Why Pay for Entertainment? Access Thousands of Free Downloads Now!

We Health

Description
We Health သည် သင်နှင့်သင့်မိသားစုကျန်းမာရေးအတွက် Online မှတစ်ဆင့်ဆွေးနွေးဝန်ဆောင်မှုပေးသည့်
channel ဖြစ်ပါသည်။
ကျန်းမာရေးလမ်းညွှန်များ(Health Tips)နှင့် ကျန်းမာရေးဆိုင်ရာသုတဆောင်းပါးများ၊ Hospital Life ရသဆောင်းပါးများကိုလည်း နေ့စဥ် ဖတ်ရှုလေ့လာနိုင်ပါသည်။
We recommend to visit

ကြော်ငြာထည့်သွင်းလိုပါက official account 👇👇တခြားအကောင့်မသုံးပါ
@Vip_admin_3

Last updated 1 month ago

Last updated 6 days, 6 hours ago

CLICK2DONATE ရဲ့ OFFICAL version2.0 ချန်နယ်ဖြစ်ပါတယ်ခင်ဗျာ။

Last updated 6 days, 13 hours ago

1 week ago

ကြွက်သားဆုံးရှုံးမှုတွေကို ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ အချက် ၂ချက်ရှိပါတယ်။ ဒါတွေကတော့

(၁) ပရိုတိန်းဓာတ်ပါဝင်တဲ့ အစားအသောက်များကို စားသုံးပေးခြင်း နဲ့
(၂) ကိုယ်လက်လှုပ်ရှားမှု များများပြုလုပ်ပေးခြင်း တို့ဖြစ်ပါတယ်။

ဒီ အချက် ၂ချက်လုံးကို ညီညီမျှမျှ လိုက်နာလုပ်ဆောင်ရမှာဖြစ်ပါတယ်။ ကိုယ်အားသန်ရာတစ်ချက်တည်းကို တစ်ဖက်စောင်းနင်းပြီး လုပ်နေတာမျိုးက အကျိုးထူးမှာမဟုတ်ပါဘူးနော်။

ကြွက်သားတွေမှာ အသုံးပြုတာများလို့ ပျက်စီးလျော့နည်းသွားရင် သူ့အလိုလို ပြန်လည်ဖြည့်တင်းတည်ဆောက်တတ်တဲ့ သဘောသဘာဝရှိပါတယ်။

မသုံးတာကြာလို့ အားနည်းသွားရင်တော့ အသုံးမလိုဘူးလို့ ခန္ဓာကိုယ်က အလိုအလျောက် သတ်မှတ်သွားပြီး ပြန်လည် မတည်ဆောက်တော့ပါဘူး။ ဒါမျိုးကိုကျတော့ Disuse Muscles Atrophy (လုံလောက်သော လှုပ်ရှားအသုံးပြုမှုမရှိခြင်းကြောင့်ကြွက်သားများ သေးသိမ်သွားခြင်း) လို့ခေါ်ပါတယ်။ တစ်ချို့ နာတာရှည်ရောဂါသည်တွေနဲ့ လေဖြတ်လို့ အိပ်ယာထဲလဲနေသူတွေမှာ ခြေထောက်တွေ သေးလာတာမျိုးဟာ ဒါကြောင့်ပါ။

ဆိုတော့ ကိုယ်လက်လှုပ်ရှားမှု အကောင်းပကတိအတိုင်းလုပ်ဆောင်နိုင်နေသေးတဲ့ လူတိုင်းလူတိုင်းဟာ မိမိရဲ့ ကြွက်သားကို သင့်တင့်လျောက်ပတ်တဲ့ လှုပ်ရှားမှုတွေလုပ်နေအောင် စေခိုင်းနေရပါမယ်။ ဥပမာ Gym ဆော့တာ၊ ဓါတ်လှေကားတွေ စက်လှေကားတွေအစား ရိုးရိုးလှေကားကို အသုံးပြုပြီး အတက်အဆင်းလုပ်တာ၊ ကားစီးမယ့်အစား စက်ဘီးနင်းတာ၊ တစ်ခါတစ်ရံမှာ အလေးအပင် အနည်းငယ် မ ပေးတာမျိုးတွေကို နေ့စဥ် ကိုယ်နိုင်သလောက်လေး လုပ်ဆောင်ပေးသင့်ပါတယ်။

WHO ဆိုတဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းက တရားဝင် ထုတ်ပြန်ချက်တစ်ခုမှာတော့ ကြွက်သားဆုံးရှုံးမှုတွေ တတ်နိုင်သမျှ လျော့နည်းအောင် တစ်ပါတ်မှာ မိနစ် ၁၅၀ ခန့် အသင့်အတင့်အားစိုက်ထုတ်ရသော ကိုယ်လက်လှုပ်ရှားမှု (သို့မဟုတ်) တစ်ပါတ်လျှင် ၇၅မိနစ်ခန့် အပြင်းအထန်အားစိုက်ထုတ်ရသော ကိုယ်လက်လှုပ်ရှားမှုအပြင် Strength or Balance Excercises ဆိုတဲ့ ခန္ဓာကိုယ်ခွန်အားနဲ့မျှခြေကို ထိန်းညှိပေးတဲ့ လေ့ကျင့်ခန်းအမျိုးမျိုးကိုလည်း ၁ပါတ်မှာ ၃ကြိမ်ခန့် အနည်းဆုံး လုပ်ဆောင်ပေးသင့်တယ်လို့ ဖော်ပြထားပါတယ်။

Strength or Balance Exercises အမျိုးအစားတစ်ချို့ကတော့
၁။ မျဥ်းဖြောင့်အတိုင်းလမ်းလျှောက်ခြင်း
၂။ ခုံတစ်ခုကို အမှီပြုပြီး အထိုင်အထလုပ်ခြင်း
၃။ နံရံကို အမှီပြု၍ ခြေဖျားထောက်လေ့ကျင့်ခန်းလုပ်ခြင်း
၄။ ထိုင်ခုံပေါ်ထိုင်ရင်း ခြေထောက် မြှောက်လိုက်ချလိုက် လုပ်ခြင်း
၅။ Yoga လေ့ကျင့်ခန်းများပြုလုပ်ခြင်း

ထိုလေ့ကျင့်ခန်းများကို Youtube မှာဖြစ်ဖြစ် Facebook မှာဖြစ်ဖြစ်ရှာဖွေပြီး လိုက်လုပ်နိုင်ပါတယ်နော်။

နောက်တစ်ချက်ကတော့ အစားအသောက်နဲ့ဆိုင်တာမို့ လူတိုင်းပိုစိတ်ဝင်စားကြမယ်ထင်ပါတယ်။

ကြွက်သားတွေဟာ Protein ပရိုတိန်းဓါတ်တွေနဲ့အဓိကဖွဲ့စည်း တည်ဆောက်ထားတာမို့ ပရိုတိန်းဓါတ်ကြွယ်၀တဲ့ အစားအသောက်တွေဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်ပါတယ်။

Protein ဓါတ်တွေရရှိဖို့ အောက်ပါအစားအသောက်များကို နေ့စဥ်စားသုံးပေးသင့်ပါတယ်။

၁။ အသား၊ ငါး မျိုးစုံ
၂။ နို့နဲ့နို့ထွက်ပစ္စည်း မျိုးစုံ
၃။ ပဲအမျိုးမျိုး
၄။ ကြက်ဥ

ဘယ်လောက် ပမာဏ စားသုံးသင့်တယ်ဆိုတာလည်း အဓိကကျပါတယ်။

တစ်နေ့ကို ၃ကြိမ်စားပါက ၁ကြိမ်ကို Protein ပမာဏ 25grams/၁အောင်စ/၁.၅ကျပ်သား ၁ကျပ်ခွဲသား နီးပါးခန့်) ပါ၀င်အောင် စားသုံးပေးသင့်ပါတယ်။

မှတ်ချက်။   ။ အဆိုပါ ပမာဏသည် အသားငါးတို့မှ ရရှိသော ပရိုတိန်းပမာဏ အတွက်သာဖြစ်ပါသည်။
နို့၊ဥနှင့်ပဲအမျိုးမျိုးတွင်ပါဝင်သော ပရိုတိန်းပမာဏမှာ အသားတွင်ပါ၀င်သော ပရိုတိန်းပမာဏထက် နည်းနိုင်သောကြောင့် အသားမစားသောသူများမှာ ယင်းအစားအစာများကို အထက်ဖော်ပြပါ ပမာဏ ထက် အနည်းငယ်ပိုတိုး၍ စားသုံးနိုင်ပါသည်။

ဒီနေ့ပြောပြချင်တဲ့ ဆေးပညာဗဟုသုတလေးကတော့ ဒီလောက်ပါပဲရှင်။ လိုက်နာရမယ့်အချက်အလက်လေးတွေကလည်း ရိုးရှင်းလွယ်ကူပြီး မိမိအိမ်မှာတင် ငွေကုန်ကြေးကျမများဘဲ လုပ်ဆောင်နိုင်တာမို့ ဒီအကြောင်းအရာလေးတွေကို လေ့လာမှတ်သားပြီး မိမိကိုယ်တိုင်ဖြစ်စေ မိမိမိသားစုဆွေမျိုးတွေထဲက လူကြီးသူမတွေအတွက်ဖြစ်စေ အကျိုးရှိစေမယ်လို့မျှော်လင့်ရင်း လူတိုင်းလူတိုင်း ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်တွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။

နောက်အပါတ်တွေမှာလည်း ခုလို စိတ်၀င်စားစရာကောင်းတဲ့ ကျန်းမာရေးဗဟုသုတတွေနဲ့အတူ ပြန်ဆုံကြပါမယ်နော်။

Online မှ ကျန်းမာရေးဆွေးနွေးမှုခံယူလိုသူများကတော့ အပေါ်ကLink လေးကနေ ဆက်သွယ်နိုင်ပါတယ်။

Please Stay Tuned 💁🙋‍♂️🙋💁‍♂️

21st April, 2024
Presented By
We Health Telegram Medical Service
Join Us on Telegram & Be More Healthy Everyday

အောက်ပါ Channel ရဲ့ Invite link လေးကို နှိပ်ပြီး ကျွန်မတို့ရဲ့ Channel လေးကို Join ထားနိုင်ပါပြီ။👇👇👇👇👇

https://t.me/wehealthchannel

1 week ago

Health Tip of the Day
ယနေ့အတွက် ကျန်းမာရေးလမ်းညွှန်

Age Related Sarcopenia (အသက်ကြီးလာခြင်းကြောင့် ခန္ဓာကိုယ်ရှိ ကြွက်သားများ အားနည်းရခြင်း)
...................................................................

အားလုံးပဲ မဂ်လာည​နေခင်း​လေးပါရှင့်။
ဒီနေ့ပြောပြပေးမယ့် Health Tip ခေါင်းစဥ်လေးကတော့ Age Related Sarcopenia (အသက်ကြီးလာခြင်းကြောင့် ခန္ဓာကိုယ်ရှိ ကြွက်သားများ အားနည်းရခြင်း)အကြောင်းပဲ ဖြစ်ပါတယ်။

Sarcopenia ဆိုတဲ့ အခေါ်အဝေါ်လေးကတော့ ဂရိ ဝေါဟာရဖြစ်တဲ့ "Sarc" = ကြွက်သားများ နဲ့ "Penia" = ဆင်းရဲခြင်း သို့ အားနည်းခြင်း ဆိုတဲ့ စကားလုံးတွေကနေ ဆင်းသက်လာတာပါ။

အသက်အရွယ်ကြီးလာတာနဲ့အမျှ ဓမ္မတာအရ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားထုပမာဏနဲ့ ကြွက်သားခွန်အားတွေ ဆုတ်ယုတ်နည်းပါးလာပါတယ်။ ထိုကြွက်သားထုနေရာမှာ အဆီတစ်သျှူးတွေက နေရာဝင်ယူလာကြတာမို့ ကြွက်သားတွေဟာ ပုံမှန်လုပ်ငန်းဆောင်တာဖြစ်တဲ့ ခွန်အားစိုက်ထုတ်ခြင်းနဲ့ တောင့်ခံခြင်းတို့ကို အရင်လို ကောင်းမွန်စွာ မလုပ်ဆောင်နိုင်တော့ပါဘူး။

ဒါကြောင့်မို့ အသက်ကြီးလာတဲ့သူတွေမှာ အထိုင်အထ အသွားအလာ နှေးကွေးလာတာ၊ ချော်လဲလွယ်တာ၊ ခြေချော်လက်ချော်ဖြစ်တာတို့အပြင် နေ့စဥ်လုပ်ငန်းဆောင်တာတွေမှာ အရင်ကထက် အားပိုစိုက်ရတာမျိုးတွေကြောင့် ကြွက်သားတွေ နာကျင်ကိုက်ခဲတာမျိုးတွေကိုပါ တွေ့ကြုံခံစားလာရပါတယ်။

ယေဘုယျအားဖြင့် ဒီဖြစ်စဥ်ဟာ အသက်၄၀ကျော်ကျား/မ မရွေး မှာစတင်တွေ့ကြုံခံစားရပါတယ်။

အသက်ကြီးတာကြောင့် မဟုတ်ဘဲ တစ်ခြားအကြောင်းကြောင်းတွေကြောင့်လည်း ခန္ဓာကိုယ်ရှိကြွက်သားပမာဏတွေ ဆုံးရှုံးနိုင်ပါသေးတယ်။

ဥပမာ အကြီးစား ခွဲစိတ်မှုတွေ၊ မတော်တဆမှုတွေကြောင့် နေ့စဥ်လှုပ်ရှားမှုမပြုလုပ်နိုင်ဘဲအကြာကြီး ငြိမ်နေရတဲ့အခါတွေမျိုးမှာလည်း ကြွက်သားဆုံးရှုံးမှုကို ဖြစ်စေပါတယ်။

ထို့အပြင်မိမိရဲ့ နေ့စဥ်နေထိုင်စားသောက် လှုပ်ရှားသွားလာမှု (daily activites and life styles) နဲ့မွေးရာပါ မျိုးရိုးဗီဇ (Genes) တို့ကလည်း ကြွက်သားထု လျော့နည်းရခြင်းအပေါ် လွှမ်းမိုးမှုတွေ ရှိနေပါသေးတယ်။

ခုလို အကြောင်းအမျိုးမျိုးကြောင့် ခန္ဓာကိုယ်ရှိကြွက်သားများ လျော့နည်းဆုံးရှုံးမှုတွေ အလွန်များလာတဲ့အခါမှာတော့ အားနည်းလာတဲ့ ခန္ဓာကိုယ်ကြောင့် (Prone to accident) နေ့စဥ်လူမှုဘဝပတ်၀န်းကျင်မှာ မတော်တဆမှုတွေဖြစ်လွယ်လာမယ်။ နောက်တစ်ချက်က (Vulnerable to Health Problems) ကျန်းမာရေးနဲ့ပတ်သတ်တဲ့ ပြသနာတွေ ခဏခဏ တွေ့ကြုံခံစားရပါမယ်။

အပေါ်က ပြောပြပေးခဲ့တဲ့တာတွေကတော့ ကြွက်သားဆုံးရှုံးရခြင်းရဲ့ အကျိုးအကြောင်းနဲ့ ဘေးထွက်ဆိုးကျိုးတွေကို ရှင်းပြပေးထားတာဖြစ်ပါတယ်။

ဒီဖြစ်စဥ်ကို တတ်နိုင်သမျှ ဘယ်လို ကြိုတင်ကာကွယ်မှုတွေလုပ်ဆောင်နိုင်မလဲဆိုတာ ဆက်ကြည့်ရအောင်နော်။

1 week ago

မဂ်လာပါနော်။😄😄
ဒီနေ့အတွက် booking များကို မနက် ၇နာရီ မှ ည၉နာရီအထိ လက်ခံပါတယ်ရှင်။📝

ကျန်းမာရေးဆွေးနွေးကုသမှုခံယူရန်အတွက် We health ရဲ့ direct message group ထဲကို join ပြီး မိမိ၏ telegram ဖွင့်ထားသော ph no လေးချန်ခဲ့ပေးပြီး တိုကင်ယူနိုင်ပါတယ်။

မိမိကိုယ်တိုင်ဖြစ်​စေ၊ အိမ်မှာရှိနေတဲ့ telegram မသုံးတတ်သေးတဲ့ လူကြီးတွေနဲ့ ကလေးများကျန်းမာရေးအတွက် ကိုယ်စားဖြစ်စေ ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်။👨‍👩‍👧‍👦👴👵

4 months, 3 weeks ago

မဂ်လာပါရှင်
We Health, Telegram Medical Service channel မှကြိုဆိုပါတယ်။
ဒီ channel လေးရဲ့ ရည်ရွယ်ချက်ကတော့ လူကြီးမင်းနဲ့ လူကြီးမင်းတို့ရဲ့ ကျန်းမာရေးကိစ္စများကို အထွေထွေရောဂါကုအတွေ့အကြုံရှိသောဆရာဝန်ကိုယ်တိုင်မှ online မှတစ်ဆင်​့ တိုင်ပင်ဆွေးနွေး အကြံပေးခြင်း၊ လိုအပ်ပါက သောက်သုံးရန်ဆေးဝါးများညွှန်ပေးခြင်း၊ ဆေးစာရေးပေးခြင်း နှင့် ကျန်းမာရေးဆိုင်ရာဗဟုသုတများမျှဝေခြင်းတို့ကို ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။

ဆွေးနွေးချိန် : : မနက် ၉ နာရီမှ ည ၈နာရီအတွင်း။

We Health ၏ အားသာချက်များ
.............................................................
အရေးပေါ်အခြေအနေမဟုတ်သော အခြားကျန်းမာရေးကိစ္စများ အားလုံးကို ဆေးရုံဆေးခန်းသို့ အချိန်ကုန်ခံသွားရန်မလိုဘဲ online မှတစ်ဆင့်တိုင်ပင်ရုံဖြင့် သင့်တော်လုံလောက်သည့် ကုသမှု အကြံပေးမှုများရရှိနိုင်ခြင်း။

ငွေကြေးကုန်ကျသက်သာခြင်း။

ဝန်ဆောင်မှုအတွက်ကျသင့်ငွေကို online payment မှတစ်ဆင့်​လွှဲနိုင်ခြင်း။

ဆရာဝန်နှင့်ဆွေးနွေးထားသော မှတ်တမ်းများကို word file or pdf file ဖြင့်ပြန်လည်ပို့ဆောင်ပေးခြင်း။

အားနည်းချက်များ
..............................................................

online service ဖြစ်သောကြောင့် လူနာအား ကိုယ်တိုင်စမ်းသပ် သွေးပေါင်ချိန်ခြင်း ​ဆေးထိုးပုလင်းချိတ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း ultrasound ရိုက်ပေးခြင်း၊ သွေးဖောက်စစ်ပေးခြင်းများ အစရှိသောဝန်ဆောင်မှုများကို ဤ channel တွင်ပေး၍မရပါ။

ဝန်ဆောင်မှုပေးရန်စောင့်ဆိုင်းရမည့်အချိန်
...............................................................

လူနာအနည်းအများပေါ်မူတည်၍ ဆွေးနွေးမှုခံယူမှုအတွက် စောင့်ဆိုင်းရန် ၁၅မိနစ်မှ ၁နာရီအထိ ကြာမြင့်နိုင်ပါသည်။

ဝန်ဆောင်ခ ကျသင့်ငွေ

တစ်ဦးလျှင် ၃၀၀၀ကျပ် (ဆရာဝန်မှစတင်လက်ခံဆွေးနွေးသည့်အချိန်မှစ၍မိနစ် ၂၀ ကြာဝန်ဆောင်မှုအတွက်)

*မိနစ်၂၀ ကျော်သော ဆွေးနွေးမှုများအတွက် တစ်မိနစ်လျှင် ၂၀၀ကျပ် အပိုဆောင်းကောက်ခံပါမည်။

Channel ရဲ့ Invite link လေးပါရှင့်။
Feel free to Join Us 😃😃

https://t.me/wehealthchannel

Telegram

We Health

We Health သည် သင်နှင့်သင့်မိသားစုကျန်းမာရေးအတွက် Online မှတစ်ဆင့်ဆွေးနွေးဝန်ဆောင်မှုပေးသည့် channel ဖြစ်ပါသည်။ ကျန်းမာရေးလမ်းညွှန်များ(Health Tips)နှင့် ကျန်းမာရေးဆိုင်ရာသုတဆောင်းပါးများ၊ Hospital Life ရသဆောင်းပါးများကိုလည်း နေ့စဥ် ဖတ်ရှုလေ့လာနိုင်ပါသည်။

မဂ်လာပါရှင်
5 months ago

Health Tip of the Day
ယနေ့အတွက် ကျန်းမာရေးလမ်းညွှန်

Winter Flu (ဆောင်းတုပ်ကွေး)
...................................................................

အားလုံးပဲ မဂ်လာနေ့ခင်း​လေးပါရှင့်။
ဒီနေ့ပြောပြပေးမယ့် Health Tip ခေါင်းစဥ်လေးကတော့ Winter Flu လို့ခေါ်တဲ့ ဆောင်းတုပ်ကွေးအကြောင်းပဲဖြစ်ပါတယ်။

ဆောင်းတုပ်ကွေးဆိုတာဘာလဲ?
What is winter flu?
...................................................................

သိပ္ပံနည်းကျသုတေတနများမှ ရှာ​ဖွေတွေ့ရှိချက်များအရ ရာသီအကူးအပြောင်းတွေမှာဆို ရုတ်တရက် ပတ်ဝန်းကျင် အပူချိန်ပြောင်းလဲမှုတွေကြောင့် (sudden environmental temperature change) အထူးသဖြင့် ရာသီဥတုပူရာကနေ အေးလာတဲ့အချိန်မျိုးတွေမှာ Influenza လို့ခေါ်တဲ့ တုပ်ကွေးဖြစ်စေတဲ့ Virus တွေဟာ လေထုထဲမှာ မျိုးပွားမှုနှုန်းပိုများလာပြီး လူတွေဆီကို ကူးစက်ပြန့်နှံ့မှုနှုန်းတွေ ပိုများလာလေ့ရှိပါတယ်။ ခုလိုမိုးအကုန် ဆောင်းအကူးလို ကာလမျိုးမှာလည်း ၄င်း virus တွေဟာ လေထုထဲမှတစ်ဆင့် လူတွေရဲ့ အဆုတ်ထဲကို ကူးစက်ဝင်ရောက်ပြီး တုပ်ကွေးလက္ခဏာနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာအမျိုးမျိုးတို့ကို ​ဖြစ်ပေါ်ခံစားရစေပါတယ်။ ဒီလိုအချိန်အခါမျိုးမှာဖြစ်တတ်တဲ့ တုပ်ကွေးမျိုးကို ဆောင်းတုပ်ကွေးလို့ သတ်မှတ်ပါတယ်။

ဘယ်သူတွေမှာ ဆောင်းတုပ်ကွေးအဖြစ်များလဲ။
..................................................................
ကြီးကြီးငယ်ငယ် ကျားမအရွယ်မရွေး ဘယ်သူမဆို ဆောင်းတုပ်ကွေးကူးစက်ဖြစ်ပေါ်နိုင်ပါတယ်။
အထူးသဖြင့် ဂရုပြုရမယ့် အုပ်စုတွေကတော့

🔹အသက် ၅နှစ်အောက် ကလေးငယ်များ
🔹အသက် ၆၅နှစ်အထက် လူကြီးသူမများ
🔹ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ
🔹အကြောင်းအမျိုးမျိုးကြောင့် ခုခအားကျဆင်းနေသူများ (ဥပမာ နာတာရှည် ကျောက်ကပ်ရောဂါရှိသူများ၊ လေဖြတ်ထားသူများ၊ တီဘီရောဂါရှိသူများ၊ ဆီးချိုရောဂါရှင်များ၊ အဆုတ်ပွရောဂါရှိသူများ၊ ဆေးလိပ်သောက်သုံးသူများ)

ဆောင်းတုပ်ကွေး လက္ခဏာများ
.................................................

1️⃣ ကိုယ်လက်မအီမသာဖြစ်ခြင်း။
2️⃣ အရိုးအဆစ်နှင့်ကြွက်သားများနာကျင်ကိုက်ခဲခြင်း။
3️⃣ အစားအသောက်ပျက်ခြင်း။
4️⃣ ခေါင်းမူး ခေါင်းကိုက်ခြင်း။
5️⃣ နှုန်းခွေအားနည်းခြင်း။
6️⃣ နှာရယ်ယို၊ နှာစေး၊ နှာခေါင်းပိတ်ခြင်း။
7️⃣ လည်ချောင်းနာခြင်း။
8️⃣ ရင်ကြပ်ခြင်း၊ အသက်ရှုမဝခြင်း၊ အသက်ရှုရခက်ခဲခြင်း)
9️⃣ ချောင်းဆိုးခြင်း။
🔟 ဖျားနာခြင်း၊ ခိုက်ခိုက်တုန်အောင် ချမ်း၍ဖျားခြင်း။

ဆောင်းတုပ်ကွေးကို မိမိအိမ်မှာ ဘယ်လိုနည်းလမ်းတွေနဲ့ ပြုစုကုသပေးနိုင်လဲ?
Home Remedies for winter flu
.................................................................

1️⃣ လူနာကို များများ အိပ်စက်အနားယူခိုင်းပါ။
2️⃣ ရေ သို့မဟုတ် ဓာတ်ဆားရည် သို့မဟုတ် ကြက်၊ဝက်၊အသား၊ငါးပြုတ်ရည် များများသောက်ခိုင်းပါ။
3️⃣ ဆီးများများသွားပါစေ။
4️⃣ ရေချိုး၊ ရေပတ်တိုက်ပြီးပါက နွေးထွေးစွာထားပါ။
5️⃣ အစာပျော့ပျော့ကို နည်းနည်းစီ မကြာခဏ စားခိုင်းပါ။
6️⃣ ချိုလွန်းသော စားသောက်ဖွယ်ရာများ၊ လက်ဖက်ရည်၊ ကော်ဖီ၊ ရေနွေးကြမ်း၊ အအေး၊ ဆီကြော်များ ရှောင်ပါ။
7️⃣ ဆားရည်နွေးနွေးဖြင့် တစ်နေ့ ၂ကြိမ်ခန့် အာလုတ်ကျင်းပါ။
8️⃣ ဖျားနာကိုက်ခဲခြင်းများသက်သာစေရန် ပါရာစီတမောကဲ့သို့အကိုက်အခဲပျောက်ဆေးများ၊ နှာရည်ယိုသက်သာစေရန် cetrine ကဲ့သို့ဆေးများ၊ လည်ချောင်းနာ၊ချောင်းဆိုးသက်သာစေရန် ငုံဆေးများ၊ဆေးရည်များကို အလျင်းသင့်သလို အသုံးပြုနိင်ပါသည်။
9️⃣ ပဋိဇီဝ ပိုးသတ်ဆေးများကိုတော့ ဆရာဝန် ညွှန်ကြားချက်မရှိဘဲ သောက်သုံးခြင်းမပြုသင့်ပါ။
🔟 ဆောင်းတုပ်ကွေးသည် ၃ရက်မှ အလွန်ဆုံး ၁ပါတ်ခန့်သာကြာမြင့်တတ်ပါသည်။ ၁ပါတ်ထက်ပို၍ မသက်သာပါက နီးစပ်ရာဆေးရုံဆေးခန်းများတွင် ပြသ၍ ဆက်လက်ကုသမှုခံယူသင့်ပါသည်။

Channel ရဲ့ Invite link လေးပါရှင့်။
Feel free to Join Us 😃😃

https://t.me/wehealthchannel

Telegram

We Health

We Health သည် သင်နှင့်သင့်မိသားစုကျန်းမာရေးအတွက် Online မှတစ်ဆင့်ဆွေးနွေးဝန်ဆောင်မှုပေးသည့် channel ဖြစ်ပါသည်။ ကျန်းမာရေးလမ်းညွှန်များ(Health Tips)နှင့် ကျန်းမာရေးဆိုင်ရာသုတဆောင်းပါးများ၊ Hospital Life ရသဆောင်းပါးများကိုလည်း နေ့စဥ် ဖတ်ရှုလေ့လာနိုင်ပါသည်။

Health Tip of the Day
10 months, 1 week ago

မဂ်လာပါရှင်
We Health, Telegram Medical Service channel မှကြိုဆိုပါတယ်။
ဒီ channel လေးရဲ့ ရည်ရွယ်ချက်ကတော့ လူကြီးမင်းနဲ့ လူကြီးမင်းတို့ရဲ့ ကျန်းမာရေးကိစ္စများကို အထွေထွေရောဂါကုအတွေ့အကြုံရှိသောဆရာဝန်ကိုယ်တိုင်မှ online မှတစ်ဆင်​့ တိုင်ပင်ဆွေးနွေး အကြံပေးခြင်း၊ လိုအပ်ပါက သောက်သုံးရန်ဆေးဝါးများညွှန်ပေးခြင်း၊ ဆေးစာရေးပေးခြင်း နှင့် ကျန်းမာရေးဆိုင်ရာဗဟုသုတများမျှဝေခြင်းတို့ကို ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။

ဆွေးနွေးချိန် : : မနက် ၉ နာရီမှ ည ၈နာရီအတွင်း။

We Health ၏ အားသာချက်များ
.............................................................
အရေးပေါ်အခြေအနေမဟုတ်သော အခြားကျန်းမာရေးကိစ္စများ အားလုံးကို ဆေးရုံဆေးခန်းသို့ အချိန်ကုန်ခံသွားရန်မလိုဘဲ online မှတစ်ဆင့်တိုင်ပင်ရုံဖြင့် သင့်တော်လုံလောက်သည့် ကုသမှု အကြံပေးမှုများရရှိနိုင်ခြင်း။

ငွေကြေးကုန်ကျသက်သာခြင်း။

ဝန်ဆောင်မှုအတွက်ကျသင့်ငွေကို online payment မှတစ်ဆင့်​လွှဲနိုင်ခြင်း။

ဆရာဝန်နှင့်ဆွေးနွေးထားသော မှတ်တမ်းများကို word file or pdf file ဖြင့်ပြန်လည်ပို့ဆောင်ပေးခြင်း။

အားနည်းချက်များ
..............................................................

online service ဖြစ်သောကြောင့် လူနာအား ကိုယ်တိုင်စမ်းသပ် သွေးပေါင်ချိန်ခြင်း ​ဆေးထိုးပုလင်းချိတ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း ultrasound ရိုက်ပေးခြင်း၊ သွေးဖောက်စစ်ပေးခြင်းများ အစရှိသောဝန်ဆောင်မှုများကို ဤ channel တွင်ပေး၍မရပါ။

ဝန်ဆောင်မှုပေးရန်စောင့်ဆိုင်းရမည့်အချိန်
...............................................................

လူနာအနည်းအများပေါ်မူတည်၍ ဆွေးနွေးမှုခံယူမှုအတွက် စောင့်ဆိုင်းရန် ၁၅မိနစ်မှ ၁နာရီအထိ ကြာမြင့်နိုင်ပါသည်။

ဝန်ဆောင်ခ ကျသင့်ငွေ
...............................................................
တစ်ဦးလျှင် ၃၀၀၀ကျပ် (ဆရာဝန်မှစတင်လက်ခံဆွေးနွေးသည့်အချိန်မှစ၍မိနစ် ၂၀ ကြာဝန်ဆောင်မှုအတွက်)

*မိနစ်၂၀ ကျော်သော ဆွေးနွေးမှုများအတွက် တစ်မိနစ်လျှင် ၂၀၀ကျပ် အပိုဆောင်းကောက်ခံပါမည်။

Channel ရဲ့ Invite link လေးပါရှင့်။
Feel free to Join Us 😃😃

https://t.me/wehealthchannel

Telegram

We Health

We Health သည် သင်နှင့်သင့်မိသားစုကျန်းမာရေးအတွက် Online မှတစ်ဆင့်ဆွေးနွေးဝန်ဆောင်မှုပေးသည့် channel ဖြစ်ပါသည်။ ကျန်းမာရေးလမ်းညွှန်များ(Health Tips)နှင့် ကျန်းမာရေးဆိုင်ရာသုတဆောင်းပါးများ၊ Hospital Life ရသဆောင်းပါးများကိုလည်း နေ့စဥ် ဖတ်ရှုလေ့လာနိုင်ပါသည်။

မဂ်လာပါရှင်
11 months, 1 week ago

11 months, 2 weeks ago

Health Tip of the Day
ယနေ့အတွက် ကျန်းမာရေးလမ်းညွှန်

Seasonal Flu (ရာသီတုပ်ကွေး)
...................................................................

အားလုံးပဲ မဂ်လာနေ့ခင်း​လေးပါရှင့်။
ဒီနေ့ပြောပြပေးမယ့် Health Tip ခေါင်းစဥ်လေးကတော့ Seasonal Flu လို့ခေါ်တဲ့ ရာသီ တုပ်ကွေးအကြောင်းပဲဖြစ်ပါတယ်။

ရာသီတုပ်ကွေးဆိုတာဘာလဲ?
What is Seasonal flu?
...................................................................

သိပ္ပံနည်းကျသုတေတနများမှ ရှာ​ဖွေတွေ့ရှိချက်များအရ ရာသီအကူးအပြောင်းတွေမှာဆို ရုတ်တရက် ပတ်ဝန်းကျင် အပူချိန်ပြောင်းလဲမှုတွေကြောင့် (sudden environmental temperature change) အထူးသဖြင့် ရာသီဥတုပူရာကနေ အေးလာတဲ့အချိန်မျိုးတွေမှာ Influenza လို့ခေါ်တဲ့ တုပ်ကွေးဖြစ်စေတဲ့ Virus တွေဟာ လေထုထဲမှာ မျိုးပွားမှုနှုန်းပိုများလာပြီး လူတွေဆီကို ကူးစက်ပြန့်နှံ့မှုနှုန်းတွေ ပိုများလာလေ့ရှိပါတယ်။ ခုလိုနွေအကုန် မိုးအကူးလို ကာလမျိုးမှာလည်း ၄င်း virus တွေဟာ လေထုထဲမှတစ်ဆင့် လူတွေရဲ့ အဆုတ်ထဲကို ကူးစက်ဝင်ရောက်ပြီး တုပ်ကွေးလက္ခဏာနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာအမျိုးမျိုးတို့ကို ​ဖြစ်ပေါ်ခံစားရစေပါတယ်။ ဒီလိုအချိန်အခါမျိုးမှာဖြစ်တတ်တဲ့ တုပ်ကွေးမျိုးကို ရာသီတုပ်ကွေးလို့ ခေါ်ပါတယ်။

ရာသီတုပ်ကွေး လက္ခဏာများ
.................................................

1️⃣ ကိုယ်လက်မအီမသာဖြစ်ခြင်း။
2️⃣ အရိုးအဆစ်နှင့်ကြွက်သားများနာကျင်ကိုက်ခဲခြင်း။
3️⃣ အစားအသောက်ပျက်ခြင်း။
4️⃣ ခေါင်းမူး ခေါင်းကိုက်ခြင်း။
5️⃣ နှုန်းခွေအားနည်းခြင်း။
6️⃣ နှာရည်ယို၊ နှာစေး၊ နှာခေါင်းပိတ်ခြင်း။
7️⃣ လည်ချောင်းနာခြင်း။
8️⃣ ရင်ကြပ်ခြင်း၊ အသက်ရှုမဝခြင်း၊ အသက်ရှုရခက်ခဲခြင်း)
9️⃣ ချောင်းဆိုးခြင်း။
🔟 ဖျားနာခြင်း၊ ခိုက်ခိုက်တုန်အောင် ချမ်း၍ဖျားခြင်း။

ရာသီတုပ်ကွေးကို မိမိအိမ်မှာ ဘယ်လိုနည်းလမ်းတွေနဲ့ ပြုစုကုသပေးနိုင်လဲ?
Home Remedies for seasonal flu
.................................................................

1️⃣ လူနာကို များများ အိပ်စက်အနားယူခိုင်းပါ။
2️⃣ ရေ သို့မဟုတ် ဓာတ်ဆားရည် သို့မဟုတ် ကြက်၊ဝက်၊အသား၊ငါးပြုတ်ရည် များများသောက်ခိုင်းပါ။
3️⃣ ဆီးများများသွားပါစေ။
4️⃣ ရေချိုး၊ ရေပတ်တိုက်ပြီးပါက နွေးထွေးစွာထားပါ။
5️⃣ အစာပျော့ပျော့ကို နည်းနည်းစီ မကြာခဏ စားခိုင်းပါ။
6️⃣ ချိုလွန်းသော စားသောက်ဖွယ်ရာများ၊ လက်ဖက်ရည်၊ ကော်ဖီ၊ ရေနွေးကြမ်း၊ အအေး၊ ဆီကြော်များ ရှောင်ပါ။
7️⃣ ဆားရည်နွေးနွေးဖြင့် တစ်နေ့ ၂ကြိမ်ခန့် အာလုတ်ကျင်းပါ။
8️⃣ ဖျားနာကိုက်ခဲခြင်းများသက်သာစေရန် ပါရာစီတမောကဲ့သို့အကိုက်အခဲပျောက်ဆေးများ၊ နှာရည်ယိုသက်သာစေရန် cetrine ကဲ့သို့ဆေးများ၊ လည်ချောင်းနာ၊ချောင်းဆိုးသက်သာစေရန် ငုံဆေးများ၊ဆေးရည်များကို အလျင်းသင့်သလို အသုံးပြုနိင်ပါသည်။
9️⃣ ပဋိဇီဝ ပိုးသတ်ဆေးများကိုတော့ ဆရာဝန် ညွှန်ကြားချက်မရှိဘဲ သောက်သုံးခြင်းမပြုသင့်ပါ။
🔟 ရာသီတုပ်ကွေးသည် ၃ရက်မှ အလွန်ဆုံး ၁ပါတ်ခန့်သာကြာမြင့်တတ်ပါသည်။ ၁ပါတ်ထက်ပို၍ မသက်သာပါက သို့မဟုတ် အိမ်တွင်းပြုစုကုသနည်းများဖြင့်ပြုစုပေးနေစဥ် ရောဂါလက္ခဏာများပိုမိုဆိုးရွားပြင်းထန်လာပါက နီးစပ်ရာဆေးရုံဆေးခန်းများတွင် ပြသ၍ ဆက်လက်ကုသမှုခံယူသင့်ပါသည်။

19th May, 2023
Presented By
We Health Telegram Medical Service
Join Us on Telegram & Be More Healthy Everyday

https://t.me/wehealthchannel

Telegram

We Health

We Health သည် သင်နှင့်သင့်မိသားစုကျန်းမာရေးအတွက် Online မှတစ်ဆင့်ဆွေးနွေးဝန်ဆောင်မှုပေးသည့် channel ဖြစ်ပါသည်။ ကျန်းမာရေးလမ်းညွှန်များ(Health Tips)နှင့် ကျန်းမာရေးဆိုင်ရာသုတဆောင်းပါးများ၊ Hospital Life ရသဆောင်းပါးများကိုလည်း နေ့စဥ် ဖတ်ရှုလေ့လာနိုင်ပါသည်။

Health Tip of the Day
1 year ago

Health Tip of the Day
ယနေ့အတွက် ကျန်းမာရေးလမ်းညွှန်

အပူဒဏ်အန္တရာယ် (Related Health Problems )
...................................................................

ခုလို အပူဒဏ်ပြင်းထန်တဲ့အချိန်တွေမှာ ပင်ပင်ပန်းပန်းနဲ့ကိုယ်ကာယအသုံးပြုပြီးအလုပ်လုပ်နေရတဲ့သူတွေမှာ အပူကြောင့်ပင်ပန်းနာကျခြင်းတွေဖြစ်နိုင်ပါတယ်။

ခေါင်းမူးခြင်း။
ချွေးအလွန်အကျွံထွက်ခြင်း။
ဖြူဖတ်ဖြူလျော်ဖြစ်ပြီး ကိုယ်ကခြစ်ခြစ်တောက်ပူ၍ ခြေလက်များ အေးလာခြင်း။
ပျို့အန်ခြင်း။
ရင်တုန်ခြင်း။
နုန်းခြင်း။
စိတ်ဂနာမငြိမ်ဖြစ်ခြင်း အစရှိသည့် လက္ခဏာများကိုခံစားရနိုင်ပါတယ်။

အပူဒဏ်အန္တရာယ်ကို ဘယ်လိုကာကွယ်ကြမလဲ။
(Prevention of Heat Related Health Problems )
....................................................................

အပူချိန်မြင့်မားနေချိန်တွင်
ရေ သို့မဟုတ် ဓာတ်ဆားရည်များကို အလျဥ်းသင့်သလိုသောက်ပါ။

နေပူထဲတွင်တောက်လျှောက်မနေဘဲ အရိပ်ရှိသောနေရာများတွင် အလျဥ်းသင့်သလို ဝင်ရောက်နားခိုပါ။

နေပူဒဏ်ကာကွယ်နိုင်သော အဝတ်အစားများ၊ အသုံးအဆောင်များကို အသုံးပြုပါ။

အမည်းရောင် အဝတ်အစားအသုံးအဆောင်များကို ရှောင်ကြဥ်ပါ။

ဆေးလိပ်၊ အရက်သောက်သုံးခြင်းကို ရှောင်ကြဥ်ပါ။

8th Apri, 2023