Southern YSO PDF

Description
We recommend to visit

ကြော်ငြာထည့်သွင်းရန် @sithuaung2006

Last updated 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 day, 7 hours ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 1 year, 11 months ago

2 months, 2 weeks ago

Southern YSO PDF "နတ်မိကျောင်း စစ်ဆင်ရေး"အမှတ် (၁) စစ်ကြောင်းမှ ပြည်သူစစ်သည်များ၏ ရှေ့တန်းတစ်နေရာ လူပ်ရှားမှု ပုံရိပ်များ

2 months, 3 weeks ago

သတင်းထုတ်ပြန်ချက်

၁/နိုဝင်ဘာလ/၂၀၂၄-ရေစကြိုမြို့နယ်

အကြောင်းအရာ။   ။စကစ တပ်သားများ လက်နက်အပ် အလင်းဝင်ရောက်လာခြင်း။

၁၇.၁၀.၂၀၂၄ ရက်နေ့တွင်

ပခုက္ကူစက်မှုဇုန်စစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်နေသော ပခုက္ကူမြို့ ခလရ ၂၅၉ တပ်မှ
တပ်သား ပြည့်ဖြိုးအောင် နှင့်

ပခုက္ကူမြို့နယ် မြောက်လူးကန် အထိုင်စခန်းတွင် တာဝန်ထမ်းဆောင်နေသော စလင်းမြို့ ခလရ ၂၅၅ တပ်မှ တပ်သား ကောင်းမင်းခန့် တို့သည်

ရေစကြိုတောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
Southern YSO PDF အဖွဲ့ထံသို့ MA1 သေနတ် ၂ လတ်၊ကျည်ဘောက် ၆ ဘောက်၊ ကျည်ဆံ ၁၂၀ တို့နှင့်အတူ
လက်နက်အပ်အလင်းဝင်ရောက်လာခဲ့ပါသည်။

လက်နက်အပ်ဝင်ရောက်လာသော ရဲဘော် ၂ ဦးကို တစ်ဦးလျှင် ငွေ ကျပ် သိန်း ၄၀ စီ၊ပေါင်း ကျပ် သိန်း၈၀
ဆု ချီးမြှင့်ပေးခဲ့ပါသည်။

ယခုအချိန်ထိ Southern YSO PDF အဖွဲ့ ထံသို့အလင်းဝင်ရောက်လာသော စကစတပ်သား အမြောက်အမြားရှိနေပြီဖြစ်ပြီး အချို့သည် ဌင်းတို့နေထိုင်လိုသော ဒေသသို့ ပို့ဆောင်ပေးထားပြီး၊ အချို့သည်လဲ အာဏာရှင်တော်လှန်ရေး လုပ်ငန်းစဉ်မှာ ပူးပေါင်းပါဝင် ဆောင်ရွတ်နေဆဲဖြစ်ပါသည်။

အာဏာရှင် လက်အောက်မှာ တာဝန်ထမ်းဆောင်နေကြသော ရဲဘော်ညီကိုများအနေဖြင့် မိမိတို့သည် အာဏာရှင်မျိုးဆက်၊အာဏာရှင်ခိုင်းဖတ် အဖြစ်မခံကြဘဲ ပြည်သူရင်ခွင်ခိုလူံကြဖို့ တောင်းဆိုအပ်ပါသည်။

Southern YSO PDF အဖွဲ့ကလဲ နွေးထွေးစွာ ကြိုဆိုသွားပါမည်။

ပုံ

တာဝန်ခံ

အောင်မောင်း(Southern YSO PDF)

3 months, 2 weeks ago

ပွဲသတင်းထုတ်ပြန်ချက်

၁၂/အောက်တိုဘာလ/သောကြာ / ရေစကြိုမြို့နယ်

၁၁.၁၀.၂၀၂၄ရက်နေ့ ညနေ ၄:၀၃မိနစ်အချိန်
ပခုက္ကူ၊ရေစကြို လမ်းပိုင်း တစ်နေရာတွင်  ရေစကြိုမြို့နယ်ရှိ ကျေးရွာ တစ်ရွာအား စစ်ကြောင်းထိုးနေသော ရွာ တစ်ရွာသို့ အင်အားဖြည့်တင်းဖို့ ပခုက္ကူမြို့မှ လာရောက်သော အင်အား ၇၀ နီးပါးပါ စကစ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ပါသည်။

ဤတွင် စကစ စစ်ကြောင်းတစ်ကြောင်းလုံး နောက်ဆုတ် ပြန်ပြေးသွားအောင်
Southern YSO PDF ၏ နတ်မိချောင်းစစ်ဆင်ရေး စစ်ကြောင်း ၊ ပူးပေါင်းမဟာမိတ်အဖွဲ့ BNRA (ဗမာအမျိုးသားတော်လှန်ရေးတပ်တော်) နှင့် မဟာမိတ် ညီကိုများနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။

စကစ စစ်ကြောင်းအထိုင်ပြု ပစ်ခတ်ရာ တောင်ကုန်းတစ်ခုလုံး စီးနင်းနိူင်ခဲ့ပြီး

MA1 တစ်လတ်
G3 တစ်လတ်

သိမ်းပိုက်ရရှိခဲ့ပါသည်။

နောက်ဆက်တွဲ ပွဲဖြစ်ပွားပြီး ည ၇ နာရီအချိန်ခန့်တွင် ပခုက္ကူဆေးရုံ သို့  အတွင်းလူနာအဖြစ် ခွေး ၅ကောင် ရောက်ရှိပြီး ခွေးသေ ၃ ကောင်ထက်မနည်းကို သက်ဆိုင်ရာ ပခုက္ကူတပ်စခန်းသို့သယ်ဆောင်သွားပါသည်။
(🍉ဖရဲသီး သတင်းအရ တိတိကျကျသိရှိရ)

ဤပူးပေါင်းဖြစ်စဉ်တွင်

#Southern YSO PDF
#BNRA(ဗမာအမျိုးသား တော်လှန်ရေးတပ်တော်)
#ပြည်သူ့အားမာန်PDF
#King Cobra ညီနောင်မဟာမိတ်များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ပါသည်။

#နတ်မိချောင်းစစ်ဆင်ရေးအောင်ရမည်။

တာဝန်ခံ

အောင်မောင်း(Southern YSO PDF)

5 months, 1 week ago

ပွဲသတင်းထုတ်ပြန်ချက်

၁၅/ဩဂုတ်လ/ပခုက္ကူမြို့နယ်

အင်အားရာကျော်ဖြင့်တပ်စွဲထားသော ခွေးဂိတ်စခန်းအနီး ဝင်ရောက်ပစ်ခတ်ခြင်း။

ပခုက္ကူလေယာဉ်ကွင်း ပြန်လည်ပြုပြင်ရေးစီမံကိန်းကြောင့် လေယာဉ်ကွင်းအနီးနားရွာတွင် အင်အား တစ်ရာကျော်ဖြင့် တပ်စွဲနေသော ခွေးဂိတ်စခန်းအနီးရှိ ခွေးများကို မနက်ခင်း ၁၀:၃၀ မိနစ်အချိန်တွင် Southern YSO PDF အဖွဲ့၏ "နတ်မိချောင်းစစ်ဆင်ရေး" စစ်ကြောင်းမှ ဦးစီးကာ ပူးပေါင်းမဟာမိတ်များနှင့် ကြားဖြတ်တိုက်ခိုက်ခဲ့ပါသည်။

ဤတွင် ခွေးသုံးကောင် လျှော။

G3သေနတ်၁ လတ်
MA 11 ၁ လတ်   ပေါင်း ၂ လတ်ရရှိခဲ့ပါသည်။

#အချိန်မနှောင်းခင်ပြည်သူနဲ့ပူးပေါင်းပါ။

#Southern YSO PDF
#ဒေါင်းညီနောင်
#Yesagyo Revolution Group (YRG)
#King Cobra
#ပြည်သူ့အားမာန် PDF
#ရင်း ၁၆ တပ်ခွဲ ၃ ပူးပေါင်းဆောင်ရွတ်ခဲ့ပါသည်။

တာဝန်ခံ

အောင်မောင်း(Southern YSO PDF)

5 months, 2 weeks ago

ပွဲသတင်းထုတ်ပြန်ချက်

၁၁/ဩဂုတ်လ/ရေစကြိုမြို့နယ်

ပခုက္ကူ မှ ရေစကြိုမြို့သို့ ထွတ်ခွာလာသော ခွေး ယာဉ်တန်း ၃ စီးကို စီးနင်းတို-က်ခို-က်ခြင်း။

ဖြစ်စဉ်မှာ

၁၀.၈.၂၀၂၄ ရက်နေ့ နေ့လည် ၁ နာရီအချိန်တွင် ပခုက္ကူမြို့ မှ ရေစကြိုမြို့သို့ သွားသော ခွေးယာဉ်တန်း
၃ စီးကို Southern YSO PDF အဖွဲ့၏
"နတ်မိချောင်း စစ်ဆင်ရေး" စစ်ကြောင်းမှ ဦးစီးကာ
ပူးပေါင်းမဟာမိတ်များနှင့် ကြားဖြတ်တို-က်ခို-က်ခဲ့ပါသည်။

ခွေး ၂၅ ကောင်လျှော
ခွေး   ၅ ကောင် အရှင်ဖမ်းမိ
သေနတ် G3 ၄ လတ်
G3 ကျည် ၃၀၀
ကာဘိုင်ကျည် ၅၀၀ ရရှိခဲ့သည်။

#နတ်မိချောင်းစစ်ဆင်ရေးအောင်ရမည်။
#Southern YSO PDF
#BNRA
#မြိုင် ပကဖ
#ပြည်သူ့အားမာန်
#MVP
#အလင်းတန်းပြောက်ကျား

တို့မှပူးပေါင်းလုပ်ဆောင်ခဲ့ပါသည်။

တာဝန်ခံ

အောင်မောင်း(Southern YSO PDF)

5 months, 2 weeks ago

သတင်းထုတ်ပြန်ချက်

၉/ဩဂုတ်လ/ပခုက္ကူမြို့နယ်

စကစ တပ်စွဲရာ ပခုက္ကူလေယာဉ်ကွင်းသို့ rocket,rc plane,drone ဖြင့် တို-က်ခို-က်ခြင်း။

ဖြစ်စဉ်မှာ
ပခုက္ကူ လေယာဉ်ကွင်းပြန်လည်တည်ဆောက်ရေးအတွက် ပခုက္ကူလေယာဉ်ကွင်းအတွင်းတပ်စွဲထားသော စခ၊ရခ၊ပခ များ နေထိုင်ရာ လေယာဥ်ကွင်းအတွင်း RC Plane. Drone.  Rocket
လက်နက်ကြီး..လက်နက်ငယ် စသည်ဖြင့်

၄.၈.၂၀၂၄ ရက်နေ့တွင့် အလုံး ၅၀ ခန့်
၅.၈.၂၀၂၄ရက်နေ့တွင် အလုံး ၃၀ခန့်
၇.၈.၂၀၂၄ ရက်နေ့တွင် အလုံး ၅၀ခန့်  တို-က်ခို-က်ခဲ့ပါသည်။

လေယာဉ်ကွင်းတည်ဆောက်ရေးမှာ ပါဝင်သော အလုပ်သမားအနေဖြင့် ငွေကြေးတစ်ခုအတွက်သာ မကြည့်ဘဲ မိသားစုဘဝကို ပြန်ငဲ့ကြည့်စေချင်ပါတယ်။

(လေယာဉ်ကွင်းပြင်ဆင် ကန်ထရိုက်မှာ မအလ သား
ပိုင် ကုမ္မဏီဟု သတင်းကြားသိရ)

အလုပ်သမားများအနေဖြင့် အာဏာရှင်ခိုင်းစေရာလုပ်ငန်းများမှာ ပါဝင်လုပ်ဆောင်ခြင်း မရှိဖို့ တိုက်တွန်းပြောဆိုအပ်ပါသည်။

ဤတွင် မကွေးရဲတပ်ရင်းမှ လာသော ရခ ၃ ကောင် ဆေးရုံအလည်ရောက်ရှိပါသည်။

ဤဆောင်ရွတ်မှုတွင်

#Southetnr YSO PDF
#ရေစကြို ပလဖ
#MPL တိုက်နယ် ၄ ပကဖ
#အညာမုန်တိုင်း
#TKGF
#Gen 1
#ဒေါင်းနီ ပကဖ
#ရွှေဟင်္သာ လက်နက်ကြီူ
#Yesagyo Revolution Group(YRG)
#ဒေါင်းညီနောင်
#ပြည်သူ့အားမာန်-pdf
#King Corba

အဖွဲ့တို့က ပူးပေါင်းပါဝင်တို-က်ခို-က်ခဲ့ပါသည်။

#တရားသောစစ်သာနိုင်ရမည်။

တာဝန်ခံ

အောင်မောင်း (Southern YSO PDF)

5 months, 2 weeks ago

ပွဲသတင်းထုတ်ပြန်ချက်

၈/ဩဂုတ်လ/ရေစကြိုမြို့နယ်

ခွေးစစ်ဆေးဂိတ်စခန်းကို 60mm motor ဖြင့် ပစ်ခတ်ခြင်း။

ဖြစ်စဉ်မှာ
မကွေးတိုင်း၊ရေစကြိုမြို့နယ် ကျောက်လှေခါးရွာ ကားလမ်းအထိုင်ကျ ခွေးစစ်ဆေးရေးဂိတ်စခန်းကို
7.8.2024 နံနက် ၁ နာရီအချိန်တွင်Southern YSO PDF ဦးဆောင်ကာ မဟာမိတ်အဖွဲ့များမှ စက်လတ်၊စက်ကလေး၊60mm motorတို့ဖြင့် ပ-စ်ခ-တ်ခဲ့ပါသည်။

6.8.2024ရက်နေ့ ည ၁၁:၁၀မိနစ်အချိန်တွင် ခွေးဂိတ်စခန်းမှ ခွေးများမူးရူးသောက်စားပြီး
ထန်းငယ်တောကျေးရွာသို့ ၆၀မမ ဖြင့် ပစ်ခတ်ရာ
မိသားစု နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ခဲ့ပြီး
အသက် ၆၀ ကျော် ယောင်္ကျား ပြည်သူတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး မိသားစုဝင် တစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပါသည်။

ဤဖြစ်စဉ်အတွက် လက်တုံ့ပြန် တို-က်ခို-က်ခဲ့ပါသည်။
ခွေးစခန်းအတွင်းသို့ 60mm motor အသီး ၃လုံးတိုက်ရိုက်ထိမှန်ပေါက်ကွဲခဲ့ပြီး  ခွေးအထိအခိုက်တေဆုံးရှိနိူင်ပါသည်။
6.8.2024 မနက်ခင်း ၈:၃၀မိနစ်အချိန်တွင် ခွေးဂိတ်စခန်းအနီး တစ်စုံတစ်ခုကို မီးပုံရိူ့နေသည်ဟု သတင်းရရှိပါသည်။(ခွေးသေ ပုံပျက်အလောင်းကောက်မရသည့်အရာ ဖြစ်ဖို့များ)

#ပြည်သူဘက်ပြောင်းလှည့်တဲ့ခွေးတွေအတွက်နေဝင်ချိန်နီးနေပြီ။

#Southern YSO PDF
#BNRA
#ပခုက္ကူခရိုင် ရင်း၃
#Yesagyo Revolution Group(YRG)
#ဒေါင်းစစ်သည်
#ဒေါင်းသွေးနီ
#ဒေါင်းညီနောင်
#ပြည်သူ့အားမာန်PDF
#King Cobra စသည့် မဟာမိတ်ညီကိုများမှ ပူးပေါင်းလုပ်ဆောင်ခဲ့ပါသည်။

တာဝန်ခံ

အောင်မောင်း(Southern YSO PDF)

5 months, 3 weeks ago

သတင်းထုတ်ပြန်ချက်

၃၁.၇.၂၀၂၄-ပခုက္ကူမြို့နယ်

စကစလက်အောက်တွင် တာဝန်ထမ်းဆောင်နေသော
ပျူ(ပြည်သူ့စစ်) ရဲဘော်တစ်ဦး PDFအဖွဲ့ထံသို့ လက်နက်အပ် အလင်းဝင်ရောက်လာခြင်း။

ဖြစ်စဉ်မှာ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် စက်မှုဇုန် စကစ စစ်ဆေးဂိတ်တွင် တာဝန်ကျထမ်းဆောင်နေသော ပျူ ကိုရဲနီ
(အသက်၂၄) သည် ၂၉.၇.၂၀၂၄ ရက်နေ့ နေ့လည်ခင်း ၁ နာရီအချိန်တွင် ကျွန်တော်တို့ Southern YSO PDF
အဖွဲ့ထံသို့ MA3 တစ်လတ် ၊ ကျည်ဘောက်တစ်ခု၊ကျည် ၂၀ နှင့်အတူလက်နက်အပ် အလင်းဝင်ရောက်ခိုလုံလာခဲ့ပါသည်။

အလင်းဝင်ရောက်လာသော ရဲဘော်ကို လွတ်မြောက်ရာဒေသသို့ ပို့ဆောင်ထားပြီးဖြစ်ပါသည်။
ဂုဏ်ပြုဆုငွေအဖြစ် ကျပ် သိန်း ၃၀ ချီးမြှင့် ခဲ့ပါသည်။

မအလ အတွက် အသက်ပေး ၊ ဘဝပေး လက်နက်ကိုင်နေကြသော ရဲဘော်များ အမြင်မှန်ရပြီး
ပြည်သူ့ရင်ခွင်ဆီ ခိုလုံကြဖို့ တိုက်တွန်းပါတယ်။

Southern YSO PDF အဖွဲ့အနေဖြင့် နွေးထွေးစွာ ကြိုဆိုပါမည်။

မှတ်ချတ်-- ၂၀.၇.၂၀၂၄ ရက်နေ့ကလည်း
စကစတပ်မှ အရာရှိ (အမည်မဖော်ပြလိုပါ)တစ်ယောက် MA3 သေနတ် ၁ လတ်ဖြင့် ခိုလုံလာခဲ့ပါသေးသည်ဆိုသည့်အကြောင်း သတင်းကောင်းပါအပ်ပါသည်။

(ယခုလအတွင်း CDM ၂ယောက်
လက်နက် ၂ လက်ရရှိ။
၃ ပွင့်ဗိုလ်ကြီး တစ်ယောက် အရှင်ဖမ်းမိ
လေယာဉ်ကွင်းစီမံကိန်း ပျက်အောင် ၃ ရက်ဆက် တို  က်ခို   က်ခဲ့)

စကစလက်ပါးစေများအတွက်
#ပြင်မယ်ဆိုအချိန်မှီပါသေးသည်။
#အသက်သေမှပရုတ်ဆီလိမ်းမရဘူး။
#နောက်ဆုံးပွဲဖြစ်တယ်။

တာဝန်ခံ

အောင်မောင်း(Southern YSO PDF)

We recommend to visit

ကြော်ငြာထည့်သွင်းရန် @sithuaung2006

Last updated 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 day, 7 hours ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 1 year, 11 months ago