Dive into the Ultimate Free Library: Your One-Stop Hub for Entertainment!

ᵖᵒᵉᵐˢ ᶠᵒʳ ᵗʰᵃᵗ ᵒⁿᵉ ᵖᵉʳˢᵒⁿ

Description
Advertising
We recommend to visit

Drama: Hometown Cha-Cha-Cha (English title) / Seaside Village Chachacha (literal title)
Revised romanization: Gaetmaeul Chachacha
Hangul: 갯마을 차차차
Director: Yoo Je-Won
Writer: Shin Ha-Eun
Network: tvN
Episodes: 16
Release Date: August 28 - October 1

Last updated 2 years, 7 months ago

‎محمود سرمدی

Voice Actor
Narrator
Podcast Producer

www.mahmoodsarmadi.com
instagram.com/mahmood_sarmadi
soundcloud.com/mahmood_sarmadi
castbox.fm/vc/2779115

Music: @parsehdarmeh
Story: @mahmoodsarmadi_story

1 day, 19 hours ago

အမှန်တော့လေ ချစ်တိုင်းလည်းမညားတို့ ချစ်ရက်နဲ့လမ်းခွဲရတာတို့က တကယ်မရှိဘူးသိလား တကယ်သာချစ်ပြီး တကယ်သာ ရေရှည်အတူရှိချင်ရင် တစ်သက်လုံးလမ်းခွဲရမယ့် အရာကိုမလုပ်ကြသလို အဖြစ်လည်းမခံဘူး လမ်းခွဲဖို့လမ်းကိုရွေးလိုက်တယ်ဆိုထဲက ကိုယ့်အနားမှာ အမြဲမရှိချင်လို့ ချစ်ခဲ့ကောင်းတော့ ချစ်ခဲ့လိမ့်မယ် ဒါပေမယ့် ဆက်မချစ်ချင်တော့တာ အနားမှာ အမြဲမရှိချင်တော့တာ အဲ့တာတွေကြောင့်လမ်းခွဲဖို့ရွေးချယ်လိုက်ကြတာ တကယ်တော့ရိုးရိုးရှင်းရှင်းလေး
“ချစ်ပါလျက်နဲ့ ဘယ်လိုမှအဆင်မပြေတော့လို့လမ်းခွဲလိုက်ရတာပါ တကယ်ချစ်ပါတယ်” ဆိုတာ အမှန်တော့ လူကြားကောင်းအောင် ပေးတဲ့ အကြောင်းပြချက်သာသာဘဲ တစ်ဖက်သူ အတွက်ကြားကောင်းမယ် ကိုယ့်ကိုကိုယ်အတွက်လည်းကြားကောင်းအောင် မုသားလေးသုံးပြီးလမ်းခွဲကြတာ တကယ်ချစ်တာမဟုတ်ဘူး ကိုယ်ပြောခဲ့ဖူးသလိုဘဲ ချစ်တော့ချစ်ခဲ့တယ် တစ်ဘဝလုံးအတွက်ဘဲမဟုတ်ခဲ့တာပေါ့
crd

1 day, 19 hours ago

ဒီလိုပဲ ၊ မေလတစ်လ ကုန်ဆုံးသွားပြန်တယ် ။
သေချာပေါက် ခေါ်သွားရမဲ့အရာ
တွေရှိသလို ဆူံးရှူံးစရာတွေလည်း ရှိခဲ့တယ် ။
ဒီလောက်ပါပဲ။ ဒီအတိုင်း အမှတ်တရ
တွေအဖြစ် သိမ်းဆည်း ဖြစ်သွားတယ်ပေါ့ ။

- ခက်နှောင်

2 days, 8 hours ago

တ​ကယ်ရင်ထဲရှိသွားရင်လေ
ဘယ်လောက်ပဲ ပြဿနာတွေတက်တက်
ဘယ်လိုပဲ စိတ်ရှုပ်စရာတွေရှိရှိ
အပြစ်တွေမြင်မိလည်း ခဏပဲ
​ပြီးရင် ကိုယ်ကပဲစပြီးခွင့်လွှတ်ချင်တယ်
ကိုယ်ကပဲစပြီး ပြန်ခေါ်ချင်တယ်
စိတ်တွေလေးပြီး နှုတ်ဆိတ်နေလည်း
ဘာတွေလုပ်နေမလဲ သိချင်တယ်

သွေးပူတုန်းခဏပါပဲ
အကြိမ်ကြိမ် အဆင်မပြေလည်း
အကြိမ်ကြိမ် အဲ့ဒီလူအနားမှာပဲနေချင်တယ် ။


Wai Yan Nwe

1 week, 1 day ago

ထပ်ချစ်နိုင်ဦးမလားမေးရင်တော့ ထပ်မချစ်နိုင်တော့ဘူးလို့ဖြေရမှာပါပဲ။ သေချာတာကတော့ ချစ်မိခဲ့ရင် ကိုယ်ကထွက်ပြေးမှာပဲ။
စိတ်ဒဏ်ရာတွေလေ၊ အနာတရတွေလေ။ ရွေးချယ်မှုတိုင်းမှာ ကျန်ခဲ့ရတဲ့လူလေ။
အချစ်ဆိုတာကို အသိမ်မွေ့ဆုံးယုံကြည်ပြီး လှပစွာအချစ်မခံခဲ့ရတဲ့လူလေ။
ယုံကြည်သမျှ ဖြိုချခံရတော့လည်း ဘာကိုမှမတည်ဆောက်ချင်တော့ဘူး။
ပန်းပွင့်တွေကိုငေးကြည့်ရတာက စိတ်အအေးချမ်းဆုံးဖြစ်လာပြီး တစ်ယောက်ယောက်ရဲ့အဝေးမှာနေရတာက အထိခိုက်နည်းဆုံးဖြစ်လာတယ်။
ယုံကြည်ချင်တာဟာ ချစ်မေတ္တာဖြစ်ပြီး ယုံကြည်တာဟာဝေးကွာခြင်းတွေပါပဲ။
ဒါဟာ လူတစ်ယောက်တွေ့ကြုံခဲ့တဲ့အရာနဲ့ဆိုင်ပြီး ခံစားရတာမတူတဲ့အခါ ဟာသတစ်ခုလည်းဖြစ်နေနိုင်ပါတယ်။ သဘောထားလည်း ကွဲလွဲနိုင်တယ်။
အကြိမ်ကြိမ်လွတ်ကျပြီးရင်တော့ ဒါကိုနားလည်ကောင်းနားလည်နိုင်လိမ့်မယ်။
ဘဝမှာ တစ်ခါတစ်ရံဆိုတာဟာ တစ်ကြိမ်ပဲရောက်လာနိုင်ပြီး၊ ကံကောင်းခြင်းဟာလည်း တစ်ကြိမ်သာရောက်လာနိုင်ပါတယ်။
တစ်နေရာထဲကို နှစ်ခေါက်ပြန်ရောက်တဲ့လမ်းလွဲသူဟာ အဲ့လမ်းကိုမုန်းသွားမှာပဲ။
ဘယ်လောက်များများပျော်နိုင်မလဲပေါ့။
ကိုယ်ကတော့ ချစ်နိုင်မယ့်လမ်းတွေကိုထပ်မလျှောက်ချင်တော့ဘူး။

#6_April_2024

1 week, 2 days ago

အာဘွားးး အားလုံး 🫰🏽🫡

1 week, 2 days ago

channel မှာ ဂိမ်းကြော်ငြာ ၊ sex movie ကြော်ငြာကလွဲရင် ကြော်ငြာလက်ခံပါတယ်နော် @Huko98. လာပြောပေးပါခဗျ 🫶

2 months, 1 week ago

မေတ္တာစစ်ရင်
ရောင်ပြန်လာလိမ့်မယ်ဆိုတဲ့
စကားလုံးမှာ

တစ်ခု ထပ်ဖြည့်ချင်တယ်

ကိုယ် လိုချင်တဲ့လူဆီက
ဖြစ်ချင်မှ ဖြစ်လိမ့်မယ် ဆိုတဲ့
စကားလုံးပေါ့ ။

#ကျေးကို

2 months, 1 week ago

လူတိုင်းမှာ ပြန်သွားလို့မရတဲ့ အတိတ်တွေရှိတယ်။
အနာဂတ်ထဲအထိ ခေါ်လာလို့
မရနိုင်တဲ့ အရင်အချိန်တွေပေါ့။
အဲဒီအချိန်တွေမှာ ပျော်ခဲ့ဖူးမယ်၊
ဝမ်းနည်း ဝမ်းသာ၊ ငိုယိုခဲ့ဖူးမယ်။
အခုချိန်မှာ ပြန်သတိရလည်း
အဲဒီနေရာကို ပြန်မသွားနိုင်တော့ဘူး။
ပြန်လွမ်းမိလည်း ပြန်ပြီး အတူမရှိနိုင်တော့ဘူး။
တစစီဖြစ်သွားတဲ့ အပိုင်းအစတွေဟာ
တစ်ဖက်စီမှာ နေသားကျ နေခဲ့ပြီးပြီ။
ကွဲအက်သွားတယ် ဆိုပေမယ့်
တစ်နေရာစီမှာတော့ ကျိုးပဲ့ရှင်သန် နေရတာပဲ။
ပြန်ဆက်ဖို့ မဖြစ်နိုင်တော့တဲ့ အက်ရာလေးတွေပေါ့။
အတိတ်ကို တွေးမိရင်တော့ နေပျော်စရာကြီးပါပဲ။
ဒါပေမယ့် အဲဒီအခိုက်အတန့်ကို
ပြန်တော့ မရောက်နိုင်တော့ဘူးလေ။

-အိခိုင်မွန်

2 months, 1 week ago

တကယ် ချစ်တဲ့သူက မနေနိုင်ရဘူး
နေနိုင်နေရင် တကယ် ချစ်တာ မဟုတ်ဘူး
တကယ် ချစ်တာ မဟုတ်သေးဘူး
မိဘက သားသမီးပဲ ဖြစ်ဖြစ်
ကိုယ်က ကိုယ့်ချစ်သူကို ဖြစ်ဖြစ်
ကိုယ့်ချစ်သူက ကိုယ့်ကိုဖြစ်ဖြစ်
တကယ်ချစ်တဲ့သူက မနေနိုင်ဘူး
ကိုယ်ချစ်တဲ့သူကို
ဒု||က္ခရောက်မှာကို ကြည့်မနေနိုင်ဘူး
စိတ်ဆင်:ရဲမှာ ကြည့်မနေနိုင်ဘူး
ငိုကြွေးနေတာကို ကြည့်မနေနိုင်ဘူး
နေနိုင်နေတယ် ဆိုထဲက တကယ် မချစ်လို့ပဲ ။

2 months, 2 weeks ago

ဘယ်တော့မှထပ်ဆက်သွယ်ဖြစ်တော့မှာ
မဟုတ်တော့တဲ့အထိ မင်းကိုချစ်တယ်။
ဒါဟာ နေနိုင်သွားလို့မဟုတ်ဘူး၊
မင်းဆီကို အနှောင့်ယှက်တွေမပေးချင်တော့လို့
ကိုယ့်ရဲ့တွယ်ကပ် နေခြင်းဟာ
မင်းကို ဒုက္ခမဖြစ်စေချင်တော့လိုပဲ။
စကားတွေလဲမပြောတော့သလို
ဖြည်းဖြည်းချင်းလဲပျောက်ကွယ်သွားတော့မှာမို့
အစစ အရာရာမှာတော့ ဂရုစိုက်စေချင်တယ်။

- ဇင်း”

We recommend to visit

Drama: Hometown Cha-Cha-Cha (English title) / Seaside Village Chachacha (literal title)
Revised romanization: Gaetmaeul Chachacha
Hangul: 갯마을 차차차
Director: Yoo Je-Won
Writer: Shin Ha-Eun
Network: tvN
Episodes: 16
Release Date: August 28 - October 1

Last updated 2 years, 7 months ago

‎محمود سرمدی

Voice Actor
Narrator
Podcast Producer

www.mahmoodsarmadi.com
instagram.com/mahmood_sarmadi
soundcloud.com/mahmood_sarmadi
castbox.fm/vc/2779115

Music: @parsehdarmeh
Story: @mahmoodsarmadi_story