Karenni Nationalities Defense Force (KNDF)

Description
KNDF official channel.
Advertising
We recommend to visit

The official Telegram on Telegram. Much recursion. Very Telegram. Wow.

Last updated 1 month ago

🌐 https://ipapkorn.github.io
Stay connected with the latest iPapkorn Bots and News 🗞️

Bots: https://t.me/iPapkornBots/2

Last updated 5 months ago

Breaking News | Observing world events unfold in the grand theater of our time.

Last updated 1 month ago

2 months, 1 week ago
Karenni Nationalities Defense Force (KNDF)
2 months, 1 week ago
Karenni Nationalities Defense Force (KNDF)
2 months, 1 week ago
Karenni Nationalities Defense Force (KNDF)
2 months, 1 week ago
Karenni Nationalities Defense Force (KNDF)
2 months, 1 week ago

မသင်္ကာသူတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားစဉ် လက်နက်ကိုမလျော်ကန်စွာ သုံးစွဲပစ်ခတ်မှုကြောင့် လူသေမှုဖြစ်ပွားခဲ့ခြင်းကို စစ်ဘက်ဆိုင်ရာ အက်ဥပဒေအရ အရေးယူအမိန့်ချလိုက်ကြောင်း ထုတ်ပြန်ကြေညာချက်
ရက်စွဲ ။ ။ ၂၀၂၄ခုနှစ်၊ မတ်လ၊ ၂၄ ရက်။

၂၀၂၄ခုနှစ်၊ ဖေဖော်ဝရီလ ၊ (၂၁)ရက် ည(၁၁)နာရီဝန်းကျင်တွင် အသက်(၂၇)နှစ်အရွယ်ရှိ ပီကင်းကောခူရွာတွင် နေထိုင်သူအရပ်သားတစ်ဦီးကို ရပ်ရွာအတွင်း မူးယစ်ရမ်းကားမှု စွဲချက်ဖြင့် ဖမ်းဆီးထိန်းသိမ်းထားစဉ် KNDF တပ်ဖွဲ့ဝင်အချို့မှ ပေးအပ်ထားသောလက်နက်ကို အသုံးပြုပြီး မလျော်ကန်သော ပစ်ခတ်မှုဖြစ်ကာ လူသေမှုဖြစ်ပွားခဲ့သည်။
ကျွန်ုပ်တို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF အနေဖြင့် သစ္စာအဓိဌာန်(၅)ချက်၊ နိုင်ငံရေး မူဝါဒကြေညာစာတမ်းနှင့်အညီ လိုက်နာကျင့်သုံးရပ်တည်လျှက်ရှိသည်။ ထို့ကြောင့် ဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့မှ ကနဦီးစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ စုံစမ်းစစ်ဆေးမှုများအပြီးတွင် ဖြစ်စဉ်အပေါ် စစ်ဘက်ဆိုင်ရာအက်ဥပဒေ ပုဒ်မ(၄၉)အရ ပထမအဆင့် ဗျူဟာစစ်ခုံရုံး စစ်ဆေးကြားနာမှုဆောင်ရွက်ခဲ့သည်။
ထို့နောက် ပုဒ်မ(၄၈)အရ ဗဟိုစစ်တရားရုံးချူပ်ကို ဖွဲ့စည်းပြီး ဥပဒေပြဌာန်းချက်နှင့်အညီ ကျူးလွန်သူ KNDF တပ်သား (၂)ဦီးအား စစ်အက်ဥပဒေ ပုဒ်မ(၂၂)၊ (၃၀)အရ ထောင်ဒဏ်(၂၀)နှစ်နှင့် (၁)လပြစ်ဒါဏ်ခံယူရန် ဗဟိုစစ်ခုံရုံးအဖွဲ့မှ ၂၄ရက်၊ မတ်လ၊ ၂၀၂၄ခုနှစ်တွင် စီရင်ချက်ချမှတ်လိုက်သည်ကို မိမိတို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDFမှ ထုတ်ပြန်ကြေညာအပ်ပါသည်။

ဗဟိုကော်မတီ
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF

2 months, 1 week ago

(၁၁၁၁) စစ်ဆင်ရေး နောက်ဆက်တွဲ ကရင်နီပြည်စစ်ရေးအခြေအနေ ထုတ်ပြန်ချက်
ရက်စွဲ။ ။ (၂၀၂၄ )ခုနှစ်၊မတ်လ ( ၂၃ ) ရက်။
၁။ ကရင်နီ- ထိုင်းနယ်စပ်တစ်လျှောက် ၂၀၂၃ခုနှစ် ဇွန်လ (၁၃) ရက်နေ့တွင်စတင်ခဲ့သော မိုခါမှုန်တိုင်းစစ်ဆင်ရေးနှင့် နိုဝင်ဘာလတွင် စတင်သော (၁၁၁၁) စစ်ဆင်ရေး၏ အရှိန်အဟုန်တို့ကြောင့် ကရင်နီပြည်အတွင်းရှိ မြို့နယ်အချို့နှင့် နယ်စပ်တစ်လျှောက်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်များကို အပြီးတိုင်ချေမှုန်းတိုက်ခိုက်နိုင်ခဲ့သဖြင့် သံလွင်အရှေ့ဘက်ခြမ်းနှင့်မယ်စဲ့၊ ရှားတောမြို့နယ် တို့သည် စစ်ကောင်စီ ကင်းစင်နယ်မြေများအဖြစ်ဖြစ်လာခဲ့သည်။ မိုခါမှုန်တိုင်းစစ်ဆင်ရေးတွင် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များမှ နယ်စပ် စခန်း (၇) ခုနှင့် မဲစဲ့မြို့ကို ၂၀၂၃ခုနှစ်အတွင်း အပြီးသတ်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ပါသည်။
၂။ (၁၁၁၁) စစ်ဆင်ရေးအစိတ်အပိုင်း တစ်ခုဖြစ်သော လွိုင်ကော်မြို့သိမ်းတိုက်ပွဲကြောင့် ရွာသစ်မြို့၊ မော်ချီးနှင့် မဲစဲ့မြို့နယ်တို့မှ စစ်ကောင်စီတပ်များ တပ်ဆုတ်လာကာ လွိုင်ကော်မြို့သို့ တပ်အင်အားဖြည့်တင်းရပါသည်။ (၁၁၁၁) စစ်ဆင်ရေး အရှိန်ဖြင့် စစ်ကောင်စီတပ်ဘက်မှ မြို့နယ်များ နှင့် ရှေ့တန်းစခန်းအချို့ကို လက်လွတ်ခဲ့ရသည့်အပြင် သံလွင်အရှေ့ဘက်ကမ်းရှိ စစ်ကောင်စီ ရှေ့တန်း စခန်းကုန်းများ၊ နယ်စပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များမှ ဆက်လက်တိုက်ခိုက်သိမ်းပိုက်သဖြင့် နယ်မြေထိန်းချုပ်နိုင်မှု အခြေအနေ မရှိတော့သောကြောင့် စစ်ကောင်စီတပ်များသည် တပ်ဆုတ်ခွာခဲ့ရပါသည်။ (၁၁၁၁) စစ်ဆင်ရေး နောက်ပိုင်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ၏ စိုမိုးနယ်မြေများမှာ ပိုမိုကျယ်ပြန့်လာပြီး ကရင်နီပြည်တဝှမ်းလုံးတွင် စိုးမိုးတပ်ဖြန့်နိုင်သဖြင့် စစ်ကောင်စီတပ် များသည် ၄င်းတို့တပ်များတည်ရှိသော နေရာ အနည်းငယ်တွင်သာ နယ်မြေစိုးမိုးနိုင်ပါတော့သည်။
၃။(၁၁၁၁) စစ်ဆင်ရေး စတင်ပြီးနောက် ကရင်နီပြည်နယ်ရှိ မယ်စဲ့၊ဒီးမော့ဆို၊ ရွာသစ်၊ရှားတောနှင့်မော်ချီး၊မိုးဗြဲ ၊နန်းဖယ်ခုံ၊ စသောမြို့(၇)မြို့ ကို တော်လှန်ရေးတပ်ဖွဲ့များမှ ထိန်းချုပ်နိုင်ခဲ့ပြီး (၁၁၁၁) စစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီမှ စွန့်ခွာ တပ်ဆုတ်သွားသော စခန်း (၁၆) ခုရှိခဲ့ပါသည်။ ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များမှ သိမ်းပိုက်နိုင်ခဲ့သော စစ်ကောင်စီတပ်စခန်းများမှာ လွိုင်ကော်မြို့နယ်တွင် စခန်း (၁၂) ခု၊ဒီးမော့ဆိုမြို့နယ်တွင် စခန်း(၁၃) ခု၊ဖားဆောင်မြို့နယ်တွင် စခန်း (၉) ခု၊ ဘောလခဲမြို့နယ်တွင် စခန်း(၅) ခု၊ ရှားတောမြို့နယ်တွင် စခန်း (၇) ခု၊ ဖယ်ခုံမြို့နယ်တွင် (၁၇)ခု နှင့် မယ်စဲ့မြို့နယ်တွင် ( ၁)ခု၊ ဖရူဆိုမြို့နယ်တွင် (၁) ခု စုစုပေါင်း တပ်စခန်း (၆၅) ခုဖြစ်ပါသည်။
၄။ ကရင်နီပြည်အတွင်းရှိ တော်လှန်ရေးအင်အားစုများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ စည်းလုံးညီညွှတ်မှုနှင့် ပြည်သူများ၏ ကူညီ ထောက်ပံ့မှု၊ အားပေး ထောက်ခံမှုတို့ကြောင့် မြို့သိမ်းတိုက်ပွဲများနှင့် စခန်းသိမ်းတိုက်ပွဲများအောင်မြင်မှုရရှိခြင်းဖြစ်ပါသည်။ တော်လှန်ရေးအတွင်း အသက်ပေးသွားသော တော်လှန်ရေးရဲဘော်များ၊ ရဟန်းရှင်လူများ နှင့် ပျက်စီးသွားသော ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များ အပေါ် တိုင်တည်ပြီး အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ တော်လှန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အဓိဌာန်ပြု ထုတ်ပြန်အပ်ပါသည်။

ကရင်နီတော်လှန်ရေးတပ်ပေါင်းစု

4 months ago
Karenni Nationalities Defense Force (KNDF)
4 months ago
Karenni Nationalities Defense Force (KNDF)
4 months ago
Karenni Nationalities Defense Force (KNDF)
4 months ago

ကရင်နီပြည်စစ်ရေး အခြေအနေများကို ပြည်သူသို့တင်ပြခြင်း။

ရက်စွဲ။ ။ (၂၀၂၄ )ခုနှစ်၊ဇန်နဝါရီလ (၂၈) ရက်။

၁။ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ (၁၁.၁၁) စစ်ဆင်ရေးဆင်နွဲခဲ့ပြီး လွိုင်ကော်၊ ဒီးမော့ဆိုနှင့် မိုးဗြဲမြို့များရှိ စစ်ကောင်စီတပ်စခန်း(၂၀)အား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ၊ လွိုင်ကော်အခြေစိုက် ဒကစ အား ဝိုင်းရံ ခြိန်းခြောက် တိုက်ခိုက် နိုင်ခဲ့ပါသည်။ ထို့အပြင် ၂၀၂၄ခုနှစ် ဇန်နဝါရီလအတွင်း ဖယ်ခုံမြို့အခြေစိုက် စကခ(၇) ၏ ကာကင်းစခန်းများဖြစ်သည့် လွယ်ပတ္တာ၊ကုန်းဆုံစသော ကာကင်းကုန်းစခန်းများ အားလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါသည်။
၂။ ၂၀၂၄ခုနှစ် ဇန်နဝါရီလ တတိယအပတ်တွင် ဘောလခဲမြို့နယ်ရှိ ရွာသစ်မြို့နှင့်ဘောလခဲမြို့ အကြားရှိ (၁၂) မိုင်ကုန်း စစ်ကောင်စီ တပ်စခန်းအား ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်၍ရှင်းလင်းရေးလုပ်ဆောင်နေပြီး ရွာသစ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များမှ ထိန်းချုပ် နိုင်ခဲ့ပါသည်။
၃။ ထို့အတူရှားတောမြို့အတွင်းရှိ စစ်ကောင်စီကင်းစခန်းများ အားလုံးကိုသိမ်းပိုက်နိုင်ခဲ့ပြီး မြို့လယ်ဘုရားကုန်းပေါ်တွင် ကျန်ရှိတပ်စွဲ နေသော လက်တစ်ဆုတ်စာ စစ်ကောင်စီတပ်သားများကို ရှင်းလင်း တိုက်ခိုက် လျက်ရှိသည်။
၄။ ဖားဆောင်းမြို့နယ် မော်ချီးဒေသ အခြေစိုက် စစ်ကောင်စီတပ်စခန်းများ၊ စစ်ဆေးရေးဂိတ်များ၊ စခန်းကုန်များအားလုံးမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် တိုက်ပွဲတစ်စုံတရာဖြစ်ပွားခြင်းမရှိဘဲ ၄င်းတို့၏ တပ်စွဲရာနေရာများ၊စခန်းများအားလုံးကို စွန့်ပစ် ဆုတ်ခွာထွက်ပြေး သွားခဲ့ပါသည်။ ထို့ကြောင့် မော်ချီးဒေသ တစ်ခုလုံးကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ ထိန်းချုပ်စိုးမိုးနိုင်ခဲ့ပါသည်။
၅။ လွိုင်ကော်မြို့တွင်လည်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ မြို့အားဝိုင်းရံပိတ်ဆို့ကာ စစ်ဆင်ရေးများဆင်နွယ်လျက်ရှိပြီး မြို့ဧရိယာ သုံးပုံ နှစ်ပုံကျော်အား စိုးမိုးထားနိုင်ပါသည်။ လွိုင်ကော်မြို့နယ် အခြေစိုက်တပ်ရင်းများတွင် စစ်ကောင်စီတပ်များ ဆက်လျက် တပ်ဆွဲ ထားနိုင်သော်လည်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ထောက်ပို့လမ်းကြောင်း ပြတ်တောက်သွားပြီး လေကြောင်း ကိုသာ အားကိုးအားထားပြုရသည့် အခြေအနေဖြစ်သည်။
၆။ ရှမ်းပြည်နယ်တောင်ပိုင်းဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့နှင့် ဖယ်ခုံမြို့တို့တွင် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ စစ်ဆင်ရေးဆင်နွဲ တိုက်ခိုက်ခဲ့ပြီးနောက် မြို့တွင်းနှင့် မြို့အဝင်၊ အထွက်တို့ကို စိုးမိုးနိုင်ခဲ့ပါသည်။ ဖယ်ခုံနှင့်မိုးဗြဲမြို့တို့မှ စစ်ကောင်စီတပ်များမှာမြို့ကို ထိန်းချုပ် နိုင်စွမ်းမရှိတော့ဘဲ ၄င်းတို့၏ တပ်ရင်းထဲတွင်သာ ခိုအောင်းတပ်စွဲနိုင်ပါတော့သည်။
၇။ ၂၀၂၃ခုနှစ်အကုန်တွင် မယ်စဲ့မြို့နယ်ကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ အပြီးသတ် သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ကရင်နီပြည် ရှိ မြို့နယ်အသီးသီးတွင် စစ်ရှိန်မြင့်တက်နေသည့်အပြင် ရှမ်း-ကယားနယ်စပ် ဆီဆိုင်မြို့နယ်အထိပါ တိုက်ပွဲများ ပြင်းထန်လျက်ရှိ ပါသည်။ ထို့အပြင် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ မြေပြင်တွင် အသာစီးရနေသဖြင့် စစ်ကောင်စီတပ်မှ လေကြောင်းကိုသာ အားထား တိုက်ခိုက်နေရ သောကြောင့် ပြည်သူများလှုံခြုံရေးသတိရှိကြပါရန် တင်ပြထုတ်ပြန်အပ်ပါသည်။

KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန။
ဆက်သွယ်ရန်။ ။ (Signal app)- 959457296487, +959445252274, +959795946616.

We recommend to visit

The official Telegram on Telegram. Much recursion. Very Telegram. Wow.

Last updated 1 month ago

🌐 https://ipapkorn.github.io
Stay connected with the latest iPapkorn Bots and News 🗞️

Bots: https://t.me/iPapkornBots/2

Last updated 5 months ago

Breaking News | Observing world events unfold in the grand theater of our time.

Last updated 1 month ago