Why Pay for Entertainment? Access Thousands of Free Downloads Now!

We Love U Khin Yi(Our Leader)

2 weeks, 4 days ago
We Love U Khin Yi(Our Leader)
2 weeks, 4 days ago
We Love U Khin Yi(Our Leader)
2 weeks, 4 days ago
We Love U Khin Yi(Our Leader)
2 months, 3 weeks ago
We Love U Khin Yi(Our Leader)
2 months, 3 weeks ago
We Love U Khin Yi(Our Leader)
2 months, 3 weeks ago
We Love U Khin Yi(Our Leader)
3 months ago

မနေ့က (၂၀၂၄ မတ် ၁၈) မနက်ပိုင်းမှာ ပါတီဌာနချုပ် ညီလာခံ ခန်းမကြီးမှာ စည်းရုံးရေးနှင့်ခေါင်းဆောင်မှုသင်တန်း၊ အမှတ်စဉ်(၁) ကို စတင်ဖွင့်လှစ်နိုင်ပါတယ်။
ဒီသင်တန်းမှာ အစိမ်းရောင်စီမံချက်အရ ပါတီကို ယုံကြည်မှုနဲ့ ဝင်ရောက်လာကြတဲ့ ပါတီဝင်သစ်တွေ နဲ့ အစိမ်းရောင်စီမံချက်ကို ဦးဆောင်ခဲ့ကြတဲ့ ပါတီဝင်ဟောင်း လူငယ်ခေါင်းဆောင်တွေ အပါအဝင် သင်တန်းသား(၁၂၀)ရှိပါတယ်။
သင်တန်းသားတွေထဲမှာ မူလတန်း၊ အလယ်တန်းအဆင့် ကစပြီး မဟာဘွဲ့ရပြီးသူတွေအထိ ပါဝင်ပါတယ်။ တိုင်းရင်းသားလူမျိုး ပေါင်းစုံ၊ ဒေသပေါင်းစုံက ပါဝင်ပါတယ်။ သွင်ပြင်လက္ခဏာ မတူကွဲပြားကြပေမဲ့ ယုံကြည်မှုလင်းရောင်ခြည်တွေ တောက်ပနေတဲ့ မျက်ဝန်းတွေနဲ့ ငယ်ရွယ်ခြင်း၊ နုပျိုခြင်း၊ တက်ကြွခြင်း၊ လန်းဆန်းခြင်း တွေကတော့ တူညီကြပါတယ်။
ဒီသင်တန်းကို ရက်သတ္တ(၂)ပတ်ကြာ ဖွင့်လှစ်မှာဖြစ်ပြီး ပါတီ အကြီးအကဲတွေ နဲ့ ပြင်ပပုဂ္ဂိုလ်တွေပါ လာရောက်ပို့ချမှာဖြစ်ကာ လက်တွေ့စည်းရုံးဟောပြောခြင်း သင်ခန်းစာတွေကိုပါ ထည့်သွင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီသင်တန်းကာလအတွင်းမှာပဲ ပို့ချခြင်း၊ စိစစ်ခြင်း၊ အကဲဖြတ်ခြင်း စတဲ့ လုပ်ငန်းစဉ်အားလုံးကို ထူးထူးခြားခြား ဆောင်ရွက်ရင်း ကျွန်တော်တို့ ပါတီအနာဂတ်အတွက် လူငယ် ပါတီကေဒါများ မွေးထုတ်နိုင်ရေး နိုင်ငံရေးခြေလှမ်းများရဲ့ အစလို့ ဆိုရကြောင်းပါခင်ဗျား။
“ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးအဓွန်ရှည်တည်တံ့ခိုင်မြဲပါစေ။

စာပြီးချိန်
၂၀၂၄ မတ် ၁၉ ၂၀၅၀

3 months ago
We Love U Khin Yi(Our Leader)
3 months ago
We Love U Khin Yi(Our Leader)
3 months ago

(​၂၀)ကြိမ်မြောက် ပါတီတွင်းဆွေးနွေးပွဲ ပြည်ခိုင်ဖြိုးပါတီပြုလုပ်

မတ် ၁၃၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ပါတီတွင်းဆွေးနွေးပွဲများကို အပတ်စဥ် ဗုဒ္ဓဟူးနေ့ နံနက်တိုင်းတွင် ကျင်းပပြုလုပ်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မတ်လ (၁၃)ရက်နေ့၊ နံနက် ၀၉:၀၀ အချိန်တွင်ပြုလုပ်သော ဆွေးနွေးပွဲသည် အကြိမ် (၂၀)ပြည့်သော ဆွေးနွေးပွဲတစ်ခုဖြစ်ပါသည်။

အဆိုပါ အကြိမ် (၂၀)မြောက် ပါတီတွင်းဆွေးနွေးပွဲကို "စည်ပင်သာယာရေးဆိုင်ရာ ဆောင်ရွက်ချက်များ" ခေါင်းစဥ်ဖြင့် ဗဟိုအလုပ်အမှုဆောင် ဦးတင့်လှိုင်မြင့်နှင့် ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးရဲမြင့်ထွန်းတို့မှ ဦးဆောင်ဆွေးနွေးကာ ဆွေးနွေးချက်များနှင့် စပ်လျဥ်းပြီး တက်ရောက်လာကြသည့် ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များက မိမိတို့ လုပ်ကိုင်ဆောင်ရွက်ရာတွင် တွေ့ကြုံခဲ့ရသော အတွေ့အကြုံများ၊ ​ဖေန်သုံးသပ်ချက်များ၊ သိရှိလိုသည်များအား တင်ပြဆွေးနွေးကြပါသည်။

၎င်းနောက် ဒုတိယဥက္ကဋ္ဌများနှင့် အထွေထွေအတွင်းရေးမှူးတို့မှ ဦးဆောင်ဆွေးနွေးသူတို့၏ ဆွေးနွေးမှုများ၊ တက်ရောက်သူတို့၏ ဆွေးနွေးမှုများအပေါ် လိုအပ်သည်များဖြည့်စွက်၍ အကြံပြုဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးမှုများအပြီးတွင် ပါတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားရာ "မိမိတို့ပါတီအနေနဲ့ ယခုဆွေးနွေးမှုကဏ္ဍနဲ့ပတ်သက်ပြီး ဆောင်ရွက်သင့်သည့်ကိစ္စရပ်များ၊ ရွေးကောက်ပွဲကတိကဝတ်တွင် ထည့်သွင်း ရေးဆွဲသင့် သည့်အချက်များ၊ သောက်သုံးရေရရှိရေး၊ ရေစီးရေလာကောင်းမွန်ရေးနှင့် လိုင်စင် အခွန်ကိစ္စရပ်များ၊ သဘာဝပတ်ဝန်းကျင်၊ ကျန်းမာရေးနှင့်ဆက်စပ်နေသည့်ကိစ္စရပ်များ" အား အကျယ်တဝံ့ရှင်းလင်းပြောကြားခဲ့ပြီး ဆွေးနွေးပွဲကို နေ့လည် ၁၃:၁၅ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

ပါတီတွင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ ဌာနချုပ်မှူးနှင့် ဌာနမှူများ တက်ရောက်ခဲ့ပါသည်။