ထမ်းအားလုံး Standby ထားရှိ၍ အသွားအလာတင်းကျပ် ထားပါသည်။
ထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသား/သူများအပါအဝင် အကျဉ်းသား ၅၀၀ ဦးကို ထောင်ပြောင်းခဲ့ရာတွင် နိုင်ငံရေးအကျဉ်းသား ၂၅၇ ဦးနှင့် နိုင်ငံရေးအကျဉ်းသူ ၆၃ ဦး တို့ပါဝင်ခဲ့ပါသည်။
အကျဉ်းထောင်အတွင်း ကြိုးပေးသည့် နေရာသည် သီးသန့်နေရာဖြစ်ပြီး ခွင့်ပြုချက်မရရှိလျှင် အကျဉ်းဦးစီးဝန်ထမ်းများပင် သွားရောက်ရန် မလွယ်ကူသည့်နေရာဖြစ်ပြီးစက်တင်ဘာ ၁၄ ရက်နေ့မှစ၍ အဆိုပါ ကြိုးစင်ရှိရာ နေရာတစ်ဝိုက်ကို တပ်ရဲ ဟူ သီးခြားခေါ်သည့် အကျဉ်းဦးစီးဝန်ထမ်းများမှ ထောင်အာဏာပိုင် ၏ အမိန့်အရ တာဝန်ယူထားသည်ကို သိရှိထားရပါသည်။
ယနေ့ စက်တင်ဘာလ ၂၃ ရက်နေ့ မနက် ၄ နာရီတွင် အင်းစိန်ထောင်အား ဗုံးခွဲသည့်အမှုဖြင့် သေဒဏ်ကျခံခဲ့ရသည့် လင်မယားနှစ်ဦးကို ကြိုး ပေး ကွက်မျက်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပါသည်။
ကြိုးပေးကွပ်မျက်မှု တကယ်မရှိခဲ့သည့်တိုင်အောင် အဆိုပါ ပျံ့နှံ့လာသည့် သတင်းများကြောင့် သေဒဏ်ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား/သူများနှင့် ၎င်းတို့၏မိသားစုဝင်များမှာ စိုးရိမ်ပူပန်ကြရပြီး ဝမ်းနည်းပူဆွေးရမှုသည် ပထမဆုံး ထွက်ပေါ်လာသည့် ရလဒ်ဖြစ်နိုင်သည်ကို သတိပြုဆင်ခြင်ကြရမည် ဖြစ်ပါသည်။
ဒုတိယ အနေဖြင့် စစ်ရေးမှာ ရှုံးနိမ့်နေသည့် စစ်ကောင်စီကို သေဒဏ်အရေးသတိထားမိသွားစေရန် လမ်းကြောင်းတွန်းပို့ရာ မရောက်ရန်လည်း အထူးသတိထားကြရမည် ဖြစ်ပါသည်။ အတည်ပြုထားနိုင်သည့် အချက်အလက်များအရ စက်တင်ဘာ(၂၃)ရက်နေ့တွင် ကြိုးပေးကွပ်မျက်သတ်ဖြတ်ခြင်း မရှိခဲ့သလို ယနေ့ စက်တင်ဘာလ၂၄ရက်နေ့ ကြိုးပေးမည်ဟု ပျံ့နှံ့နေသည့် အကြောင်းအရာများသည်လည်း သတင်းအမှားများသာ ဖြစ်ပါသည်။
အကျဉ်းထောင်တွင်း အခြေအနေများနှင့်ပတ်သက်၍ ကောလဟာလများကို ရည်ရွယ် ချက်ရှိရှိဖြင့် ဖြန့်ဝေခြင်းခံနေရပါသည်။ ဒါက စိတ်ဓာတ်စစ်ဆင်ရေးတစ်ရပ်ကို စစ်ကောင်စီလက်အောက်ခံနှင့် တပ်ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များမှ စနှစ်တကျဖြန့်ဝေလျက်ရှိပါသည်။ ယခုကဲ့သို့ မဟုတ်မမှန် သတင်းများ ပျံ့နှံ့နေခြင်းသည် သေဒဏ်ချခံထားရသူတွေကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင် လုပ်ဆောင်နေ ခြင်းဖြစ်ပြီး သေဒဏ်ကျခံနေရတဲ့ မိသားစုဝင်တွေကိုပါ တစ်ဖက်လှည့်ဖြင့် စိုးရိမ်ပူပန်ပြီး ဝမ်းနည်း ပူဆွေးအောင် လုပ်
စက်တင်ဘာ (၁၉)၊၂၀၂၄၊ရန်ကုန်။
ပဲခူးတိုင်း ဒိုက်ဦးအကျဥ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားတစ်ဦးထံတွင် ပွတ်ချွန်း အခွံ(ဆေးလိပ် လိပ်ရာတွင် အသုံးပြုသည့် စက္ကူစာရွက်) တွေ့သည်ဟု စွပ်စွဲကာ ထောင်အာဏာပိုင်များက ခန္ဓာကိုယ်အား ရိုက်နှက်ခဲ့ပြီး ဦးခေါင်းနှင့် မျက်နှာကို ဖိနပ်ဖြင့်နင်းကာ ရိုက်နှက်မှုများပြုလုပ်
ဥပဒေမဲ့ ရိုက်နှက်ခဲ့သူမှာ အမှတ် (၅)အိပ်ဆောင်၏ အဆောင်မှုး ရဲထွဋ်ဝင်း(ကိုယ်ပိုင်အမှတ် က-၄၀၉၂ လ/ထကရမ-၁)နှင့် ဒုတပ်ကြပ် စောအောင်ကိုလေး ဆိုသူများဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားတစ်ဦးအား ကျူးလွန်ခဲ့ကြပါသည်။
နိုင်ငံရေးအကျဉ်းသားအား ရိုက်နှက်မှုကို အဆောင်မှူး ရဲထွဋ်ဝင်းမှ အဓိက ဦးဆောင်၍ နိုင်ငံရေးအကျဉ်းသား၏ ဦးခေါင်းနှင့် နောက်စေ့များကို စစ်ဖိနပ်ဖြင့် တက်နင်းခြင်း၊မျက်နှာကို စစ်ဖိနပ်ဖြင့် ကန်ကျောက်ခြင်း၊ရိုက်နှက်မှုများကို ပြင်းထန်စွာ ပြုလုပ်ခဲ့သည့်အတွက် နိုင်ငံရေးအကျဉ်းသား၏ ကျောပြင်တွင် ပေါက်ပြဲ ပွန်းရှ ဒဏ်ရာများရရှိခဲ့ပါသည်။
အဆောင်(၅)၏ အဆောင်မှူး နှင့် ရိုက်နှက်မှုတွင် ပါဝင်ခဲ့သည့် အကျဉ်းဦးစီးဝန်ထမ်းများအား အကူးအပြောင်းကာလတွင် တရားမျှတမှုဖော်ဆောင်နိုင်ရန်မှတ်တမ်းများနှင့်တကွ စနစ်တကျ သိမ်းဆည်းထားကြောင်း အသိပေးအပ်ပါသည်။
(PPNM)
သာယာဝတီထောင်ရှိ အမျိုးသားအဆောင်(၂) နှင့် အဆောင် (၂) အဆောင်မှူး ကျော်ဇင်သက် သည် အကျဥ်းသားများထံမှ အကြောင်းအမျိုးမျိုးပြကာ ငွေကောက်ယူလျက်ရှိကြောင်းသိရသည်။အဆိုပါ ၂ ပွင့်အဆင့်ရှိ အဆောင်မှူး ကျော်ဇင်သက် သည် လွန်ခဲ့သော ၂၀၂၄ ခုနှစ်၊ မေလတွင် သူသင်တန်းတက်မည်ဖြစ်၍အကျဥ်းသားများထံမှ တစ်ခန်းလျှင် ငါးသောင်းနူန်းဖြင့် ငွေကြေးကောက်ယူခဲ့ကြောင်း PPMN မှစုံစမ်းသိရှိရပါသည်။
ကျော်ဇင်သက် သည် သင်တန်းမှပြန်လည် ရောက်ရှိလာသောအခါတွင်လည်း ထောင်အတွင်း အကျဥ်းသားများအား ထောင်မှခိုင်းသည့်အလုပ် မလုပ်လိုလျင် ၎င်းထံသို့ တစ်ဦးလျှင် ငွေ တစ်သိန်းခွဲပေးရကြောင်း၊အဆိုပါတစ်သိန်းခွဲသည် ထောင်သို့ အဆောင်မှူးတစ်ယောက်ပြောင်းတိုင်း တစ်ခါပေးရခြင်း ဖြစ်ကြောင်း PPMN မှစုံစမ်းသိရှိရပါသည်။
ထို့အပြင်ထောင်မှ အကျဥ်းသားများအား သော့ခတ်ရန် သော့ခလောက် သံချေးများတက်နေလျှင်လည်း ထောင်ပိုက်ဆံ မသုံးပဲ အကျဥ်းသားများအား အတင်းဝယ်ယူခိုင်းကြောင်းသိရှိရပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ
နိုင်ငံရေးအကျဥ်းသားများကွန်ရက်(PPNM)
ဒိုက်ဦးထောင်တွင် နှစ်ပွင့်အရာရှိ အမျိုးသမီးဝန်ထမ်း စန်းနွယ်ဦး က အင်အားသုံးရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသူများထိခိုက်ဒဏ်ရာရရှိ
ဩဂုတ်လ(၁၉)ရက်၊ ၂၀၂၄၊ရန်ကုန်။
(နိုင်ငံရေးအကျဉ်းသူများ၏ အသက်အန္တရယ်နှင့်လုံခြုံရေးအထူး စိုးရိမ်နေရ)
၁၉.၈.၂၀၂၄ ရက်နေ့ ညနေ(၃)နာရီခွဲ အချိန်တွင် ဒိုက်ဦးထောင်မှ အကျဉ်းဦးစီးဝန်ထမ်းအမျိုးသားအင်အား(၅၀)ဦးခန့်နှင့်အမျိုးသမီးဝန်ထမ်း(၇)ဦးခန့်တို့သည် အမျိုးသမီးအဆောင်သို့ လေးခွ ၊ ရာဘာတုတ်၊ကျဉ်စက်များ ကိုင်ဆောင်၍ ဝင်ရောက်ခဲ့ပြီး ကျိုက်မရောထောင်ပြောင်း နိုင်ငံရေးအကျဉ်းသူတစ်ဦးကို မိသားစုဧည့်တွေ့မှ ပါလာသည့် ပစ္စည်းတွင် တရားမဝင်ပစ္စည်း သယ်ဆောင်လာသည်ဟူသောစွပ်စွဲချက်ဖြင့် လာရောက်ခေါ်ဆောင်သွားခဲ့ပါသည်။
လာရောက်ခေါ်ဆောင်ရာတွင် ကောင်းမွန်သည့် အကြောင်းပြချက်ပေး၍ခေါ်ထုတ်ခြင်းမဟုတ်ပဲ အတင်းအဓမ္မအင်အားသုံး ခေါ်ဆောင်သည့်အတွက် ခေါ်ဆောင်ခံရသူ နိုင်ငံရေးအကျဉ်းသူက မလိုက်နိုင်ကြောင်း ရှင်းပြသည့်အပေါ် အမျိုးသမီးဝန်ထမ်း၂ ပွင့်အရာရှိ စန်းနွယ်ဦး မှ အမျိုးသားဝန်ထမ်းများကို အတင်းအဓမ္မအခန်းတွင်းမှ ခေါ်ထုတ်ခိုင်းခဲ့ပါသည်။
အမျိုးသားဝန်ထမ်းများက ခေါ်မထုတ်သည့်အခါ စန်းနွယ်ဦး မှ အမျိုးသမီးအဆောင်အခန်းထဲထိ ဝင်ရောက်၍ ကျိုက်မရောထောင်ပြောင်း နိုင်ကျဉ်းသူအား ဆံပင်ကိုဆွဲ၍ ရိုက်နှက်ခေါ်ဆောင်သွားခဲ့ပါသည်။ ယခုကဲ့သို့ ဥပဒေမဲ့ ခေါ်ဆောင်မှုအပေါ် လက်မခံနိုင်သည့် နိုင်ကျဉ်းအမျိုးသမီးများမှ ခေါ်ဆောင်မှုကို ဝိုင်းဝန်းကာကွယ်ပေးသည်ဟုဆိုကာ အခြားနိုင်ငံရေးအကျဉ်းသူများကိုပါ ဝန်ထမ်းအင်အား(၅၀)မှ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြပါသည်။
ရိုက်နှက်ခံခဲ့ရသည့် အတွက် နိုင်ငံရေးအကျဉ်းသူ(၇)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး *အသက်အန္တရာယ်နှင့် လုံခြုံရေးအရ အထူးစိုးရိမ်နေရကြောင်း သိရှိရပါသည်။
လက်ရှိရိုက်နှက်ခံထားရသည့် နိုင်ငံရေးအကျဉ်းသူများသည် ကျိုက်မရောထောင်နှင့် အင်းစိန်ထောင်မှ ပြောင်းရွေ့ခံထားရသူများဖြစ်ပြီး ဒိုက်ဦးတွင်အကျဉ်းချခံခဲ့ရသည့် နိုင်/ကျဉ်းအမျိုးသမီးများ ဖြစ်ကြောင်း အသိပေး ထုတ်ပြန်အပ်ပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006
Last updated 1 month, 4 weeks ago
Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.
Last updated 1 year, 10 months ago