We Health

Description
We Health သည် သင်နှင့်သင့်မိသားစုကျန်းမာရေးအတွက် Online မှတစ်ဆင့်ဆွေးနွေးဝန်ဆောင်မှုပေးသည့်
channel ဖြစ်ပါသည်။
ကျန်းမာရေးလမ်းညွှန်များ(Health Tips)နှင့် ကျန်းမာရေးဆိုင်ရာသုတဆောင်းပါးများ၊ Hospital Life ရသဆောင်းပါးများကိုလည်း နေ့စဥ် ဖတ်ရှုလေ့လာနိုင်ပါသည်။
We recommend to visit

ကြော်ငြာထည့်သွင်းလိုပါက official account ??တခြားအကောင့်မသုံးပါ
@Vip_admin_3
https://t.me/+TFfwUKIkxDBlZWJl

Last updated 4 Monate, 2 Wochen her

Last updated 3 Wochen, 4 Tage her

Admin ဆီသို့ဆက်သွယ်ရန်?

@Contact_Summer_Bot

Last updated 2 Monate, 2 Wochen her

4 months, 1 week ago
ကိုယ်၀န်ဆောင်နေစဥ်အတွင်း သတိထားရမည့် အချက်များကတော့

ကိုယ်၀န်ဆောင်နေစဥ်အတွင်း သတိထားရမည့် အချက်များကတော့
၁။ ကိုယ်ဝန်ရင့်လာသော်လည်း ကိုယ်အလေးချိန် တိုးတက်ပြောင်းလဲမှုမရှိဘဲ လျော့နည်းလာခြင်း။

၂။ ကိုယ်ဝန်ဆောင်စဥ် သွေး၊ အရည်များဆင်းခြင်း။

၃။ အလွန်အမင်း ပျို့အန်ခြင်း၊ စားမ၀င်အိပ်မပျော်ခြင်း၊ ဆီးစပ်ကိုက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဖျားနာဝမ်းလျှောခြင်း။

၄။ ကလေးအလှုပ်နည်းနေခြင်း။

အစရှိသော လက္ခဏာများဖြစ်လာပါက မိမိ၏ သားဖွားမီးယပ်အထူးကု သို့မဟုတ် နီးစပ်ရာ ဆေးရုံဆေးခန်းသို့ အမြန်ဆုံး ပြသရန် လိုအပ်ပါသည်။

ဒီလောက်ဆိုရင်တော့ ကိုယ်ဝန်ဆောင်မိခင်များအတွက် လိုအပ်သော ဆောင်ရန် ရှောင်ရန် အချက်များကို အတော်လေး သိရှိနားလည်လောက်ပြီလို့ ထင်ပါတယ်။

နောက်အပါတ်များမှာလည်း စိတ်ဝင်စားစရာ ကျန်းမာရေးလမ်းညွှန်များနဲ့အတူ ပြန်လည်တွေ့ဆုံကြမယ်နော်။

31st October, 2024
Thursday, 3:05PM
Presented By
We Health Telegram Medical Service
Join Us on Telegram & Be More Healthy Everyday

https://t.me/wehealthchannel

4 months, 1 week ago
Health Tip of the Day

Health Tip of the Day
ယနေ့အတွက် ကျန်းမာရေးလမ်းညွှန်

ကိုယ်ဝန်ဆောင်မိခင်များအတွက် အာဟာရကျန်းမာရေး အပိုင်း ၂ (Nutrition in Pregnancy Nutrition & Life Style for A Healthy Pregnacy
...................................................................

...................................................................

ကိုယ်ဝန်ဆောင်မိခင်များအတွက် အာဟာရကျန်းမာရေး အပိုင်း ၂  ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ ရှေ့ရက်ကတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် ကိုယ်ဝန်မဆောင်ခင်တည်းက ကြိုတင်ပြင်ဆင်ထားသင့်သော ဆောင်ရန် ရှောင်ရန် အချက်တွေကို ပြောပြပြီးဖြစ်တဲ့အတွက် ဒီနေ့မှာတော့ ကိုယ်ဝန်ဆောင်မိခင်များအတွက် ကိုယ်ဝန်လွယ်ထားချိန်မှာ လိုက်နာသင့်သော အချက်အလက်များကို ဆက်လက်ဆွေးနွေးတင်ပြပေးသွားမှာဖြစ်ပါတယ်။

အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ထားရချိန်မှာ မိဘ ဆွေမျိုးသားချင်း အသိမိတ်ဆွေတွေရော အရပ်ထဲကပါ မိခင်ရော ကလေးရော နေကောင်းအောင် အားရှိအောင် များများစားနော်။ ခုက မိခင်တစ်ကိုယ်တည်းမဟုတ်တော့ဘဲ ကလေးလေးပါရှိနေပြီမို့ တစ်ခါစားရင်  ၂ယောက်စာလောက်စား လို့ ပြောကြတာတွေ အနည်းနဲ့အများတော့ ကြားဖူးကြမှာပါ။

ယေဘူယျအားဖြင့်စဥ်းစားကြည့်ရင်တော့ သူတို့ပြောကြတာ ဟုတ်သလိုလိုပဲနော်။ သို့သော် အနောက်တိုင်းဆေးပညာရှင်များက နှစ်ပေါင်းများစွာ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် လိုအပ်မယ့် အစားအသောက် ပမာဏကို သုတေသနပြုလေ့လာပြီးနောက်မှာတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ အရပ်ထဲကပြောကြသလို တစ်ကယ်ကြီး ၂ယောက်စာ စားဖို့ မလိုအပ်ကြောင်းကို သက်သေပြနိုင်ခဲ့ပါတယ်။ ကိုယ်ဝန်ဆောင်နေချိန်မှာ အစားအသောက်ကို လိုသည်ထက်ပိုစားသောက်မိပါက ဖြစ်ပေါ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေက ကောင်းကျိုးထက် ပိုများနေတာကိုလည်း သိရှိခဲ့ပါတယ်။ ဒါ​ဆို ကိုယ်ဝန်ဆောင်နေစဥ်အတွင်းမှာ ဘယ်လို အစားအသောက်တွေကို ပမာဏဘယ်လောက်ထိစားသုံးရင် သင့်တော်ပါမလဲဆိုတာ ဆက်လေ့လာကြည့်ရအောင်ပါ။

၁။ ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ စွမ်းအင်ပမာဏဟာ ပုံမှန်နေ့စဥ်သုံးနေကျ စွမ်းအင်ပမာဏထက် 10% လောက်သာ ပိုလိုအပ်ပါတယ်။ အရွယ်ရောက်ပြီးသားလူတစ်ယောက်ဟာပုံမှန်ဆို ပျှမ်းမျှချင်းအားဖြင့် တစ်နေ့ကို 2500kcal energy လိုအပ်ပါတယ်။ ဒါဆို ကိုယ်ဝန်ဆောင်မိခင်တွေကတော့ တစ်နေ့ကို 2750kcal ခန့်လိုအပ်နိုင်ပါတယ်။ ဒီလိုမျိုး လိုအပ်နေတဲ့စွမ်းအင်ကိုဖြည့်ဆည်းပေးဖို့အတွက် အစားအသောက်ကိုရွေးချယ်ရာမှာ ပမာဏကိုဦးစားမပေးဘဲ အစားအသောက်ထဲမှာပါတဲ့ အာဟာရတန်ဖိုးကို ဦးစားပေးရွေးချယ်သင့်ပါတယ်။ ဒါဆို အာဟာရတန်ဖိုးမြင့်မားစွာပါဝင်တဲ့အစားအသောက်တွေက ဘာတွေဖြစ်မလဲဆိုတာ ဆက်ကြည့်ရအောင်နော်။
၂။ အာဟာရတန်ဖိုးမြင့်တဲ့ အစားအသောက်ဆိုတာ ချိုချိုအီအီနဲ့ အဆီများပြီး သကြားများစွာပါ၀င်တဲ့ အသင့်စား အစားအသောက်များကိုဆိုလိုခြင်းမဟုတ်ပါ။ သဘာ၀အတိုင်း ဗီတာမင်နှင့်သတ္တုဓါတ်များ များစွာပါဝင်သော သစ်သီး၀လံ၊ ဟင်းသီးဟင်းရွက်များ၊ အဆီထုတ်ထားသော နွားနို့နှင့်နို့ထွက်ပစ္စည်းများ၊  အသားဓါတ်၊ ကစီဓါတ်၊ အဆီဓါတ်၊အမျှင်ဓါတ်များပါဝင်သော အစားအသောက်များ (ဥပမာ ပဲအမျိုးမျိုး၊ ငါးကြီးဆီ၊ အဆီမပါသောအသားမျိုးစုံ၊ ငါးအမျိုးမျိုး၊ ကြက်ဥ၊ အစေ့အဆန် မျိုးစုံ အစရှိသည်)တို့ကို တစ်နေ့လျှင် ၄ ကြိမ် ၅ကြိမ်ခန့် အစုံအလင်ပါ၀င်အောင် စားသုံးပေးသင့်ပါတယ်။

၃။ ရေကိုလည်း တစ်နေ့ကို တစ်လီတာရေသန့်ဘူးနဲ့ ၂ဘူးကနေ ၃ဘူးအတွင်းသောက်သုံးပေးသင့်ပါတယ်။

၄။ မိမိသောက်သုံးမယ့် ကိုယ်၀န်ဆောင်အားဆေးတွေထဲမှာ Folic Acid, Vitamin D, Iron, Calcium, B12, Iodine ဓါတ်တွေက မဖြစ်မနေပါ၀င်သင့်ပါတယ်။

၅။ ဆေးလိပ်၊ အရက်၊ ကွမ်း၊ မူးယစ်ဆေးဝါးများကို အထူးရှောင်ရှားသင့်ပါတယ်။ တစ်ခြားသူများသောက်သုံးသော ဆေးလိပ်ငွေ့များကို ရှုရှိုက်မိခြင်းမှလည်း ရှောင်ကြဥ်သင့်ပါတယ်။

၆။ ကော်ဖီနှင့် ကဖင်းဓါတ်ပါ၀င်သော အစားအသောက်များ (အားဖြည့်အချိုရည်များ၊ လက်ဖက်ရည်အစရှိသည်) ကိုလည်းတစ်နေ့လျှင် ၂ကြိမ်ထက်ပိုမိုသုံးဆောင်ခြင်းမပြုသင့်ပါ။

၇။ အစားအသောက်တွေကို ပြင်ဆင်ချက်ပြုတ်ရာမှာလည်း သန့်ရှင်းမှုနဲ့ ဥ အမျိုးမျိုး နှင့် အသားစိမ်း ငါးစိမ်းများကိုလည်း သေချာကျက်အောင် အချိန်ယူချက်ပြုတ်မှုကို အထူးဦးစားပေးသင့်ပါတယ်။

၈။ မီးခိုးကျတ်တိုက် အခြောက်ခံထားသော အစားအစာများ၊ ၀က်အူချောင်း၊ ကြက်အူချောင်း၊ ၀က်ပေါင်ခြောက် နှင့် မလတ်ဆတ်သော အသင့်စား အစားအသောက်များကို တတ်နိုင်သမျှ ရှောင်ကြဥ်သင့်ပါသည်။

၉။ ကြောင်အပါအ၀င် အခြားသောအိမ်မွေးတိရိစ္ဆာန်များနဲ့ ခပ်ခွာခွာနေသင့်ပါသည်။ သို့မဟုတ် ကိုင်တွယ်ပြီးလျှင် မိမိကိုယ်ကို သန့်ရှင်းရေးသေချာပြုလုပ်သင့်ပါသည်။

၁၀။ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနှင့် အန္တရယ်များပြီး အလွန်အမင်း ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများကို မလုပ်ဆောင်ပါ။

၁၁။ အချင်းရှေ့ရောက်နေခြင်း၊ သွေးတိုးရောဂါ နှင့် အခြားသော ကျန်းမာရေးပြသနာ အထွေအထူးမရှိပါက လမ်းလျှောက်ခြင်း၊ ရေကူးခြင်းနှင့်ပေါ့ပေါ့ပါးပါး အေရိုးဗစ် လေ့ကျင့်ခန်းများကိုတစ်နေ့လျှင် ၁၅ မိနစ်မှ မိနစ် ၂၀ခန့် လုပ်ဆောင်ပေးသင့်ပါသည်။

4 months, 3 weeks ago
Health Tip of the Day

Health Tip of the Day
ယနေ့အတွက် ကျန်းမာရေးလမ်းညွှန်

ကိုယ်ဝန်ဆောင်မိခင်များအတွက် အာဟာရကျန်းမာရေး အပိုင်း ၁ (Nutrition in Pregnancy Part 1)
Pre Pregnancy Health and Nutrition
...................................................................

ဒီနေ့တော့ အိမ်ထောင်ရှင် အမျိုးသမီးများအတွက် အတိမ်းအစောင်းမရှိ ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်ချိန်ခြင်းနဲ့ မိခင်‌ရော ကလေးပါ ဘေးကင်းလုံခြုံပြီး ကျန်းမာသန်စွမ်းတဲ့မီဖွားခြင်းဖြစ်စေဖို့ အတွက် သိသင့်သိထိုက်တဲ့ အချက်အလက်လေးတွေကို ပြောပြပေးချင်ပါတယ်။

အမျိုးသမီးတိုင်းဟာ ကိုယ်ဝန်မဆောင်ခင် အချိန်ကနေစပြီး မိမိရဲ့ ခန္ဓာကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ရာ အထူးအရေးကြီးလှပါတယ်။

ကိုယ်ဝန်ဆောင်တော့မယ်လို့ ရည်ရွယ်ကြိုးစားတဲ့ အချိန်ကစလို့

၁။ မိမိမှာ နဂိုရှိရင်းစွဲရောဂါတွေရှိနေရင် ဆရာဝန်နဲ့သေချာတိုင်ပင်ပြီး လိုအပ်တဲ့ ကုသမှုတွေကို ခံယူသင့်ပါတယ်။ တတ်နိုင်ပါက အခြေခံ ကျန်းမာရေးစစ်ဆေးမှု အနည်းဆုံး တစ်ကြိမ်ခန့် ပြုလုပ်သင့်ပါတယ်။

၂။ လိုအပ်သော ကာကွယ်ဆေးများကို ကြိုတင်ထိုးနှံထားသင့်ပါတယ်။ (ဥပမာ အသည်းရောင် အသားဝါ B ပိုးကာကွယ်ဆေး)

၃။ ရှိသင့်ရှိထိုက်သောခန္ဓာကိုယ်အလေးချိန် နဲ့ Body Mass Index လို့ခေါ်တဲ့ ပုံမှန်ခန္ဓာကိုယ် အရပ်နဲ့ အလေးအချိန် ညွှန်းကိန်းအတွင်းရှိနေအောင် ကြိုးစားနေထိုင်သင့်ပါတယ်။
Normal BMI : 18.5 - 25 kg/m²

၄။ အာဟာရပြည့်ဝတဲ့အစား‌အသောက်တွေကို ရွေးချယ်စားသုံးသင့်ပါတယ်။ (ဥပမာ folate ဓါတ်ကြွယ်ဝသော အစိမ်းရောင်ရင့်ရင့်ရှိ ဟင်းသီးဟင်းရွက်များ၊ ပဲအမျိုးမျိုး၊ အရည်ရွှမ်းသောအသီးအနှံများ၊ နေကြာစေ့ ဖရုံစေ့ အစရှိသည်။)

၅။ ဆား၊ သကြား၊ ပြည့်ဝဆီများလွန်ကဲစွာပါဝင်သော အစားအသောက်များကို တတ်နိုင်သလောက် လျှော့စားသင့်ပါတယ်။

၆။ ဆေးလိပ်၊ အရက်၊ ကွမ်း၊ မူးယစ်ဆေးဝါးနဲ့ အခြားစိတ်ကြွစေသော ဆေးဝါးများ အစရှိသည်တို့ကို ရှောင်ရှားသင့်ပါသည်။

၇။ ကျန်းမာသော ကိုယ်ဝန်ဆောင်ခြင်းဟာ အမျိုးသမီး‌တွေမှာပဲ တာဝန်ရှိတာ မဟုတ်ပါ။ ကိုယ့်ရဲ့အိမ်ထောင်ဖက် အမျိုးသားရဲ့ အခန်းကဏ္ဍကလည်း လေးနက်စွာပါဝင်ပတ်သတ်နေပါတယ်။ ဒါကြောင့် အိမ်ထောင်ရှင် အမျိုးသားများအနေနဲ့လည်း မိမိရဲ့ကျန်းမာရေးကို ထိခိုက်စေသော အပြုအမူ‌ ‌အလေ့အကျင့်များကို ရှောင်ရှားသင့်ပါတယ်။

မိခင်ရဲ့ ခန္ဓာကိုယ်မှာ ဖြစ်တည်ရမယ့် သန္ဓေသားလောင်းရဲ့ ‌ကျန်းမာရေးအပေါ်မှာ မိဘများ အထူးသဖြင့် မိခင်ရဲ့ကျန်းမာရေးကောင်းမွန်မှုရှိ၊မရှိက များစွာလွှမ်းမိုးမှုတွေရှိနေပါတယ်။

ကိုယ်ဝန်ဆောင်ခြင်းဟာ ကြည်နူး ပျော်ရွှင်စရာကောင်းသကဲ့သို့ မိမိနဲ့ သန္ဓေသားရဲ့ ကျန်းမာရေးနဲ့ပတ်သတ်ပြီး အခက်အခဲ စိမ်ခေါ်မှုတွေလည်း ရှိနေပါတယ်။

ထို့ကြောင့် ကျန်းမာတဲ့ မိခင်နဲ့ကလေး ဘဝကိုပိုင်ဆိုင်ရရှိရန်အတွက် ကိုယ်ဝန်မဆောင်ခင် အချိန်တည်းကနေ အထက်ပါပြောပြထားတဲ့အချက်အလက်တွေနဲ့အညီ ကြိုတင်ပြင်ဆင်ဖို့ အထူးလိုအပ်ပါတယ်။

နောက်ရက်တွေမှာတော့ ကိုယ်ဝန်ဆောင်ချိန်မှာ လိုက်နာသင့်တဲ့ အာဟာရနဲ့ကျန်းမာရေး ဆိုင်ရာ အချက်များကို ဆက်လက်တင်ပြပေးသွားမှာမို့ စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်။

19th October, 2024
Saturday, 4:45PM
Presented By
We Health Telegram Medical Service
Join Us on Telegram & Be More Healthy Everyday

https://t.me/wehealthchannel

5 months, 3 weeks ago

? အတွေးနှင့် ဒုက္ခ ?

ဘဝတွင်ကြုံတွေ့ရတဲ့ ဒုက္ခတွေကို ထပ်ပြီးပုံကြီးချဲ့ပေးတာက အတွေးတွေပဲ...

? အတွေးတွေက ကြုံရသမျှသော အဖြစ်အပျက်၊ အကြောင်းအရာတွေအားလုံးကို နယ်ချဲ့ပေးတယ်။ ပုံကြီးချဲ့ပေးတယ်။ တစ်ခါတစ်ရံ ဒုက္ခမဟုတ်တာကိုတောင် ဒုက္ခမဖြစ်ဖြစ်အောင် ဖန်တီးပေးတယ်။

သို့သော်လည်း လူအများစုဟာ အဲ့ဒီအတွေးတွေ မရှိဘဲနဲ့ မနေနိုင်ကြဘူး။ ဘယ်သွားသွား၊ ဘာလုပ်လုပ် အတွေးတွေကပါနေတယ်။

? ငြိမ်ငြိမ်လေးနေနေရင် ပိုဆိုးပေါ့။ အတွေးတွေက ဒုက္ခကို ကြီးကျယ်စေရုံမက သူကိုယ်တိုင်ကလည်း ဒုက္ခပဲ။ အတွေးတွေများလို့ အိပ်မရတဲ့ညတွေဟာ ဘယ်လောက်ဆင်းရဲလဲဆိုတာ မှတ်မိမှာပါ။

ဒါကြောင့် လူတစ်ယောက်က ကိုယ်ရော စိတ်ပါ ချမ်းသာချင်တယ်ဆိုရင် အတွေးနည်းအောင် နေကြရတယ်။ အတွေးတွေနဲ့ ပျံ့လွင့်မနေအောင် နေကြရတယ်။ ဒါဆို စိတ်လက်ပေါ့ပါးပြီး ချမ်းသာတာပေါ့။

အတွေးတွေ ရပ်တန့်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ အသက်ရှူနေတာကို သတိနဲ့ကြည့်တဲ့ လေ့ကျင့်ခန်းပဲ။
Mindfulness on Breathing လို့ ခေါ်တယ်။

➡️ ဒါကို ဘာကြောင့်လုပ်တာလဲဆိုတော့ လွယ်ကူလို့ပဲ။ အသက်မရှူဘဲနေတဲ့သူမှ မရှိတာ၊ အချိန်မရွေး နေရာမရွေး အသက်ရှူနေကြရတာပဲ။ ဒီတော့ အဲ့တာလေးကို သတိနဲ့ စောင့်ကြည့်ပြီး နေလိုက်တော့ အသက်ရှူတာကလည်း ပုံမှန်လေးဖြစ်သွားတယ်၊ စိတ်ကော ရုပ်ကော အနားယူပြီးသားလည်းဖြစ်သွားတယ်။ အခြားသော နည်းလမ်းတွေလို အလုပ်လည်းမရှုပ်ဘူး။ ဦးနှောက်ထဲကိုလည်း အောက်စီဂျင်ပိုရောက်တယ်။ အဲ့တော့ အလွယ်ပြောရရင် ခေါင်းရှင်းတာပေါ့။

နောက်ထပ်လုပ်လို့ရတာက အတွေးတွေကို မေ့ဖျောက်လိုက်တာမျိုး။

➡️ အတွေးတွေ ဖြစ်နေတာ မကောင်းဘူး၊ အတွေးတွေရှိရင် ဆင်းရဲတယ်ဆိုတဲ့ အသိနဲ့ ကြိုးစားပြီး မေ့ဖျောက်လို့လည်းရတယ်။ နောက်ဆုံးမရရင် အံကိုကြိတ်၊ အသက်ကိုရှည်ရှည်ရှူပြီးရင် အောင့်ထားပြီး ဖြေးဖြေးချင်း ပြန်လွှတ်တာမျိုး လုပ်ကြည့်ပြီး မေ့ဖျောက်လို့ရတယ်။

နောက်ဆုံးအတွေးတွေကို ဘယ်လိုမှလည်း ဖျောက်မရဘူးဆိုရင် ကောင်းတဲ့အတွေးတွေ၊ ကုသိုလ်ဖြစ်စေတဲ့အတွေးတွေနဲ့ အစားထိုးပြီး တွေးနိုင်တယ်။

➡️ ဒီလိုဆို အနည်းဆုံးတော့ ကောင်းတာတွေတွေးနေတဲ့အတွက် ရှိရင်းစွဲဒုက္ခတွေကို ပုံကြီးမချဲ့တော့ဘူးပေါ့။

ဒီနေရာမှာ ကောင်းတာတွေးတယ်ဆိုတာ ကိုယ်ကောင်းတယ်ထင်တဲ့ဟာ၊ လိုချင်တဲ့ အကောင်းစားတွေကို တွေးခိုင်းတာမျိုး မဟုတ်ဘူးနော်။

အကုသိုလ်အတွေးတွေ မတွေးတာ၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာနဲ့ စပ်တဲ့ အတွေးမျိုးတွေကို ဆိုလိုတာပါ။ ဒီလိုဆိုရင် ဒုက္ခတော့ နည်းသေးတာပေါ့။

အဆုံးသတ်အနေနဲ့ အတွေးများလေလေ ဒုက္ခများလေလေ... အတွေးနည်းလေလေ ဒုက္ခနည်းလေလေ... လို့ အောက်မေ့ပြီး အတွေးများနဲ့ ကင်းအောင် သတိရှိရှိ နေနေနိုင်ဖို့ပါပဲ။

➡️ ဒီလိုဆို ပုံကြီးလည်း မချဲ့တော့ဘူး။ မူလဒုက္ခတွေကိုလည်း ကောင်းစွာ သဘောပေါက်သွားမယ်။

ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ....

အရှင်နန္ဒာစာရ
11.9.2024

#thismomentzone
#VenNandacara
#mindfulness
#relaxingandsoothing
#selfawareness
#mentalhealing
#mentalwellbeing
#mentalhealthawarness
#mentalhealthmatters
#selfreflection

6 months, 3 weeks ago

Post Credit to OSC Hospital

WHO မှ ကမ္ဘာအနှံ့ဖြစ်ပွားသောရောဂါ (Pandemic) အဖြစ် ကြေညာလိုက်သည့်
မျောက်ကျောက်ရောဂါ
=================================

မျောက်ကျောက်က အာဖရိကနိုင်ငံနဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ ဖြစ်ပွားပြီးနောက်မှာ အခုဆိုရင် ပြင်းထန်တဲ့စိုးရိမ်စရာတစ်ခုဖြစ်နေပါပြီ။ တခြားနိုင်ငံတွေအထိ ကူးစက်ပြန့်ပွားမှုတွေ တွေ့နေရတာကြောင့်ပါ။

ကိုဗစ်ရောဂါဟာ ကမ္ဘာတစ်ဝန်းကိုပျံ့နှံ့ပြီးနောက် (၂) နှစ်အတွင်းမှာ မျောက်ကျောက်ရောဂါဟာ ကူးစက်မှုမြန်တဲ့ ရောဂါတစ်မျိုးအဖြစ် ထွက်ပေါ်လာခဲ့ပါတယ်။ ယခုဆိုလျှင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က မျောက်ကျောက်ရောဂါကို အဓိကကျန်းမာရေးပြဿနာတစ်ခုအဖြစ် မှတ်ယူဖို့ ကြေညာလိုက်ပြီး အာရှတိုက်ရှိ အိန္ဒိယ၊ ပါကစ္စတန်နဲ့ တရုတ်စသည့် လူထူထပ်သောနယ်မြေတစ်ချို့မှာ ပျံ့နှံ့နိုင်ဖွယ်ရှိကြောင်း သိရှိရပါတယ်။

လက်ရှိမှာ မျောက်ကျောက်ရောဂါကူးစက်မှုအတွက် ကုသမှု မရှိသေးပါဘူး။ မျောက်ကျောက်ရောဂါကူးစက်ခံရသူ လူနာများအတွက် ကိုယ်ခံအားစနစ်ကောင်းမွန်ပြီး အရေပြားရောဂါတစ်ခုခု မရှိဘူးဆိုရင်တော့ သေချာဂရုတစိုက်စောင့်ရှောက်ပြီး နာကျင်မှု သက်သာအောင် ပြုလုပ်ခြင်းက ပြန်လာကောင်းမွန်လာဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်။

မျောက်ကျောက်ရောဂါကူးစက်ပြန့်ပွားချိန်က (၆) ရက်မှ (၁၃) ရက်ဖြစ်ပြီး (၂၁) ရက်ထိအောင် ကြာမြင့်နိုင်ပါတယ်။

#ရောဂါကူးစက်ချိန်ကို အချိန်ကာလာနှစ်ခု ပိုင်းခြားထားနိုင်ပါတယ်။
#ပထမဆုံး (၅) ရက်အတွင်းမှာ
• ဖျားခြင်း၊
• ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊
• ပြန်ရည်အိတ် (lymph nodes)များ ရောင်ရမ်းခြင်း၊
• ခါးနာခြင်း၊
• ကြွက်သားများနာကျင်ကိုက်ခဲခြင်းနှင့် အားအင်ချိနဲ့ခြင်း
စသည်တို့ ခံစားရနိုင်ပါတယ်။

ပြန်ရည်အိတ် (lymph nodes) များ ရောင်ရမ်းလာခြင်းက အခြားသော ရေကျောက်၊ ဝက်သက်စသည့်ရောဂါများနှင့်
မတူ ကွဲပြားသည့် အချက်ဖြစ်ပါတယ်။
ဖျားပြီး (၁) ရက်ကနေ (၃) ရက်အတွင်းမှာ
• အရေပြားပေါ်မှာ အဖုတွေ စတင်ပေါ်ပေါက်လာပါတယ်။
• အနီစက်များဟာ ခန္ဓာကိုယ်ပေါ်ထက် မျက်နှာနှင့် ခြေလက်
များပေါ်မှာ ပိုပေါက်လာပါတယ်။
• အနီစက်များဟာ အရည်ကြည်များ၊ ပြည်များပါဝင်ပါတယ်။
• အနာတွေက အရေအတွက် အနည်းငယ်ကနေ
ထောင်ပေါင်းများစွာအထိ ဖြစ်နိုင်ပါတယ်။ အနာများဟာ
တစ်ခုနှင့်တစ်ခုပေါင်းစပ်သွားပြီးနောက် အရေပြားတွေဟာ
ကွာကျလာနိုင်ပါတယ်။

မျောက်ကျောက်ရောဂါဟာ ကိုယ်ခံအားကျဆင်းသူတွေမှာ ဆိုးရွားတဲ့ ရလဒ်တွေ ဖြစ်လာနိုင်ပါတယ်။
#မျောက်ကျောက်ရောဂါနောက်ဆက်တွဲအနေဖြင့်
• အဆုတ်ရောင်ရောဂါ၊
• ပိုးဝင်ခြင်း၊
• ဦးနှောက်ရောင်ရောဂါ၊
• မျက်ကြည်လွှာပိုးဝင်ခြင်း စသည်တို့ ဖြစ်လာနိုင်ပါတယ်။
မျောက်ကျောက်ရောဂါခံစားနေရသူများက လက်၊ ခြေထောက်၊ ရင်ဘတ်၊ မျက်နှာ၊ ပါးစပ် ၊ လိင်အင်္ဂါတစ်ဝိုက်၊ စအို စသည့်နေရာများတွင် အနီစက်များ ထွက်လာတတ်ပါတယ်။ ရောဂါပျိုးချိန်ကတော့ ၃ ရက်မှ ၁၇ ရက်အတွင်းဖြစ်ပြီး ထိုအချိန်ကာလများတွင် လူနာက လက္ခဏာမပြဘဲ ကောင်းမွန်နေတာလဲ ဖြစ်နိုင်ပါတယ်။

မျောက်ကျောက်‌ရောဂါသည် မျိုးဗီဇပြောင်းလဲမှုဖြစ်ပေါ်နေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်မှလည်း နိုင်ငံတကာအရေးပေါ်ကျန်းမာရေးအခြေအနေအဖြစ် ထပ်မံကြေညာလိုက်တာကြောင့် အထူးဂရုစိုက်နေထိုင်ကြစေရန် တိုက်တွန်းလိုက်ပါတယ်။

10 months ago

မဂ်လာပါနော်။??
ဒီနေ့အတွက် booking များကို မနက် ၇နာရီ မှ ည၉နာရီအထိ လက်ခံပါတယ်ရှင်။?

ကျန်းမာရေးဆွေးနွေးကုသမှုခံယူရန်အတွက် We health ရဲ့ direct message group ထဲကို join ပြီး မိမိ၏ telegram ဖွင့်ထားသော ph no လေးချန်ခဲ့ပေးပြီး တိုကင်ယူနိုင်ပါတယ်။

မိမိကိုယ်တိုင်ဖြစ်​စေ၊ အိမ်မှာရှိနေတဲ့ telegram မသုံးတတ်သေးတဲ့ လူကြီးတွေနဲ့ ကလေးများကျန်းမာရေးအတွက် ကိုယ်စားဖြစ်စေ ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်။?‍?‍?‍???

We recommend to visit

ကြော်ငြာထည့်သွင်းလိုပါက official account ??တခြားအကောင့်မသုံးပါ
@Vip_admin_3
https://t.me/+TFfwUKIkxDBlZWJl

Last updated 4 Monate, 2 Wochen her

Last updated 3 Wochen, 4 Tage her

Admin ဆီသို့ဆက်သွယ်ရန်?

@Contact_Summer_Bot

Last updated 2 Monate, 2 Wochen her