ကိုနှင်းမောင်

Description
Advertising
We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated hace 2 meses

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated hace 10 meses, 3 semanas

Last updated hace 1 mes, 4 semanas

1 month, 4 weeks ago
**အကျိုးစီးပွားထိခိုက်လာတဲ့ ထိုင်းရဲ့တုံ့ပြန်ချက်**

အကျိုးစီးပွားထိခိုက်လာတဲ့ ထိုင်းရဲ့တုံ့ပြန်ချက်

NUG လက်အောက်ခံ PDF ပြည်ပြေးတွေနဲ့ အကြမ်းဖက်အားပေးပြည်ပြေးတွေ ထိုင်းကိုရောက်တာကနေစပြီးတော့ ဖွံ့ဖြိုးနေတဲ့ထိုင်းနိုင်ငံကို အရောင်ဆိုးခံရတော့ ထိုင်းတွေလည်းဘယ်ကြိုက်တော့မလဲ။

ကိုယ့်နိုင်ငံလာပြီး နယ်စပ်ဒေသတည်ငြိမ်မှုတွေပျက်ပြားအောင်လုပ်၊ နိုင်ငံရေးခိုလှုံပြီး အကြမ်းဖက်လုပ်ရပ်တွေလုပ်တော့ နိုင်ငံရဲ့အကျိုးစီးပွားထိခိုက်လာတဲ့ ထိုင်းနိုင်ငံကဒီတိုင်းကြည့်နေမယ်ထင်လို့လား???

နိုင်ငံရေးထက် စီးပွားရေးပိုရှိတဲ့ မူဝါဒတွေကြောင့် ထိုင်းရောက်တရားမဝင်အလုပ်သမားတွေကိုသက်ရောက်မှုရှိပြီးတော့၊ နယ်စပ်မှာလုပ်စားနေတဲ့ PDF ၊ တရားမဝင် NUG လော်ဘီနဲ့ ထောက်ပို့တွေကို ထိုင်းအစိုးရကနှိမ်နင်းခဲ့တာ ခုဆိုရင်သိန်းချီရှိခဲ့ပြီ။ ပြည်ပြေးဖြစ်ပြီး သူများနိုင်ငံသွားခိုကပ်နေတယ်။

သူ့နိုင်ငံစည်းကမ်းမလိုက်နာပဲ ပေါက်လွှတ်ပဲစားနဲ့ စရိုက်ဆန်ဆန်ကျင့်တော့ ထိုင်းအစိုးရကလက်ခံမလား။ ဒီကြားထဲသူများနိုင်ငံသွားပြီး ဆန္ဒကပြချင်နေသေးတယ်။ အခုဆိုရင် ပြည်ပြေးခွက်ခေါက်နဲ့ အကြမ်းဖက်အားပေးတွေ ထိုင်းနိုင်ငံရဲ့လမ်းဘေးမှာတောင် ဆိုင်ဖွင့်ခွင့်မပေးတော့ဘူး။

ထိုင်းမှာအဆင့်အတန်းရှိရှိနဲ့ အေးဆေးလုပ်ကိုင်စားသောက်နေတဲ့ မြန်မာတွေကိုတော့အားနာပါရဲ့။

နှင်းမောင်

update သတင်းများဖတ်ရန် နှိပ်ပါ

1 month, 4 weeks ago
2 months ago

တပ်ကိုဗလိန်းနေပြီး သူပုန်အရမ်းချစ်တဲ့သူတွေ သူပုန်တွေရှိတဲ့နေရာသွားမလား စားရိတ်ငြိမ်းပို့ပေးမယ်

မေလူးတွေ ဘောကိုမရုံတင်မဟုတ်ဘူး ခေါင်းပေါ်ပါရွက်ထားကြမလားမသိဘူး

အဖေရင်းဆိုတာ ပထွေးနဲ့မှတမ်းတတတ်ကြတာမျိုး

နှင်းမောင်

2 months ago
2 months ago
***?******?******?******?******?******?******?******?*** ***?******?******?******?***

???????? ????

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာရှိ အေးချမ်းစွာနေထိုင်လုပ်ကိုင်စားသောက်လျက်ရှိသည့်တောင်သူများ တောင်ယာလုပ်ကိုင်ရန်အတွက် မော်တော်ယာဉ်ဖြင့်သွားရောက်စဉ် ကျေးရွာမြောက်ဘက်မီတာ ၁၃၀၀ ခန့်အကွာသို့ရောက်ရှိစဉ် အကြမ်းဖက် PDF များက ၎င်းတို့အားထောက်ခံအားပေးမှုမရှိသည့်အတွက် ရက်စက်ယုတ်မာစွာဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ရာ အမျိုးသမီး ၁၂ ဦး သေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါသည်။

အကြမ်းဖက် PDF များ သတ်ဖြတ်မှုကြောင့် ကြွယ်ပုံကျေးရွာမှ သေဆုံးသွားသူများ-

၁- ဒေါ်ဝင်းရွှေ
၂- မရည်မွန်
၃- မသူဇာဝင်း
၄- မသူဇာအောင်
၅- မယု
၆- မမြတ်စု
၇- မသူဇင်ဝင်း
၈- မသန္တာဝင်း
၉- မသဲဇင်ဝင်း
၁၀- မစုလှိင်
၁၁- မသန္တာမိုး
၁၂- မဘုတ်

အကြမ်းဖက် PDF များ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် စိုးရိမ်ရ ဒဏ်ရာရရှိသူများ-
၁၃- မစုနိုင်
၁၄- ဒေါ်ရီသန့်
၁၅- မစိုးမမ

NUG နှင့် CRPH လက်ဝေခံ PDF အကြမ်းဖက်သမားများသည် ၎င်းတို့အားထောက်ခံအားပေးမှုမရှိသည့် ပြည်သူများအား အကြောင်းမဲ့သတ်ဖြတ်ခြင်း၊ ကျေးရွာများမီးရှို့ခြင်း၊ ရွာသူ/ရွာသားများအား ညှင်းပန်းနှိပ်စက်ခြင်းများအားရက်စက်စွာလုပ်ဆောင်တတ်ပြီး ကြွယ်ပုံကျေးရွာသည် ၎င်းတို့အား ထောက်ခံအားပေးမှုမရှိသောကြောင့် ယခုကဲ့သို့ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီး ယခင် ၂၀၂၃ ခုနှစ် ဧပြီလတွင်လည်း ကြွယ်ပုံကျေးရွာအား Drone ဗုံးသီးများအကြောင်းမဲ့ပစ်ချတိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ် ၅ ဦးအပါအဝင် ၈ ဦးသေဆုံးပြီး အပြစ်မဲ့ရွာသူ/ရွာသား ၃၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရှိရပါသည်။

နှင်းမောင်

update သတင်းများဖတ်ရန် နှိပ်ပါ

2 months ago
တောင်ခမ်းမှာ အကြမ်းဖက်ရန်သူအားလုံးကို တပ်မတော်က ရွပ်ရွပ်ချွံချွံနဲ့ပြန်လည်ခုခံတိုက်ခိုက်ခဲ့လို့ အကြမ်းဖက် TNLA …

တောင်ခမ်းမှာ အကြမ်းဖက်ရန်သူအားလုံးကို တပ်မတော်က ရွပ်ရွပ်ချွံချွံနဲ့ပြန်လည်ခုခံတိုက်ခိုက်ခဲ့လို့ အကြမ်းဖက် TNLA နဲ့ PDF တွေ အကျအဆုံးများစွာနဲ့ ဆုတ်ခွာထွက်ပြေးသွားရတယ်။

တပ်မတော်ရဲ့ ထိရောက်တဲ့ပစ်ကူတွေနဲ့ မြေပြင်တပ်တွေရဲ့ ပစ်အားနဲ့စစ်ကစားမှုကို ဟန်ချက်ညီညီအသုံးချပြီး ခံစစ်ကနေ တိုက်စစ်အသွင်နဲ့ ရန်သူအများအပြားကို ချေမှုန်းသုတ်သင်နိုင်ခဲ့တယ်။

တဖြည်းဖြည်းအင်အားချိနဲ့လာတဲ့ TNLA+PDF တွေအနေနဲ့ စစ်ပွဲတစ်ခုရဲ့ရေရှည်ရပ်တည်နိုင်မှုကိုခံနိုင်ရည်မရှိတော့ဘဲ အုပ်ချုပ်ထောက်ပံ့မှုယိမ်းယိုင်လာတာနဲ့အမျှ ပြန်လည်ဆုတ်ခွာထွက်ပြေးရတဲ့ အနေအထားတစ်ခုအထိဖြစ်လာတယ်။

စိတ်မကောင်းစရာတစ်ခုကတော့ မျှော်လင့်ချက်မဲ့စွာနဲ့သေဆုံးခဲ့တဲ့ အသုံးချခံ အညာသားPDF တွေကတော့ ဘယ်သူမပြုမိမိမှုလို့ပဲသတ်မှတ်ရမှာပေါ့...

နှင်းမောင်

update သတင်းများဖတ်ရန် နှိပ်ပါ

5 months ago
အကြမ်းဖက် PDF က ဆရာတော်ကြီးတွေနဲ့ သံဃာတော်တွေကို သတ်ဖြတ်လာခဲ့တာ …

အကြမ်းဖက် PDF က ဆရာတော်ကြီးတွေနဲ့ သံဃာတော်တွေကို သတ်ဖြတ်လာခဲ့တာ အခုမှမဟုတ်ဘူး အရင်ကတည်းက သတ်ဖြတ်လာခဲ့တာ။

အကြမ်းဖက်မှုကိုမလိုလားတဲ့ပြည်သူတွေနဲ့ ၎င်းတို့လုပ်ရပ်တွေကို ရှုံ့ချမှုများလာပြီး ထောက်ခံမှုအားနည်းလာတဲ့ PDF တွေအနေနဲ့ နယ်မြေကျဉ်းမြောင်းလာတဲ့အပေါ် သူတို့ရဲ့အကြမ်းဖက်မှုတွေကိုဖုံးချင်တော့ တစ်ဖက်ပြည်ဖျက်မီဒီယာတွေနဲ့ပေါင်းပြီး စစ်တပ်ကပဲ သတ်တယ်ဆိုတဲ့ သတင်းအတု သတင်းအမှားထပ်ဖြန့်တယ်။

ဘယ်လောက်ပဲ သတင်းအတုသတင်းအမှားဖြန့်နေပါစေ PDF အကြမ်းဖက်တွေရဲ့လုပ်ရပ်က တိုင်းသိပြည်သိဖြစ်နေတာကိုတော့ ဖုံးလို့မရဘူး။

အကြမ်းဖက်ဆိုတာ အကြမ်းဖက်စိတ်ပဲရှိတာ...
နှင်းမောင်

https://t.me/kohninmg777

5 months ago
5 months ago
ယနေ့စက်သုံးဆီဈေးနှုန်းများ

ယနေ့စက်သုံးဆီဈေးနှုန်းများ

5 months, 1 week ago

*?*??
group ဖွဲ့ပြောထားသော chat list**

တပ်မတော်သားဇနီးတစ်ဦးအားFDG Bank ဝန်းထမ်းများမှ SP ပြုလုပ်ခြင်းကြောင့်FDB Bank မှ ဝန်ထမ်းအဖြစ်နစ်နာသူမှနှုတ်ထွက်ခဲ့ရခြင်းအပေါ် တိုင်ကြားခြင်းကိစ္စ

(၁)  အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သတ်၍ကျွန်မဒေါ်- (အဘ)ဦး - ၊
မှ လေးစားစွာဖြင့် အသနားခံတိုင်ကြားအပ်ပါသည်။

(၂)  ကျွန်မ၏ခင်ပွန်းမှာအမှတ်(    )ခြေမြန်တပ်မဌာနချုပ်တွင်စစ်ဦးစီးဒုတိယတန်း (ရေး/ထောက်) တာဝန်ထမ်းဆောင်နေသော ပြန်တမ်းဝင်အမှတ်
ကြည်း-၄၄၀--- ဗိုလ်မှူး.......ဖြစ်ပါတယ်။

(၃)   ကျွန်မသည် FDB Bank ချေးငွေဌာနသို့(၁.၆.၂၀၂၀)ရက်နေ့တွင်
မန်နေဂျာရာထူးဖြင့်စတင်ဝင်ရောက်ခဲ့ပါ သည်။
အလုပ် စတင်ဝင်ရောက်သည့်အချိန်မှ စ၍
ပေးအပ်သောတာဝန်များကို ကြိုးစားလုပ်ကိုင်ခဲ့ပါသည်။

(၄)   (၁.၂.၂၀၂၁)ရက်နေ့မှစ၍နိုင်ငံရေး ပဋိပက္ခကာလအတွင်း နည်းလမ်းပေါင်းစုံဖြင့် လုပ်ငန်းဌာနတွင်းပြောဆိုတိုက်ခိုက် မှုများအကြား
ကြိုးစားစွာခက်ခဲကျော်ဖြတ်ခဲ့ရပါသည်။

လုပ်ငန်းဌာနအတွင်း Group Chart များတွင်
တပ်မ‌တော်အပါအဝင်တပ်မတော်မိသားစုဝင်များအား နစ်နာစေသောစကားလုံးများဖြင့်နေ့စဥ်ပြောဆိုခြင်း၊ခြိမ်းခြောက်ခြင်း၊ပြင်ပတွင်လည်း အုပ်စုဖွဲ့ကာ
ပြောဆို ခြင်းများ အားနေ့စဥ် ရက်ဆက်ဖြစ်လာခြင်းကြောင့် လုပ်ငန်းခွင်သို့သွားရောက်ရန်ကိုပ င်ကြောက်လန့်လာသည်အထိ စိတ်ကျ ရောဂါခံစား ခဲ့ရပါသည်။

(၅)  ပြည်သူ့စစ်မှုထမ်း ဥပဒေထုတ်ပြန်မှု ပြုလုပ်ပြီးသည့် နောက်ပိုင်းတွင် ဌာနအတွင်း ပိုမိုဆိုးရွားလာကာ တပ်မတော်နှင့်ပတ်သတ်သော မိသားစုများအားပတ်သတ်လိုခြင်းမရှိခြင်းစသည့်ပြောဆိုများပြုလုပ်ခဲ့ ခြင်း၊
ကြောင့် ထိုကဲ့သို့မပြောဆိုရန်ပြောကြားလိုက်သောကြောင့်မိမိအောက်မှဝန်ထမ်း များမှပါပြော
ဆိုဆက်ဆံခြင်းမပြုတော့သည့်အပြင် တနေ့ထပ်တနေ့ပိုမို ဆိုးရွားလာပါသောကြောင့် (၁၅.၅.၂၀၂၄)ရက်နေ့တွင်နှုတ်ထွက်စာတင်ခဲ့ရပါသည်။

(၆)  နှုတ်ထွက်စာ၌ အကျိုးအကြောင်းပြည့်စုံစွာတင်ပြခဲ့ပါသော်လည်း သက်ဆိုင်ရာဌာနအသီးသီးတို့သည်မေးမြန်းဖြေရှင်းပေးခြင်းမရှိပါသဖြင့်
မကျေနပ်လျှင်ကိုယ့်ဖာသာထွက်ဟုပြောခဲ့ပြီး
တပ်မတော်သားမိသားစုဝင် အား အလိုမရှိသည့် ပုံစံမှာ ပိုမိုပေါ်လွင်အောင်ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါသ
ဖြင့်FDB Bank မှ တာဝန်ရှိသူများအား လိုအပ်သလိုအရေးယူမှုပြုလုပ်နိုင်ရန်အသနားခံတိုင်ကြားအပ်ပါသည်။‌ 

ရုံးလိပ်စာ-FDB Bank
-  Time City Office Tower (3) 22nd floor, Yangon.
အောက်တွင် Viber Groupများတွင်တပ်မတော်မိသားစုဝင်တစ်ဦးအားစော်ကားရေးသားထားကြသော
သက်သေများနှင့်တပ်မတော်အားစော်ကားထားသောဝန်ထမ်းများ Chat List။

We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated hace 2 meses

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated hace 10 meses, 3 semanas

Last updated hace 1 mes, 4 semanas