Movie Select Review 📜

Description
We recommend to visit

Community chat: https://t.me/hamster_kombat_chat_2

Website: https://hamster.network

Twitter: x.com/hamster_kombat

YouTube: https://www.youtube.com/@HamsterKombat_Official

Bot: https://t.me/hamster_kombat_bot

Last updated 2 months, 2 weeks ago

Your easy, fun crypto trading app for buying and trading any crypto on the market.
📱 App: @Blum
🤖 Trading Bot: @BlumCryptoTradingBot
🆘 Help: @BlumSupport
💬 Chat: @BlumCrypto_Chat

Last updated 8 months ago

Turn your endless taps into a financial tool.
Join @tapswap_bot


Collaboration - @taping_Guru

Last updated 3 months ago

11 months, 2 weeks ago

Maryland (2023)

ရိုဆလင်းနဲ့ ဘက်ကာဆိုတဲ့ ညီအစ်မနှစ်ယောက်ရဲ့အမေ မယ်ရီက Isle of Man ဆိုတဲ့ ကျွန်းမှာ ရုတ်တရက်သေဆုံးသွားပါတယ်။ ခရီးထွက်သွားတယ်ဆိုတဲ့ အမေဖြစ်သူက ဒီကျွန်းကို ဘာလို့ရောက်နေရတာလဲ၊ ဘယ်လိုသေသွားတာလဲ စသဖြင့် ပဟေဠိတွေပေါ်လာ‌ပါတယ်။ ဒါကြောင့် စိတ်မကောင်းစရာဖြစ်ရပ်နဲ့အတူပဲ၊ ဝေးကွာနေတဲ့ ရို့စ်နဲ့ဘက်တို့ ညီအစ်မနှစ်ယောက် ပြန်လည်ဆုံစည်းကြပါတယ်။ ဆိုတော့ ညီအစ်မနှစ်ယောက်ကြား ဘာတွေဖြစ်ကြဦးမလဲ၊ သူတို့အမေနဲ့ပတ်သတ်တဲ့ပဟေဠိတွေကို ဘယ်လိုအဖြေရှာကြမလဲ၊ ဘာတွေသိလာရဦးမလဲ ဆိုတာ ကြည့်ရှုရမှာပါ။ မိသားစုတိုင်းမှာ ညီအစ်မနှစ်ယောက်ယှဉ်လာရင် ဖြစ်လေ့ဖြစ်ထရှိတဲ့ ပဋိပက္ခ‌လေးတွေကို သဘာဝကျကျပုံဖော်ထားပါတယ်။ သူတို့နှစ်ယောက် ပြန်ပြေလည်အောင် ဘယ်လိုဖြေရှင်းသွားကြမလဲဆိုတာကို စိတ်ခံစားချက်ပေါင်းစုံနဲ့ ကြည့်ရှုကြရမှာပါ။ ရိုဆလင်းအဖြစ် မင်းသမီး Eve Best နဲ့ ဘက်ကာအဖြစ် မင်းသမီး Suranne Jones တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

1 year, 1 month ago

Furies (2024)

ဒီတစ်ခါမှာတော့ 2024ခုနှစ်မှာ အသစ်စက်စက်ထွက်ရှိထားတဲ့”The Furies” Netflix series လေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ် ပြင်သစ်မြို့ကြီးဟာ အရောင်အသွေးစုံပြီးလှပသလောက် ဒုစရိုက်မှုတွေလည်းပေါများလှပါတယ်တဲ့ ပဲရစ်ကဒုစရိုက်လောကမှာ ဒုစရိုက်သမားအချင်းချင်း ရာဇဝတ်မှုကျူးလွန်ရင် ကြားဝင်ဖြေရှင်းပေးရတဲ့အမျိုးသမီးတစ်ယောက်ရှိပါတယ် သူမကို”ပြစ်ဒဏ်စီရင်တဲ့နတ်သမီး”လို့ခေါ်ကြပါတယ် သူမနာမည်အရင်းက “ဆယ်လ်မာ”ပါ ဇာတ်လမ်းအကျဥ်းကတော့ လီနာဆိုတဲ့ကောင်မလေးဟာ သာမန်ကောလိပ်ကျောင်းသူလေးတစ်ယောက်ပါ ဒါပေမဲ့ သူမရဲ့မိဘတွေကတော့ ဒုစရိုက်သမားတွေပါ သူမရဲ့ဖခင်ဟာ ဒုစရိုက်လောကရဲ့စာရင်းကိုင်းတစ်ယောက်ဖြစ်ပြီး လီနာရဲ့မွေးနေ့မှာ အသတ်ခံလိုက်ရပါတယ် လီနာလည်း သူ့အဖေကို ပြစ်ဒဏ်စီရင်တဲ့နတ်သမီး(ဆယ်လ်မာ)ကသုတ်သင်လိုက်တာလို့ထင်မှတ်နေခဲ့တာကြောင့် ပြစ်ဒဏ်စီရင်တဲ့နတ်သမီးကိုလိုက်လံရှာဖွေခဲ့ပါတယ် ဒါပေမဲ့ သူမရှာတွေ့တဲ့အခါမှာတော့ သူမအဖေကိုသတ်တာက ”ဆယ်လ်မာ”မဟုတ်ဘူးဆိုတာ သိလိုက်ရပါတယ် အဲ့ဒါကြောင့် သူမအဖေကိုသတ်ခဲ့တဲ့လူကိုဖော်ထုတ်ဖို့အတွက် ဆယ်လ်မာနဲ့ပူးပေါင်းပြီး ဒုစရိုက်လောကထဲကိုခြေစုံပစ်ဝင်လိုက်ပါတော့တယ် လီနာရဲ့အဖေကိုဘယ်သူကသတ်ခဲ့တာလဲ ဘာကြောင့်သတ်ခဲ့တာလဲဆိုတာကို လီနာတစ်ယောက်ဖော်ထုတ်နိုင်ပါ့မလား။

1 year, 1 month ago

3 Body Problem (2024)

2024 မှာထွက်ရှိလာတဲ့ 3 Body Problem ကတော့ စိတ်ဝင်စားစရာတွေနဲ့ ကြည့်ကောင်းမဲ့ကားလေးတစ်ကားပါပဲ… ကျွန်တော်တို့အသက်ရှင်နေထိုင်တဲ့ စကြာဝဠာကြီးမှာ တခြားသက်ရှိတွေရော ရှိနိုင်မလားဆိုတဲ့ အတွေးက တကယ့်ကိုစိတ်ဝင်စားစရာပါ…..အဲဒီ စိတ်ဝင်စားစရာအတွေးကိုလည်း ပညာရှင်တွေက နည်းလမ်းမျိုးစုံနဲ့ အဖြေထုတ်နိုင်ဖို့ကြိုးစားနေကြတာပါ…..နည်းပညာမြင့်တဲ့ နိုင်ငံတွေအပြိုင်အဆိုင် ကြိုးပမ်းရာကနေ တရုတ်နိုင်ငံလေ့လာရေးစခန်းတစ်ခုမှာရှိတဲ့ ပညာရှင်တစ်ယောက်က နေဟာ ကိုယ်တိုင်လည်း လျှပ်စစ်သံလိုက်စွမ်းအင်ထုတ်ပေးနိုင်သလို တခြားဂြိုလ်ရဲ့ စွမ်းအင်ကိုလည်း ချဲ့ထုတ်ပေးနိုင်တယ်ဆိုတာကို လေ့လာတွေ့ရှိသွားပါတယ်… စကြာဝဠာကြီးထဲမှာ တခြားသက်ရှိတွေများရှိမလားလို့ တွေးမိနေကြတဲ့ လေ့လာသူတွေဟာ တခြားသက်ရှိတွေကို ဆက်သွယ်လို့ ရလိုရငြား အသံထုတ်လွှင့်စက်ကြီးတွေနဲ့ အရင်ကထုတ်လွှင့်နေရာကနေ နေရဲ့ ချဲ့ထုတ်နိုင်စွမ်းကိုတွေ့သွားတော့ အားနည်းလှတဲ့ ကမ္ဘာဂြိုလ်က ထုတ်လွှင့်စက်ကို နေဘက်ကိုသာဦးတည်ပြီး လွှင့်လိုက်ရင် ချဲ့ပေးနိုင်မှာပဲဆိုတဲ့ အတွေးနဲ့ သူက ထုတ်လွှင့်ချင်နေတာပါ…..ဒါပေမဲ့လည်း သူမွေးဖွားရာနိုင်ငံက တရုတ်ဖြစ်နေပြီး သူတို့ရဲ့ သမ္မတကြီးကလည်း မော်စီတုံးဖြစ်နေတာကြောင့် Red Sun လို့တင်စားထားတဲ့ သမ္မတကြီးဂုဏ်သိက္ခာအတွက် သူ့အထက်လူကြီးတွေက ခွင့်မပြုခဲ့ပါဘူး……လူတွေရဲ့ ဗီဇအရ ခွင့်မပြုတာမှပိုလုပ်ချင်တဲ့သူကလည်း မရ ရအောင်ခိုးလွှင့်ခဲ့ရာကနေ အဲဒီလှိုင်းက ဘယ်ကိုရောက်သွားမလဲဆိုတာ ဆက်လက်ခံစားကြည့်လိုက်ပါဦးလို့။

1 year, 2 months ago

Painkiller (2023)

2012 တုန်းက နာမည်ကြီးရုပ်ရှင် Battleship ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Peter Berg က ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားရဲ့ ထူးခြားချက်ကတော့ ဖြစ်ရပ်မှန်ဆိုတာထက် လက်တွေ့သုတေသနလုပ်ထားတဲ့ အချက်အလက်တွေကို အခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။ Painkiller ဆိုတဲ့ ဒီဇာတ်ကားက 21 ရာစုနှစ်ရဲ့ ကျန်းမာရေးကပ်ရောဂါတွေ ဖြစ်ပွားရတဲ့ အခြေခံအကြောင်းရင်းကို ရိုက်ကူးပုံဖော်ထားတာပါ။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ နာကိုတစ် အကိုက်ခဲပျောက်ဆေးတွေနဲ့ အိုပီရိုက်တို့က အကိုက်အခဲဝေဒနာ ခံစားရသူတွေအတွက် ဆေးဝါးတစ်ခုအဖြစ် တစ်ချိန်တစ်ခါက သုံးစွဲခဲ့ကြပါတယ်။ ပါဒူးဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီက အောက်ဆီကိုတင်ဆိုတဲ့ မူးယစ်ဆေးပါတဲ့ဆေးကို ဒေါ်လာဘီလီယံချီဝင်စေမယ့် ထုတ်ကုန်အဖြစ်ဖန်တီးခဲ့တယ်။ သူတို့က ဒီဆေးကို နာကျင်မှုအမျိုးမျိုးအတွက် စိတ်ချလက်ချသုံးနိုင်ပြီး အာနိသင်အကြာကြီး အစွမ်းပြတယ်လို့ ကြော်ငြာပြီး ရောင်းချတာဖြစ်ပါတယ်။ လူတွေက ဆရာဝန်တွေဆိုရင် ယုံကြတာမလို့ ကုမ္ပဏီဘက်က ဆရာဝန်တွေကို သူတို့ဆေးညွှန်းအောင်လို့ နည်းအမျိုးမျိုးနဲ့ သိမ်းသွင်းပါတယ်။ အညွှန်းများတဲ့ ဒီဆေးဟာ မကြာခင်မှာပဲ လူတွေအကြား အရမ်းနာမည်ကြီးလာခဲ့ပါတယ်။ ဒါပေမဲ့လည်း မူးယစ်ဆေးဝါးနှိမ်နှင်းသူတွေက အောက်ဆီရဲ့ စွဲလမ်းစေမှုနဲ့ အန္တရာယ်ကို သိသွားချိန်မှာ အဲဒီအလိမ်အညာဟာ ချက်ချင်းပေါ်လာခဲ့ပါတယ်။ ဆရာဝန်တွေအပါအဝင် လူအများစုက ဒီဆေးကိုထောက်ခံနေကြတာမလို့ ဆေးရဲ့နောက်ကွယ်က မကောင်းတဲ့အခြမ်းကို ထုတ်ဖော်နိုင်မလား၊ ကုမ္ပဏီဘက်ကရော အသာလေးငြိမ်ခံနေပါ့မလား၊ ဒီလိုမျိုး ဆိုးဝါးတဲ့ အမြတ်ထုတ်မှုကို ဘယ်လိုဖြေရှင်းသွားမလဲဆိုတာ ဒီဇာတ်ကားလေးထဲမှာပဲ ပရိသတ်ကြီးတို့ကိုယ်တိုင် ကြည့်ရှုလိုက်ကြပါ။

1 year, 2 months ago

Miracle Workers (2019)

ကမ္ဘာပေါ်က လူသားတွေဟာ ဘုရားသခင်ကို အယုံမကြည်ရှိသူတွေ များသထက်ပိုများလာပါတယ်။ လူ့အကြိုက် နတ်မလိုက်နိုင် ဆိုသလို လူတွေရဲ့ လိုအင်ဆန္ဒတွေကလည်း ဘုရားသခင်တောင် လက်မြှောက်အရှုံးပေးပြီး ထိုင်ကြည့်နေရပါတယ်။ ဘုရားသခင်ဖြစ်သူက သူဖန်တီးထားတဲ့ လူသားကမ္ဘာကြီးကို စိတ်ပျက်ငြီးငွေ့လာတဲ့အခါမှာ အလုံးစုံဖျက်စီးလိုက်ဖို့ ကြေငြာလိုက်ပါတယ်။ ဒါကို ဆုတောင်းဖြည့်နတ်သူငယ်ရာထူးတာဝန်ယူထားတဲ့ အီဇီကရယ် ( Daniel Radcliffe ) နဲ့ အသစ်ဝန်လာတဲ့ နတ်သူငယ်ဝန်ထမ်းလေး အလက်ဇန်းဒါးက လူသားမျိုးနွယ်ကို ကူညီကယ်တင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဆုတောင်းဖြည့်တာဝန်ယူထားရတယ်ဆိုပေမယ့် သူတို့ဆီကိုဆုတောင်းလာတဲ့ စာတွေက တစ်နေ့ကို သန်းနဲ့ချီရှိပေမယ့် ဖြည့်ပေးနိုင်တဲ့ဆုက ကားသော့ပျောက်လို့ ပြန်ရှာတွေ့ပါစေ ဒီနေ့မိုးမရွာပါစေနဲ့ စတဲ့ လွယ်ကူတဲ့ ဆုတောင်းလေးတွေကိုပဲ ဖြည့်ပေးလာခဲ့တာ နှစ်ပေါင်း ထောင်ချီရှိခဲ့ပါပြီ။ တစ်နေ့တော့ ဘုရားသခင်ဆီကို ကမ္ဘာကိုမဖျက်စီးဖို့သွားပြောပေမယ့် ဘုရားသခင်ကလောင်းကစားတစ်ခုနဲ့ကမ်းလှမ်းလိုက်ပါတယ်။ ဒါကတော့ မဖြစ်နိုင်တဲ့ဆုတောင်းတစ်ခုကိုဖြည့်ပေးနိုင်ရင် ကမ္ဘာကြီးကိုချမ်းသာပေးမယ်ဆိုပြီးဖြစ်ပါတယ်။ အီဇီကီရယ်က မဖြစ်နိုင်တဲ့ဆုတောင်းတွေထဲကမှ သူ့အတွက်အဖြစ်နိုင်ဆုံးဖြစ်တဲ့ လူသားနှစ်ယောက်ကို ချစ်ကြိုးသွယ်ပေးဖို့ ဆုတောင်းကိုဖြည့်ပေးဖို့အတွက် နတ်သူငယ်မလေး အလန်ဇန်းဒါးနဲ့ လူ့ပြည်ကိုဆင်းလာခဲ့ပြီးစွန့်စားခန်းထွက်ရပါတော့တယ်။

1 year, 3 months ago

The Bastard Son & the Devil Himself (2022)

Rating ကောင်းကောင်းရထားတဲ့ Netflix ရဲ့ 2022 ထွက် Fantasy-Drama စီးရီးလေးတစ်ခု လာပါပြီ။ Rotten Tomatoes မှာ ခရမ်းချဥ်သီးပုပ် 93% အထိရထားပြီး IMDb မှာလည်း Rating 7.5 ရထားတာဖြစ်တဲ့အတွက် ကြည့်ပျော်ရှုပျော်အဆင့်ထက်လွန်တယ်လို့ ပြောလို့ရတဲ့ စီးရီးတစ်ခုပါ။ ဇာတ်အိမ်ကလည်း လူငယ်ဇာတ်ကောင်အများစုနဲ့ ပေါ့ပေါ့ပါးပါးတည်ဆောက်ထားလို့ မိသားစုနဲ့ကြည့်လို့ရပါတယ်။ Titans(2018) နဲ့ The Batman(2022) မှာပါဝင်ထားတဲ့ သရုပ်ဆောင် Jay Lycurgoကအဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး Nadia Parkes၊ Emilien Vekemans၊ Isobel Jesper Jones စတဲ့ တက်သစ်စ လူငယ်သရုပ်ဆောင်တွေလည်း ပါဝင်အားဖြည့်ပေးထားပါတယ်။ Colm McCarthy၊ Debs Paterson၊ Rachna Suri တို့က ပူးတွဲရိုက်ကူးပေးထားပြီး ဇာတ်အိမ်ကတော့ Sally green ရဲ့ Halfbad သုံးအုပ်တွဲ Fantasy Trilogy ကိုအခြေခံထားတာဖြစ်ပါတယ်။ Netflix ကနေ ၂၀၂၂ အောက်တိုဘာမှာ season ၁ ခု၊ episode ၈ ခုနဲ့ စလွှင့်ခဲ့ပြီး နောက်ထပ်အတွဲတွေထပ်မံထုတ်လွှင့်ဖို့ ရည်ရွယ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အကောင်အထည်မဖော်ဖြစ်သေးပါဘူး။ ဇာတ်လမ်းကတော့ Witch တစ်ယောက်ဖြစ်တဲ့ နေသန်ဘိုင်းန်ဟာ သူ့အဖေ မားကပ်စ်အက်ဂျ်ရဲ့ သူတို့ စုန်းအသိုင်းအဝိုင်းအပေါ် လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်ဆိုးတစ်ခုကြောင့် သူ့ဘဝမှာ အရိပ်မည်းထင်ခဲ့ရပြီး သူအရွယ်ရောက်လို့ witch တစ်ယောက်အဖြစ် မှော်အစွမ်းတွေရလာတဲ့အခါ သူ့အဖေရဲ့ အမည်းစက်ကြောင့် တခြားပြိုင်ဘက် စုန်းအသိုင်းအဝိုင်းနဲ့ စုန်းကောင်စီရဲ့ ပစ်မှတ်ထား Witchhunt လုပ်ခြင်းခံရတာကနေ ရုန်းကန်ရှေ့ဆက်ရတဲ့အခြေအနေတွေကို Fantasy ကို ဒရာမာနှောပြီး တင်ဆက်ထားတာဖြစ်ပါတယ်။ Fantasy ဆိုပေမယ့် Witch တွေ၊ Beast တွေ၊ Spell တွေ၊ Magical Power တွေကို အတုံးလိုက်အတစ်လိုက် ရိုက်ပြတာထက် Adventure Action ဆန်ဆန် Mutant ဇာတ်လမ်းတွေပုံစံမျိုး superhuman သဘောမျိုး အသားပေးရိုက်ပြသွားတယ့် ဇာတ်မျိုးဖြစ်ပါတယ်။ အရမ်းကြီး Fantasy ဆန်တာကြည့်ချင်တဲ့ ပရိသတ်တွေအတွက်တော့ အဆင်ပြေမှာမဟုတ်ပေမယ့် လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး Drama နဲ့ Action နှောထားတာမျိုးကို ပိုသဘောကျတဲ့သူတွေအတွက်တော့ Twilight ဇာတ်လမ်းတွေပုံစံမျိုး ကြည့်ကောင်းမှာပါ။

1 year, 3 months ago

Kleo (2022)

Kill Bill လိုမျိုး လက်စားလိုက်ချေတဲ့ကား၊ Atomic Blonde နဲ့ Red Sparrow တို့လို စပိုင် ဇာတ်လမ်းမျိုးတွေ ကြိုက်တယ်ဆိုရင် ဒီဇာတ်လမ်းတွဲကို လက်လွှတ်မခံပါနဲ့။ IMDb rating 7.5, Rotten Tomatoes 92%ရထားပါတယ်။ ဇာတ်လမ်းကတော့ မမိုက်မှာမပူနဲ့။ ဂျာမန်တွေ ရိုက်ကူးထားပြီး Netflixက ထုတ်ဝေထားတာပါ။ Netflix က ကျန်တဲ့ ဇာတ်ကားတွေသာ ချာရင်ချာမယ်၊ ဥရောပတစ်ခွင်ကရိုက်တဲ့ ဇာတ်လမ်းတွေကတော့ဇာတ်လမ်း၊ ဇာတ်အိမ် ခိုင်မာကြသလို တော်တော်ကြီးကြည့်လို့ကောင်းတဲ့ အစဉ်အလာရှိပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကလီယိုဟာ အရှေ့ဂျာမနီအစိုးရရဲ့ ထောက်လှမ်းရေးဌာနခွဲက လျှို့ဝှက်အေးဂျင့်တစ်ယောက်ပါ။ ကလီယိုဟာ စည်းကမ်းကို ချိုးဖောက်ပြီး လုပ်ဖော်ကိုင်ဖက်နဲ့ ချစ်ကြိုက်မိကာ ကိုယ်ဝန်ကိုလည်းလွယ်ထားရပါတယ်။ ဒီလိုနဲ့ အလုပ်ကနေ အနားယူမယ် လုပ်တုန်းက ချောက်ချခံရပြီး တစ်သက်တစ်ကျွန်း ထောင်ကျသွားပါတယ်။ ထောင်ထဲမှာ ကိုယ်ဝန်ပျက်ကျ၊ ဒုက္ခပေါင်းစုံကိုခါးစည်းခံရပါတယ်။ ၁၉၉၀ ပြည့်ချိန် ဘာလင်တံတိုင်းကြီး ပြိုကျသွားပြီး အရှေ့ဂျာမနီနဲ့ အနောက်ဂျာမနီတို့ ပြန်လည်ပေါင်းစည်းချိန်မှာ ကလီယိုတစ်ယောက် ထောင်ကနေ လွတ်လာပါတယ်။ ကလီယိုလည်း ထောင်ကနေ လွတ်လွတ်ချင်းပဲ သူ့ကို ထောင်ကျအောင် လုပ်ခဲ့တဲ့ သူတွေကိုလက်စားလက်ချေဖို့ လုပ်တာကိုစိတ်ဝင်တစားကြည့်ရှူရမှာပါ။

1 year, 3 months ago

Karen Pirie (2022)

ကယ်ရန်ပီရီဟာ ရာဇဝတ်မှုဌာနသို့ ရာထူး တိုးရင်းနဲ့ လွန်ခဲ့တဲ့ ၁၉၉၆ ခုနှစ်က တရားခံ မပေါ်ခဲ့တဲ့ လူသတ်မှုဟောင်းတစ်ခုကို ပြန်လည်စုံစမ်းဖို့ရာ ဖြစ်လာပါတယ်။ အဆိုပါအမှုကတော့ ရိုစီဒက်ဖ်ဆိုတဲ့ မိန်းကလေး အသတ်ခံရမှုပါ။ ရိုစီအသတ်ခံရတဲ့ညမှာ အဲလက်စ်၊ တွမ်နဲ့ ဇစ်ကီဆိုတဲ့ ကျောင်းသားလေး သုံးယောက်ဟာ ဒဏ်ရာတွေနဲ့ လဲနေတဲ့ ရိုစီ့ကို တွေ့ခဲ့ပြီး ရဲတွေကိုအကူအညီတောင်းခဲ့ပါတယ်။ မျက်မြင်သက်သေ သုံးယောက်ကို ရဲတွေက ခေါ်ယူမေးမြန်းခဲ့ပြီး ခိုင်မာတဲ့ သက်သေ မတွေ့တာမို့ ပြန်လွှတ်ပေးလိုက်ရပါတယ်။ ၂၆ နှစ်အကြာမှာ ကယ်ရန်တစ်ယောက်ပြန်စုံစမ်းရင်း ဘာတွေတွေ့လာရမလဲ၊ ကျောင်းသား သုံးယောက်ကတော့ ဘဝတွေ ကိုယ်စီမှာလျှောက်လမ်းရင်း ဒီအမှုကြောင့် ဘာတွေ သက်ရောက်မှုရှိမလဲ ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက် ခံစားလိုက်ပါဦး။

1 year, 3 months ago

Belgravia: The Next Chapter (2024)

ဖရက်ဒရစ် ထရန်းချက်ဆိုတဲ့ လူကုံထံတစ်ယောက်ရဲ့သားဟာ ငယ်စဉ်ကတည်းက အဖေဖြစ်သူရဲ့ချစ်ခြင်းတရားကို မခံစားဖူးသူပေါ့။ ဘာလို့ဆို သူဟာ သူတို့ ထရန်းချက်မိသားစုရဲ့ တရားဝင်သွေးမဟုတ်ဘဲ သူ့အမေက တခြားသူတစ်ဦးနဲ့ဖောက်ပြန်ပြီးရလာတဲ့ သားဦးဖြစ်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ ဒါကိုသိနေခဲ့တဲ့ ဖရက်ဒရစ်ရဲ့အဖေဟာ သွေးသားမဟုတ်တဲ့ ဖရက်ဒရစ်ကို ငယ်စဉ်ကတည်းက သားနဲ့မတူအောင်ဥပက္ခောပြု မေတ္တာတရားမပါဘဲ ဆက်ဆံခဲ့ပြီး သူ့ညီဖြစ်တဲ့ ဂျိမ်းစ်ကိုပဲ တကယ့်သွေးသားရင်းခြာလို ချစ်ခဲ့ပါတယ်။ အဖြစ်မှန်ကိုမသိတဲ့ ဖရက်ဒရစ်ဟာ နာကျည်းမှုတွေ စိတ်ဒဏ်ရာတွေရရှိခဲ့ပြီး မိသားစုခြေရာနင်းတဲ့အချိန်မှာကော အိမ်ထောင်ဖက်ရွေးချယ်ရမယ့်အချိန်မှာပါ သွေးအေးပြီး အရမ်းသတိထားစိုးရိမ်ကြီးတဲ့ လူတစ်ယောက်ဖြစ်လာခဲ့တယ်။ တစ်နေ့ ဖရက်ဒရစ်ဟာ မြို့စားကြီးရဲ့ဖိတ်ကြားမှုကြောင့် တွေ့ဆုံပွဲတစ်ခုကိုရောက်သွားခဲ့ပါတယ်။ အဲဒီမှာ အရမ်းချိုသာလှတဲ့ အသံပိုင်ရှင်ဖြစ်တဲ့ ကလာရာဆိုတဲ့ အမျိုးသမီးကိုတွေ့ပြီး မြင်မြင်ချင်း ချစ်သက်ကြွေသွားခဲ့ပါတယ်။ ကလာရာမှာကလည်း မကြာသေးခင်ကမှ ဖခင်ဆုံးသွားတာဖြစ်တဲ့အတွက် ဖခင်ဆုံးပြီးနောက်ပိုင်း အိမ်မှာအမျိုးသမီးတွေပဲကျန်တော့တာကတစ်ကြောင်း၊ ဖခင်က ကြိုးစားပမ်းစားရှာဖွေခဲ့တဲ့ အမွေဥစ္စာတွေကို ဆက်ပြီးဆောင်ထိန်းသိမ်းပေးသွားမယ့် အမျိုးသားကမရှိတာကြောင့်တစ်ကြောင်း ခင်ပွန်းကိုတတ်နိုင်သလောက်မြန်မြန်ရှာဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ကလာရာကို စွဲလမ်းသွားခဲ့တဲ့ဖရက်ဒရစ်ဟာ ဒီအကြောင်းကိုသိသွားတဲ့အခါမှာ ကလာရာ့ကို သူနဲ့သင့်တော်၏မသင့်တော်၏ကို ဆုံးဖြတ်ပြီးတာနဲ့ တစ်ပါတည်း ကလာရာ့ကိုထိမ်းမြားပြီး မိသားစုထဲ ဆွဲသွင်းခဲ့ပါတော့တယ်။ ဒီလိုနဲ့ ထရန်းချက်မိသားစုအပေါ် အခြေပြုထားတဲ့ ဖရက်ဒရစ်နဲ့ ကလာရာတို့ရဲ့ အိမ်ထောင်ရေးဟာ ဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေ့ရမလဲ… နောက်ကွယ်မှာလည်း တခြားဘယ်လိုအရှုပ်အရှင်းတွေရှိနေမလဲ… ဆိုတာကို စိတ်ဝင်တစား ရှုစားရမှာပဲဖြစ်ပါတယ်။

1 year, 3 months ago

Culprits (2023)

အိပ်မက်ထဲမှာ မွေ့ပျော်နေတတ်တဲ့သူတွေက ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်ကြီးတစ်ခုတော့ ရှိလို့နေတတ်ပါတယ်။ အမှန်အတိုင်းပေါ်ပေါက်ခွင့်‌ပေးကြမလား၊ ဆက်ပြီးပဲ အိပ်မက်မက်နေကြမလား ဆိုတာကတော့ ကိုယ်တိုင်ရွေးချယ်ရမဲ့အရာတစ်ခုပါ။ ဒီဇာတ်လမ်းကတော့ အိပ်မက်နဲ့ လက်တွေ့ကမ္ဘာနှစ်ခုလုံးကို ချိတ်ဆက်တင်ပြထားခဲ့ပါတယ်။ ဂျိုး နဲ့ ဂျူးစ်တို့က စေ့စပ်ထားကြတဲ့ လိင်တူချစ်သူနှစ်ဦးပါ။ ဂျူးစ်ရဲ့ အရင်အိမ်ထောင်ကနေ ပါလာတဲ့ ကလေးနှစ်ယောက်နဲ့ မိသားစုဘဝလေးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေကြတဲ့သူတွေပေါ့။ တစ်ညမှာ ဂျိုးတစ်ယောက် အိပ်မပျော်လို့ ကားမောင်းထွက်ရာကနေ ကားအက်ဆီးဒန့်တစ်ခုရဲ့ အရေးကြီးမျက်မြင်သက်သေတစ်ဦး ဖြစ်လာခဲ့ပါတယ်။ အဲဒီ အက်ဆီးဒန့်မှာ ကားနဲ့ တိုက်မိပြီး ထွက်ပြေးသွားခဲ့တဲ့သူက နာမည်ကြီးတစ်ယောက် ဖြစ်နေခဲ့တဲ့အချိန်မှာတော့ ဂျိုးအတွက် အန္တရာယ်တွေကျရောက်လာခဲ့ပါပြီ။ အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေအပြင် ကွင်းဆက်အနေနဲ့ ဆက်သိလိုက်ရတာက ဂျိုးက ဂိုဏ်းကြီးတစ်ခုက အဖွဲ့ဝင်ဟောင်းတစ်ဦး ဖြစ်နေခဲ့ပြီး ရာဇဝတ်မှုကြီးကို ကျူးလွန်ထားတဲ့ တရားခံတစ်ဦး ဖြစ်နေတယ်ဆိုတာပါပဲ။ သံသရာတစ်ပတ် ပြန်လည်လာပြီး ဂိုဏ်းသားတွေ ပြန်စုစည်းမိကြတဲ့အချိန်မှာ ဂျိုး ဘာဆက်လုပ်မလဲ၊ အိပ်မက်ကနေ နိုးထပြီး လက်တွေ့ကမ္ဘာထဲကို ပြန်သွားမလား၊ အိပ်မက်ထဲမှာပဲ ဆက်ပြီး မွေ့ပျော်နေမလားဆိုတာကို စိတ်ဝင်တစား ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။

We recommend to visit

Community chat: https://t.me/hamster_kombat_chat_2

Website: https://hamster.network

Twitter: x.com/hamster_kombat

YouTube: https://www.youtube.com/@HamsterKombat_Official

Bot: https://t.me/hamster_kombat_bot

Last updated 2 months, 2 weeks ago

Your easy, fun crypto trading app for buying and trading any crypto on the market.
📱 App: @Blum
🤖 Trading Bot: @BlumCryptoTradingBot
🆘 Help: @BlumSupport
💬 Chat: @BlumCrypto_Chat

Last updated 8 months ago

Turn your endless taps into a financial tool.
Join @tapswap_bot


Collaboration - @taping_Guru

Last updated 3 months ago