Why Pay for Entertainment? Access Thousands of Free Downloads Now!

Youth Learn Hub

Description
Cheap & Quality Education Platform
We recommend to visit

ကြော်ငြာထည့်သွင်းလိုပါက official account 👇👇တခြားအကောင့်မသုံးပါ
@Vip_admin_3

Last updated 1 month ago

Last updated 6 days, 6 hours ago

CLICK2DONATE ရဲ့ OFFICAL version2.0 ချန်နယ်ဖြစ်ပါတယ်ခင်ဗျာ။

Last updated 6 days, 13 hours ago

1 month, 2 weeks ago

“အပျင်းကြီးသူတွေအတွက် March လရဲ့ နေ့ကောင်းတစ်ရက်”

နှစ်စဉ် နွေရာသီအစ သောကြာ နေ့မှာ ပြုလုပ်တတ်တဲ့ World Sleep Day ဟာ ဒီနေ့ မတ်လ (၁၅)ရက်၊သောကြာနေ့မှာ ကျရောက်လာပြီဖြစ်ပါတယ်။

အိပ်စက်ခြင်း အထိမ်းအမှတ်အဖြစ် အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့ အရေးကြီးကိစ္စများ လုပ်ဆောင်ရန် နှိုးဆော်တဲ့နေ့ တစ်နေ့ဖြစ်ပါတယ်။

ကမ္ဘာ့အိပ်စက်ခြင်းနေ့ရဲ့ အဓိကဦးတည်ချက်တွေကတော့

💤ကောင်းမွန်ပြီး ကျန်းမာသော အိပ်စက်ခြင်းရဲ့ အရေးပါမှုကို သိိရှိ မြှင့်တင်စေရန်

💤အိပ်ရေးပျက်ခြင်း နှင့် ကျန်းမာရေး ထိိခိုက်စေနိုင်သော အိပ်စက်ခြင်း၏ သက်ရောက်မှုများကို သိရှိစေရန်

💤အိပ်စက်ခြင်း ပြသနာများ ကိုဆွေးနွေး ဖြေရှင်းရန်

ဆိုတဲ့ ရည်ရွယ်ချက်များဖြင့် ဆေးဝါးပညာရှင်များနဲ့ အိပ်စက်မှု အထူးပြုဆရာဝန်များမှ World Sleep Society ဖွဲ့စည်းပြီး ၂၀၀၈ ခုနစ်မှာ စတင်ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

😴Learner တို့လဲ ဘယ်လောက်ပဲ အလုပ်များများ အိပ်ရေးဝဝ အိပ်ကြပါ။

တခါတလေ အိပ်ရေးပျက်တာ လောက်က ကျန်းမာရေးကို အရမ်းမထိခိုက်စေပေမဲ့ အိပ်ရေးပျက်တာများပြီဆိုရင် ရုပ်ပိုင်းဆိုင်ရာတင်မက စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်လာတတ်ပါတယ်။

အဲတာကြောင့်ဂရုစိုက်ကြပါ 🥰

ဒီနေ့အတွက် အလုပ်လာပေးတဲ့သူတွေကို တစ်ရေးလောက် အိပ်ခိုင်းပြီး World Sleep Day ကို ဆင်နွှဲကြမယ်🥳(Learner တို့လဲအိပ်နော်🤪)

ပွဲလေးပိုပြည့်စုံသွားအောင် comment မှာ အိပ်စက်ခြင်း၊အိပ်ရေးပျက်ခြင်း၊အိပ်မရခြင်းတို့နဲ့ ပတ်သက်ပြီး ဆွေးနွေးကြရအောင်🙋🏼‍♀️🙋🏼

#YLH
#YouthLearnHub
#Education
#QuailyEducation
#worldsleepday

1 month, 2 weeks ago
Youth Learn Hub
1 month, 2 weeks ago

“ထိုင်းသွားမယ်ဆိုရင် သိကိုသိသင့်တဲ့ စကားလုံး(၅)လုံး” 🙋🏼‍♀️🙋🏼

ဒီစကားလုံး(၅)လုံးကို သိထားရင် လေဆိပ်ကနေ Learner တို့ တည်းမဲ့နေရာအထိ တစ်ယောက်ထဲ သွားနိုင်ပါလိမ့်မယ်။

(၁) ကျွန်တော်/ကျွန်မ ကို လိုက်ပို့ပေးလို့ ရမလားရှင့်/ခင်ဗျ?

ไปส่งฉันหน่อยได้ไหมคะ #Women
bpai sòng chǎn nòi dâi mǎi khá
[ပိုင်ဆုံချန်းနွိုင်ဒိုင့်မိုင်ခ]

ไปส่งผมหน่อยได้ไหมครับ #Men
bpai sòng phǒm nòi dâi mǎi khráb
[ပိုင်ဆုံဖုံနွိုင်ရ်ဒိုင့်မိုင်ခရပ်]

(၂) ဘယ်လောက်လဲရှင့်/ခင်ဗျ?

เท่าไหร่คะ/ครับ
tâo rài khá/khráb
[ထောက်ရိုင်ခ/ခရပ်]

(၃) ဒီမှာ WiFi ရှိလားရှင့်/ခင်ဗျ?

ที่นี้มีไวไฟไหมคะ/ครับ
tî níi mii wai fai mǎi khá/khráb
[ထိနီးမီ WiFi မိုင်ခ/ခရပ်]

(၄) ကူညီပေးလို့ ရမလားရှင့်/ခင်ဗျ?

ช่วยหน่อยได้ไหมคะ/ครับ
chûai nòi dâi mǎi khá/khráb
[ချူးဝိုင့်နွိုင်ဒိုင့်မိုင်ခ/ခရပ်]

(၅) ကျေးဇူးတင်ပါတယ်ရှင့်/ခင်ဗျ။

ขอบคุณค่ะ/ครับ
khòb khun khâ/khráb
[ခေါ့ခွန်းခါ့/ခရပ်]

ဒီလို အသုံးဝင်တဲ့ ထိုင်းစကားတွေကို Youth Learn Hub မှာ အမြဲ တင်ပေးမှာမို့လို့ page လေးကို Like & Follow လုပ်ထားဖို့ မမေ့ပါနဲ့နော် 😇

#YLH
#YouthLearnHub
#Education
#QuailyEducation

1 month, 2 weeks ago
Youth Learn Hub
1 month, 2 weeks ago

Japan ဘာသာစကားကို လေ့လာသင့်လား?

အများနဲ့မတူပဲ တမူထူးခြားတဲ့ ဂျပန်နိုင်ငံက အလည်အပတ်သွားရောက်ဖို့ရာ အကောင်းမွန်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး အရမ်းကိုမှလှပတဲ့ Sakura ပန်းလေးတွေ တည်ရှိရာ နိုင်ငံလေးပဲဖြစ်ပါတယ်

ဂျပန်နိုင်ငံသားတွေဟာ အချိန်ကိုအင်မတန်မှလေးစားကြပြီး ဂျပန်နိုင်ငံမှာအလုပ်သွားလုပ်မယ်ဆိုရင် ဂျပန်နိုင်ငံသားတွေရဲ့လစာဟာလည်း အထူးကောင်းမွန်ပါတယ်

လူငယ်တွေအနေနဲ့ ပြည်တွင်းရော ပြည်ပမှာပါ အလုပ်အကိုင်အခွင့်အလမ်းကောင်းမွန်ဖို့အတွက် ဂျပန်ဘာသာစကားကို လေ့လာတာဟာ အရမ်းကို အကျိူးရှိစေပါတယ်

ကျွန်တော်တို့ပတ်ဝန်းကျင်အနှံ့မှာလဲ Japan company တွေတော်တော်များများရှိလာပြီး Japan ဘာသာစကားပြောဆိုတတ်ရင် လစာလည်း အခြေခံလစာထက် ပိုမိုများပြားတာကို ပေးကြတဲ့အတွက် Japan ဘာသာစကားဟာ ‌တကယ်ကိုအရေးပါတဲ့နေရာမှာ ရှိတယ်လို့ ပြောလို့ရပါတယ်

တစ်ချိူ့ကလည်း ဂျပန်နိုင်ငံမှာ နေဖို့၊အလုပ်အကိုင်အခွင့်အလမ်းတိုးတက်ဖို့နဲ့ ကျောင်းတက်ဖို့‌တွေအတွက်ပါ ဂျပန်ဘာသာကို လေ့လာနေသူတွေလည်းရှိကြပါတယ်

ကဲ ဒါကြောင့်မို့လို့ ဂျပန်ဘာသာစကားဟာ အရေးပါတဲ့အခန်းကဏ္ဍတစ်ခုဖြစ်ပြီးတော့ လေ့လာသင်ယူဖို့ တကယ်ကို အကျိူးရှိစေမဲ့ language တစ်ခုပဲဖြစ်ပါတယ်

ပြီးတော့ ကျွန်တော်တို့ ဘာသာစကားလေ့လာတဲ့အခါမှာ ပန်းတိုင် တစ်ခု၊ ရည်မှန်းချက်တစ်ခုဖြစ်ဖြစ် ထားပြီး လေ့လာကြရင် ပိုပြီးထိရောက်ကျွမ်းကျင်စေပါတယ်

လူငယ်တွေအနေနဲ့ ဂျပန်ဘာသာစကား ကျွမ်းကျင်တတ်မြောက်နေမယ်ဆိုရင် အနာဂတ်ဟာ ဘယ်နေရာရောက်ရောက် စိတ်ပူစရာမလိုတာကြောင့် ဂျပန်ဘာသာစကားဟာ ‌လေ့လာသင်ယူဖို့ အသင့်တော်ဆုံးပါပဲ

လူငယ်‌တွေအနေနဲ့ အားလပ်ချိန်လေးကို ဒီတိုင်းမကုန်ဆုံးစေပဲ ကိုယ် ဝါသနာပါရာ ဘာသာစကားတစ်ခုခု သို့မဟုတ် ဂျပန်ဘာသာစကားကို လေ့လာကြဖို့ တိုက်တွန်းချင်ပါတယ်ဗျိူ့

#YouthLearnHub
#Freeclass
#QualityEducation

1 month, 3 weeks ago

“တောင်သူလယ်သမားနေ့” ပေါ်ပေါက်လာပုံ🧑🏽‍🌾

ယနေ့ကျရောက်လာသော "တောင်သူလယ်သမားနေ့" ကို ဂုဏ်ပြုကြိုဆိုရင်း တောင်သူလယ်သမားနေ့
ဖြစ်ပေါ်လာပုံကို Learner တို့သိရှိရန် မျှဝေပေးပါရစေ။

ကိုလိုနီနယ်ချဲ့လက်အောက်ခံ အင်္ဂလိပ်မြေရှင်ကြီးများ၏ မတရားအမြတ်သွေးစုပ်မှုကြောင့် တောင်သူလယ်သမားတို့မှာ ဆင်းရဲမွဲတေမှုများစွာဖြင့် ငွေကြေးကြပ်တည်းကာ ဘိုးဘွားပိုင်လယ်မြေများ နစ်နာဆုံးရှုံးလာခဲ့ကြရသည်။

၁၉၃၀ပြည့်နှစ်တွင် ကမ္ဘာ့စီးပွါးပျက်ကပ် ဖြစ်ပွါးသောကြောင့် မြန်မာ့လယ်သမားအများစုသည် လယ်ယာမဲ့ဘဝသို့ ရောက်ရှိသွားကြသည်။

ထိုအရေးကိစ္စကို ဆက်လက်သည်းမခံနိုင်တော့ သဖြင့် ၁၉၃၀ပြည့်နှစ် ဒီဇင်ဘာလ (၂၂)ရက်နေ့တွင်
တောင်သူလယ်သမားအရေးတော်ပုံကြီး
ပေါ်ပေါက်လာခဲ့သည်။

အင်္ဂလိပ်အစိုးရသည် တောင်သူလယ်သမားများကို
ရက်ရက်စက်စက် နှိမ်နှင်းခဲ့ကြသည်။ထိုအရေးတော်ပုံကို ဆရာစံက “သုပဏ္ဏကဂဠုန်ရာဇာ” ဘွဲ့ခံယူကာ သာယာဝတီနယ် အလံတောင်တွင် စခန်းချ၍ အရေးတော်ပုံကို ခေါင်းဆောင်ခဲ့သည်။

ထိုအရေးတော်ပုံ သုံးနှစ်ကျော်ကြာသည်အထိ အင်္ဂလိပ်အစိုးရသည် တောင်သူတို့၏ တောင်းဆိုချက်ကို မျက်ကွက် ပြုမြဲပင်ဖြစ်သည်။ တောင်သူများကို အင်အားသုံးနှိမ်နင်းပြီး၊ ဆရာစံနှင့်အတူ ခေါင်းဆောင်များကို မိရာနေရာတွင် ရက်ရက်စက်စက် သတ်ပစ်ခဲ့ကြသည်။

တော်လှန်ရေးကောင်စီသည် ၁၉၆၂ ခုနှစ်၊မတ်လ (၂)ရက်နေ့တွင် နိုင်ငံတော်အာဏာကို ရယူခဲ့ပြီး တောင်သူလယ်သမား၊ အလုပ်သမားများ ခေါင်းပုံဖြတ်ခံဘဝမှ လွတ်မြောက်စေရန် ဥပဒေများ ချမှတ် ဆောင်ရွက်ခဲ့ပါသည်။တောင်သူလယ်သမားတို့ကို ဂုဏ်ပြုသော အနေဖြင့် ၁၉၆၂ခုနှစ် မှစ၍ နှစ်စဉ်ဇန်နဝါရီလ (၁)ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်ခဲ့ပါသည်။

သို့သော် ဇန်နဝါရီလသည် တောင်သူလယ်သမားများ၏ လယ်ယာရိတ်သိမ်းချိန်နှင့် တိုက်ဆိုင်နေပြီး အင်္ဂလိပ်နှစ်သစ်ကူးကာလကို ဂုဏ်ပြုသကဲ့သို့ ဖြစ်နေသောကြောင့် ဇန်နဝါရီလ (၁)ရက်နေ့အစား တော်လှန်ရေးကောင်စီ စတင်အာဏာရယူသည့် မတ်လ (၂ ) ရက်နေ့ကို ပြောင်းလဲသတ်မှတ်ခဲ့ကြပါသည်။

ထို့ကြောင့် ၁၉၆၅ ခုနှစ် မှစ၍ နှစ်စဉ် မတ်လ (၂ )ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် ပြောင်းလဲ ကျင်းပခဲ့သည်မှာ ယနေ့တိုင်ပင် ဖြစ်သည်။

🧑🏽‍🌾တောင်သူလယ်သမားကြီးများ ကျန်းမာချမ်းသာကြပါစေ🎊

မသူတော်ဘေး ၊ ရန်သူမျိုး(၅)ပါးဘေးမှလည်း ကင်းဝေးကြပါစေ 🎊

ဆန်ရေစပါး ၊အသီးနှံ အထွက်တိုးပြီး စားဝတ်နေရေး အဆင်ပြေ ချောင်လည်ကြပါစေ 🎊 ဟု Youth Learn Hub မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

#YLH
#YouthLearnHub
#Education
#QuailyEducation
#တောင်သူလယ်သမားနေ့

3 months, 2 weeks ago
It's question time ***✨***

It's question time

Q : သင်တန်းတွေ ဈေးတန်တိုင်း လိုက် Join သင့်လား

Ans : အန်ကယ်ကတော့ နိုးပါ။

‌ဈေးတန်တိုင်း ဈေးပေါတာ မဟုတ်ပါဘူး။ ဈေးတန်တယ်ဆိုတဲ့ Target က ဘယ်သူမဆို အရည်အသွေးရှိတဲ့ ပညာတစ်ခုကို ရယူနိုင်ဖို့ ရည်ရွယ်ပါတယ်။

ဒါကို အခွင့်အရေးယူပြီး ဈေးတန်တယ်ဆိုတဲ့ အတန်းတိုင်းလိုက်တတ်ပြီး အတန်းခဏခဏပျက်တာ ၊ သင်တန်းပြီးဆုံးချိန်ထိမတတ်တာတွေက Education Organisation တွေကို ဒုက္ခပေးတာနဲ့ အတူတူပဲ ဖြစ်ပါတယ်။

Youth Learn Hub မှာဆိုရင် Teaching Experience 1 နှစ်အထက်ရှိကြတဲ့ တီချယ်တွေက အပင်ပန်းခံ အမြတ်မယူပဲ ပြင်ပမှာရှိတဲ့ ပုံမှန်သင်တန်းကြေးထက် ထက်၀က်နီးပါးလျှော့ပြီး သင်တန်းတွေကို ဖွင့်လှစ်ပေးထားပါတယ်။

ဒါကြောင့်မလို့ ဘယ်အဖွဲ့အစည်းကဖွင့်တဲ့ ဘယ်သင်တန်းမဆို ဈေးတန်တာမှန်ပေမယ့် ဒီဈေးတန်တာနဲ့ ထိုက်တန်အောင် ကိုယ့်ဘက်က ကြိုးစားရမှာ ဖြစ်ပါတယ်။

ကိုယ်က ထိုက်တန်အောင် ကြိုးစားချင်တယ် စာကိုလည်း အာရုံစိုက်ပြီး သင်တန်းပြီးဆုံးသည်အထိ တတ်ရောက်နိုင်တဲ့သူ‌ဆိုရင် Youth Learn Hub မှာ discount ယူပြီး တတ်နိုင်ပါကြောင်း သတင်းကောင်းပါးအပ်လိုက်ပါတယ် 🎉

@youthlearnhub

3 months, 2 weeks ago
**ဂုန်ဆင်းပြီးပြီလားဗျို့ ***🔊***

ဂုန်ဆင်းပြီးပြီလားဗျို့ 🔊**

ကဲ... Youth Learn Hub ရဲ့ rebranding အတွက် အစီအစဉ်အနေနဲ့ အထူးအစီအစဉ်လေး လာပါပြီ 👀

အဲ့တာကတော့ အခုဖွင့်လှစ်နေတဲ့ Speaking Focused Class နဲ့ Elementary 4 Skills Class ကို လာအပ်တဲ့သူတွေကို discount တွေပေးမှာနော်

Discount ကတော့ အခုပို့စ်တင်လိုက်တဲ့အချိန်ကစပြီး ပထမဆုံးလာအပ်တဲ့ သူကို 45% Discount ပေးမှာ ဖြစ်ပြီး နောက်ဆယ်ယောက်ကိုတော့ 40% Discount ပေးမှာ ဖြစ်ပါတယ် 🤩

လာအပ်တဲ့သူတွေကိုပဲ discount ပေးမှာလား 🤔

မဟုတ်ပါဘူး သင်တန်းလာမအပ်ပဲ အခမဲ့ဂုန်းဆင်းချင်တဲ့သူတွေအတွက်လည်း အခုပို့စ်ကို Group ဆယ်ခုဆီကို မျှဝေထားတဲ့ screenshot နဲ့အတူ ကောမန့်မှာ ကိုယ်သဘောကျတဲ့ နံပတ်တစ်ခုကို တွဲပြီး မန့်ပေးခဲ့ပါရှင့် 🫶

အဲ့ထဲကမှ သုံးဦးကို တနင်္လာနေ့ နေ့လည် ၁၂ နာရီကျရင် ရွေးချယ်ပေးမှာမလို့ ဒီအစီအစဉ်က တနင်္လာနေ့ နေ့လည် ၁၂ နာရီအထိ အကျုံး၀င်ပါတယ် 😻

ဒါဆို ခုပဲ ဂုန်းဆင်းလိုက်ကြရအောင် 😃

ဪ စကားမစပ် 1000 subscribers ရောက်ရင်လည်း giveaway တွေ အများကြီးက စောင့်နေပါတယ် 🤫**|- Facebook@youthlearnhub

3 months, 2 weeks ago

Free for 5 person မှာ 5 ယောက် ဆိုရင် 3 ယောက် က Elementary 4 Skills Class နဲ့ 2 ယောက်က Speaking Focused Class တတ်ရမှာပါရှင့် 🥳**

40% Discount ဆိုရင် ပထမစစချင်းအပ်တဲ့လမှာ 40% လျှော့ပေးမှာဖြစ်ပြီး နောက်လတွေဆိုရင်တော့ 10% ဆက်လျှော့ပေးသွားမလို့ ကိုယ့်အတွက် ဘယ်ဟာက အကျိုးပိုရှိမလဲ ဆိုတာကို ရွေးပေးပါနော် 🧐

လူအများအတွက်လား ကိုယ့်အတွက်လားဆိုတာလေးလည်း ထည့်စဉ်းစား‌ပါဦး 👀**

@youthlearnhub

3 months, 2 weeks ago
We recommend to visit

ကြော်ငြာထည့်သွင်းလိုပါက official account 👇👇တခြားအကောင့်မသုံးပါ
@Vip_admin_3

Last updated 1 month ago

Last updated 6 days, 6 hours ago

CLICK2DONATE ရဲ့ OFFICAL version2.0 ချန်နယ်ဖြစ်ပါတယ်ခင်ဗျာ။

Last updated 6 days, 13 hours ago