Infinite Entertainment, Zero Cost: Get Your Free Books, Music, and Videos Today!

PSLF/TNLA News

Description
This is PSLF/TNLA News Official Channel.
Advertising
We recommend to visit

The official Telegram on Telegram. Much recursion. Very Telegram. Wow.

Last updated 1 month ago

🌐 https://ipapkorn.github.io
Stay connected with the latest iPapkorn Bots and News 🗞️

Bots: https://t.me/iPapkornBots/2

Last updated 5 months ago

Breaking News | Observing world events unfold in the grand theater of our time.

Last updated 1 month ago

5 days, 9 hours ago
PSLF/TNLA News
5 days, 9 hours ago
PSLF/TNLA News
5 days, 9 hours ago

ကွတ်ခိုင်မြို့တွင် အထွေထွေအတွင်းရေးမှူ ဗိုလ်ချုပ်တားဘုန်းကျော်နှင့် ဌာနဆိုင်ရာများ အစည်းဝေးပြုလုပ်

ကွတ်ခိုင်၊ မေ ၂၇ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၅)စစ်ဒေသ၊ ကွတ်ခိုင်မြို့တွင် ယမန်နေ့ မေလ ၂၆ ရက်နေ့ နေ့လည် (၁း၀၀)အချိန် ကွတ်ခိုင်မြို့နယ်ရှိ အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ တပ်မဟာ (၅)မှ တာဝန်ရှိသူများနှင့် ဗိုလ်ချုပ် တားဘုန်းကျော်တို့ အစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့သည်။

တအာင်းပြည်အတွင်း တာဝန်ထမ်းဆောင်နေချိန် ခက်ခဲမှု၊ ပင်းပန်းမှူ၊ လိုအပ်ချက်များ များစွာရှိနေသည့်အတွက် ကျရာနေရာတွင် ပေးအပ်ထားသည့် တာဝန်များကို ကောင်းကောင်းမွန်မွန် ထမ်းဆောင်ကြရန်နှင့် ဖြစ်ပေါ်လာသည့် ပြဿနာများကို အကောင်းဆုံးနည်းလမ်းဖြင့် အားလုံးဆွေးထွေးတိုင်ပင်ပြီး ဖြေရှင်းသွားရန်လိုအပ်ကြောင်း ဗိုလ်ချုပ်တားဘုန်းကျော်မှ မှာကြားခဲ့သည်။

ထို့နောက်သံလွင်ခရိုင်အတွင်း အုပ်ချုပ်ရေးဌာန၊ ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဌာန၊ ပညာရေးဌာန၊ မီးသတ်ဖွဲ့နှင့် အရပ်ဖက်အဖွဲ့အစည်းမှ တာဝန်ရှိသူများမှ ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ အခက်အခဲ၊ လိုအပ်ချက်၊အားနည်းချက်နှင့် ရှေ့လုပ်ငန်းစဥ်များကို တင်ပြခြင်းနှင့် လိုအပ်သည်များကို ဆွေးနွေးတင်ပြခဲ့ကြသည်။

၎င်းတို့၏တင်ပြချက်ကိုလည်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်မှ ပြန်လည်ဆွေးနွေးအကြုံပြုဆွေးနွေးခဲ့သည်။

အစည်းအဝေးတွင် ဗိုလ်ချုပ် တားဘုန်းကျော်၊ဗိုလ်မှူးကြီး တားမိုးဟိန်း၊ PSLF/TNLA သံလွင်ခရိုင်အတွင်း တာဝန်ထမ်းဆောင်နေကျသော ဌာနဆိုင်ရာအသီးသီးမှ အကြီးအကဲများနှင့် အရပ်ဖက်အဖွဲ့အစည်းတချို့ အပါအဝင် စုစုပေါင်း ၃၅ ဦးတက်ရောက်ခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

2 months, 1 week ago

တအာင်းဒေသအတွင်း လက်ဖက်လုပ်ငန်းဆိုင်ရာ အသိပေး ထုတ်ပြန်ခြင်း

၂၀၂၄ခုနှစ်၊ မတ်လ (၂၆)ရက်
တအာင်းပြည်နယ်

တအာင်းပြည်နယ်၊ နမ့်ဆန်မြို့နယ်တွင် တအာင်း(ပလောင်)လက်ဖက်အသင်းမှ ဉီးဆောင်ပြီး တအာင်းဒေသရှိ လက်ဖက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းအစည်းအဝေးအား ၂၀၂၄ခုနှစ် မတ်လ(၁၆)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် နမ့်ဆန်မြို့၊ ကျောက်မဲမြို့၊ မိုးကုတ်မြို့၊ မန်တုံမြို့နယ် လက်ဖက်အသင်း နှင့် လက်ဖက်ကုန်သည်များ စုစုပေါင်း (၆၆)ဉီး တက်ရောက်ခဲ့ပြီး တအာင်းဒေသ လက်ဖက်လုပ်ငန်းဆိုင်ရာ အခြေအနေ အရပ်ရပ်ကို သုံးသပ်ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် အောက်ပါအတိုင်း သဘောတူညီခဲ့သည်။
(၁) လက်ဖက်ရွှေဖီဉီးအား ဧပြီလကုန်အထိ လက်ဖက်ရွက်စိမ်း ၁ပိဿာ အနိမ့်ဆုံးစျေး (၂၅၀၀) ကျပ် သတ်မှတ်ခြင်း။

(၂) လက်ဖက်ခြောက် ၁ပိဿာ၏ အလေးချိန်အား ၃.၆ပေါင် ပြည့်ရမည်ဟု အလေးချိန် သတ်မှတ်ခြင်း။

(၃) လက်ဖက်စိမ်း(ရွက်စိမ်း) လက်ဖက်စို ၁ ပိဿာ၏ အလေးချိန်အား (၄)ပေါင် ပြည့်ရမည်ဟု အလေးချိန် သတ်မှတ်ခြင်း။

(၄) လက်ဖက်အားချိန်တွယ်ရာတွင် အိတ်ခွံနှင့် ရေအလျော့တွက်ခြင်း မရှိစေရ။

(၅) လက်ဖက်လုပ်ငန်းရှင်ကြီးများအနေဖြင့် အခြားလုပ်ငန်းရှင်များအား ထိခိုက်ပျက်စီးစေမည့် အပြုအမူလုပ်ရပ်များ မပြုလုပ်ရန်ဟူသည့် အချက်(၅)ချက်အား သဘောတူခဲ့ကြသည်။

ထို့အပြင် ရောင်းတန်းမဝင်သည့် လက်ဖက်များအား ကုန်သည်များနှင့် လုပ်ငန်းရှင်များအနေဖြင့် ဝယ်ယူရောင်းဝယ်ဖောက်ကားခြင်း မပြုလုပ်ရန် ချမှတ်ခဲ့ကြသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

2 months, 1 week ago
PSLF/TNLA News
2 months, 1 week ago

အမှားပြင်ဆင်ချက်

၂၀၂၄ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် PSLF/TNLA မှ နမ့်ခမ်း၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့မြို့နယ်တွင် ပြန်လည်ထူထောင်ရေးအတွက် ကျပ်သိန်းပေါင်း (၄၀၀၀) ကျော် ကူညီထောက်ပံ့သည့် သတင်းကို မိမိတို့ PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ သတင်းသည် မပြည့်စုံသည့်အတွက် မှားယွင်းစွာ ဖော်ပြမိခဲ့သည့်အတွက် ပြန်လည်ဖြုတ်သိမ်းပြီး ဌာနမှ တောင်းပန်အပ်ပါသည်။

2 months, 2 weeks ago
သတိပေး ထုတ်ပြန်ကြေညာခြင်း

သတိပေး ထုတ်ပြန်ကြေညာခြင်း

၂၀၂၄ ခုနှစ်၊ မတ်လ ၁၉ ရက်

#PSLF/TNLA
#သတင်းနှင့် ပြန်ကြားရေးဌာန

2 months, 2 weeks ago
PSLF/TNLA News
2 months, 2 weeks ago

နမ္မတူမြို့ခံ လူထုကို PSLF/TNLA ဗိုလ်ချုပ်တားဘုန်းကျော် သွားရောက်တွေ့ဆုံဆွေးနွေး

နမ္မတူ ၊ မတ်လ ၁၈ ရက်

တအာင်းပြည်နယ်၊ တပ်မဟာ(၄)စစ်ဒေသ၊ နမ္မတူမြို့က ဒေသခံလူထုတွေကို တအာင်းတပ်မတော် PSLF/TNLA၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က ယနေ့ မတ်လ (၁၈)ရက်နေ့ နံနက်ပိုင်း၌ သွားရောက်တွေ့ဆုံခဲ့သည်။

လူထုတွေ့ဆုံပွဲကို နမ္မတူမြို့ ပန်ဟိုက်ရပ်ကွက်၊ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး PSLF/TNLA၏ အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်အပြင် အုပ်ချုပ်ရေးဌာနမှ ဌာနမူး ဗိုလ်မှူးချုပ် တားဂူးဂျား၊ အုပ်ချုပ်ရေး ဒု-ဌာနမှုူး ဒု-ဗိုလ်မှူးကြီး တားအိုက်ကျော်နှင့် ဒေသတွင်း စစ်ဘက်ရေးရာမှ တာဝန်ရှိသူများနှင့် နမ္မတူမြို့နယ် အုပ်ချုပ်ရေးတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

လူထုတွေဆုံပွဲတွင် ဗိုလ်ချုပ်တားဘုန်းကျော်က ညီနောင်မဟာမိတ်(၃)ဖွဲ့ ဆင်နွဲခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအကြောင်းအရာများ ရှင်းလင်းပြောကြားခြင်း၊ PSLF/TNLA၏ ပေါ်လစီ မူဝါဒလမ်းစဥ်များ ရှင်းလင်းပြောကြားခြင်း၊ နမ္မတူမြို့နယ်အတွင်း ရှေ့ဆက် ဆောင်ရွက်သွားမည့် ပညာ‌ရေး၊ ကျန်းမာရေး လုပ်ငန်းစဥ်များ၊ ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းစဥ်များ၊ လမ်းပန်းဆက်သွယ်ရေးအခြေအနေများနှင့် ဒေသခံလူထုအတွက် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးနိုင်ရေးတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

တအာင်းတပ်မတော် PSLF/TNLA အပြည့်အဝထိန်းချုပ်ထားသည့် နမ္မတူမြို့အပါအဝင် မန်တုံနှင့် နမ့်ဆန်မြို့တို့ကို စစ်ကောင်စီတပ်က ပြီးခဲ့သည့် မတ်လ(၄)ရက်နေ့က စစ်အုပ်ချုပ်ရေးကြေညာခဲ့ရာ ဒေသခံလူထုအကြား စိုးရိမ်ထိတ်လန့်မှုအခြေအနေများ ရှိခဲ့သည်။

ထို့ကြောင့် ဗိုလ်ချုပ်တားဘုန်းကျော်မှ စစ်ကောင်စီတပ်၏ စစ်အုပ်ချုပ်ရေးအမိန့်နှင့်စပ်လျဥ်း၍ ဖြစ်နိုင်ဖွယ်ရာအခြေအနေများကို အသေးစိပ် ရှင်းလင်းပြောကြားကာ စစ်ကောင်စီတပ်၏ အရပ်သားလူထုအပေါ် ပြုကျင့်လေ့ရှိသည့် စစ်ရာဇဝတ်မှုများကို ပြည်သူများအနေဖြင့် အမြဲတစေ ဂရုပြုရန်လိုအပ်ကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။

ယင်းနောက် PSLF/TNLA၏ အုပ်ချုပ်ရေးဌာနမူး ဗိုလ်မှူးချုပ်တားဂူးဂျားက နမ္မတူမြို့နယ်အတွင်း PSLF/TNLA၏ အုပ်ချုပ်ရေးယန္တရားများနှင့် ပြန်လည်ထူထောင်ရေးအစီအစဥ်များကို ရှင်းလင်းပြောကြားခဲ့သည်။

လူထုတွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ဒေသခံ တိုင်းရင်းသား ရိုးရာယဥ်ကျေးမှုကိုယ်စားများနှင့် ဒေသခံ အရပ်သားလူထုများက နမ္မတူမြို့နယ်အတွင်း လိုအပ်လျက်ရှိသည့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ၊ လူထုအကျိုးပြုလုပ်ငန်းများ၊ ပရဟိတဆိုင်ရာလုပ်ငန်းများနှင့် သိရှိလိုသည်များကို မေးမြန်း၊ အကြံပြု ဆွေးနွေးခဲ့ရာ ဗိုလ်ချုပ်တားဘုန်းကျော်နှင့် ဗိုလ်မှူးချုပ် တားဂူးဂျားတို့မှ အသေးစိပ် ပြန်လည် ရှင်းလင်းဖြေကြား ပေးခဲ့သည်။

နမ္မတူမြို့တွင် ပြုလုပ်သည့် လူထုတွေ့ဆုံပွဲသို့ ဒေသခံ ရှမ်း၊ ကချင်၊ ချင်း၊ ကရင်၊ ဗမာ လီဆူ၊ ဂေါ်ရခါး၊ တရုတ်နှင့် တအာင်း အစရှိသည့် လူမျိုးများနှင့် ဒေသတွင်း လူမှုကူညီရေးအသင်းအဖွဲ့ များ စုစုပေါင်း လူဦးရေ(၃၀၀)ခန့် တက်ရောက်ခဲ့သည်။

#PSLF/TNLA
#သတင်းနှင့် ပြန်ကြားရေးဌာန

2 months, 2 weeks ago
PSLF/TNLA News
We recommend to visit

The official Telegram on Telegram. Much recursion. Very Telegram. Wow.

Last updated 1 month ago

🌐 https://ipapkorn.github.io
Stay connected with the latest iPapkorn Bots and News 🗞️

Bots: https://t.me/iPapkornBots/2

Last updated 5 months ago

Breaking News | Observing world events unfold in the grand theater of our time.

Last updated 1 month ago