ရခိုင်နေ့စဉ်

Description
Advertising
We recommend to visit

ဤချန်နယ်တွင်ကြော်ငြာများထည့်သွင်းလိုပါကAdmin acc ကို ဆကိသွယ်ပါ
@vip_admin_3

Last updated 11 hours ago

ကြော်ငြာထည့်သွင်းရန် @sithuaung2006

Last updated 4 days, 19 hours ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 1 year, 3 months ago

2 months ago
ဂွမြို့နယ်၌မြန်မာ့နှစ်ဆန်းတစ်ရက်နေ့အသက်(၈၅) နှစ်နှင့် အထက်သက်ကြီး ဘိုး/ ဘွား(၇၃)ဦးအား ပူဇော်ကန်တော့ပွဲကျင်းပ

ဂွမြို့နယ်၌မြန်မာ့နှစ်ဆန်းတစ်ရက်နေ့အသက်(၈၅) နှစ်နှင့် အထက်သက်ကြီး ဘိုး/ ဘွား(၇၃)ဦးအား ပူဇော်ကန်တော့ပွဲကျင်းပ

ဧပြီ ၁၈၊ ရခိုင်နေ့စဉ်

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ၁၃၈၆ ခုနှစ် မြန်မာ့နှစ်ဆန်းတစ်ရက်နေ့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဇာနည်ကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များကကြီးမှူး၍ မြို့နယ်ဌာနဆိုင်ရာများက မြို့ပေါ်(၃)ရပ်ကွက်ရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၇၃)ဦးအား ပူဇော်ပွဲကန်တော့ပွဲ ကို ယမန်နေ့ညနေပိုင်းတွင် သိမ်ကုန်းစေတီတော်ဝန်းအတွင်းရှိ သာသနာ့ဗိမ္မာန်အတွင်း ကျင်းပပြုလုပ် ခဲ့သည်။

ပူဇော်ကန်တော့ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူဇော်ကန်တော့ပွဲသို့ တက်ရောက်လာသည့် အသက်(၈၅) နှစ်နှင့်အထက် ဘိုး/ဘွား(၂၃)ဦးကို လှူဒါန်း ဖွယ်ဝတ္ထုအစုစုနှင့် အလှူငွေများအား ပူဇော်ကန်တော့ခဲ့ကြပြီး ပူဇော်ကန်တော့ပွဲ မတက်ရောက်နိုင် သည့် အဘိုး၊ အဘွားများအား အိမ်တိုင်ရာရောက်သွားရောက်ပူဇော်ကန်တော့ခဲ့ကြောင်း သိရသည်။
#ရခိုင်နေ့စဉ်

2 months ago
**အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသည့် အကျဉ်းသား/အကျဉ်းသူ ၃၃၀၃ ဦးတို့ကို မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် …

အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသည့် အကျဉ်းသား/အကျဉ်းသူ ၃၃၀၃ ဦးတို့ကို မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု

ဧပြီ ၁၇၊ #ရခိုင်နေ့စဉ်

2 months ago
ရခိုင်နေ့စဉ်
4 months ago
[#BreakingNews](?q=%23BreakingNews)

#BreakingNews
ဒေသခံပြည်သူလူထုသို့ အသိပေးအကြောင်းကြားခြင်း
=======================
ဖေဖော်ဝါရီ ၁၇၊ #ရခိုင်နေ့စဉ်

4 months, 1 week ago
4 months, 1 week ago
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ် ၊ ဖေဖော်ဝါရီလ …

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်အာဏာတည်ကြောင်း သတ်မှတ်သည့်အမိန့်ကြော်ငြာစာကို ယမန်နေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်

ဖေဖော်ဝါရီ ၁၁ ၊ #ရခိုင်နေ့စဥ်

5 months, 4 weeks ago

မောင်တောမြို့နယ်ရှိ ဒိုင်းမွန်းရွှေဆိုင်ပိုင်ရှင်၏ နေအိမ်တွင် ရွှေထည်ပစ္စည်းများ ဓားမြတိုက်ခံရ

ဒီဇင်ဘာ ၂၂၊ ရခိုင်နေ့စဉ်

မောင်တောမြို့နယ်၊ မြို့မအရှေ့ရပ်ကွက်၊ ဦးဥတ္တမလမ်း၌နေထိုင်သည့် ဒိုင်းမွန်းရွှေဆိုင်ပိုင်ရှင်၏ အဏ္ဏဝါဆာဒက်၊ အသက်(၃၅)နှစ်၏ နေအိမ်သို့ ယမန်နေ့ နေ့လယ် ၁၁ နာရီခွဲခန့်တွင် ဦးထုပ်အဝိုင်းများဆောင်း၍ Mask များ တပ်ဆင်ထားသော အမည်မသိလူ ၆ ဦး ဝင်ရောက်လာပြီး နေအိမ်ရှိ ရွှေထည်ပစ္စည်းများကို ဓားမြတိုက်ယူဆောင်သွားသည်ဟု သိရှိရသည်။

အဆိုပါ အမည်မသိလူ ၆ ဦးမှာ ရခိုင်စကားများပြောဆိုပြီး ထမင်းချက်နေသည့် အဏ္ဏဝါဆာဒက်၏ ဇနီးဖြစ်သူ မဆော်လေမာ၊ အသက်(၂၄)နှစ်အား ဖမ်းဆီးချုပ်နှောင်၍ ပါးစပ်အား ကြွပ်ကြွပ်အိတ်နှင့် တိတ်တို့အသုံးပြုကာ ပိတ်ဆို့ထားပြီးနောက် နေအိမ်အပေါ်ထပ်အိပ်ခန်းအတွင်း သံသေတ္တာဖြင့်ထည့်ထားသော ကာလတန်ဖိုးသိန်း ၁၆,၅၀၀ ခန့်ရှိ ရွှေထည်ပစ္စည်း ၅ ပိဿာခန့်အား လုယက်ယူဆောင်သွားခြင်းဖြစ်သည်။

၎င်းဓားမြတိုက်ခံရမှုနှင့်ပတ်သက်၍ မောင်တောမြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ထားပြီး အခင်းဖြစ်ရပ်စစ်ဆေးခြင်း၊ တရားခံဖမ်းဆီးရမိရေး စုံစမ်းခြင်း၊ ပိတ်ဆို့ရှာဖွေခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#ရခိုင်နေ့စဉ်
ရခိုင်နေ့စဉ်၏ သတင်းများကို Facebook Page » https://www.facebook.com/profile.php?id=61554859379805 တွင်လည်း ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Facebook

Rakhine Daily News

Rakhine Daily News. 16 likes · 38 talking about this. ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားလျက်ရှိသည့် သတင်းမှန်များကိုသာဖော်ပြပေးသွားပါမည်

မောင်တောမြို့နယ်ရှိ ဒိုင်းမွန်းရွှေဆိုင်ပိုင်ရှင်၏ နေအိမ်တွင် ရွှေထည်ပစ္စည်းများ ဓားမြတိုက်ခံရ
6 months ago
ရခိုင်နေ့စဉ်
6 months ago
ရခိုင်နေ့စဉ်
6 months ago
ရခိုင်နေ့စဉ်
We recommend to visit

ဤချန်နယ်တွင်ကြော်ငြာများထည့်သွင်းလိုပါကAdmin acc ကို ဆကိသွယ်ပါ
@vip_admin_3

Last updated 11 hours ago

ကြော်ငြာထည့်သွင်းရန် @sithuaung2006

Last updated 4 days, 19 hours ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 1 year, 3 months ago