အ.ထ.က(၁) ဒိုက်ဉီးမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ)

Description
အ.ထ.က(၁) ဒိုက်ဉီးမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ)၏ တရားဝင်ပြန်ကြားရေးချန်နယ်ဖြစ်ပါသည်။
We recommend to visit

ကြော်ငြာထည့်သွင်းရန် @sithuaung2006

Last updated 1 year, 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 year ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 2 years, 11 months ago

1 Jahr, 3 Monate her
Topic: စကားဝိုင်း

Topic: စကားဝိုင်း
Time: This is a recurring meeting Meet anytime

Join Zoom Meeting
https://us06web.zoom.us/j/86028234963?pwd=VGhwWWtWK1pRdzJIbndTWjJEbU1GUT09

Meeting ID: 860 2823 4963
Passcode: 317830

1 Jahr, 3 Monate her

လူမျိုးစုတိုင်းတွင် ယဥ်ကျေးမှု ပွဲတော်များရှိကြသည်မှာ အမှန်ပင်ဖြစ်သည်။ မိမိတို့၏ ဆိုင်ရာ ယဥ်ကျေးမှုပွဲလမ်းသဘင်များတွင် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလိုကြသည် ဆင်နွှဲခဲ့ကြသည်။ တိုင်းရင်းသားများသည်လည်းတိုင်းရင်းသားများအလျောက်‌ ယဥ်ကျေးမှု ပွဲတော်များကို ကျင်းပခဲ့ကြသည်။ သို့သော် ယခုလို စစ်အာဏာသိမ်းပြီး‌ကာလတွင် ပွဲလမ်းသဘင်များသည် ကျွန်တော်တို့၏ပျော်ရွှင်မှုနှင့်အတူ ငုတ်လျှိုးသွားခဲ့ရသည်။ ဥပမာဆိုရသော် ယခင်က ပျော်ရွှင်ခဲ့ကြသော မြန်မာ့နှစ်သစ်ဦး အတာသင်္ကြန် ရေသဘင်ပွဲများသည် ယခုအချိန်ခါတွင် မပျော်ရဲ၊ ရေမဆော့ရဲ ရှိလှသည်။အကြောင်းမှာ စစ်အာဏာရှင်များ၏ ပစ်ခတ်မှု၊ လုံခြုံရေးထိပါးမှုတို့ကြောင့်ဖြစ်သည်။ အလားတူ သီတင်းကျွတ်လ မီးထွန်းပွဲတော်သည်လည်း ယခင်လို မစည်ကားနိုင်တော့ပေ။ ယခင်မှာ ဗြောက်အိုး၊ ငရဲမီး၊ မီးပုံးပျံများ အစရှိသည့် ဒေသအလိုက် ပွဲတော်များ ရှိခဲ့ရာ ‌ယခုတွင် ထိုအရာများအစား သေနတ်သံ၊ ဗုံးသံများသာ နားစည်ထဲသို့ တိုးဝင်လာခဲ့ကြရသည်။ ထိုမျှမကသေး၊ တိုင်းရင်းသားလူမျိုးများ၏ ပွဲတော်များသည်လည်း ဤအတိုင်းပင်ဖြစ်သည်။ ကြာမြင့်စွာ မပြုလုပ်ခဲ့ရသော ပွဲတော်များတွင် ဝင်ရောက်ပျော်ရွှင်မိလျှင်လည်း အခြားသော အထင်အမြင်များ မိမိအပေါ် ကျရောက် လာကြသည်။ ထို့ကြောင့် ကျွန်တော်တို့၏ ယဥ်ကျေးမှု ပွဲလမ်းသဘင်များသည် ကန့်သတ်ချက်များကြားတွင်ရှိနေကြရသည်။ ပျော်ရွှင်မှုများသည်လည်းဤအတိုင်းပင်ဖြစ်သည်။

*ယဥ်ကျေးမှု ပွဲတော်များတွင် ပါဝင်ဆင်နွှဲခြင်းဟာ အပြစ်ပင်လား။ *

*ယဥ်ကျေးမှုပွဲတော်များမှာရော ပါဝင်ဆင်နွှဲသင့်သည်လား။ *

စသည့် လား ဟူသော မေးခွန်းများနှင့်အတူ ၁၉.၁၀.၂၀၂၄ (ည ၇နာရီ) တွင် "ကန့်သတ်ချက်များကြားက ယဥ်ကျေးမှုပွဲတော်များ" ဟူသော ခေါင်းစဥ်နှင့်အတူ စကားပွဲ ပြုလုပ်ကျင်းပမည် ဖြစ်ပါသဖြင့် လာရောက် ပါဝင်ဆွေးနွေးကြရန် ဖိတ်ခေါ်လိုက်ရပါသည်။

1 Jahr, 3 Monate her

ယနေ့ သည်မြန်မာတို့၏ အမြတ်တနိုးတန်ဖိုးထားရသော အဘိဓမ္မာအခါတော်နေ့ တစ်နည်းဆိုသော် ဝါလကင်းလွတ်သည့် သီတင်းကျွတ်လပြည့်နေ့လည်းဖြစ်ပါသည်။ စစ်အာဏာသိမ်းခြင်းနှင့်အတူ မြန်မာ့ပွဲတော်များတွင် ကျွန်တော်တို့၏ ပါဝင်ဆင်နွှဲ ပျော်ရွှင်ခြင်းများလည်းချုပ်ငြိမ်းသွားခဲ့ရသည်။စစ်အာဏာသိမ်းမှုကြောင့် လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေး၊ များသာမက ပျော်ရွှင်လွတ်လပ်မှုများပါ ထိပါးနှောက်ယှက်ခံရသည်မှာ အမှန်ပင်ဖြစ်သည်။ ကျွန်တော်တို့သည် ဗုဒ္ဓဘာသာမြန်မာလူမျိုးများပီသစွာ ယနေ့ သီတင်းကျွတ်လပြည့်နေ့တွင် ကုသိုလ်ကောင်းမှုများပြုလုပ်၍ မိမိတို့၏ စိတ်နှလုံးအား အေးမြ သန့်စင်မှု ကို လက်ဝယ်ပိုင်ဆိုင် နိုင်မည်ဖြစ်သည်။ ထို့နောက် စစ်အာရှင်အား အမြစ်ပြတ်တွန်းလှန်ရန်ဖြစ်သော ရည်ရွယ်ချက်ကိုလည်း နှလုံးသွင်းထားသင့်သည်။ ကျွန်တော်တို့ အ.ထ.က.(၁) ဒိုက်ဦးမြို့နယ်အခြေခံပညာ ကျောင်းသားလူငယ်များအစည်းရုံး (အ.က.လ) သည်လည်း စစ်အာဏာရှင် တွန်းလှန်ရေးတွင် ရဲဘော်များနှင့်အတူ အသင့်ရှိနေမည်ဖြစ်သည်။

ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယတွင် ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာ၍ အန္တရာယ်များ ကင်းဝေးကြပါစေ ဟု ကျွန်တော်တို့  ဒိုက်ဦး(အ.က.လ) မှ ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။

1 Jahr, 6 Monate her

လူတစ်ယောက်ဟာ စတင်သန္ဓေတည်စအချိန်ကစလို့ သေဆုံးသည်ထိတိုင်အောင် ဖြတ်သန်းရတဲ့ဘဝခရီးတစ်လျှောက်မှာ လူ့အခွင့်အရေးနဲ့တာဝန်ဆိုတဲ့အရာနှစ်ခုကို ပူးတွဲပြီးတွေ့မြင်နေရလေ့ရှိတယ်။ ဥပမာ - လုပ်ငန်းတစ်ခုခုကိုတာဝန်ကျေအောင်လုပ်လိုက်လို့ အခွင့်အရေးပေါ်လာတတ်တာမျိုးလည်းရှိသလို သန္ဓေတည်ကတည်းက…

Zoom Video

Join our Cloud HD Video Meeting

Zoom is the leader in modern enterprise video communications, with an easy, reliable cloud platform for video and audio conferencing, chat, and webinars across mobile, desktop, and room systems. Zoom Rooms is the original software-based conference room solution…

1 Jahr, 6 Monate her

လူတစ်ယောက်ဟာ စတင်သန္ဓေတည်စအချိန်ကစလို့ သေဆုံးသည်ထိတိုင်အောင် ဖြတ်သန်းရတဲ့ဘဝခရီးတစ်လျှောက်မှာ လူ့အခွင့်အရေးနဲ့တာဝန်ဆိုတဲ့အရာနှစ်ခုကို ပူးတွဲပြီးတွေ့မြင်နေရလေ့ရှိတယ်။ ဥပမာ \- လုပ်ငန်းတစ်ခုခုကိုတာဝန်ကျေအောင်လုပ်လိုက်လို့ အခွင့်အရေးပေါ်လာတတ်တာမျိုးလည်းရှိသလို သန္ဓေတည်ကတည်းက ရှိနေပြီးသားဖြစ်တဲ့ "လူ့အခွင့်အရေး"``ဆိုတာလည်းရှိတယ်။ လူ့အခွင့်အရေးကြေငြာစာတမ်းကို လက်မှတ်ရေးထိုးထားတဲ့နိုင်ငံတိုင်းမှာ ကိုယ်ဝန်ဆောင်သည်လည်း ကိုယ်ဝန်ဆောင်သည်အလျောက်၊ က‌လေးသူငယ်လည်း ကလေးသူငယ်အလျောက်၊ ကျောင်းသားလည်းကျောင်းသားအလျောက် အစရှိသဖြင့် အခွင့်အရေးတွေရှိနေကြပြီးသားဖြစ်ပါတယ်။ အကြမ်းအားဖြင့်ဆိုရရင် ကိုယ်ဝန်ဖျက်ချခွင့်ဆိုတဲ့အရာလိုမျိုး၊ လွတ်လပ်စွာပညာသင်ကြားခွင့်ဆိုတဲ့အရာလိုမျိုးတွေပါ။ ဒါပေမယ့်လည်း ဒီအခွင့်အရေးတွေကိုချိုးဖောက်ခံရ‌မှုတွေ၊ ပိတ်ပင်တားဆီးခံရမှုတွေရှိနေပါသေးတယ်။ ဒါဟာ ဘာကြောင့်လဲ။ ဘယ်လိုလူတွေကများ လူ့အခွင့်အရေးကို ပိတ်ပင်တားဆီးနိုင်ရတာလဲ။ ဘယ်လိုအခြေ‌အနေ၊ ဘယ်လိုအကြောင်းအရာမျိုးကရော လူ့အခွင့်အရေးကြေငြာစာတမ်းကိုချိုးဖောက်နိုင်ရလောက်အောင် အင်အားပြင်းနေတာလဲ။ ကိုယ်တိုင်ကရော လူတစ်ယောက်ရဲ့အခွင့်အရေးကို ပိတ်ပင်တားဆီးလိုစိတ်နဲ့၊ ပိတ်ပင်တားဆီးခွင့်ရှိနေရဲ့လား။ ဒါတွေကိုဆွေးနွေးနိုင်ဖို့အတွက် "လူ့အခွင့်အရေးကိုပိတ်ပင်တားဆီးနိုင်ခွင့် မည်သူ့မှာရှိသနည်း"ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးဝိုင်းကို (၂၀ရက်၊ ၇လ၊ ၂၀၂၄) မြန်မာစံတော်ချိန် ည(၇:၀၀နာရီ)`မှာ ပြုလုပ်သွားမှာဖြစ်တာမို့ တက်ရောက်ကြဖို့ ဖိတ်မန္တကပြုရပါတယ်။

နောက်ဆက်တွဲအနေနဲ့ မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေမှာ CDM, Non CDM တွေဟာ ပြန်လည်ထူထောင်ရေးကာလမှာ ဘယ်လိုဖြစ်လာကြမလဲဆိုတဲ့ မေးခွန်းတွေရှိနေတာ တွေ့ရပါတယ်။ ဒီအခြေအနေမှာ non CDMတွေကို အခွင့်အရေးပိတ်ပင်ရမယ်၊ ပြစ်မှုပြစ်ဒဏ်ချရမယ်ဆိုတဲ့ အမြင်တွေကိုလည်း တွေ့ရှိရပါတယ်။ Non CDM တွေကိုရော လွတ်လပ်စွာပညာသင်ကြားခွင့်ကို အသုံးချနေတဲ့သူတွေလို့ သတ်မှတ်လို့ရမလား။ စတဲ့မေးခွန်းတွေကိုလည်း ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။`

1 Jahr, 6 Monate her

"မြန်မာ့လွတ်လပ်ရေး"ဟု ဆိုလျှင် အာဇာနည်သူရဲကောင်းများ၏ ပေးဆပ်မှုများကို မေ့ဖျောက်ထား၍ မရနိုင်။ အာဇာနည်ဆိုသည်မှာ သာမန်ထက် လက်ရုံးရည်၊ နှလုံးရည် ထူးကဲသာလွန်၍ အများအကျိုးအတွက် သက်စွန့်ကြိုးပမ်း ဆောင်ရွက်သူဟု မြန်မာအဘိဓာန်က အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ လွန်ခဲ့သောနှစ်ပေါင်း ၇၇ နှစ် ၁၉၄၇၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာ့လွတ်လပ်ရေး၏ ဗိသုကာပညာရှင်များဟု တင်စားသမုတ်ခံရသော အာဇာနည်ခေါင်းဆောင် ၉ ဦးတို့ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည်။ အာဇာနည်များ၏ အသက်ကိုပင် ပဓာနမထားသော ကြိုးပမ်းအားထုတ်မှုများကြောင့် ကိုလိုနီလက်အောက်မှ လွတ်မြောက်ခဲ့ရပါသည်။ သို့သော် ထိုလွတ်လပ်မှုသည် တဒင်္ဂမျှသာ သက်တမ်းရှည်ကြာခဲ့ပြီး စစ်ဖိနပ်အောက်သို့ ကျရောက်ခဲ့ရသည်။ ထို့ကြောင့် စစ်အာဏာရှင်ကို တွန်းလှန်ပုန်ကန်ခဲ့ကြသည်မှာလည်း ယနေ့ နွေဦးတော်လှန်ရေးအထိပင်ဖြစ်သည်။ ဤကြိုးပမ်းမှုတစ်လျှောက်တွင် ပေါ်ထွန်းခဲ့သော အာဇာနည်သူရဲကောင်းများမှာလည်း အလွန်ပင်များပြားလှပါသည်။ ကျဆုံးသွားသော သူရဲကောင်းများအပြင် အာဇာနည်တို့၏ထုံးကို နှလုံးမူကာ တိုက်ပွဲဝင်နေကြသော ကျောင်းသား၊ ဆရာ၊ ရဲဘော် အစရှိသည့် ကဏ္ဍပေါင်းစုံမှ တော်လှန်ရေးအင်အားစုများသည်ပင်လျှင် မြန်မာနိုင်ငံ၏ သက်ရှိအာဇာနည်များဖြစ်သည်။ ယနေ့ ၇၇ နှစ်မြောက် အာဇာနည်နေ့တွင် အာဇာနည်ခေါင်းဆောင် ၉ ဦးနှင့် ကျဆုံးသွားသော‌ အာဇာနည်သူရဲကောင်းအပေါင်းနှင့်တကွ သက်ရှိအာဇာနည်များကို ဦးညွှတ်ဂါရဝပြုလျက် မြန်မာနိုင်ငံ တစ်ဖန်လွတ်မြောက်ချိန်ကျရောက်ပြီဖြစ်သောကြောင့် နောက်မဆုတ်တမ်း ဆက်လက်တိုက်ပွဲဝင်ကြရန် တိုက်တွန်းစကားပါးလိုက်ရပါသည်။

1 Jahr, 7 Monate her

၀င်လို့ရပါပြီရှင့်။

We recommend to visit

ကြော်ငြာထည့်သွင်းရန် @sithuaung2006

Last updated 1 year, 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 year ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 2 years, 11 months ago