M T A

Description
Channel part of Myanmar Tawhlan Network, under Myanmar Telegram News
We recommend to visit

Pour me suivre sur Telegram

Last updated 1 Jahr, 4 Monate her

La chaÎne française d'information internationale France 24 en français
Suivez toute l'actualitĂŠ du monde en #Direct.
🌍 france24.com/fr/

Last updated 1 Jahr, 3 Monate her

Actualité mondiale et comité de veille des programmes tv et radio. Je ne contacte jamais personne en privé sur Telegram. Attention aux arnaques. Soutenir le canal en offrant un café 👉 https://ko-fi.com/quoi2news

Contact 👉 [email protected]

Last updated 1 Jahr, 5 Monate her

1 Jahr her

ချင်းပြည်မြို့သိမ်းတိုက်ပွဲအတွင်း နိုင်ကျဉ်း ၁၇ ဦးကို ကယ်ထုတ်နိုင်ခဲ့

အများစုက ဖမ်းဆီးခံထားရစဉ် ညှင်းပန်းနှိပ်စက်ခံထားရတယ်လို့ဆို

ကိုသူ/MFP၊ ဒီဇင်ဘာ -၂၅

ချင်းပြည် တော်လှန်ရေး အင်အားစု‌တွေရဲ့ မင်းတပ်၊ဖလမ်း၊ကန်ပက်လက်မြို့သိမ်း တိုက်ပွဲအတွင်း ကယ်ထုတ်နိုင် ငံတဲ့ နိုင်ငံရေး အကျဉ်းသားတွေဟာ ဖမ်းဆီးခံထားရစဉ်အတွင်း စစ်အုပ်စုရဲ့ ဆိုးဆိုးရွားရွားညှင်းပန်းနှိပ်စက်မှုကို ခံခဲ့ရတယ်လို့ ချင်းညီနောင်တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ချင်းညီနောင် (Chin Brotherhood – CB) နဲ့ မဟာမိတ်တပ်ဖွဲ့ဝင်တွေ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်မျာ မင်းတပ်နဲ့ ကန်ပက်လက်မြို့ကို အလုံးစုံသိမ်းယူနိုင်ခဲ့ချိန် စစ်အုပ်စုက ဖမ်းဆီးထားတဲ့ ဆေးကျောင်းသားအပါအဝင် နိုင်ငံရေး အကျဉ်းသား ၁၇ ဦးကို ကယ်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။

စစ်အုပ်စုဟာ အဆိုပါ နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီးထောင်ချထားစဉ်အတွင်း ညှင်းပန်းနှိပ်စက် ရိုက်နှက် ထားတာကြောင့် ကယ်ထုတ်နိုင်ချိန်အထိ ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ချင်းညီနောင်တပ်ဖွဲ့ဝင် ကန်ပက်လက် မြို့ စစ်ဦးစီးချုပ်ဆလိုင်းအောင်လိန်း(Salai Aung Ling)က ပြောပါတယ်။

"အဖမ်းခံရပြီးသူ နှိပ်စက်‌တာတွေ၊ လက်သည်းအခွံခွာတာတွေ ၊ သံကိုမီးပူတိုက်ပြီးတော့မှ နှိပ်စက်တဲ့ဟာတွေ ၊ အဲ့ လိုမျိုးတွေရှိတယ်” လို့ ဆလိုင်းအောင်လိန်းက ပြောပါတယ်။

ဖမ်းဆီးနှိပ်စက်ခံရတဲ့ နိုင်ငံရေး အကျဉ်းသားတွေဟာ မင်းတပ် ၊ ကန်ပက်လက်၊ ယော ၊ကလေး စတဲ့ ဒေသတွေမှာ နေထိုင်ကြသူတွေ ဖြစ်ပြီး လက်ရှိမှာ ဒဏ်ရာရရှိသူတွေကို ဆေးဝါးကုသပေးနေကာ နေရပ်ကို ပြန်ပို့ပေးနိုင်ဖို့ စီစဉ်‌ နေတယ်လို့ ချင်းညီနောင် ပြောရေးဆိုခွင့် ရှိသူ ဆလိုင်းယောမန်က ပြောပါတယ်။

ကယ်ထုတ်နိုင်ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသား အများစုဟာ ချင်းလူမျိုးတွေ ဖြစ်ပြီး ယောဒေသခံ ဗမာလူမျိုးတွေ ၊ ဆေး ကျောင်းသားနဲ့ သာမန်အရပ်သားပြည်သူတွေ၊ CDM ဝန်ထမ်းတွေ ဖြစ်တယ်လို့ ဆလိုင်းယောမန်က ဆိုပါတယ်။

“ တစ်ယောက်က တော်လှန်ရေးမှာပါပြီးတော့ သတင်းပေးဒလန်ကြောင့် အဖမ်းခံရတာ။သူ့ကိုလည်း နှိပ်စက် ထား တာရှိတယ်။‌ နောက်တစ်ယောက်ကတော့ စကစ တပ်သားပေါ့။ သူက စကစမှာ မနေချင်တော့လို့ ထွက်ပြေးတဲ့အ ချိန် ပစ်ပြီးဖမ်းခံရတာ။ဒဏ်ရာနဲ့မပြေးနိုင်တော့တဲ့အချိန်မှာ ထောင်ထဲထည့်ထားတယ်" လို့ ကယ်ထုတ်နိုင်ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားတချို့နဲ့ပတ်သက်ပြီး စစ်ဦးစီးချုပ်ဆလိုင်းအောင်လိန်း(Salai Aung Ling)က ပြောပါတယ်။

အဆိုပါ မြို့သိမ်းတိုက်ပွဲအတွင်း နိုင်ငံရေးအကျဉ်းသားတွေကို ကယ်ထုတ်နိုင်ခဲ့တဲ့အပြင် စစ်အုပ်စုစစ်နယ် မြေမှူး အဆင့် ဗိုလ်မှူးကြီး အပါအဝင် ရဲနဲ့ယင်းမိသားစုဝင် ၁၂၃ ဦး ၊ ဖလမ်းခရိုင် ရဲမှူးကြီး၊ မြို့နယ်ရဲမှူး ၊ စခန်းမှူး အပါ အဝင် စစ်အုပ်စုတပ်ဖွဲ့ဝင် ၄၅ ဦး ကိုလည်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ကယ်ထုတ်နိုင်ခဲ့တဲ့ နိုင်ကျဉ်းတချို့ကိုတွေ့ရစဉ်/ ဓာတ်ပုံ-CDF-Matupi

#Mandalay_Free_Press_MFP

1 Jahr her

ချောင်းဦးမြို့နှင့် မုံရွာ -မန္တလေးလမ်းမကြီးပေါ်တွင် စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ချောင်းဦးမြို့ပေါ်တွင် ကင်းပတ် ထွက်လာသော အကြမ်းဖက်စစ် ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုများ ရှိနိုင်ကြောင်း ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် - CHU PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၄ ရက် ညနေ ၆ နာရီ ၄၈ မိနစ်အချိန် ချောင်းဦးမြို့မ ရဲစခန်းအတွင်းမှ ချောင်း ဦး မြို့တွင်းသို့ ကင်းပတ်ထွက်လာသော အကြမ်းဖက်စစ်သား ၁၀ ဦးကို ချောင်းဦးမြို့နယ် ပ.က.ဖ တိုက်ခိုက်ရေးတပ် CHU PDF တပ်ဖွဲ့မှ မြို့တွင်းတနေရာ၌ ည ၈ နာရီ မိနစ် ၅၀ အချိန်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးအပြင်းအထန်ဒဏ်ရာရရှိပြီး လဲကျနေရာမှာ အော်ဟစ် ညည်းညူနေခဲ့ ကြောင်း သိရသည်။

“ပုံမှန်ကင်းပတ်နေကြ စခတွေကို ချောင်းဦးတွင်းတနေရာမှာ မိုင်းဆွဲတယ်၊ မိုင်းဆွဲတော့ ၁၀ ယောက် ထဲ ၈ ယောက်ထိတာ၊ အများစုကသေနိုင်တယ်၊ စခန်းထဲကနေ ထွက်လာပြီး လာသယ်သွားတယ်။ သေဆုံးတဲ့သတင်း တိတိပြောမရဘူး။ မှတ်တမ်း Video လည်းရထားတယ်။ မိုင်းဆွဲခဲ့တဲ့ရဲဘော် ပြော ပြတာကတော့ ၁၀ ယောက်ထဲက ၂ ယောက်ပဲ ပြန်ထနိုင်တယ်။ ၈ ယောက်ကလုံးလုံးမထနိုင်ဘူး။ အော်ဟစ်နေကြတာ။ အသေးစိတ်နောက်ဆက်တွဲသတင်းတော့ ပြန်ထုတ်ပြန်ပေးပါ့မယ်။” ချောင်းဦး မြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် - CHU PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ ယနေ့ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက် ၉ နာရီ ၅၈ မိနစ်အချိန်က မုံရွာမြို့နယ်၊ မုံရွာ-မန္တလေး လမ်းမပေါ် မုံရွေးတိုးဂိတ်အနီးတွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်သား ၂ ဦးကို မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ချောင်းဦးမြို့နယ် ပ.က.ဖ တိုက်ခိုက်ရေးတပ် CHU PDF အနေဖြင့် ပြည်သူများနှင့် တပ်ဖွဲ့ဝင် ရဲဘော် များ ထိခိုက်မှု နည်းသည့် နည်းလမ်းကို အတတ်နိုင်ဆုံး ချိန်ဆ၍ စစ်ရေးဖော်ဆောင်လေ့ရှိပြီး ယခု စစ်ရေး ဖော်ဆောင်မှု ၂ ခုလုံး မှတ် တမ်း ဗွီဒီယိုရရှိထားရာ မှတ်တမ်းနှင့် နောက်ဆက်တွဲ သတင်းကို ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်းအသိပေးထားသည်။

Source-KhitThit

1 Jahr her

စမ်းချောင်းတွင် စစ်မှုထမ်းရန် လူငယ်များကို ဖမ်းဆီးပြီး ငွေကြေးခြိမ်းခြောက်တောင်းခံခဲ့သော ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးနောက် ဆေးရုံတွင် အသက်လုနေရ၊ FLA တပ်ဖွဲ့က ရှင်းလင်းဟု ထုတ်ပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တွင် စစ်မှုထမ်းရန် လူငယ်များကို ဖမ်းဆီးပြီး ငွေကြေးခြိမ်းခြောက်တောင်းခံခဲ့သော ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးနောက် ဆေးရုံတွင် အသက်လုနေရပြီး အဆိုပါ အုပ်ချုပ်ရေးမှူးကို Freeland Attack Force (FLA) တပ်ဖွဲ့က ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ဟုမ်းလမ်းဘူတာရပ်ကွက်၏အုပ်ချုပ်ရေးမှူး စန်းငွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင်ရှိ့နေစဉ် Freeland Attack Force (FLA) အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ပြီး ရှင်းလင်းစဉ်လက်နက်ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူ စန်းငွေ၏၀မ်းဗိုက်ကိုတစ်ချက်သာပစ်ခတ်နိင်ခဲ့ပြီး ထိခိုက်မှုအခြေအနေကိုဆက်လတ်စုံစမ်းဆဲဖြစ်ကြောင်း အဆိုပါအဖွဲ့ တာဝန်ရှိသူက ဆိုသည်။

"ဆေးရုံမှာ အသက်လုနေရတာ အခြေအနေကတော့ သိပ်မကောင်းဘူးလို့သိရတယ်။ နောက်ဆုံးအချိန်လို့လည်းပြောနေတယ်။ ပစ်လိုက်တဲ့ ကျည်က ဝမ်းဗိုက်နေ ကလီစာတွေကို အကုန်ဖောက်ပြီး မွှေသွားတဲ့သဘောလို့လည်းပြောတယ်" ဟု ဟုမ်းလမ်းဘူတာရပ်ကွက်မှ ဒေသပြည်သူတစ်ဦးက ဆိုသည်။

စန်းငွေသည်ရပ်ကွက်အတွက်သာမကမြို့နယ်ထွေအုပ်တွင်လည်း စစ်တပ် အလိုကျ ဝိုင်းကူပေးနေကြောင်း၊ ရပ်ကွက်‌နေပြည်သူများကိုမောက်မာရိုင်းစိုင်းနေကာခဏခဏပြဿနာရှာလေ့ရှိကြောင်း၊ စစ်မှုထမ်းရန်ကိစ္စရပ်များတွက်လည်းတက်ကြွစွာပါ၀င်နေပြီး၊၎င်းနှင့်နီးစပ်သည့်သူများနှင့်ဆွေမျိုးများစစ်မှုထမ်း မပါစေရန်တခြားရပ်ကွက်နေပြည်သူများ၏သားသမီးများကို စာရင်းလုပ်ပေးနေသူဖြစ်ကြောင်း၊ စစ်မှုထမ်း အကြောင်းပြ၍ တစ်အိမ်လျှင် ငွေကျပ် ၂၀၀၀၀ ကျပ် ကောက်ခံကြောင်း၊ ရဲပြုတ်တစ်ဦးပီပီ ပြည်သူများကိုဒုက္ခပေးနေသည့်အတွက် ရှင်းလင်းရခြင်းဖြစ် ကြောင်း၊ Freeland Attack Force (FLA) နှင့်မဟာမိတ်များသည်မြို့ပြတွင်ပြည်သူနှင့်လျို့ဝှက်စွာအတူတည်ရှိ့နေမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့က ဆိုသည်။

Source-KhitThit

1 Jahr her

မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ရွှေစင်အကယ်ဒမီရွှေဆိုင် ဓားပြတိုက်ခံရမှု ရွှေ ၄ ပိဿာကျော်ပါသွားပြီး တရားခံများ မမိသေး

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ရွှေစင်အကယ်ဒမီရွှေဆိုင် ဓားပြတိုက်ခံရမှု ရွှေ ၄ ပိဿာကျော်ပါသွားပြီး တရားခံများ မမိသေးကြောင်း ရဲသတင်းရင်းမြစ်နှင့် ဒေသပြည်သူတချို့ထံမှ သိရှိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ကျော်အချိန် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာမြောက်ရပ်ကွက်၊ ၇၇လမ်း၊၃၆×၃၇လမ်း အကြားရှိ ရွှေစင်အကယ်ဒမီရွှေဆိုင်သို့ ဆိုင်ကယ် ၂ စီးဖြင့် သေနတ်များ ကိုင်ဆောင်ကာ လာရောက် ဓားပြတိုက်သွားခဲ့ကြောင်း၊ လတ်တလော ရွှေ ၄ ပိဿာဝန်းကျင်ပါသွားသည်ဟုဆိုနိုင်ကြောင်း၊ တရားခံ ဖမ်းဆီးရရှိခြင်းမရှိသေးဘဲ စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။

"ဓားပြတိုက်တဲ့အဖွဲ့က ဆိုင်မှာ လူအဝင်၊အထွက် အချိန်နဲ့ ရွှေအထားအသို၊ ဆိုင်အနေအထား အတိအကျ ကို သေချာလေ့လာပြီးမှ လုပ်တဲ့သဘောဖြစ်လို့ ဒီဆိုင်နဲ့ မစိမ်းတဲ့ သူမျိုး၊ ရင်းနှီးကျွမ်းဝင်ပြီးသားထဲက ဖြစ်နိုင်ပါတယ်။ လက်ရှိတော့ တရားခံ ဖမ်းမိခြင်းမရှိသေးပါဘူး" ဟု မန္တလေးရဲသတင်းရင်းမြစ်နှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။

ဒေသပြည်သူတချို့ကလည်း စစ်တပ်နှင့်ရဲများက ဓားပြတိုက်ခံရသော ရွှေဆိုင်အနီးရှိ နေအိမ်များမှ CCTV များကို လိုက်လံတောင်းခံသွားကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မန္တလေးတွင် ရွှေဆိုင်ဓားပြတိုက်မှုများ မကြာခဏဆိုသလိုဖြစ်ပွားလျက်ရှိပြီး ယခုနှစ် စက်တင်ဘာ ၁၀ ရက်နေ့ နံနက် ၈ နာရီအချိန် မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် ၁ ရပ်ကွက်ရှိ ချောင်ချောင်ရွှေဆိုင်ပိုင်ရှင် ဦးရွှေဝင်း၏ နေအိမ်ကို လူ ၇ ဦးက သေနတ်များဖြင့် ဝင်ရောက် ဓားပြတိုက်ခဲ့ပြီး ရွှေ ၁၀ ပိဿာကျော်နှင့် ငွေကျပ်သိန်း ၁,၀၀၀ ခန့်တို့ကို ဓားပြတိုက်လုယက်သွားခဲ့ကြောင်း၊ ယခုနှစ် မေလ ၃၁ရက်နေ့ကလည်း မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်၊ ၈၄လမ်းနှင့် ၈၅လမ်းကြား ၃၉လမ်းနှင့် လမ်း ၄၀ အကြား မန်းမြို့ဈေးအတွင်းမှ 'ဆယ်သန်း'ရွှေဆိုင် ဓားပြတိုက်ခိုက်ခံရမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

Source-KhitThit

1 Jahr her

ရပ်စောက်၊ ကျောက်ဂူဒေသတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်၏ လေကြာင်းတိုက်ခိုက်မှုနှင့် လက်နက် ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေး တပ်တော် (DPLA) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ ၃ နာရီခန့်အချိန် ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသ ကျောက်ဂူ အမြောက်တပ်- အမတ ၃၄၉ အနီးတွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် - DPLA နှင့် စစ် ကောင်စီတပ်တို့အကြား ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း ဖြင့် ပြည်သူလူထုနေထိုင်ရာ နေရာများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ထမင်းပေါင်းကျေးရွာမှ အရပ်သားတစ်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

“တိုက်ပွဲထဲမှာ စကစဘက်က ထိခိုက်သေဆုံးမှု အသေးစိတ်တော့ မသိရသေးဘူး။ ကျနော်တို့ဘက် က ရဲဘော်တွေ အားလုံးဘေးကင်းပါတယ်။ မနေ့နေ့လယ်ပိုင်းအထိကတော့ တိုက်ပွဲဆက်ဖြစ်နေ တုန်းပါ။ ညနေပိုင်းမှာတော့ ခွေးတွေ ပြန်ဆုတ်သွားလို့ ငြိမ်သွားတယ်။ စစ်ခွေး‌တွေ ဘက်က လေကြောင်း၊ လက်နက်ကြီး အသားကုန်အသုံးပြုနေပါတယ်။ လေကြောင်းကနေ ဒရုန်း၊ လေယာဉ်နဲ့ချတာတွေက ရွာတွေတွေထဲချတာ တော်တော်များတယ်။ တိုက်ပွဲအခြေအနေက ဆက် လက်ဖြစ်ပွားနိုင်တာမို့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်နဲ့ နီးနီးမနေကြဖို့ ၊ လက်နက်ကြီး၊ လေကြောင်း အန္တရာယ်တွေကို ဂရုပြုကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ဓနုပြည်သူ့လွတ်မြောက်ရေး တပ်တော် (DPLA) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အလားတူ ဒီဇင်ဘာလ ၁၀ ရက်နေ့ကလည်း ကျောက်ဂူဒေသရှိ ကျေးရွာများကို အကြမ်းဖက် စစ် ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကျောက်မီးခတ် ကျေးရွာဘုန်း ကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Source-KhitThit

1 Jahr her

ကလေးမြို့မှာ စစ်အုပ်စု ဖမ်းသွားတဲ့ လသားကလေး အပါအဝင် ဒေသခံ ခြောက်ဦး သတင်းအစအန ပျောက်နေ၊

ကိုသူ/MFP ၊ ဒီဇင်ဘာ - ၁၈

စစ်ကိုင်းတိုင်း၊ ကလေးမြိုတောင်ပိုင်း ကံပုလဲကျေးရွာက ရင်ခွင်ပိုက်အရွယ် လသားကလေးငယ် အပါအဝင် ဒေသခံခြောက်ဦးကို PDF သတင်းပေးလို့ စွပ်စွဲကာ စစ်အုပ်စုက ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် တပတ်ကျော် ကြာတဲ့အထိ သတင်းအစအန မရဘဲ အသက်အန္တရာယ် ကျရောက်မှာ စိုးရိမ်နေရတယ်လို ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက MFP ကို ပြောပါတယ်။

Mandalay Free Press

1 Jahr her

ICJ တရားရုံးတွင် မြန်မာနိုင်ငံကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲထားသော တရားလို ဂမ်ဘီယာဘက်မှ ကွန်ဂိုနှင့်အိုင်ယာလန်နိုင်ငံတို့ ပါဝင်လာပြီး ဂမ်ဘီယာနှင့်အတူ ရပ်တည်သော နိုင်ငံပေါင်း ၁၀ ခုရှိလာ

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

ကမ္ဘာ့ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် မြန်မာနိုင်ငံကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲထားသော တရားလို ဂမ်ဘီယာနိုင်ငံဘက်မှ ကွန်ဂိုနှင့် အိုက်ယာလန်နိုင်ငံတို့ကပါ ပါဝင်ရန် လျှောက်ထားနေပြီဖြစ်ပြီး ဂမ်ဘီယာနှင့်အတူ ရပ်တည်သော နိုင်ငံပေါင်း ၁၀ ခု ရှိလာကြောင်း ICJ တရားရုံး၏ သတင်းထုတ်ပြန်ချက်နှင့် အိုင်ယာလန်အစိုးရ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့ တွင် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) က တရားလိုဂမ်ဘီယာဘက်မှ ရပ်တည်ပါဝင်ရန် Article 63 အရ လျှောက်ထားလာကြောင်း ICJ တရားရုံးက သတင်းထုတ်ပြန်သည်။

ထို့ပြင် အိုင်ယာလန်အစိုးရကလည်း ICJ တရားရုံးရောက်ရှိနေသော ဂမ်ဘီယာနှင့်မြန်မာအမှုတွင် ဂမ်ဘီယာဘက်မှ ကြားဝင်ပါဝင် စွက်ဖက်မည်ဖြစ်ကြောင်း အိုင်ယာလန်အစိုးရဘက်က သတင်းထုတ်ပြန်သည်။

မူလကတည်းက တရားလို ဂမ်ဘီယာနိုင်ငံဘက်မှ ပါဝင်ခွင့်ပြုထားသော နိုင်ငံ ၈ ခု ရှိနေပြီဖြစ်ပြီး ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ဗြိတိန်၊ ဆလိုဗေးနီးယားနှင့် မော်လ်ဒိုက်တို့ဖြစ်ကြောင်း၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) နှင့် အိုင်ယာလန်တို့ပါ ဂမ်ဘီယာဘက်မှ တရားဝင် ပါဝင်လာပါက စုစုပေါင်း မြန်မာကို ICJ တရားရုံးတွင် ဂမ်ဘီယာအပါအဝင် တရားစွဲဆိုထားသော ပြည်ပနိုင်ငံပေါင်း ၁၁ ခုရှိလာမည်ဖြစ်ကြောင်း သိရှိရသည်။

မွတ်စလင်အများစုနေထိုင်သည့် အနောက်အာဖရိကနိုင်ငံဖြစ်သည့် ဂမ်ဘီယာက မြန်မာနိုင်ငံရှိ လူနည်းစုမွတ်စလင်အုပ်စုဖြစ်သည့် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်သည်ဟု စွပ်စွဲကာ ICJ တွင် မြန်မာနိုင်ငံကို ၂၀၁၉ ခုနှစ်တွင် တရားစွဲဆိုခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံမှ ရိုဟင်ဂျာ ၇၃၀,၀၀၀ ဦးကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မောင်းထုတ်ခဲ့သည့် ၂၀၁၇ ခုနှစ် စစ်ရေးလှုပ်ရှားမှုတွင် “လူမျိုးတုံးသတ်ဖြတ်မှု” ပါဝင်ကြောင်း ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်က ကောက်ချက်ချခဲ့သည်။

မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှုကို ငြင်းဆိုထားပြီး ကုလသမဂ္ဂ၏ တွေ့ရှိချက်များကို “ဘက်လိုက်မှုနှင့် ချို့ယွင်းချက်” အဖြစ် ငြင်းဆိုထားပြီး စစ်တပ်က ၎င်း၏ ဖြိုခွင်းမှုမှာ ရိုဟင်ဂျာ သူပုန်များကို တိုက်ခိုက်ရန် ရည်ရွယ်သည်ဟု ထုတ်ပြန်ပြောဆိုထားသည်။

၂၀၂၂ ခုနှစ် ဇူလိုင်လတွင် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ တရားစွဲမှုအပေါ် မြန်မာ၏ကန့်ကွက်ချက်ကို ကမ္ဘာ့တရားရုံးက ပယ်ချခဲ့ပြီး အမှုကို ဆက်လက်ကြားနာစစ်ဆေးနေဆဲဖြစ်သည်။

Source-KhitThit

1 Jahr her

ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသအတွင်းရှိ စစ်တပ်အထိုင်ချထားသော မင်းရွာပျူရွာကို တော်လှန်ရေးအဖွဲ့များ ပူးပေါင်း၍ တိုက်ခိုက်

ရန်ကုန်၊ဒီဇင်ဘာ ၁၂

မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသအတွင်းရှိ စစ်ကောင်စီတပ်အထိုင်ချထားသော မင်းရွာပျူရွာကို တော်လှန်ရေးအဖွဲ့များ ပူးပေါင်း၍ တိုက်ပွဲဆင်နွှဲခဲ့ကြောင်း ရွှေဂျိုးဖြူ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရှိရသည်။

ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၄ နာရီအချိန် အကြမ်းဖက်စစ်ကောင်စီတပ်အထိုင်ချထားသော မင်း ပျူစောထီးရွာကို ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် ခရိုင်တပ်ရင်းများပူးပေါင်း၍ မြေပြင် စစ်ကြောင်း ၃ ကြောင်းခွဲကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများနှင့်ပျူစောထီးများ၏ ထိခိုက်သေဆုံးမှုကို မသိရှိရသေးဟု သိရှိရသည်။

တိုက်ပွဲသည် ၄ နာရီကျော်ကြာမြင့်ခဲ့ပြီး မြင်းခြံ နှင့် ရေစကြိုရှိ အကြမ်းဖက်စစ်ကောင်စီအထိုင်တပ်များက ဟောင်ဝစ်ဇာအမြှောက်များဖြင့် အကြိမ်ပေါင်းများစွာ ပစ်ကူပေးခဲ့ကြောင်း၊ တံတားဦးလေတပ်မှတက်လာသော တိုက်လေယာဥ်တစ်စီးဖြင့် လေးကြိမ်တိတိ ဝေဟင်မှ ပစ်ကူပေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ တိုက်ပွဲချိန်ကြာမြင့်လာပြီး အကြမ်းဖက်စစ်ကောင်စီဘက်က ဝေဟင်ပစ်ကူ၊ မြေပြင်မှ ဟောင်ဝစ်ဇာအမြှောက်များတရစပ်ပစ်ကူမှု၊ တော်လှန်ရေးရဲဘော်များဘက်က အရန်ကျည်အင်အားလျော့နည်းလာခြင်းတို့ကြောင့် ကာကွယ်ရေးအဖွဲ့များ ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှ ရဲဘော် ၁ ဦး အကြမ်းဖက်စစ်သားများ ရွာခြံစည်းရိုးတွင် ထောင်ထားသော နင်းမိုင်းနင်းမိပြီး ခြေနှစ်ဖက်စလုံး ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ MGN (Mandalay Regional Battalion) ၊ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ (M.C.R.F)၊ MGN Tiger ( မြင်းခြံခရိုင်တပ်ရင်း ၂၊ တပ်ခွဲ ၂)၊ MGN Ranger ( မြင်းခြံခရိုင်တပ်ရင်း ၂၊ တပ်ခွဲ ၃)၊ မြင်းခြံခရိုင်တပ်ရင်း (၃)၊ Myingyan 35၊ ဒေါင်းညီနောင် Wolf Brothers PDF၊ နွေဦးစစ်သည် ၊ မြင်းခြံခရိုင် Drone Team၊ YLK ပျောက်ကြားတပ်ဖွဲ့ ၊ MY PDF တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Source-KhitThit

1 Jahr her

မတ္တရာမြို့နယ်ရှိ စကျင်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးပြီး မြေပြင်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကျေးရွာများကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေ

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ စကျင်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးပြီး မြေပြင်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကျေးရွာများကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေကြောင်း Wetlet Informational Network က ပြောဆိုသည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့ ညနေ ၅ နာရီ ၄၃ မိနစ်ခန့်တွင် မတ္တရာမြို့နယ် အနောက်ခြမ်း၊ တုန်ကုန်းရွာ အနောက်ဘက်ရှိ ယမ်းကုန်းအုတ်စက်မှ အကြမ်းးဖက် စစ်ကောင်စီ တပ်သားများက ၈၁ မမ လက်နက်ကြီးများဖြင့် မြောက်ဘက်ကို ရမ်းသမ်း ပစ်ခတ်ခဲ့ရာ စကျင်ရွာအတွင်းကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး ကျေးရွာအတွင်းနေထိုင်သော ကလေးငယ် ၁ ဦး ၊ အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၁ ဦး တို့ သေဆုံးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မတ္တရာမြို့နယ်အတွင်း မြေပြင်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကလည်း ဒီဇင်ဘာ ၈ရက်နေ့တွင် မတ္တရာမြို့နယ် အနောက်ခြမ်းရှိ ဆင်ကုန်းရွာနှင့် ပိုဝမြောက်ရွာတို့ကို ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် မြွေသစ်တောရုံးရွာကို ထပ်မံ မီးရှို့ဖျက်စီးခဲ့ကြောင်း သိရသည်။

ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းကလည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းက မတ္တရာမြို့နယ် အနောက်ခြမ်းရှိ ဥဒိန်ရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

Source-KhitThit

1 Jahr, 1 Monat her

ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။
အရေးတော်ပုံ မုချအောင်ရမည်။

We recommend to visit

Pour me suivre sur Telegram

Last updated 1 Jahr, 4 Monate her

La chaÎne française d'information internationale France 24 en français
Suivez toute l'actualitĂŠ du monde en #Direct.
🌍 france24.com/fr/

Last updated 1 Jahr, 3 Monate her

Actualité mondiale et comité de veille des programmes tv et radio. Je ne contacte jamais personne en privé sur Telegram. Attention aux arnaques. Soutenir le canal en offrant un café 👉 https://ko-fi.com/quoi2news

Contact 👉 [email protected]

Last updated 1 Jahr, 5 Monate her