^⁠_⁠^Newsbest^⁠_⁠^

Description
Date-(9/11/23)

📖ဘဝမှာတိုးတက်ချင်ရင်စာဖတ်ပါ📖


Life Knowledge And Song
Channel လေးက အကျိုးရှိတယ်ဆိုရင် join ပေးလို့ရပါတယ်ရှင့်🌻💞
Advertising
We recommend to visit

မိတ်​ဆွေတို့ရဲ့ လုပ်ငန်း​ကြေငြာများ

ထည့်သွင်းလိုပါက @Contact_Summer_Bot ကိုဆက်သွယ်​ပေးပါ။

Last updated 2 months, 3 weeks ago

မနက်ဖြန်တိုင်းမှာ kdramaနဲ့ အသက်ဆက်မဲ့သူတွေအတွက် ဝမ်းမြောက်စွာကြိုဆိုပါတယ်ရှင့်

Last updated 2 years ago

1 week, 1 day ago

လောကမှာ အသစ်က ပြန်စချင်တဲ့သူအတွက်
နောက်ကျတယ်ဆိုတာ ဘယ်တော့မှ မရှိဘူး
ပြန်စချင်တဲ့စိတ် ရှိဖို့ပဲ လိုတာပါ။

ကမ္ဘာကြီးကို ပြောင်းလဲချင်လို့ မရသလို
ကိုယ့်စိတ်ချမ်းသာမှုအတွက် သူများတွေကို
ပြောင်းလဲချင်လို့လည်း မရနိုင်ဘူး။

ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲမှပဲ ရမယ်။

- ငွေတီဦး
အမုန်းနှင့်လမ်းခွဲခြင်း

#credit_to_original_writer
#phoo

1 week, 2 days ago
1 week, 2 days ago

**ဘဝမှာ ပျော်စရာထက်
ကြေကွဲဝမ်းနည်းစရာက
ပိုများပါတယ်။

လူတွေကလည်း ပျော်တာထက်
ဝမ်းနည်းစရာတွေကိုပိုပြီး
မှတ်မိနေတတ်ကြတယ်လေ။

ကျွန်တော်တို့ မေ့နေတာက
ဘဝမှာ ပျော်ရွှင်မှုထက်
ဘာကမှအရေးမကြီးဘူးဆိုတာပါပဲ။

ဒါပေမဲ့ ထိုက်သင့်တဲ့ အောင်မြင်မှု၊
ချမ်းသာကြွယ်ဝမှု ၊
အဆင်ပြေမှုတွေရှိမနေဘဲ
ပျော်ရွှင်ဖို့ဆိုတာကလည်း မဖြစ်နိုင်ပါဘူး။

အဆင်ပြေမှုတွေရှိမှပဲ
လူဆိုတာ ပျော်နိုင်တာ။
ပျော်ရွှင်မှုအတွက် အောင်မြင်မှူတွေ၊
ချမ်းသာမှုတွေကလိုအပ်တာပါ။

အောင်မြင်မှု၊ချမ်းသာမှုဆိုတာ
အဆုံးမရှိပါဘူး
ဒီလို အဆုံးမရှိတဲ့အရာတွေနောက်ကို
လိုက်ရင်း ပျော်ရွှင်မှုကို
မေ့မကျန်ခဲ့ဖို့တော့ လိုပါတယ်။

*နှစ်သိမ့်ခြင်းအိမ်

- Nayvel***

#credit_to_original_writer
#phoo

2 weeks ago

Song Name - Lonely 🫶***

0:00 ——————————– 3:55
« || »
♪♪♪♪♪♪♪♪♪♪♪♪♪♪♪♪♪♪♪♪♪♪♪♪♪***

#phoo
#song
#music

2 weeks, 1 day ago

တစ်ယောက်တည်းနေရတာကြိုက်သူတွေကို
Autophile လို့ခေါ်ပါတယ်

သူငယ်ချင်း၊ မိသားစုတွေနဲ့ အချိန်ပေးတတ်ပေမယ့်
သီချင်းလေးနားထောင်ရင်း
လွတ်လွတ်လပ်လပ် နေရတာ ပိုကြိုက်ကြတယ်

အပြင်လူတွေဘက်ကကြည့်ရင်
သူ အထီးကျန်နေလား
သူတစ်ယောက်တည်းမလား
ပြောကြ၊တွေးကြပေမယ့် Autophile တွေက
တကယ်ပျော်တတ်သူတွေပါ

အပြင်ထွက်ရတာမကြိုက်တာမဟုတ်ဖူး
လူရှုပ်တာသဘောမကျတာပါ

တစ်ယောက်တည်းလျှောက်သွားမယ်
စားချင်တဲ့မုန့်တွေ စားမယ်
တစ်နေရာကို ငေးရင် ငေးနေမယ်..
ကောင်းကင်ပြာကို ရင်ဖွင့်ချင် ရင်ဖွင့်နေကြတာ
ကိုယ်တိုင်ဖန်တီးရတဲ့ပျော်ရွှင်မှုမလို့
ဘယ်သူမှလုယူမှာ မကြောက်ရဘူးပေါ့

စကားလေးတစ်ခွန်းရှိတယ်..

I am alone but not lonely.
တစ်ယောက်တည်းပါ ဒါပေမယ့် အထီးမကျန်ပါဘူး

#crd_to_owner_with_respect
#Yuko

2 weeks, 1 day ago

အသက်တွေကြီးလာရင်
ပျော်စရာတွေ
နည်းလာတတ်တယ် တဲ့ ...

ဒါပေမယ့်
အသက်တွေ ကြီးမသွားခင်တောင်
တဖြေးဖြေးချင်း
ရင့်ရော်လာတဲ့ စိတ်တွေနဲ့
နိုးနေတဲ့ မနက်ခင်းတွေမှာ

အနည်းဆုံးတော့
ပျော်စရာလေးတစ်ခု ရှိစေချင်တယ်
ရီစရာလေးတစ်ခုနဲ့
ကြုံစေချင်တယ်
ပြုံးစရာ အမှတ်တရမျိုးလေး
ရှိစေချင်တယ် ။

#Yuko

4 months, 2 weeks ago
^⁠_⁠^Newsbest^⁠_⁠^
4 months, 2 weeks ago

**ရင့်ကျက်ခြင်းက
ဘဝအခက်အခဲကို ရင်ဆိုင်ရတဲ့အပေါ်မှာ
မူတည်တယ်။

လူပီသခြင်းက
ကိုယ်ချင်းစာတရား ရှိခြင်း မရှိခြင်းအပေါ်မှာ
မူတည်ပါတယ်။

နန်းသန်းသန်းဌေး(ဘဝစာပေ)**
#crd_to_owner
#phoo

4 months, 2 weeks ago

**စိတ်ကို ဖြူစင်အောင် ထားပါ။

စိတ်ထားလှတဲ့သူဟာ
ဘယ်နေရာ ရောက်ရောက်

ဒုက္ခ မရောက်ဘူး။

နန်းသန်းသန်းဌေး(ဘဝစာပေ)**
#crd_to_owner
#phoo

4 months, 3 weeks ago

ခရီးရောက်ချင်ရင်
ရပ်မနေဖို့ပဲ အရေးကြီးတယ်။
နှေးတာက အရေးမကြီးလှဘူး။

#ဆရာတော်ဦးဇောတိက
#crd_to_owner
#phoo

We recommend to visit

မိတ်​ဆွေတို့ရဲ့ လုပ်ငန်း​ကြေငြာများ

ထည့်သွင်းလိုပါက @Contact_Summer_Bot ကိုဆက်သွယ်​ပေးပါ။

Last updated 2 months, 3 weeks ago

မနက်ဖြန်တိုင်းမှာ kdramaနဲ့ အသက်ဆက်မဲ့သူတွေအတွက် ဝမ်းမြောက်စွာကြိုဆိုပါတယ်ရှင့်

Last updated 2 years ago