Nay Zin Latt

Description
We recommend to visit

"UZAUTO MOTORS" AJ RASMIY TELEGRAM KANALI

📞Telefon: (+998 78) 141-77-77

https://uzautomotors.taplink.ws/


🏢Manzil: Toshkent sh., Mirobod tumani, А. Temur ko'chasi 13 u

Last updated 1 year ago

Мамлакатимиз ҳамда дунёдаги энг долзарб ХАБАРЛАР канали

📢РЕКЛАМА: @Tez_kor24Admin 👈

БИЗДАН УЗОҚЛАШМАНГ!!!


#ПокинутКанал

Last updated 1 year ago

Last updated 1 year ago

1 year ago
Nay Zin Latt
1 year ago

.

☄️☄️

Elon Musk တို့ DOGE ကလဲမြန်သလားမမေးနဲ့၊ လျပ်စီးလက်တာကတောင်နှေးဦးမယ်၊

အမိမြေလုံခြုံရေးဝန်ကြီး Kristi Noem က -
" ထရမ့်ကသာ ကျမကိုမေးမယ်ဆိုရင် FEMA- Federal Emergency Management Agency ကိုလဲ USAID လိုဖျက်သိမ်းဖို့ အကြံပေးမှာပဲ "

.... လို့ အင်တာဗျူးမှာပြောလိုက်တယ်၊

Musk ရဲ့ DOGE ကဝင်စစ်ပြီး $ 59 mil ကို တရားမဝင်ရွှေ့ပြောင်းအတွက်အထက်တန်းစားဟိုတယ်တွေနေရာချထားရာမှာ သုံးစွဲသွားတယ်လို့ X မှာ Musk ကရေးလာတယ်၊

FEMA ဆိုတာ အရေးပေါ် စီမံခန့်ခွဲရေးအတွက်သာဖြစ်ပြီး၊ High end hotel ဆိုတဲ့ အထက်တန်းစားဟိုတယ်တွေမှာ အသုံးပြုဖို့ မဟုတ်ဘူးလို့ထောက်ပြထားပါတယ်၊

ဒီလောက်ဆိုရင် FEMA လဲ USAID နောက်ကိုလိုက်ရဖို့များနေပြီ။

BaMg ☯️

.

1 year ago

.

😱

Camp Hill ဆိုတဲ့ ဗိုင်းရပ်စ်တမျိုးကို အမေရိကန်မှာစတင်တွေ့ရှိခဲ့တယ်၊ လူသားမျိုးနွယ်စုတခုလုံးကို ကောင်းကောင်းအန္တရာယ်ပေးနိုင်တယ်လို့ဆို​ပါတယ်၊

Motality ဆိုတဲ့သေပျောက်နှုံးက 70% ရှိတယ်ဆိုတော့ Covid-19 ထက်အဆများစွာပြင်းထန်တယ်လို့ပြောရပါလိမ့်မယ်၊

သဘာဝကဖြစ်ပေါ်လာတာလား
Bioweapon ဆိုတဲ့ ဇီဝ စစ်ပွဲအစလား

ဘုရား.... ဘုရား...

BaMg ☯️

.

1 year, 3 months ago

.

☯️

ကိယက်ကို တိုက်ခိုက်ရာမှာ ရုရှားရဲ့ မစိဇိုင်းအသစ် Oreshnik ကို အသုံးပြုနိုင်ဖွယ်ရာရှိတယ်လို့ ပူတင်ဖက်က ဖွင့်ပြောလာပါပြီ၊

လောလောဆယ် ပစ်မှတ်တွေကို ရွေးခြယ်နေတယ်လို့ဆိုပြီး၊ ထရမ့်အိမ်ဖြူတော်ဝင်မဲ့အချိန်နဲ့ ချိန်ဆပြီး အပြီးတိုက်မယ်လို့ယူဆရပါတယ်၊

ထရမ့်အိမ်ဖြူတော်ရောက်ရင် ယူကရိမ်းအပစ်ရပ်ရေးကိုစတင်လုပ်ဆောင်လိမ့်မယ်၊ သမတသစ်မတက်မီ အိုဒက်ဆာကိုအပြီးသိမ်းပြီး၊ အပစ်ရပ်ကြရင်တော့... အိုဒက်ဆာ ရုရှားလက်ပါသွားပြီး ယူကရိမ်းဟာ ကုန်းတွင်းပိတ် အလိုလိုဖြစ်သွားရပါတော့မယ်၊

Oreshnik ကိုသုံးပြီးတိုက်ရင် ကိယက်ရော၊ အိုဒက်ဆာပါ မခံနိုင်ပဲ ရက်ပိုင်းအတွင်း ရုရှားလက်ကိုရောက်သွားနိုင်ပါတယ်၊

( မြန်မာနိုင်ငံမှာလဲ ရခိုင်ဒေသရဲ့ အရေးပါပုံကို လူကြီးတွေ သိရှိပြီးလို့ ယုံကြည်ပါတယ် )

BaMg ☯️

.

1 year, 3 months ago

.

☯️

( ထရမ့်နဲ့ မိသားစုမလုံခြုံတော့ဘူး )

ကာဇက်စတန် CSTO ထိတ်သီးအစည်းအဝေးရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပူတင်က -

" ထရမ့်နဲ့ မိသားစုဟာ စည်းရုံးရေးကာလတွေမှာ လူရမ်းကားတွေကြောင့် လုံခြုံမှုမရှိခဲ့ဘူး"

.... လို့ဖြေကြားခဲ့တယ်၊

အခုလဲ ထရမ့်နဲ့မိသားစုဟာ အခြေအနေပေါ်မူတည်ပြီး လူရမ်းကားတွေရဲ့ မလျှော်နည်းလမ်းနဲ့ ထပ်ဆင့် လုပ်ကြံကြိုးစားမှုတွေ ရှိနေနိုင်သေးတယ်၊

အမေရိကန်ဟာ သမိုင်းမှာမရှိသေးတဲ့ဖြစ်ရပ်တွေဖြစ်နေတယ်၊ ကျွန်တော့်အမြင်ပြောရရင်တော့ ( ထရမ့်ဟာ မလုံခြုံဘူး )... လို့ ပူတင်က သူ့အမြင်ကိုပြောလိုက်ပါတယ်၊

..........

CSTO မှာ ပူတင်အခုလိုပြောသွားတာဟာ ဘိုင်ဒင့်အစိုးရကို သွယ်ဝိုက်သတိပေးလိုက်ခြင်း၊ ထရမ့်အတွက် ကြိုတင်ဟန့်တား တားဆီးပေးလိုက်ခြင်းလို့ ယူဆနိုင်ပါတယ်၊ ပူတင်နဲ့ ထရမ့်အကြား အတွင်းလှို့ဝှက်သတိပေးခဲ့မှု့တွေကရှိထားပြီးသားလို့ ယုံကြည်ပါတယ်၊ အခုလို လူသိရှင်ကြားထုတ်ပြောခြင်းက ဘိုင်ဒင်အစိုးရကို သွယ်ဝိုက်အသိပေးခြင်းသာဖြစ်တယ်လို့ မှတ်ယူနိုင်ပါလိမ့်တယ်၊

BaMg ☯️

.

1 year, 3 months ago

.

☯️

( ကြောက်စရာပဲ )

ယူကရိမ်းမြို့တော် ကိယက်မှာရှိနေတဲ့ " အမိန့်ပေးဗဟို" ကို ရုရှားရဲ့မစ်ဇိုင်းအသစ်နဲ့ အချိန်မရွေးပစ်ခတ်နိုင်တယ်လို့ သတိပေးလိုက်တယ်၊

ယူကရိမ်းစစ် (၃၃) လတာကာလအတွင်း ရုရှားရဲ့ မစ်ဇိုင်းအသစ်ကို ယူကရိမ်းဖက်က ATACMS အသုံးပြုမှသာ တုန့်ပြန်ခဲ့တာဖြစ်ပြီး၊ ယူကရိမ်းရဲ့ အစိုးရအဖွဲ့အဆောက်အဦး၊ ပါလီမန် စတာတွေကိုလုံးဝ တိုက်ခိုင်ခြင်းမပြုခဲ့သေးပါလို့ ဆိုထားပါတယ်၊

သို့သော်လဲ အချိန်မရွေးတိုက်ခိုက်သွားနိုင်ပြီး ရုရှားရဲ့ မစ်ဇိုင်အသစ်ကိုလဲ ဘယ်သူကမှ ကြားဖြတ်ဟန့်တား ပစ်ချနိုင်မှာ မဟုတ်ဘူး လို့ သတိပေးထားတာတွေ့ရတယ်၊

ဒီပုံဆိုရင်တော့ ကိယက်ရောဇလန်စကီးရော လုံခြုံမှုမရှိတော့ပါ၊ အိုဒက်ဆာလဲ အချိန်မရွေး ရုရှားလက်ထဲရောက်သွားပါတော့မယ်၊

BaMg ☯️

.

1 year, 3 months ago

.

☯️

အမေရိကန်အနေနဲ့လဲ နျူတိုက်ခိုက်မှုတွေအတွက်ပြင်ဆင်နေတယ်၊ ဒါပေမဲ့လဲ ဒီလိုလက်နက်မျိုးတွေကို မသုံးစွဲရအောင်လဲ တတ်နိုင်သမျှရှောင်ရှားနေတယ်လို့ တာဝန်ရှိသူကပြောလိုက်ပါတယ်၊

ဘဲလာရုစ်သမတ လူကာရှန်ကိုကလဲ တတိယကမ္ဘာစစ်အချိန်မရွေးဖြစ်ပွားနိုင်တယ်လို့ သတိပေးလာတယ်၊

နိုင်ငံကြီးတွေပါဝင်ပါတ်သက်လာရင် သမရိုးကျစစ်ပွဲတွေနဲ့ အင်အားမပြုံးတီးအောင် နျူလက်နက်ကို လက်ဦးမှုအနေနဲ့ အလျင်အမြန်သုံးစွဲနိုင်ကြလို့ အလွန်အန္တရာယ် ရှိနေတဲ့အခြေအနေတရပ်ကို ရောက်ရှိနေပါပြီ၊

အားလုံးရှောင်ရှားနိုင်ကြပါစေ ။

BaMg ☯️

.

1 year, 3 months ago

.

☯️

ကဲ... ကဲ

အနောက်အုပ်စုရဲ့ ကမ္ဘာကြီးအပေါ် ဗိုလ်ကျစိုးမိုးမှုနှစ် (၅၀၀) နိဂုံးချုပ်ပြီ၊ အနာဂါတ်ဟာ ယူရေးရှား အတွက်သာဖြစ်တယ်... လို့ ဟန်ဂေရီဝန်ကြီးချုပ်က အားပါးတရပြောလိုက်တယ်၊

ဘမောင်တို့ ဘိုးဘွားရိပ်သာ မျက်စောင်းထိုးနေတဲ့အရွယ်ရောက်ခဲ့ပြီမို့...

ဝမ်းသာရမှာလား
ဝမ်းနည်းရမှာလား.... မိသိန်းကြည်ရယ် ဖြစ်လိုက်ရပြီပေါ့ ။

BaMg ☯️

.

1 year, 3 months ago

.

☯️

ယူကေနဲ့ ပါရီကို မိနစ် (၂၀)
ဘာလင်ကို (၁၅) မိနစ်ထဲ ကြာသတဲ့၊

ပြီးတော့ ယူကေအတွက် ရေအောက်က ပိုဆိုက်ဒွန်က ရှိသေးတယ်၊ နောက်ပြီး အဲ့ဒီ ICBM ကိုဘယ်နိုင်ငံကမှ ပစ်မချနိုင်သေးဘူးတဲ့၊

ပွဲက အဲ့ဒီမှာတင်ပြီးသွားတာ

( ဘမောင်လဲ ရေးကောင်းကောင်းနဲ့ ရေးနေတာ ဒီတခါတော့ ရုရှား FSB နဲ့ပေးစားခံရဦးမယ်နဲ့တူပါရဲ့ ? )

BaMg ☯️

.

1 year, 3 months ago

.

☯️

( Political retribution
နိုင်ငံရေး ဒါဏ်ခတ်မှု့ )

အမေရိကန် နိုင်ငံရေးကအတော့်ကိုပျက်စီးသွားခဲ့ပြီ၊ National interest, State interest ဆိုတဲ့ နိုင်ငံအကျိုးစီးပွားအတွက် ပိုမိုလုပ်ဆောင်နိုင်မဲ့ ပါတီ ယှဉ်ပြိုင်မှုအစား၊ Party interest, Self interest ဆိုတဲ့ ပါတီအကျိုးစီးပွား၊ ကိုယ်ကျိုးစီးပွားအပေ့်အခြေခံလာတာ အားပိုကောင်းလာတယ်၊

အဲ့ဒီအပြင် နိုင်ငံရေးလက်စားခြေမှု Political avenge, ဒါဏ်ခတ်မှု Retribution တွေပိုထင်ရှားလာတယ်၊

ရွေးကောက်ပွဲတိုင်းမှာရှိနေတဲ့ လောင်းကစားဒိုင် တွေကို Trump ဖက် ပရိုမိုးရှင်းလုပ်တယ်ဆိုပြီး နာမယ်ကြီး Polymarket အပါ ဒိုင် (၃) ခုကို မနေ့က FBI ကဝင်စီးသွားပါတယ်၊

ဘမောင်တို့ သုံးသပ်ချက်ပေးတဲ့အခါမှာ ရှုဒေါင့်စုံ အနီးစပ်ဆုံးဖြစ်အောင် ဒိုင်တွေရဲ့ခန့်မှန်းချက်ကိုလဲ ပစ်ထားလို့မရတတ်ပါဘူး၊

BaMg ☯️

.

We recommend to visit

"UZAUTO MOTORS" AJ RASMIY TELEGRAM KANALI

📞Telefon: (+998 78) 141-77-77

https://uzautomotors.taplink.ws/


🏢Manzil: Toshkent sh., Mirobod tumani, А. Temur ko'chasi 13 u

Last updated 1 year ago

Мамлакатимиз ҳамда дунёдаги энг долзарб ХАБАРЛАР канали

📢РЕКЛАМА: @Tez_kor24Admin 👈

БИЗДАН УЗОҚЛАШМАНГ!!!


#ПокинутКанал

Last updated 1 year ago

Last updated 1 year ago