Dive into the Ultimate Free Library: Your One-Stop Hub for Entertainment!

MPANews

Description
နွေဦးတော်လှန်ရေးနှင့်ပတ်သက်သည့် သတင်းများကို ပြည်သူများသိရှိစေရန်တင်ပြပေးမည့် Channel တခုဖြစ်သည်။
Advertising
We recommend to visit

ဤချန်နယ်တွင်ကြော်ငြာများထည့်သွင်းလိုပါကAdmin acc ကို ဆကိသွယ်ပါ
@vip_admin_3

Last updated 5 days, 19 hours ago

ကြော်ငြာထည့်သွင်းရန် @sithuaung2006

Last updated 3 days, 19 hours ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 1 year, 3 months ago

2 weeks, 5 days ago
ကျောက်မဲမြို့ပေါ်တွင် ဗုံးကွဲပြီးနောက် စစ်ကောင်စီတပ် လုံခြုံရေး တင်းကျပ်

ကျောက်မဲမြို့ပေါ်တွင် ဗုံးကွဲပြီးနောက် စစ်ကောင်စီတပ် လုံခြုံရေး တင်းကျပ်

29 May 2024 By MPA CJ 013

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့ပေါ်တွင် ဗုံးကွဲပြီးနောက် စစ်ကောင်စီတပ်က လုံခြုံရေး တင်းကျပ်ထားသဖြင့် ဒေသခံများ သတိထားနေရကြောင်း သိရသည်။

မေလ ၂၆ရက်တွင် ဗုံးပေါက်ကွဲပြီးနောက် ကျောက်မဲမြို့တွင်း၌ ညနေ ခြောက်နာရီမှ စတင်ကာ ပြည်သူများ အပြင်ထွက်သွားလာမှု သိသိသာသာ လျော့ကျသွားကြောင်း ကျောက်မဲမြို့၊ နှစ်ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

"ကျောက်မဲမှာက မနက်ခြောက် ၊ည ခြောက်ပဲ ထွက်ရမယ်လို့ အမိန့်ထုတ်ထားပေမယ့် ည၁၀နာရီလောက်ထိ မြို့ထဲသွားလာနေကြတာပဲ။ဆိုင်တွေလည်း ဖွင့်တာကိုး။အခု One Loveဟိုတယ်ရှေ့မှာ ဗုံးကွဲတော့ စစ်တပ်က ကင်းလည်းပြန်ပတ်တယ်။ကင်းပုန်းချတာလည်းရှိတော့ ပြည်သူတွေ အပြင်မထွက်ရဲတော့တာပါ" ဟု ၎င်းက MPAသို့ ပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorter.me/TYK7p
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

2 weeks, 5 days ago
MPANews
2 weeks, 5 days ago
MPANews
3 weeks, 5 days ago
MPANews
3 weeks, 5 days ago
MPANews
3 weeks, 5 days ago
MPANews
1 month ago
မြိုင်၊သရက်ကန်ပျူရွာတွင် ရိက္ခာအပြင် ရေ ပါ ရှားလာသဖြင့် ပြည်သူ …

မြိုင်၊သရက်ကန်ပျူရွာတွင် ရိက္ခာအပြင် ရေ ပါ ရှားလာသဖြင့် ပြည်သူ ထွက်ပြေးမှု များလာ

15 May 2024 by MPA CJ 011

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန် ပျူစောထီးရွာ အတွင်း၌ ရိက္ခာအပြင် သောက်သုံးရေပါ ရှားပါးလာသောကြောင့် ပြည်သူများ ဆက်တိုက်ထွက်ပြေးလာကြကြောင်း သိရသည်။

မေလ ၁၀ရက်မှ ယနေ့(မေလ၁၅ ရက်)အထိ သရက်ကန် ပျူစောထီးရွာမှ ထွက်ပြေးလာ‌သော ပြည်သူ ၁၆ဦး ရှိကြောင်းဒေသခံအချို့ထံက သိရသည်။

"ရေက ကန်တွေလည်း ခမ်းပြီ။ခပ်ဝေးဝေးလည်း သွားမခပ်ရဲ‌ဘူး။ဒီ ငါးရက်လောက်အတွင်း မိုးမရွာ ရင် သောက်ရေတောင် ကုန်ပြီပြောတယ်။ရွာထဲ ရှိတဲ့ ရေစက်ကလည်း ပျက်နေတာလေ။ အဲတော့ ပြည်သူတွေလည်း ထွက်လာကြတယ်။ ဒီလတွေထဲမှာတောင် မိုးဦးရေကို သွပ်မိုးရှိတဲ့ အိမ်တွေဆီက နည်းနည်းစီ သွားတောင်းပြီး ရေစစ်သောက်ရတယ် ပြောတယ်" ဟု မြိုင် ပကဖ၊ တပ်ခွဲ နှစ် (ဂဠုန်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ) တာ၀န်ခံ ရဲဘော် အကိုလေးက MPAသို့ ပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/3768xjum
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

1 month ago
တာမခန်တိုက်ပွဲထဲက လူငယ်ရဲဘော်

တာမခန်တိုက်ပွဲထဲက လူငယ်ရဲဘော်

15 May 2024 By MPA CJ 001 (ဆောင်းပါး)

"ကျတော်ထိသွားပြီ အစ်ကို၊ ခါးတစ်ပိုင်း ပြတ်သွားတယ်ထင်တယ်" ဟု ငြီးတွားရင်း ပြောဆိုနေသူမှာ အသက် ၂၁ နှစ်အရွယ်ရှိ KPDF ရဲဘော်တစ်ဦးဖြစ်သူ ကိုဘချမ်းဟုခေါ်သော လူငယ်တစ်ဦးဖြစ်သည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်၊ မွန်းလွဲ ၂ နာရီခန့်၌ ကိုဘချမ်းပါဝင်သည့် တပ်ပေါင်းစုစစ်ကြောင်းမှာ တာမခန်ကျေးရွာနှင့် မနီးမဝေးတစ်နေရာတွင် စခန်းချ၍ အခြေအနေများကို စောင့်ကြည့်လျက်ရှိပြီး၊ သက်မှတ်ထားသည့် နေရာများတွင် ကိုယ်စီအသီးသီးနေရာယူထားကြကာ တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေကြသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/bp6y2dv5
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

1 month ago
ရန်ကုန်တွင် လေးလအတွင်း စစ်ဆင်ရေး အကြိမ် ၁၀၀ ကျော်ဖော်ဆောင်ခဲ့ဟုဆို

ရန်ကုန်တွင် လေးလအတွင်း စစ်ဆင်ရေး အကြိမ် ၁၀၀ ကျော်ဖော်ဆောင်ခဲ့ဟုဆို

15 May 2024 By MPA CJ 015

ရန်ကုန်တွင် ၂၀၂၄ ခုနှစ်၊ လေးလတာကာလအတွင်း မြို့ပြတော်လှန်ရေးအင်အားစုများအနေဖြင့် စစ်ဆင်ရေးအကြိမ် ၁၀၀ ကျော် ဖော်ဆောင်ခဲ့ပြီး စစ်ကောင်စီ​၏ ရန်ကုန်တိုင်းစစ်ဌာနချုပ်အပါအဝင် စစ်ထောက်တိုင်ရုံးအများစုအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း Rangoon Scout Network က သတင်းထုတ်ပြန်သည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ မြို့ပြစစ်ဆင်ရေး စုစုပေါင်း ၁၁၈ ကြိမ်အထိ ဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ စစ်ဆင်ရေးများအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/5n2htebm
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

3 months ago
ဝက်လက်မြို့ပေါ်တွင် စစ်မှုထမ်းရန် လူစာရင်းကောက်ခံ

ဝက်လက်မြို့ပေါ်တွင် စစ်မှုထမ်းရန် လူစာရင်းကောက်ခံ

16 Mar 2024 By MPA CJ 020

စစ်ကိုင်းတိုင်း၊ ဝက်လက် မြို့ပေါ်ရပ်ကွက်အချို့တွင် စစ်မှုထမ်းရန်အတွက် လူစာရင်းကောက်ခံနေပြီး ဝါဒဖြန့်စာစောင်များလည်း ဖြန့်ချိနေကြောင်း သိရသည်။

မတ်လ၁၅ရက်တွင် ဝက်လက်မြို့၊ အမှတ်-၃ ရပ်ကွက်အတွင်း လူစာရင်းကောက်ခြင်းနှင့် စစ်မှုထမ်းဥပဒေဆိုင်ရာ ဝါဒဖြန့်စာစောင်များကိုလည်း တစ်အိမ်တက်ဆင်းလိုက်လံဝေငှခဲ့ကြောင်း ဝက်လက်မြို့ခံအချို့ထံက သိရသည်။

'လူငယ်စာရင်းကောက်နေပြီ။လူစာရင်းကောက်တာနဲ့ပတ်သက်ပြီး လူတွေကိုတော့အုပ်ချုပ်ရေးမှူးရုံး တွေမခေါ်သေးဘဲ စာရင်းပဲကောက်သေးတာပါ။အုပ်ချုပ်ရေးမှူးတွေဦးဆောင်တာပါ" ဟု ဝက်လက်မြို့ခံတစ်ဦးကပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://bitly.ws/3g3Py
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

We recommend to visit

ဤချန်နယ်တွင်ကြော်ငြာများထည့်သွင်းလိုပါကAdmin acc ကို ဆကိသွယ်ပါ
@vip_admin_3

Last updated 5 days, 19 hours ago

ကြော်ငြာထည့်သွင်းရန် @sithuaung2006

Last updated 3 days, 19 hours ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 1 year, 3 months ago