Unlock a World of Free Content: Books, Music, Videos & More Await!

NOM.World News

Description
NOM World News Official Channel.
Advertising
We recommend to visit

The official Telegram on Telegram. Much recursion. Very Telegram. Wow.

Last updated 1 month ago

🌐 https://ipapkorn.github.io
Stay connected with the latest iPapkorn Bots and News 🗞️

Bots: https://t.me/iPapkornBots/2

Last updated 5 months ago

Breaking News | Observing world events unfold in the grand theater of our time.

Last updated 1 month ago

1 month ago
အမေရိကန်ဟာ တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်တာ ဒါမှမဟုတ် ထိပ်တိုက်ရင်ဆိုင်တာဆိုတဲ့ အခြေအနေကြားမှာ …

အမေရိကန်ဟာ တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်တာ ဒါမှမဟုတ် ထိပ်တိုက်ရင်ဆိုင်တာဆိုတဲ့ အခြေအနေကြားမှာ ရွေးချယ်မှုလုပ်ရမယ်လို့ ကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ကို တရုတ်က သတိပေးလိုက်ပါတယ်။

NOM

1 month ago

▪️ ယူကရိန်းဟာ ရုရှားကို အနိုင်ယူနိုင်မှာ မဟုတ်ဘူးလို့ နယ်သာလန်က ဝန်ခံပြောဆိုလိုက်ပါတယ်။

ယာယီကာကွယ်ရေးဝန်ကြီး Kaisa Ollongren က ဒါဟာ လက်တွေ့ဆန်တယ်လို့ ပြောဆိုခဲ့ပါတယ်။

NOM

1 month ago
***❗️*** ယီမင်နိုင်ငံက အန်ဆာအလ္လာဟ် လှုပ်ရှားမှု သို့ ဟူသီလို့လည်း …

❗️ ယီမင်နိုင်ငံက အန်ဆာအလ္လာဟ် လှုပ်ရှားမှု သို့ ဟူသီလို့လည်း လူသိများတဲ့ လက်နက်ကိုင်အဖွဲ့ က သူတို့ဟာ ပင်လယ်နီအတွင်း ဗြိတိန်ရေနံတင်သင်္ဘော Andromeda Star ကို ဒုံးကျည်တွေနဲ့ ထိမှန်အောင် ပစ်ခတ်ခဲ့ပြီး US MQ-9 ဒရုန်းကို ပစ်ချခဲ့တယ်လို့ ဆိုပါတယ်။

NOM

1 month ago
ဆီးရီးယားဟာ BRICS အဖွဲ့ထဲ ဝင်ရောက်ဖို့အတွက် အလေးအနက်ထားစဉ်းစားနေတယ်လို့ ရုရှားနိုင်ငံဆိုင်ရာ …

ဆီးရီးယားဟာ BRICS အဖွဲ့ထဲ ဝင်ရောက်ဖို့အတွက် အလေးအနက်ထားစဉ်းစားနေတယ်လို့ ရုရှားနိုင်ငံဆိုင်ရာ ဆီးရီးယားသံအမတ်က ပြောဆိုခဲ့ပါတယ်။ BRICS မှာတော့ အဖွဲ့ဝင်နိုင်ငံတွေအ့ဖြစ် ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိကတို့ ပါဝင်ပြီး ထပ်မံပူးပေါင်းထားတဲ့ နိုင်ငံတွေကတော့ အီဂျစ်၊ အီသီယိုးပီးယား၊ အီရန်နဲ့ ယူအေအီးတို့ဖြစ်ပါတယ်။

NOM

1 month ago
ပင်တဂွန်ဟာ ချက်ဒ်နိုင်ငံက အထူးတပ်ဖွဲ့ဝင် ၇၅ ဦးကို ရုတ်သိမ်းသွားမယ်လို့ …

ပင်တဂွန်ဟာ ချက်ဒ်နိုင်ငံက အထူးတပ်ဖွဲ့ဝင် ၇၅ ဦးကို ရုတ်သိမ်းသွားမယ်လို့ ဆိုပါတယ်။ ဒါဟာ နိုင်ဂျာကနေ တပ်ဖွဲ့ဝင် ၁၀၀၀ ကို ရုတ်သိမ်းဖို့ ရည်မှန်းထားကြောင်း သတင်းတွေထွက်လာပြီးမှာ ထပ်မံထွက်ပေါ်လာခဲ့တာပါ။

အာဖရိကနိုင်ငံတွေဟာ အမေရိကန်ရဲ့ ထောက်ပံ့ပေးမှုကို ငြင်းဆန်ပြီး လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးကို ပြန်လည်စဉ်းစားဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။ မာလီ၊ ဘာကီနာဖာဆို၊ နိုင်ဂျာနဲ့ အခြားနိုင်ငံတွေက အမေရိကန်နဲ့ ဝေးကွာလာပြီး ရုရှားနဲ့ အရမ်းနီးစပ်လာတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ခွဲထွက်ရေးသမားတွေကလည်း ရုရှားအကူအညီနဲ့ အစိုးရကိုပါ အန္တရာယ်ပြုဖို့ ကြိုးပမ်းနေတယ်လို့လည်း ဝါရှင်တန်က ချဒ်နိုင်ငံကို သတိပေးထားပါတယ်။

NOM

1 month, 1 week ago
ယူကရိန်းကို သိသာထင်ရှားတဲ့ နိုင်ငံရေးအရ ပံ့ပိုးကူညီမှုတွေ လုပ်ပေးနေပေမယ့် ဘိုင်ဒင်အစိုးရအဖွဲ့အရာရှိအချို့ကတော့ …

ယူကရိန်းကို သိသာထင်ရှားတဲ့ နိုင်ငံရေးအရ ပံ့ပိုးကူညီမှုတွေ လုပ်ပေးနေပေမယ့် ဘိုင်ဒင်အစိုးရအဖွဲ့အရာရှိအချို့ကတော့ ဒေါ်လာ ၆၀ ဘီလီယံ အကူအညီပေးရေးအစီအစဉ်ဟာ ရုရှားနဲ့ဖြစ်ပွားနေတဲ့ စစ်ပွဲကို ယူကရိန်းအနိုင်ရဖို့အတွက် မသေချာဘူးလို့ သံသယဝင်နေကြပါတယ်။

အမည်မဖော်လိုတဲ့ ကန်အရာရှိ ၃ ဦးက Politico သတင်းဌာနကို ပြောဆိုခဲ့မှုမှာတော့ ရုရှားရဲ့ စစ်ရေးအရ အသာစီးရနေမှုကြောင့် ယူကရိန်းရဲ့ နယ်မြေထိန်းသိမ်းဖို့ ကြိုးပမ်းမှုဟာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အရင်းအမြစ်နဲ့ စိတ်ဓာတ်ကို ဆုံးရှုံးစေတဲ့ မအောင်မြင်တဲ့ တန်ပြန်ထိုးစစ်တွေအပြီး ယူကရိန်းရဲ့ နည်းဗျူဟာတွေကို မေးခွန်းထုတ်မှုတွေလည်း ရှိလာတယ်လို့ ဆိုပါတယ်။

NOM

3 months, 1 week ago
အမေရိကန်က ထိုင်ဝမ်ကို ဒေါ်လာ ၇၅ သန်းတန်ဖိုးရှိတဲ့ လက်နက်တွေ …

အမေရိကန်က ထိုင်ဝမ်ကို ဒေါ်လာ ၇၅ သန်းတန်ဖိုးရှိတဲ့ လက်နက်တွေ ရောင်းချမှုဟာ တရုတ်ရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးအကျိုးစီးပွားကို ထိခိုက်စေတဲ့လုပ်ရပ်လို့ဆိုကာ တရုတ်က ကြာသပတေးနေ့မှာ ကန့်ကွက်လိုက်ပါတယ်။ ဒီလုပ်ရပ်ဟာ ၁၉၈၂ ကြေညာချက်ကိုလည်း ပြင်းပြင်းထန်ထန်ချိုးဖောက်တာလို့ တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ထိုင်ဝမ်ရေလက်ကြားတလျှောက်နဲ့ တရုတ်-အမေရိကန်ဆက်ဆံရေးနဲ့ ငြိမ်းချမ်းရေးကိုပါ ထိခိုက်စေနိုင်တယ်လို့ သူမက ထပ်လောင်းပြောဆိုခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ထိုင်ဝမ်ကို အဆင့်မြင့်နည်းဗျူဟာ ဒေတာချိတ်ဆက်မှုစနစ် အဆင့်မြှင့်တင်မှုအစီအစဉ်ကို ရောင်းချမယ့် အလားအလာကိုလည်း အတည်ပြုခဲ့တယ်လို့ သိရပါတယ်။

NOM

3 months, 1 week ago

Navy SEAL နှစ်ဦး သေဆုံးခဲ့ရတဲ့ ပြီးခဲ့တဲ့လက အာရေဗျပင်လယ်အတွင်း အီရန်လုပ်လက်နက်တွေ သယ်ဆောင်လာတဲ့ သင်္ဘောတစီးကို ဟန့်တားခဲ့တဲ့ စစ်ဆင်ရေးမှာ နိုင်ငံခြားသား ၄ ဦးကို အမေရိကန်က တရားစွဲဆိုလိုက်ပါတယ်။ မကြာသေးခင်က ပင်လယ်နီအတွင်း သင်္ဘောတွေကို ဟူသီတွေက တိုက်ခိုက်ရာမှာ အသုံးပြုခဲ့တဲ့ ဒုံးကျည်တွေရဲ့ အစိတ်အပိုင်းကို သယ်ဆောင်လာတဲ့ သင်္ဘောလို့လည်း ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားချက်မှာ ဖော်ပြထားပါတယ်။ Navy SEAL တဦးကတော့ တိုက်ခိုက်ရေးရေယာဉ်ပေါ်ကနေ ဖမ်းဆီးတဲ့ သင်္ဘောပေါ်ကို ခုန်ချိန်မှာ ပြုတ်ကျခဲ့တာဖြစ်ပြီး နောက်တဦးကတော့ သူ့ကို ကယ်တင်ဖို့ကြိုးစားရင်း သေဆုံးခဲ့တာဖြစ်ပါတယ်။

NOM

3 months, 1 week ago
ပင်လယ်နီ၊ အေဒင်ပင်လယ်ကွေ့နဲ့ အာရေဗျပင်လယ်အတွင်းမှာ အစ္စရေးပိုင်သင်္ဘောတွေ ဒါမှမဟုတ် အစ္စရေးအလံလွှင့်ထူထားတဲ့ …

ပင်လယ်နီ၊ အေဒင်ပင်လယ်ကွေ့နဲ့ အာရေဗျပင်လယ်အတွင်းမှာ အစ္စရေးပိုင်သင်္ဘောတွေ ဒါမှမဟုတ် အစ္စရေးအလံလွှင့်ထူထားတဲ့ သင်္ဘောတွေကို ဖြတ်သန်းသွားလာခွင့်မပြုဘဲ ပိတ်ပင်တားဆီးထားတယ်လို့ ဟူသီတွေက ကြေညာလိုက်ပါတယ်။ ဒ့ါအပြင် အမေရိကန်၊ ဗြိတိန်တို့က တဦးချင်းပိုင် ဒါမှမဟုတ် အဖွဲ့အစည်းပိုင် သင်္ဘောတွေကို ပိတ်ပင်တားဆီးတဲ့ တားမြစ်ချက်ကိုလည်း သက်တမ်းတိုးလိုက်တယ်လို့ ပြောဆိုခဲ့ပါတယ်။

NOM

5 months, 2 weeks ago

ရုရှားစစ်တပ်ဟာ ကမ္ဘာပေါ်မှာ ပြင်ဆင်မှုအရှိဆုံးနဲ့ တိုက်ခိုက်ဖို့အတွက် အသင့်ဖြစ်နေမှုအရှိဆုံးစစ်တပ်ဖြစ်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရှိုဂူက ပြောဆိုခဲ့ပါတယ်။

NOM

We recommend to visit

The official Telegram on Telegram. Much recursion. Very Telegram. Wow.

Last updated 1 month ago

🌐 https://ipapkorn.github.io
Stay connected with the latest iPapkorn Bots and News 🗞️

Bots: https://t.me/iPapkornBots/2

Last updated 5 months ago

Breaking News | Observing world events unfold in the grand theater of our time.

Last updated 1 month ago