CJ Platform

Description
We are freedom and voices.
Website Link: https://cjplatform.com/
Advertising
We recommend to visit

ဤချန်နယ်တွင်ကြော်ငြာများထည့်သွင်းလိုပါကAdmin acc ကို ဆကိသွယ်ပါ
@sithuaung2006

Last updated 6 days, 8 hours ago

ကြော်ငြာထည့်သွင်းရန် @Vip_admin_3

Last updated 5 days, 1 hour ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 1 year, 3 months ago

1 month ago
စစ်မှုထမ်းကိစ္စကို အသုံးချပြီး အုပ်ချုပ်ရေးမှူးတွေက ကျေးရွာတစ်အုပ်စုကို သိန်း ၁၀၀ …

စစ်မှုထမ်းကိစ္စကို အသုံးချပြီး အုပ်ချုပ်ရေးမှူးတွေက ကျေးရွာတစ်အုပ်စုကို သိန်း ၁၀၀ ပေးဖို့ပြော

CJ Platform

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်အနောက်ခြမ်းမှ ကျေးရွာများတွင် စစ်မှုထမ်းအပတ်စဉ် (၂) အဖြစ် စတင် ခေါ်ဆောင်နေပြီး စစ်မှုထမ်းမလိုက်လိုပါက လစဉ် နှစ်သောင်းကျပ်မှ စ၍ သိန်းတစ်ရာ ထိ ပေးဆောင်ရမည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ငွေကြေးတောင်းခံနေသည်ဟု ဒေသခံများထံမှ သိရသည်။

အုတ်ဖိုမြို့နယ် မတောင့်တ၊လေးတဲ၊ကျွန်းကောက်ပင်နှင့် ရှမ်းရွာ ကျေးရွာများရှိအုပ်ချုပ်ရေးမှူးများသည် အိမ်တစ်အိမ်လျှင် နှစ်သောင်းကျပ်မှ သုံးသောင်းကျပ်ထိ ငွေစုပေးရမည်ဆိုပြီး ကောက်ခံနေသည်ဟု အုတ်ဖိုဒေသခံ အသက် ၄၀ ခန့်အမျိုးသားတစ်ဦးမှ CJ Platform သို့ပြောသည်။

Website တွင် ဖတ်ရှုရန် >>> https://cjplatform.com/?p=12884

1 month, 1 week ago
ဝက်လူးရဲစခန်းမှ အိမ်စီးကားနှစ်စီးဖြင့်ထွက်လာသည့် အရပ်ဝတ် စစ်သားနှင့် ရဲများကို စောင့်ကြိုတိုက်ခိုက်၊ …

ဝက်လူးရဲစခန်းမှ အိမ်စီးကားနှစ်စီးဖြင့်ထွက်လာသည့် အရပ်ဝတ် စစ်သားနှင့် ရဲများကို စောင့်ကြိုတိုက်ခိုက်၊ ကားများကို မီးရှို့ဖျက်ဆီး

CJ Platform

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးရဲစခန်းမှအိမ်စီးကားနှစ်စီးဖြင့် ထွက်လာသည့် အရပ်ဝတ် စစ်သားနှင့် ရဲသားများကို ယမန်နေ့ နံနက်ပိုင်းက တိုက်ခိုက်ခဲ့သည်။

ယမန်နေ့ ဧပြီ ၂၄ ရက် နံနက် ၈ နာရီခွဲခန့်က ဝက်လူးရဲစခန်းမှ Wish အဖြူရောင်ကားအပါအဝင် အိမ်စီးကားနှစ်စီးဖြင့်ထွက်လာသည့် စစ်ကောင်စီတပ်သားနှင့် ရဲ ရှစ်ဦးခန့်ကို ဝက်လူးရွာအတွင်း စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မြင်းခြံခရိုင် တပ်ရင်း-၄(နွားထိုးကြီး PDF)မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ပြောသည်။

Website တွင် ဖတ်ရှုရန် >>> https://cjplatform.com/25-4-202411/

1 month, 1 week ago
မြင်းခြံမြို့နယ် ကုက္ကဲရဲစခန်းကို တော်လှန်ရေးတပ်များက ယာယီသိမ်းပိုက်နိုင်ခဲ့

မြင်းခြံမြို့နယ် ကုက္ကဲရဲစခန်းကို တော်လှန်ရေးတပ်များက ယာယီသိမ်းပိုက်နိုင်ခဲ့

CJ Platform

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ကုက္ကဲရဲစခန်းတွင် အခြေစိုက်နေထိုင်သော စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်သားတစ်ဦးသေဆုံးကာ သေနတ်တစ်လက် သိမ်းဆည်းရမိခဲ့ပြီး စခန်းကို ယာယီသိမ်းပိုက်နိုင်ခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ထံက သိရသည်။

ယနေ့ ဧပြီ၂၅ရက် နံနက် ၃ နာရီခွဲခန့်တွင် မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းအတွင်း တပ်စွဲထားသော အင်အား ၃၀ ကျော်ရှိ စစ်ကောင်စီတပ်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)နှင့် မဟာမိတ်များက တိုက်ခိုက်ခဲ့ကြောင်း ၊ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ အထိအခိုက်များသောကြောင့် ကုက္ကဲရွာကို အကာအကွယ်ယူ၍ အမှတ်(၃) တပ်မတော်အကြီးစားစက်ရုံဘက်သို့ ဆုတ်ခွာသွားကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)က အသိပေးထုတ်ပြန်ထားသည်။

Website တွင် ဖတ်ရှုရန် >>> https://cjplatform.com/254202410-2/

1 month, 1 week ago
“ဘူးသီးတောင်-မောင်တောဖြစ်ရပ် ဗိုလ်ချုပ် ဇော်မင်းထွန်းပြောဆိုမှု ကောက်နုတ်ချက် ၁၁ ချက်”

“ဘူးသီးတောင်-မောင်တောဖြစ်ရပ် ဗိုလ်ချုပ် ဇော်မင်းထွန်းပြောဆိုမှု ကောက်နုတ်ချက် ၁၁ ချက်”

CJ Platform

မွတ်ဆလင်လူမျိုးအများစုနေထိုင်တဲ့ ရခိုင်ပြည်၊ ဘူးသီးတောင်-မောင်တောဒေသဖြစ်ရပ်တွေဟာ တစ်ဆင့်တစ်ဆင့်တိုးပြီး လူမျိုးရေးပဋိပက္ခအသွင် ဆောင်လာနေတယ်လို့ ပြောဆိုနေကြပါတယ်။ ပြီးခဲ့တဲ့ မတ်လ လယ်ပိုင်းကစတင်ဖြစ်ပွားလာတဲ့ ဒီဖြစ်စဉ်ဟာ နှစ်ဆန်းတစ်ရက် ဧပြီ ၁၇ ရက်မနက်ပိုင်း အမှတ် (၅) ရပ်ကွက် မီးရှို့မှုနောက်ပိုင်း အထွဋ်အထိပ်ထိရောက်ရှိလာခဲ့ပါတယ်။ အဲဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီဘက်က တစ်ဖက်နဲ့တစ်ဖက် စွပ်စွဲပြောဆိုမှုတွေ ပြုလုပ်နေကြပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဒီနေ့ ဧပြီ ၁၉ ရက်နေ့ထုတ် စစ်ကောင်စီဝါဒဖြန့် သတင်းစာတွေမှာ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းရဲ့ ပြောဆိုမှုတွေထဲက အချက် ၁၁ ချက်ကို CJ Platform သတင်းဌာနက ကောက်နုတ်ဖော်ပြအပ်ပါတယ်။

Website တွင် ဖတ်ရှုရန် >>> https://cjplatform.com/19420245/

1 month, 1 week ago

ရွှေဘို ပျူများပစ်ခတ်သည့် လက်နက်ကြီးနှင့် ကျည်ဆံများ ရဲဘော်များအနီး ဖြတ်သော်လည်း ရှောင်ကွင်းသွားဟုဆို

CJ Platform

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်း ညောင်ကိုင်းကျေးရွာ စာသင်ကျောင်းအတွင်း ပျူစောထီးများပြုလုပ်နေသည့် အစည်းအဝေးပွဲကို ဧပြီ ၁၆ ရက် နံနက်ပိုင်းက ဒရုန်းများဖြင့် တော်လှန်ရေးပူးပေါင်းအဖွဲ့ဝင်များက သွားရောက်တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီလက်ဝေခံ ပျူစောထီးအဖွဲ့ဝင်များဘက်က တော်လှန်ရေးရဲဘော်များကို စက်လက်များ၊ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာတွင် ထိုကျည်များမှာ ရဲဘော်များအနီးမှဖြတ်သန်းသွားသော်လည်း ထိခိုက်မှုမရှိခဲ့ကြောင်း ယင်းစစ်ဆင်ရေး၌ ပါဝင်ခဲ့သည့် တော်လှန်ရေးရဲဘော်များက ပြောသည်။

Website တွင် ဖတ်ရှုရန် >>> https://cjplatform.com/19420244/

1 month, 1 week ago
မြောင်းမြအကျဉ်းထောင်မှ အကျဉ်းသားသုံးဦး အုတ်ရိုးကျော်ကာ ထွက်ပြေး

မြောင်းမြအကျဉ်းထောင်မှ အကျဉ်းသားသုံးဦး အုတ်ရိုးကျော်ကာ ထွက်ပြေး

CJ Platform

ဧရာဝတီတိုင်း မြောင်းမြမြို့နယ် မြောင်းမြအကျဉ်းထောင်တွင် ဧပြီ ၁၈ရက်နေ့ ညပိုင်းက အကျဉ်းသားသုံးဦး အုတ်ရိုးကျော်ကာ ထွက်ပြေးခဲ့ပြီး အကျဉ်းဦးစီးဌာန တာဝန်ရှိသူများမှ ပြန်လည် ဖမ်းဆီးမိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းနေ့ ညနေ ထောင်ပိတ်ချိန်တွင် မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ်ကျခံနေရသူ အကျဉ်းသားနှစ်ဦးနှင့် မုဒိမ်းမှုဖြင့် ထောင်ဒဏ်ကျခံနေရသူ အကျဉ်းသားတစ်ဦးမှာ ထောင်အုတ်ရိုးကို ကျော်၍ ထွက်ပြေးရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

Website တွင် ဖတ်ရှုရန် >>> https://cjplatform.com/19420243/

1 month, 2 weeks ago
စစ်ရှောင်နေစဉ် မွေးခဲ့သည့်လေးမွှာပူးအတွင်းမှ အသက်ရှင်ကလေးငယ်နှစ်ဦးအနက် တစ်ဦးထပ်မံသေဆုံး၊ ကျန်တစ်ဦး ICU …

စစ်ရှောင်နေစဉ် မွေးခဲ့သည့်လေးမွှာပူးအတွင်းမှ အသက်ရှင်ကလေးငယ်နှစ်ဦးအနက် တစ်ဦးထပ်မံသေဆုံး၊ ကျန်တစ်ဦး ICU ခန်းတွင်ထားရှိ

CJ Platform

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လမ်းကူးကျေးရွာရှိ စစ်ရှောင်မိခင်တစ်ဦးက မွေးဖွားခဲ့သည့် လေးမွှာပူးအတွင်းမှ အသက်ရှင်ကျန်ရစ်သည့် ကလေးငယ် နှစ်ဦးအနက် တစ်ဦးထပ်မံသေဆုံးသွားကြောင်း ၎င်းတို့ကိုကူညီပေးခဲ့သည့် လူမှုကူညီရေးအဖွဲ့က တာဝန်ရှိသူက CJ Platform သို့ပြောသည်။

အဆိုပါကလေးနှစ်ဦးကို Save The Trees Rescue Team(STTRT) လူမှုကူညီရေးအသင်းက ရန်ကုန်မြို့၊ ရန်ကင်း ကလေးအထူးကုဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီးနောက် ပြီးခဲ့သည့် ဧပြီ ၉ ရက် ညပိုင်းတွင် ထပ်မံအသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း အသင်း ဥက္ကဋ္ဌ ဦးကျော်သူရက ပြောသည်။

Website တွင် ဖတ်ရှုရန် >>> https://cjplatform.com/12420247/

1 month, 2 weeks ago
ရခိုင်တွင် သင်္ကြန်ပျော်ပွဲရွှင်ပွဲများအပါအဝင် လူစုလူဝေးဖြစ်နိုင်သည်များရှောင်ရှားရန် AA သတိပေး

ရခိုင်တွင် သင်္ကြန်ပျော်ပွဲရွှင်ပွဲများအပါအဝင် လူစုလူဝေးဖြစ်နိုင်သည်များရှောင်ရှားရန် AA သတိပေး

CJ Platform

ရခိုင်ပြည်အတွင်း ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်များကြား စစ်ရေးပြင်းထန်နေသည့်အတွက် သင်္ကြန်ကာလအတွင်း ပျော်ပွဲရွှင်ပွဲများအပါအဝင် လူစုလူဝေးဖြစ်နိုင်သည့်အရာများရှောင်ရှားကြရန် ရခိုင်လူထုကို AA က သတိပေးတားမြစ်ချက် ယနေ့ ဧပြီ ၁၂ ရက်တွင် ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီက လူစုလူဝေးများကို စစ်ဘက်၊ အရပ်ဘက်မရွေး ဝေဟင်၊ ရေပြင်၊ မြေပြင် မရွေး ဗုံးကြဲခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းများ ပြုလုပ်နေသည့်အတွက် လူစုလူဝေးများပြုလုပ်ခြင်းကို ရှောင်ရှားရန် AA က တိုက်တွန်းသည်။

Website တွင် ဖတ်ရှုရန် >>> https://cjplatform.com/12420246/

1 month, 2 weeks ago
ရန်ကုန် City Mall တွင် စက်လှေခါးထဲ ခြေထောက်ညှပ်သည့်ကလေးငယ် …

ရန်ကုန် City Mall တွင် စက်လှေခါးထဲ ခြေထောက်ညှပ်သည့်ကလေးငယ် ဒဏ်ရာမပြင်းထန်

CJ Platform

ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ပြည်လမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်ရှိ City Mall St.John တွင် အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ယမန်နေ့ ဧပြီ ၁၁ ရက် နေ့လယ်ပိုင်းက စက်လှေခါးထဲခြေထောက်ညပ်မှု ဖြစ်ပွားခဲ့သည်။

ယနေ့ မိန်းကလေးငယ်၏ အခြေအနေကို CJ Platform သတင်းဌာနက ကူညီပေးခဲ့သော ဆုံဆည်းရာပရဟိတအဖွဲ့ထံသို့ စုံစမ်းမေးမြန်းခဲ့ရာတွင် ဒဏ်ရာမပြင်းထန်ဘဲ ခြေထောက်စုတ်ပြဲဒဏ်ရာသာရရှိခဲ့‌ကြောင်း သိရသည်။

Website တွင် ဖတ်ရှုရန် >>> https://cjplatform.com/12420245/

1 month, 3 weeks ago
CJ Platform
We recommend to visit

ဤချန်နယ်တွင်ကြော်ငြာများထည့်သွင်းလိုပါကAdmin acc ကို ဆကိသွယ်ပါ
@sithuaung2006

Last updated 6 days, 8 hours ago

ကြော်ငြာထည့်သွင်းရန် @Vip_admin_3

Last updated 5 days, 1 hour ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 1 year, 3 months ago