Dive into the Ultimate Free Library: Your One-Stop Hub for Entertainment!

Urban Special Force ( U.S.F )

Description
USO/USF
Advertising
We recommend to visit

Journalist & opinionsbildare som förespråkar nationsgränser | Mejla tips till tips@assarchristian.se | Prenumerera på Insikt24.se för att stödja mitt arbete |

Swisha en gåva till +46760891489
Exklusivt material: Patreon: patreon.com/assarchristian

Last updated 1 month ago

Uppdateringar och exklusiva inblickar från Sveriges största nationalistiska förening. Följ också vårt mediaprojekt på @Svegot

Last updated 1 month ago

Motståndsrörelsens nyhetsuppdateringar på Telegram

Last updated 3 weeks, 5 days ago

1 month, 1 week ago

🙏 မင်္ဂလာပါ တော်လှန်ပြည်သူအပေါင်းတို့ခမျာ 🙏

‌အားလုံး တော်လှန်နှစ်သစ်ပါ ။ မကြာသေးမှီက သတိပေးထုတ်ပြန်မှုလုပ်ဆောင်ခဲ့ပြီး ပြည်သူ့ဘက်တော်သား အတွင်းစည်းများ၏ သတင်းပေးပို့ချက်အရ ထိရောက်မှုရှိခဲ့တယ်လို့ ကြားသိရပါတယ်။ သို့ပေမယ့် မတရားဖမ်းဆီးခံ နိုင်ငံရေး အကျဉ်း သား/သူ အရေအတွက်မှာ လွန်စွာနည်းပါးသည်ကို တွေ့ရသည်။ ပြန်လည်ဖမ်းဆီးမှုများလည်း ရှိနေသည်ကို ကြားသိရသည်။ ထို့ကြောင့် နိုင်ငံရေး အကျဉ်း သား/သူများကို ထပ်မံလွှတ်ပေးရန် တိုက်တွန်းအပ်ပါသည်။ ထပ်မံပူးပေါင်းမည့် သူများလည်း အချိန်မလွန်ခင် ပြတ်သားစွာ ဆုံးဖြတ်ကြဖို့ တိုက်တွန်းအပ်ပါသည်။တစ်ဆက်တည်းမှာပင် ကျွန်တော်/မ တို့သည် အလှူခံခြင်း မရှိသော်လည်း စိတ်အားထက်သန်စွာဖြင့် ပါဝင်ပံ့ပိုးကူညီပေးလာသော အဖွဲ့အစည်းဖြစ်စေ၊ တစ်ဦးတစ်ယောက်ချင်း ဖြစ်စေ လေးစားစွာ ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားအပ်ပါသည်။ အကြမ်းဖက်စစ်ကောင်စီအား ပိုမိုထိရောက်သောချေမှုန်းတိုက်ခိုက်မှုများ လုပ်ဆောင်မည် ဖြစ်ပါသောကြောင့် ပြည်သူများသတိထားသွားလာကြဖို့နဲ့ အသံများကြားရှိပါက နီးစပ်ရာလုံခြုံသည့်အဆောက်အအုံ အကာကွယ်များတွင် ခေတ္တပုန်းခိုကြဖို့တိုက်တွန်းအပ်ပါသည်။တော်လှန်ပြည်သူတို့အတွက် မြို့ပြအထူးတပ်ဖွဲ့( U.S.F ) မှ ဆက်လက်ကြိုးစားသွားမည်ဖြစ်ကြောင်းအသိပေးကြေညာအပ်ပါသည်။

#သတင်းနှင့်ပြန်ကြားရေးဌာန

#USF Admin Team

#မြို့ပြအထူးတပ်ဖွဲ့

#Urban Special Force (USF)

1 month, 3 weeks ago
ပူးတွဲသတိပေး ထုတ်ပြန်ခြင်း

ပူးတွဲသတိပေး ထုတ်ပြန်ခြင်း
၄/၂၀၂၄

☝️ အသေစိတ် ဖတ်ရှု့နိုင်ပါရန် ☝️

( 🛑မှတ်ချက်။   ။ ထုတ်ပြန်သည့်နေ့မှစ ၁၀ရက်အတွင်း နောက်ဆုံးထား ပြတ်ပြတ်သားသားလုပ်ဆောင်ဖို့ တိုက်တွန်းအပ်ပါသည်။🛑 )

Coming Soon ⏭️ Mission 13 👀🫡

#သတင်းနှင့်ပြန်ကြားရေးဌာန

#USF Admin Team

#မြို့ပြအထူးတပ်ဖွဲ့

#Urban Special Force (USF)

#Shadow (SAF)

1 month, 3 weeks ago
စစ်ရေးသတင်း ထုတ်ပြန်ခြင်း

စစ်ရေးသတင်း ထုတ်ပြန်ခြင်း

Mission - 12

  • Target - စစ်ထောက်လှန်းရေးရုံးချုပ်။

  • Location - ရန်ကုန်တိုင်း၊မင်္ဂလာဒုံမြို့နယ်။

  • Item - အဆင့်မြှင့် တာဝေးပစ် လျှော့တိုက်ဒုံး (၃) လုံး။

  • မြိုပြအထူးတပ်ဖွဲ့ (USF)၊ Shadow (SAF)နှင့်အတူ Brave Warriors For Myanmar (BWM) တို့မှ ပူးပေါင်းဆောင်ရွက်သည်။

☝️ အသေစိတ် ဖတ်ရှု့နိုင်ပါရန် ☝️

မှတ်ချက် - ( 🛑🫡 တိုက်ခိုက်မှုကြောင့် ဧရိယာအတွင်း ထိခိုက်၊ပျက်စီး၊သေဆုံးမှု ရှိနိုင်ပါသဖြင့် တော်လှန်ပြည်သူများနှင့်တော်လှန်ရေး ညီကိုများ သတိထားသွားလာကြဖို့ သတိပေးမေတ္တာရပ်ခံအပ်ပါသည်။🫡🛑)

#သတင်းနှင့်ပြန်ကြားရေးဌာန

#USF Admin Team

#မြို့ပြအထူးတပ်ဖွဲ့

#Urban Special Force (USF)

#Shadow(SAF)

#Brave Warriors For Myanmar (BWM)

3 months, 3 weeks ago

🙏 မင်္ဂလာပါ တော်လှန်ပြည်သူအပေါင်းတို့ခမျာ 🙏

ကျွန်တော်တို့၏ မြို့ပြအထူးစစ်ဆင်ရေး ( Urban Special Operation U.S.O )သည် မဟာမိတ်များနှင့်မြို့ပြစစ်ဆင်ရေးပေါင်း (၁၀)ကြိမ်လုပ်ဆောင်ခဲ့ပြီး စစ်ဆင်ရေးအား ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။ ထပ်မံပြီး လှုပ်ရှားမှုများကိုမကြာသေးမှီက ဖွဲ့စည်းလိုက်တဲ့ မြို့ပြအထူးတပ်ဖွဲ့ ( Urban Special Force U.S.F ) အနေဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။ တစ်ဆက်တည်းမှာပဲ မြေပြင်အလုပ်ကိစ္စများ ဆွေးနွေးရာတွင်ဖြစ်စေ၊ ထောက်ပံ့ရေး အပိုင်းများဆွေးနွေးရာတွင်ဖြစ်စေ U.S.F တပ်ဖွဲ့အနေဖြင့်သာ ဆွေးနွေးအလုပ်လုပ် သွားမည်ဖြစ်ကြောင်း ပြောကြားလိုပါသည်။ စစ်ဆင်ရေး U.S.O နာမည်အား တော်လှန်ရေး နယ်ပယ်များတွင် ဆက်လက် အသုံးပြုနေသည်ရှိပါက Admin Team ထံတွင် လာရောက်အတည်ပြုစုံစမ်းပေးဖို့နှင့် အသိပေး ထုတ်ပြန်ပြီး နောက်ပိုင်း U.S.O စစ်ဆင်ရေးနှင့်ပက်သတ်ပြီး တာဝန်ယူမည်မဟုတ်ကြောင်း သတိပေး ထပ်မံ ပြောကြားလိုပါသည်။ တော်လှန်ပြည်သူတို့အတွက် မြို့ပြအထူးတပ်ဖွဲ့( U.S.F ) မှ ဆက်လက်ကြိုးစားသွားမည်ဖြစ်ကြောင်းအသိပေးကြေညာအပ်ပါသည်။

Coming Soon ⏭️ Mission 11 👀🫡

#သတင်းနှင့်ပြန်ကြားရေးဌာန

#USF Admin Team

#မြို့ပြအထူးတပ်ဖွဲ့

#Urban Special Force (USF)

3 months, 3 weeks ago

🙏 မင်္ဂလာပါ တော်လှန်ပြည်သူအပေါင်းတို့ခမျာ 🙏

အခုချိန်ခါသည် အကြမ်းဖက်စစ်ကောင်စီဟာ အဖက်ဖက်မှ ကြပ်တည်း ပိတ်မိနေပြီဖြစ်၍ အရက်စက်ဆုံး ထွက်ပေါက်ကိုပြုလုပ်လာပြီဖြစ်သည်။ တော်လှန်ပြည်သူတို့ဟာလည်း ပြည်တော်ဝင်ချိန်ကို စောင့်ဆိုင်းနေခြင်းထက် မိမိတို့ကိုယ်တိုင် ကာကွယ်မှုများပြုလုပ်ထားရမည့် အချိန်လည်းဖြစ်သည်။ ဆိုလိုရင်းမှာ -

၁။ မိမိတို့မိသားစုကို ကာကွယ်ဖို့ စီစဉ်ပါ။

၂။ မိမိတို့ရပ်ကွက်ကို ကာကွယ်ဖို့စီစဉ်ပါ။

၃။ မိမိတို့ မြို့နယ်ကို ကာကွယ်ဖို့ စီစဉ်ပါ။

၄။ ထိုမှတစ်ဆင့် မြို့နယ်/တိုင်း အလိုက် တော်လှန်ပြည်သူ့စစ်ကိုစနစ်တကျနဲ့ စုစည်းကြပါ။
နွေဦးတော်လှန်ရေးရဲ့အစကို သတိရပါ ရရာလက်နက် ဆွဲကိုင်ပုန်ကန်တဲ့ သတ္တိတွေ ပြန်မြင်ယောင်ကြည့်ပါ။ တော်လှန်ပြည်သူ့စစ်ရဲ့ အစိတ်အပိုင်းသည် တော်လှန်းရေး‌အောင်မြင်ဖို့အတွက် အရေးကြီးသောအပိုင်းတစ်ခုလည်းဖြစ်သည်။ သွေးကြွေးမှာဆွေးနွေးစရာမရှိသလို ရန်ငှာပြတ်ဖို့နဲ့ ဆုံးဖြတ်ချက်ပြတ်သားကြဖို့လည်း လိုပါတယ်။ မြို့ပြလှုပ်ရှားသူတို့သည်လည်း တော်လှန်ပြည်သူများနဲ့ အနီးဆုံး အရိပ်တစ်ခုလို ရှိနေတယ်ဆိုတာ သိရှိစေလိုပြီး အသိ/သတိ/ပြင်ဆင်နိုင်ရန်အချက်လေးတွေ တင်ပြခြင်းပဲဖြစ်ပါတယ်။🫡

#USO/USF Admin Team

#မြို့ပြအထူးစစ်ဆင်ရေး/မြို့ပြအထူးတပ်ဖွဲ့

#USO/USF

4 months ago

🙏 မင်္ဂလာပါ တော်လှန်ပြည်သူအပေါင်းတို့ခမျာ 🙏

USOသည် လုပ်ငန်းများကိုတိုင်းရင်းသားအဖွဲ့စည်းဖြစ်စေ၊ အစိုးရအဖွဲ့စည်းဖြစ်စေ တာဝန်ရှိသူတို့နှင့် တိုက်ရိုက်ပြောဆိုမှုနဲ့သာ လုပ်ဆောင်လျက်ရှိသည်။ ထို့မှအပ ပြင်ပ ဆွေးနွေးမှုများကို အဖွဲ့တာဝန်ရှိသူများမှ အသိပေးစေလွှတ်မှုမရှိပဲ အဖွဲ့ကိုယ်စားပြု တက်ရောက်ခြင်းမရှိပါ။ ထိုသို့ရှိလာပါက Admin Team ထံတွင် စုံစမ်းအတည်ပြုနိုင်သည်။USO၏နေ့စဉ်၊လစဉ်အလုပ်များကို Admin Team ထံမှာအချိန်ဇယား ထုတ်ပေးထားပြီးသားလည်းဖြစ်ပါတယ် ။ တစ်ဆက်တည်းမှာပင် စစ်ဆင်ရေးစတင်ခဲ့တဲ့ အချိန်ထဲက ထုတ်ပြန်ထားသည့်အတိုင်း USO သည် မစ်ရှင်တင်ပြီး လိုက်လံအလှူခံမှုမရှိပါ လာရောက်လှူဒါန်းမှုကိုသာ လက်ခံပါသည်။လိုအပ်ချက်ရှိပါက Channel မှတရားဝင်စာထုပ်၍ တောင်းခံမှုသာ ပြုလုပ်မည်ဖြစ်ပါကြောင်း အသိ သတိ ပေးအပ်ပါသည်။ စုံစမ်းအတည်ပြုခြင်း မလုပ်ပဲ ပြင်ပတွင်ဖြစ်လာသမျှ ပြသနာများကို အဖွဲ့အစည်းမှ တာဝန်ယူဖြေရှင်းမှုပြုလုပ်မည်မဟုတ်ပါကြောင်း အသိပေး ပြောကြားအပ်ပါသည်။

#USO Admin Team

#မြို့ပြအထူးစစ်ဆင်ရေး

#Urban Special Operation (USO)

4 months, 2 weeks ago
စစ်ဆင်ရေးသတင်း ထုတ်ပြန်ခြင်း

စစ်ဆင်ရေးသတင်း ထုတ်ပြန်ခြင်း

Mission - 9

  • Target - အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရွာသာယာပျူရွာစခန်း။

  • Location - မန္တလေးတိုင်း ၊ ပြင်ဦးလွင်ခရိုင် ၊ စဉ့်ကူးမြို့နယ်။

  • Item - အဆင့်မြှင့် စမ်းသပ် Rocket ဒုံး (၂၀) လုံး။

  • မြို့ပြအထူးစစ်ဆင်ရေး U.S.O နှင့်အတူ မဟာမိတ်များမှ ပူးပေါင်းဆာင်ရွက်သည်။

☝️ အသေစိတ် ဖတ်ရှု့နိုင်ပါရန် ☝️

#သတင်းနှင့်ပြန်ကြားရေးဌာန

#USO Admin Team

#မြို့ပြအထူးစစ်ဆင်ရေး

#Urban Special Operation (USO)

4 months, 3 weeks ago

📻 ပဲခူးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အမှတ်(၂)နယ်မြေခံရဲစခန်းအားတိုက်ခိုက်ခံရပြီး နောက်ဆက်တွဲခြေနေ 📻 Update

၈.၁.၂၀၂၄ မနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အမှတ်(၂)နယ်မြေခံရဲစခန်း အားတိုက်ခိုက် ခံရပြီး နောက် အတွင်းဖရဲသီးသတင်းပေးများရဲ့ သတင်း‌ပေးပို့ချက်အရ လုံခြုံရေးဘန်ကာများတိုးမြှင့်ထားခြင်း၊ အရပ်ဝတ်မာဖီများဖြင့် ပတ်ဝန်ကျင်အား လိုက်လံစုံစမ်းမှုများ ပြုလုပ်နေခြင်း၊ရဲစခန်း ပတ်ဝန်ကျင်လမ်းများအား ဖြတ်သန်းခွင့်မပြုခြင်း၊အဆောက်အဦး ထိမှန် ပျက်စီးမှုရှိခဲ့ပြီး ၊ ရဲ ၃ဦး အပြင်းအထန် ထိခိုက်မှုရှိ၊၃ဦးသေဆုံးကာ ဆေးရုံကားအားတိတ်တဆိတ် ခေါ်ဆောင်ပြီး ထုတ်သွားတယ်လို့သတင်းအချက်အလတ် ရရှိထားပါသည်။ အကြမ်းဖက်စစ်ကောင်စီဖက်မှ သတင်းများဖုံးကွယ်‌နေသော်လည်း ပြည်သူ့ဘက်တော်သားအတွင်းဖရဲသီးများရဲ့ သတင်းအချက်အလတ် ပေးပို့မှုဖြင့် သိရှိခဲ့ရသည်။ ယနေ့ထိ စစ်ဆေးစုံစမ်းမှုများ ရှိနေသဖြင့် ပဲခူးမြို့ပြရှိတော်လှန်ရေး ညီအကိုမောင်နှမများနှင့် မိဘပြည်သူများ သတိထားသွားလာကြပါရန် သတိပေး နှိုးဆော်ရင်းနောက်ဆက်တွဲ ခြေနေအား အများပြည်သူသိစေရန်အလို့ငှာ တင်ပြလိုက်ရပါသည်။

Coming Soon ⏭️ Mission 9 👀🫡

#သတင်းနှင့်ပြန်ကြားရေးဌာန

#USO Admin Team

#မြို့ပြအထူးစစ်ဆင်ရေး

#Urban Special Operation (USO)

4 months, 3 weeks ago

🙏 မင်္ဂလာပါ တော်လှန်ပြည်သူအပေါင်းတို့ခမျာ 🙏

ကျွန်တော်/ကျွန်မတို့ မြို့ပြအထူးစစ်ဆင်ရေးသည် မြို့ပြပြောက်ကျားများဖြင့် ဖွဲ့စည်းထားသည်ကို ဦးစွာပြောကြားလိုပါသည်။ ကျွန်တော်တို့သည် သီးသီးသန့်သန့် လုပ်နေခြင်းမဟုတ်ပဲစည်းလုံးညီညွတ်ခြင်းကို ဖော်ဆောင်သည့် မဟာမိတ်များနှင့်အတူလုပ်နိုင်သည့်နေရာမှ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
ရည်ရွယ်ချက် - မြို့ပြပြောက်ကျားတို့သည် မြို့ပြအလုပ်များတင်မဟုတ်ပဲ တပ်ရင်း တပ်ဖွဲ့ များနှင့်လည်း ပူပေါင်းလုပ်ကိုင်နိုင်ခြင်း၊ စနစ်တကျ ဖွဲ့စည်းထားမှုရှိခြင်း၊ တိကျပြတ်သားသော အမိန့်ပေးကွတ်ကဲမှုရှိခြင်း ၊ စစ်ရေး ဥပဒေများဖြင့် အလုပ်လုပ်ခြင်း၊လိုအပ်လျှင် ပူပေါင်း တိုက်ခိုက်နိုင်ခြင်းစသည့် မြို့ပြပြောက်ကျားများလည်းစနစ်တကျနဲ့ ပူးပါင်းဆောင်ရွက်နိုင်သည်ကို ပြသလိုသော ရည်ရွယ်ချက်တစ်ခုဖြင့်မဟာမိတ်ညီ‌နောင်များနှင့် လက်တွဲဆောင်ရွက်နေပါသည်။ ယခုအချိန်ခါသည် စစ်ရေးအရှိန်အားကောင်းလာပြီမို့ ဘယ်ခေါင်း‌ဆောင်၊ဘယ်အဖွဲ့စည်း၊ငါ့‌နေရာ သူ့နေရာ ဆိုပြီး ခွဲခြားမနေပဲ အားလုံးတော်လှန်ညီကိုတွေပဲဆိုတဲ့အမြင်နဲ့ စည်းစည်းလုံးလုံး ပူးပေါင်း ဆောင်ရွက်ကြမှသာ ခရီးပိုတွင်နိုင်ပါလိမ့်မည်။ မြို့ပြညီနောင်တို့လည်း မြို့ပြတွင် ၂၀၂၁ မြို့ပြစစ်ရေးအချိန်ကာလကို ပြန်လည်အသက်သွင်းနိုင်စေဖို့ စနစ်တကျ ဂရုတစိုက် ဖော်ဆောင်ဖို့ အချိန်ကျပြီလို့ အသိပေး ပြောကြားလိုပါသည်။

#အရေးတော်ပုံအောင်နေပြီ။

#USO Admin Team

#မြို့ပြအထူးစစ်ဆင်ရေး

#Urban Special Operation (USO)

4 months, 3 weeks ago
Urban Special Force ( U.S.F )
We recommend to visit

Journalist & opinionsbildare som förespråkar nationsgränser | Mejla tips till tips@assarchristian.se | Prenumerera på Insikt24.se för att stödja mitt arbete |

Swisha en gåva till +46760891489
Exklusivt material: Patreon: patreon.com/assarchristian

Last updated 1 month ago

Uppdateringar och exklusiva inblickar från Sveriges största nationalistiska förening. Följ också vårt mediaprojekt på @Svegot

Last updated 1 month ago

Motståndsrörelsens nyhetsuppdateringar på Telegram

Last updated 3 weeks, 5 days ago