Infinite Entertainment, Zero Cost: Get Your Free Books, Music, and Videos Today!

အသန်း (ICG)

Description
We recommend to visit

The official Telegram on Telegram. Much recursion. Very Telegram. Wow.

Last updated 2 days, 1 hour ago

Stay connected with the latest iPapkorn Bots and News 🗞️

Bots: https://t.me/iPapkornBots/2

Last updated 4 months ago

Breaking News | Observing world events unfold in the grand theater of our time.

Last updated 3 days, 13 hours ago

2 months, 1 week ago

ရှမ်းတောင်

ဟိုပုန်း နဲ့ မိုင်းပွန် ကြား ချိုခမ်းဘက်မှာ
၂၁.၂.၂၀၂၄ ရက်နေ့ ယနေ့ မနက်ကတည်းက ယခုချိန်အထိ တိုက်ပွဲဖြစ်နေဆဲ လို့ သိရပြီး

လနက သံတွေ အဆက်မပြတ်ပစ်နေကြောင်း သတင်းထပ်မံ သိရပါတယ်

အသန်း

2 months, 1 week ago

၂၁.၂.၂၀၂၄ ရက်နေ့

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊အမှတ် ၉ တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်း ကို AA ပူးပေါင်းအဖွဲ့များက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိနေကြောင်း သတင်းရရှိ

အသန်း

2 months, 1 week ago

၂၁.၂.၂၀၂၄ ရက်နေ့

ကယားပြည်နယ်၊ လွိုင်ကော်မြို့

လွိုင်ကော်မြို့ ရွှေတောင်ဘုန်းကြီးကျောင်းဝင်းအတွင်း
မနေ့ညနေဖက်က KNDF အင်အား၃၀ခန့်
ဝင်ရောက်နေရာယူထားပြီး ည ၉:၀၀ နာရီဝန်းကျင်ခန့်တွင်ဘုန်းကြီးကျောင်းမှပြန်လည်ထွက်ခွာ၍အနီးရှိ၂ ထပ်တိုက်တွင်ဝင်၍နေရာပြောင်းယူ ထားကြပါတယ်

ည ၉:၀၀ နာရီနောက်ပိုင်း ဘုန်းကြီးကျောင်းဝင်းသို့မိမိတပ်စကမှဝင်ရောက်နေရာယူထားခဲ့​ပြီး နံနက်ပိုင်းမှာ KNDF တွေပြန်လည်၍ဘုန်းကြီးကျောင်းသို့နေရာပြန်လာယူစဉ် တပ်မတော်စစ်ကြောင်းဖြင့်ရင်ဆိုင်ခဲ့ရ၍ KNDF ဖက်မှအကျဆုံးများပြီး လက်နက်များပါကျန်ခဲ့ကြောင်းသိရ

ဆုတ်ခွာထွက်ပြေးခဲ့ရ၍မကျေပွဲဟုဆိုကာအင်အားအများအပြားဖြင့်ဘုန်းကြီးကျောင်းပတ်လည်သို့ ထပ်မံဝိုင်း၍တိုက်ခဲ့ပြန်ပါတယ်

တပ်မတော်ဖက်က Drop Bombs များ KNDF ဖက်သို့ချပေးသောကြောင့် KNDF များဒဏ်ရာများ ထပ်မံရရှိထားသောလူနာများအား သယ်၍ ဆုတ်ခွာရာ

ရန်သူ ဆုတ်လမ်းအား မိမိစကမှ လိုက်လံရှင်းလင်းခဲ့ပြီးယခုညနေ ၄:၀၀ နာရီ ဝန်းကျင်ထိတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်

KNDF တွေ ဖက်က အကျဆုံး၊ ဒဏ်ရာများလို့မကြေပွဲ ထပ်နွဲမည်လို့သိရပါတယ် မိမိဖက်မှ Drop Bomb ချတဲ့ စစ်သည်
ပွိုင့် 5ပစ်သည့်စစ်သည်များအား ပြန်လာတိုက်မည်ဟုသိရပါတယ်

လက်ရှိအခြေအနေအရ မိမိ စစ်သည်တွေ ဖက်က အမြတ်ရရှိထားပြီး အပေါင်းအနူတ် လက္ခဏာ မရှိဟုမြေပြင်သတင်းမှ သိရပါတယ်

အသန်

2 months, 1 week ago

၂၁.၂.၂၀၂၄ ရက်နေ့ ယနေ့နေ့လည် ၁:၁၀ နာရီခန့်က

ပဲခူးတိုင်း ၊ ရွှေကျင်မြို့နယ် ၊ ခြေတော်ရာကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူမှာ ၎င်း၏ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင်း အစည်းဝေးလုပ်နေစဉ် သေနတ်ဖြင့် ပစ်သတ်ခံရပြီး နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ကနဦး သိရ

အသန်း

2 months, 1 week ago

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းရှိ ပြည်သူ့စစ်ရွာများစားနပ်ရိက္ခာပြတ်၍ တပ်မတော်စစ်ကြောင်းကိုမျှော်လင့်နေကြ

၂၁- ၂- ၂၀၂၄ ( ပေါက်မြို့နယ်)

ပေါက်မြို့နယ်တောင်ပိုင်းရှိ တပ်ကုန်း၊ရွာသစ်၊ ပင်ထောင်၊သစ်ချိုကုန်း၊ ဝန်ခြုံးပြည်သူ့စစ်ရွာများကို PDF များက ၁ နှစ်ကျော်ကြာ လမ်းကြောင်းဖြတ်ပိတ်ဆို့ထားသဖြင့် စားနပ်ရိက္ခာနှင့် ဆေးဝါးများ ပြတ်လတ်နေဟု သိရပါတယ်

တပ်မတော်ထောက်ခံသူ ဒေသခံအရပ်သားများက သတ်လို့မသေ ငတ်လို့သေကြရတော့မယ်ဟု မချိတင်ကဲ ငြီးတွားနေကြပါတယ်

ဒေသခံပြည်သူ့စစ်ရွာရှိ ပြည်သူတစ်ဦးက
" တပ်စစ်ကြောင်းဝင်နယ်မြေရှင်းပြီး ပေါက်မြို့နဲ့ လမ်းကြောင်းဖွင့်ပေးမယ်လို့ မျှော်လင့်ပါတယ်" လို့ ဆိုပါတယ်

ပေါက်မြို့နယ်ရှိ ဒီးဒုတ်ကွင်းပြည်သူ့စစ်ရွာနှင့် ဇီးပြားရဲစခန်းထိုင်ပြည်သူ့စစ်ရွာတွေကို လေကြောင်းက ၂ ကြိမ်စီ ရိက္ခာထောက်ပို့ခဲ့ပြီး အဆိုပါ ပေါက်တောင်ပိုင်း ပြည်သူ့စစ် ၅ ရွာကို ၁ ကြိမ် လေကြောင်းမှ ထောက်ပို့ပေးခဲ့ဟု သိရပါတယ်

ပေါက်မြို့နှင့် ဆက်သွယ်လမ်းကြောင်း ဖြတ်တောက်ခံထားရ၍ ၎င်းပြည်သူ့စစ်ရွာများမှ ကျောင်းသားများမှာ ၂၀၂၂/ ၂၃ ပညာသင်နှစ်က တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့်မရခဲ့ကြပါ၊

ယခု ၂၀၂၃/ ၂၄ ပညာသင်နှစ်၌လည်း လမ်းကြောင်းမဖွင့်ပေးနိုင်၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုခွင့် မရနိုင်ဟု သိရပါတယ်

အသန်း

2 months, 1 week ago

တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊ သရက်ချောင်းမြို့‌
ဝင်းဝရဲကင်းစခန်းနှင့် တံတားလခရ တပ်စခန်းကို PDF အဖွဲ့တွေတိုက်ဖို့ပြင်နေကြတယ်လို့ သိရတယ်

၂၀.၂.၂၀၂၄ ရက်နေ့ ညနေ ၁၇၃၀ နာရီအချိန်မှာ Drop Bomb ၆ လုံး ၂၁.၂.၂၀၂၄ ရက်နေ့ မနက် ၀၉၃၀ ချိန်ခန့်မှာ Drop Bomb ၈ လုံး ချပြီး အားစမ်း နေတယ်လို့သိရတဲ့အတွက် လခရ အထူးဂရုစိုက်ကြပါ

အသန်း

3 months, 3 weeks ago

ငါတို့ရဲတွေ စိတ်ဓာတ်ခိုင်မာပါ

ပခုက္ကူမြို့နယ် ကျထိုးရဲစခန်းက အနေကြာ ရဲတပ်ကြပ်တစ်ယောက်ကို PDF တွေက သူတို့ဆီလက်နက်ချဖို့ ဆက်သွယ် ပြောနေတယ်

ဒီလိုမျိုး ခြိမ်းခြောက်တာ မြှူဆွယ်ခံရတာတွေက ရဲစခန်းတိုင်းလိုလိုပါ

ဒါကို ကျထိုးရွာက ဘယ်သူက ချိတ်ဆက်တယ်ဆိုတာနဲ့ မြစ်ခြေနဲ့ ကမ္မက PDF တွေကိုရော အားလုံးသိပါတယ်

ကျထိုးရဲစခန်းက အကြိမ်ကြိမ်အတိုက်ခံရပေမဲ့ မကျခဲ့ပါဘူး

စခန်းကို တိုက်မရတော့ ရဲတပ်ဖွဲ့ဝင်တွေကို အပျော့ဆွဲ ဆွဲနေကြတယ်

ရဲတွေကို အချိုသတ်ခေါ်ထုတ်ပြီး လုပ်ကြံတာတွေရှိပါတယ်

ဒါမျိူးရိုးနေပါပြီ
ကျထိုးရေ သတိထားပါ

ကိုယ့်ရဲတပ်ဖွဲ့ဝင်တွေ လမ်းမှားမရောက်အောင် စိတ်ဓာတ်မြှင့်တင်ပေးရပါမယ်

အသန်း

3 months, 3 weeks ago

NUG/ PDF တွေ ဝမ်းသာရမဲ့အောင်ပွဲမဟုတ်ဘူး

တိုင်းရင်းသားလက်နက်ကိုင် EAOs တွေရဲ့ တိုက်ပွဲက နယ်မြေလုစစ်ပွဲပါ

NUG/ PDF တွေ လိုလားမှုနဲ့ ဆန့်ကျင်ဘက်ရလဒ်တွေပဲရှိတယ်၊ တိုင်းပြည်ပျက်တာပဲ အဖတ်တင်မယ်

တည်ဆဲခြေဥမှာ တိုင်းရင်းသားအခွင့်အရေးတွေနဲ့ ပတ်သက်ရင် ဖြည့်စွက်ပြင်ဆင်စရာတွေ ရှိကောင်းရှိနိုင်မယ်၊ ရွေးကောက်ပွဲက တဆင့်သာ ဒါကိုလုပ်လို့ရတယ်

လက်နက်ကိုင်တော်လှန်ရေးနဲ့တော့ စစ်မှန်တဲ့ဖက်ဒရယ်စနစ်မရနိုင်ဘူး၊ စစ်အင်အားကောင်းတဲ့သူက နယ်မြေများများယူဆိုတဲ့ ပုံစံမျိုးမရဘူး၊ ဒါက ပြည်ထောင်စုမပြိုကွဲရေးကို အာမခံချက်မရှိဘူး

ရှမ်းမြောက်အခြေအနေကိုကြည့်ပါ

တရုတ်ကို ကျောထောက်နောက်ခံပြုထားတဲ့ UWSA နဲ့ MNDAA ကို ဒေသခံတိုင်းရင်းသား EAOs တွေက မလွန်ဆန်နိုင်ကြဘူး

သူတို့အသာစီးရရင် ဗမာနဲ့ရှမ်းတွေ မောင်းထုတ်ခံရမယ်

ရှမ်းမြောက်မှာ တရုတ်ဒီမိုကရေစီရရင်တောင် ထိုင်ဝမ်စတိုင် ရှမ်းပြည်ဖြစ်သွားမယ်

ဒီနေ့ ရှမ်းမြောက်ဖြစ်နေတာက ရှုပ်ထွေးတယ်၊ အလဲအထပ်တွေ ဖုံးကွယ်မှုတွေရှိတယ်

MNDAA / TNLA/ AA/ KIA တွေရဲ့ လုပ်ရပ်တွေကို NUG / PDF တွေလည်း ဟန်ပြဂုဏ်ယူပြပေမဲ့ ပန်းတိုင်မတူလို့ ဝမ်းသာအားရမရှိတာတွေ့ရတယ်

ရှမ်းမြောက်ပွဲမှာ KIA/ TNLA/ AA တွေကို ထည့်သုံးထားတာက တဆင့်ခံနယ်ချဲ့မှုကို တိုင်းရင်းသားပြဿနာပုံစံမျိုး ရုပ်ဖျက်ဖုံးကွယ်ထားတာပါ

NUG က တရုတ်ကို ဖားဖားယားယားပြောတာတွေက US ကို မျက်စိစပါးမွှေးစူးစေနိုင်တယ်

ရှမ်းမြောက်တိုက်ပွဲတွေမှာ PDF တွေက ရှေ့တန်းကအသေခံ အသုံးတော်ခံတွေ ဖြစ်နေကြတယ်၊ အကျိုးအမြတ်က MNDAA ရတယ်

အထူးပြောချင်တာက ဗမာ PDF တွေကို ဘာအတွက်တိုက်နေတာလဲ၊ ဘယ်လိုမှ NUG/PDF တွေ မနိုင်ဘူးဆိုတာပဲ တခြားရွေးစရာလမ်းမရှိပါဘူး

NUG/PDF တွေရဲ့ အဆင့်က အကန်းရေတွင်းကျသလောက် အရသာခံပျော်ရုံကလွဲလို့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး

မင်းတို့ တော်လှန်ရေးလုပ်နေချိန် တပ်က လူစုကွဲနေတုန်း တိုင်းရင်းသားသောင်းကျန်းသူအဖွဲ့တွေက ဂွင်တွေ့လို့ ဝင်နှိုက်တဲ့ သဘောပဲ

အသန်း

3 months, 3 weeks ago

၆.၁.၂၀၂၄ ရက်နေ့ ယနေ့ည ၁၀:၀၀ နာရီမှစတင်ကာ

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကျောက်မဲတွင် လနက အတွဲလိုက် ပစ်သံများ စတင်ကြားရ

ဘယ်ဘက်ကပစ်တယ်ဆိုတာတော့ မသိရသေးပါ

အသန်း

4 months ago

မှော်ဆရာတွေကို သတိထား

မှော်လောကက ကြောက်စရာသိပ်ကောင်းပါတယ်

ရေနံမှော် ရွှေမှော် ရတနာမြေ

ရန်သူအတွက် သွားရေကျစရာ မက်မောစရာက မှော်တွေပါ၊ ထောက်ပို့ငွေနဲ့ ဆက်ကြေးရနိုင်တဲ့မြေ

အဲဒီထဲမှာ ငွေကျည်ဆန်မှန်ခံရတဲ့ သူတွေရှိနေတယ်

အသန်းဆိုရင် အဲဒီရွှေမှော်သတင်း မတင်ပါနဲ့၊ ဖျက်ပေးပါအထိ ပြောခံရတယ်

ဖျက်ပေးလို့မရဘူး အဲဒါက ရန်သူ့ဝင်လမ်း စားပေါက်နေရာကြီးဖြစ်နေတယ်

နယ်မြေခံတွေက သတင်းအတိအကျပို့ထားတာ၊ အဲဒီမှာရှိတဲ့ ကိုယ့်တပ်တွေ အငိုက်ခံရနိုင်တယ် ဒါမျိုးအဖြစ်မခံနိုင်ဘူးပေါ့

ဒီလိုတွေလာပြောတာက ရန်သူမဟုတ်ဘူး ၊ မိမိတို့ဘက်တော်သားတွေ

ပြောမရတော့ ဘာလုပ်တယ်မှတ်လဲ ..............?

ဘုရားရေ
ဒီလိုလုပ်ကြသလား ဒီလိုလုပ်ရက်သလား

ဂျူးလီယက်ဆီဇာပြောသလို
အော် ဘရူးတပ်စ် မင်းရောပါသကိုး

အသန်းသေမှာ မကြောက်ဘူး ရှက်တာ ရန်သူ့လက်ချက်နဲ့မဟုတ်ပဲ ကိုယ့်လူလက်ချက်နဲ့ ခံရမှာကို ရှက်မိတာပါ

ဖော်ကောင်ဘညွန့်လာလုပ်တော့လဲ အသန်းက လူဆိုးသူခိုးသူပုန်မှမဟုတ်ဖဲလေ

အသန်းက တပ်မတော်အင်အားစု သတင်းသမားပါ

ကိုယ်နိုင်တဲ့ဘက်က ကိုယ်တတ်တဲ့နည်းနဲ့ တပ်မတော်နဲ့အတူ တိုက်ပွဲဝင်နေပါတယ်

အသန်းဘယ်သူလဲဆိုတာ အသန်းပဲသိပါတယ်၊ အသန်းက တစ်ယောက်ထဲမဟုတ်ဘူး

မြန်မာပြည်မှာ အသန်းတွေအများကြီးပါနော်

အသန်း

We recommend to visit

The official Telegram on Telegram. Much recursion. Very Telegram. Wow.

Last updated 2 days, 1 hour ago

Stay connected with the latest iPapkorn Bots and News 🗞️

Bots: https://t.me/iPapkornBots/2

Last updated 4 months ago

Breaking News | Observing world events unfold in the grand theater of our time.

Last updated 3 days, 13 hours ago