Why Pay for Entertainment? Access Thousands of Free Downloads Now!

𝗖𝗮𝗿𝘁𝗼𝗼𝗻 𝗠𝗼𝘃𝗶𝗲 𝗠𝗮𝗶𝗻

Description
Advertising
We recommend to visit

ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot

@vip_admin_3

Last updated 1 week, 3 days ago

6 days, 11 hours ago
**𝙳𝚒𝚊𝚛𝚢 𝚘𝚏 𝚊 𝚆𝚒𝚖𝚙𝚢 𝙺𝚒𝚍 𝙲𝚑𝚛𝚒𝚜𝚝𝚖𝚊𝚜: …

**𝙳𝚒𝚊𝚛𝚢 𝚘𝚏 𝚊 𝚆𝚒𝚖𝚙𝚢 𝙺𝚒𝚍 𝙲𝚑𝚛𝚒𝚜𝚝𝚖𝚊𝚜: 𝙲𝚊𝚋𝚒𝚗 𝙵𝚎𝚟𝚎𝚛 (2023)

ဟာသကာတွန်းကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။

Christmas ရဲ့ထုံးစံအတိုင်း Santaဟာ လိမ္မာတဲ့ကလေးတွေကို လက်ဆောင်တွေအများကြီးပေးတယ်လို့ မိဘတွေကပြောကြပါတယ်။

ဒီတော့ ကလေးတွေမှာ ကိုယ်လိုချင်တဲ့
လက်ဆောင်ရဖို့အရေး Christmas ရောက်ဖို့ တစ်လလုံး လိမ္မာပြရပါတယ်။

Santaကြားသွားရင် လက်ဆောင်မပေးတော့မှာဆိုးလို့ ယောင်လို့တောင် စကားအမှားမထွက်ရဲကြပါဘူး။

ဒီကလေးတွေထဲကမှ Gregဆိုတဲ့ကောင်လေးဟာ ဂိမ်းစက်အသစ်လိုချင်နေပါတယ်။

လိမ္မာမှလိုချင်တာရမယ်ဆိုပေမဲ့ Christmasမရောက်ခင်တစ်ပတ်လောက်အလိုမှာ သူ့သူငယ်ချင်းနဲ့အတူ အပြစ်ကြီးကြီးမားမားတစ်ခုလုပ်မိသွားပါတယ်။

ဒီအချိန်မှာ ဂိမ်းစက်ကိုလည်းဂရုမစိုက်နိုင်တော့ဘဲ ‌ဒီကိစ္စကိုဘယ်သူမှမသိဖို့အရေး လူတကာပျော်နေချိန်မှာ အပူအပင်တွေနဲ့လုံးပမ်းနေရပါတယ်။

Greg တို့သူငယ်ချင်း၂ယောက် ဘယ်လိုဆက်ဖြစ်မလဲဆိုတာ ဆက်ကြည့်လိုက်ပါဦးနော်။*📺 ချန်နယ် Joinရန် Link**📌t.me/addlist/fBlSm31hniQ1YjNl🩸*ကားကြည့်ရန် *🩸*ink *📌***

https://t.me/cartoon_mv2/1881

1 week ago
**Weathering With You (2019)

**Weathering With You (2019)

( 天気の子 )

“နေရောင်ခြည်ကို မမြင်ရတော့ရော ဘာဖြစ်လဲ?? ကောင်းကင်ပြာကြီးထက်
နင့်ကို ပိုပြီး လိုချင်တယ်”
~Morishima Hodaka

ဒါက ၁၆ နှစ်သားကောင်လေးတစ်ယောက်ရဲ့ မိုက်ရူးရဲစကားတစ်ခွန်း…

ဒီစကားတစ်ခွန်းကပဲ ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲပစ်လိုက်တယ်ဆိုရင် သင် ယုံနိုင်မလား…??

ဟုတ်ပါတယ် ဟိုဒါကာ ဆိုတဲ့ကောင်လေးကတော့ တကယ်ကို အဲ့ဒီစကားနဲ့အညီ လုပ်ချသွားခဲ့ပါတယ်

ကိုယ်ချစ်ရသူနဲ့ ကမ္ဘာကြီးတစ်ခုလုံးကို ဘယ်ဟာကိုရွေးမလဲ ဆိုရင် မိုက်ရူးရဲဆန်ဆန်နဲ့ပဲ ကိုယ့်ရဲ့ချစ်သူကို ရွေးကြမှာပါ

ကျွန်တော်တို့လည်း အဲ့ဒီ ၁၆ နှစ်သားကောင်လေးလို မိုက်ရူးရဲဆန်ခဲ့ဖူးကြတယ်မလား?

ဒီဇာတ်ကားလေးကို ကြည့်ပြီး အဲ့ဒီခံစားချက်လေးကို ပြန်အသက်သွင်းလိုက်ကြရအောင်…

အရင်ဆုံးပြောချင်တာက ဒီကားကို အားလုံးလိုလိုကြည့်ပြီးလောက်ကြပါပြီ

မိုးစက်မှုံလေးတွေကအစ နေ‌ရောင်ခြည်အဆုံး ကာလာစုံလွန်းလို့ပါ ဖြစ်နိုင်ရင် တီဗွီနဲ့သာကြည့်ပါ။

ဆိုတော့ ဇတ်လမ်းကိုတော့ အားလုံးအလွတ်နီးပါးရနေကြလောက်ပါပြီ။

ဒါပေမယ့် မကြည့်ရသေးတဲ့သူတွေအတွက် နည်းနည်းလောက် ညွှန်းပေးပါရစေ။*🎬* ချန်နယ် Joinရန် Link*📌*t.me/addlist/fBlSm31hniQ1YjNl🩸*ကားကြည့်ရန်* 🩸*ink* 📌**
https://t.me/cartoon_mv2/1879

1 week, 3 days ago
**Gudetama: An Eggcellent Adventure (2022)

**Gudetama: An Eggcellent Adventure (2022)

တစ်ပိုင်းဆယ်မိနစ်ကျော်လောက်နဲ့ ဆယ်ပိုင်းပါတဲ့ နက်ဖလစ်ရဲ့ ဒီဂျပန်ဟာသစီးရီးတိုလေးကိုတော်တော်များများလည်း trailerကြည့်ပြီးလောက်ပါပြီ။

ချစ်ဖို့ကောင်းတဲ့ ရှခိပိယောလို့ခေါ်တဲ့ ကြက်ပေါက်လေးနဲ့ စွပျင်းကြက်ဥ ဂုဒဲတမတို့ရဲ့ ချစ်စရာကောင်းတဲ့ အမေရှာပုံတော်ခရီးကို အကြောင်းကို တစ်ပိုင်းတစ်ပိုင်းစီမှာ စိတ်ဝင်စားစရာ အကူဇာတ်ကောင်တွေထည့်ပြပြီး ရိုက်ကူးထားတဲ့ ချစ်ဖို့ကောင်းတဲ့ စီးရီးတိုလေးပါပဲ။

တစ်ပိုင်းကိုမှ အချိန်ဆယ်မိနစ်ပဲ ပေးရတဲ့အပြင် ချစ်ဖို့လည်းတော်တော်ကောင်းတာမို့ အသက်အရွယ်မရွေး သဘောကျလောက်မယ့် ဇာတ်ကောင်လေးတွေအကြောင်းဆိုလည်း မမှားပါဘူး။

သူ့ယူနီဗာ့စ်မှာ ကြက်ပေါက်ကလေးရယ်, စကားပြောတတ်တဲ့ကြက်ဥတွေဖြစ်တဲ့ ကြက်ဥပုတ်, ကြက်ဥမာဖီးယား, ကြက်ဥပြုတ် , ကြက်ဥပေါင်း ,ဆေးကြက်ဥ, ကြက်ဥမွှေကြော် , ကြက်ဥပူတင်း , ကြက်ဥငပျင်း အစရှိသဖြင့် ကြက်ဥပေါင်းများစွာရယ် , ကြက်မကြီးတွေရယ် , ဒီစကားပြောတတ်တဲ့ ကြက်ဥတွေကိုမြင်ရတဲ့လူတွေရယ်, မမြင်ရတဲ့လူတွေရယ် ပါဝင်ပြီး ကြက်မပျောက်လို့ ကြက်ဥရှာကြတဲ့ စွန့်စားခန်းကြီးကို
စ,လယ်, ဆုံး ချစ်ဖို့ကောင်းနေအောင် ရိုက်ပြထားတဲ့ ကြက်ဥဋီကာကာတွန်းဇာတ်လမ်းပါ
🎬 ချန်နယ် Joinရန် Link*📌*t.me/addlist/fBlSm31hniQ1YjNl🩸*ကားကြည့်ရန်* 🩸*ink* 📌**

https://t.me/cartoon_mv3/66

2 weeks ago
**အချစ်ကိုမုန်းတီးတဲ့တောအုပ်ဘုရင်ကြီးနဲ့ နတ်မိမယ်လေးရဲ့အချစ် ***😳******😳***

အချစ်ကိုမုန်းတီးတဲ့တောအုပ်ဘုရင်ကြီးနဲ့ နတ်မိမယ်လေးရဲ့အချစ် 😳*😳*

Strange magic

➪➪➪➪➪➪➪➪➪➪➪➪➪➪

အမှောင်တောအုပ်ကြီးရဲ့ အရှင်သခင် Bob King ဟာအချစ်ဆိုတာကို မုန်းတီးနေပြီး အချစ်ဆေးရည်ရဲ့ အဓိက ပါဝင်ပစ္စည်းဖြစ်တဲ့ primrose ပန်းတွေအားလုံးကို ဖျက်စီးပစ်ဖို့
အမိန့်ပေးထားပါတယ်

ဒါပေမဲ့သူဟာ မိန်းမပွေတတ်တဲ့ စေ့စပ်ထားတဲ့ အမျိုးသားတစ်ယောက်ကြောင့် အသည်းကွဲနေတဲ့ Fairy Princess လေး Marianne ကိုတွေ့တဲ့အခါမှာ သူ့သဘောထားတွေပြောင်းလဲသွားခဲ့ပါတယ်

တစ်ချိန်တည်းမှာပဲ မှင်စာလေး Sunny ဟာ သူ့ကိုယ်ပိုင်ဆေးရည်အတွက် primrose ပွင့်ဖတ်တွေကို လိုက်စုဆောင်းရင်း အမှောင်တောအုပ်ဆီကို ရောက်လာခဲ့ပါတယ်

ဒီနောက်ပိုင်း ဘာတွေဆက်ဖြစ်
ကြမလဲဆိုတာတော့
စောင့်မျှော်ကြည့်ရှုကြပါဦး**

*🎬 *Main channel *📌***t.me/addlist/fBlSm31hniQ1YjNl

*🩸*ကားကြည့်ရန် *🩸*inkhttps://t.me/cartoon_mv2/1876

2 weeks ago
**အချစ်ဟောင်းရဲ့ဓားလက်ကိုပြန်ယူဖို့ကြိုးစားတဲ့သူမ ..

**အချစ်ဟောင်းရဲ့ဓားလက်ကိုပြန်ယူဖို့ကြိုးစားတဲ့သူမ ..

➪➪➪➪➪➪➪➪➪➪➪➪➪➪

Crouching Tiger, Hidden Dragon: Sword of Destiny (2016)

ဒီကားမှာတော့ ၁၈ နှစ်ကြာပြီးနောက်မှာ ရှုလျန် ပြန်လာခဲ့ပြီး လီမုပေ့ရဲ့ ကြမ္မာစိမ်းဓားကို လုမဲ့ သိုင်းဂိုဏ်းကြီးကို ခုခံတဲ့အကြောင်းကို တွေ့ရပါလိမ့်မယ်။ဒီဇာတ်ကားက အင်္ဂလိပ်ဘာသာကနေ ပြန်ထားတာဖြစ်တဲ့အတွက် တရုတ်ကားလေသံအပြည့် ဘာသာမပြန်ပေးနိုင်တာတော့ စိတ်မကောင်းပါဘူး ဒါပေမယ့် အတက်နိုင်ဆုံးတော့ တရုတ်သိုင်းကား အသုံးလေးတွေနဲ့ ပြန်ပေးထားပါတယ်။IMDb ကတော့ ၆.၅ ပဲ ရပါသေးတယ်။ ဇာတ်လမ်းကတော့ ရိုးရှင်းပါတယ်။ ဒါပေမယ့် ရှုလျန်ရဲ့ Happy Ending လေးကို ပြန်မြင်ရတာနဲ့ပဲ ငယ်ငယ်က ဝမ်းနည်းခဲ့ရတာလေးတွေ ပြန်ပြေသွားပါလိမ့်မယ်ဗျာ။ မင်းသားကလဲ မြင်တဲ့အတိုင်းပဲဆိုတာ သောက်ကျိုးနည်း သိုင်းချ ပြပါလိမ့်မယ်။ အဲဒီတော့ အားပေးကြပါဦး ကြည့်ပြီးရင် လာဆွေးနွေးကြပါ။
🎬 Main channel 📌**t.me/addlist/fBlSm31hniQ1YjNl

*🩸*ကားကြည့်ရန် *🩸*inkhttps://t.me/chi_koe/1822

2 weeks ago
**𝑇ℎ𝑒 𝐿𝑖𝑜𝑛 𝐾𝑖𝑛𝑔 (2019)

**𝑇ℎ𝑒 𝐿𝑖𝑜𝑛 𝐾𝑖𝑛𝑔 (2019)

ကလေးဘဝရဲ့ အကောင်းဆုံး ကာတွန်းရုပ်ရှင်တွေထဲက တစ်ခုကို Live action ပြန်လည်ရိုက်ကူးထားတာပါပဲ။

၉၀ဖွား အများစုကတော့ Lion King ကို အတော်ရင်းနှီးနေကြမှာပါ။

ဇာတ်လမ်းအကျဉ်းကတော့ ပြောစရာတောင် လိုမယ်မထင်ပါဘူး။

ဒီကားမှာလဲ သီချင်းတွေ၊ နာမည်ကျော်ခဲ့တဲ့ စကားစုတွေ အကုန်ပြန်ပါပါတယ်။
အမြင်သစ်နဲ့ ခံစားရမှာပါပဲ။

အသံသရုပ်ဆောင်တွေကတော့ အပြောင်းအလဲဖြစ်လာခဲ့ပါပြီ။

ဥပမာ နာလာ နေရာမှာ ဘီယွန်စေး၊ ဇာဇူးရဲ့ မစ္စတာဘင်း အသံနေရာမှာ ဂျွန်အိုလီဗာ စသည်ဖြင့်ပါ။

ဒါပေမယ့် မူဖာဆာရဲ့ အသံပိုင်ရှင်ကတော့ မပြောင်းလဲခဲ့ပါဘူး။
ဂျိမ်းစ် အားလ် ဂျုန်း ပါပဲ။

အမှတ်တရလေးတွေ ပြန်ကြည့်ဖို့ရယ် ကလေးတွေကို မိတ်ဆက်ပေးဖို့ရယ် တင်ပေးထားလိုက်ပါတယ်။
🎬 Main channel 📌**t.me/addlist/fBlSm31hniQ1YjNl

*🩸*ကားကြည့်ရန် *🩸*inkhttps://t.me/Kingkong_Movie0/334

3 weeks ago
𝗖𝗮𝗿𝘁𝗼𝗼𝗻 𝗠𝗼𝘃𝗶𝗲 𝗠𝗮𝗶𝗻
3 weeks ago
𝗖𝗮𝗿𝘁𝗼𝗼𝗻 𝗠𝗼𝘃𝗶𝗲 𝗠𝗮𝗶𝗻
3 weeks ago
𝗖𝗮𝗿𝘁𝗼𝗼𝗻 𝗠𝗼𝘃𝗶𝗲 𝗠𝗮𝗶𝗻
4 weeks, 1 day ago
𝗖𝗮𝗿𝘁𝗼𝗼𝗻 𝗠𝗼𝘃𝗶𝗲 𝗠𝗮𝗶𝗻
We recommend to visit

ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot

@vip_admin_3

Last updated 1 week, 3 days ago