Unlock a World of Free Content: Books, Music, Videos & More Await!

Click For BPLA

Description
Bamar People's Liberation Army - BPLA အတွက် Click ချန်နယ် ဖြစ်ပါတယ် ခင်ဗျား
Advertising
We recommend to visit

ဤချန်နယ်တွင်ကြော်ငြာများထည့်သွင်းလိုပါကAdmin acc ကို ဆကိသွယ်ပါ
@sithuaung2006

Last updated 6 days, 8 hours ago

ကြော်ငြာထည့်သွင်းရန် @Vip_admin_3

Last updated 5 days, 1 hour ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 1 year, 3 months ago

2 days, 22 hours ago

စနစ်သစ်နှင့် ဖက်ဒရယ်နိုင်ငံသစ်တည်ဆောက်ရန် ခေတ်ပြောင်း တော်လှန်ရေးကိုဆင်နွှဲရာတွင် အမျိုးသမီး၊အမျိုးသားအားလုံး (လိင်ကွဲပြားမှုကိုလည်းကောင်း၊ လိင်စိတ်ကွဲပြားမှုကိုလည်းကောင်း အခြေခံခွဲခြားခြင်းမရှိပဲ) တက်ညီလက်ညီ ကဏ္ဍစုံမှပါဝင်နေကြ ခြင်းဖြစ်သည်။

အလွှာစုံ၊ကဏ္ဍစုံမှ အမျိုးသမီး၊အမျိုးသားများပါဝင်နေကြသည့်တော်လှန်ရေးကို ဦးဆောင်ရာတွင် လည်း အဆိုပါ စုံလင်ကွဲပြားမှုများကို ထင်ဟပ်ပေါ်လွင်စေသော ဦးဆောင်မှုမျိုးဖြစ်ရန် အရေးကြီး လှပါသည်။

👉 အလွှာစုံဖြစ်တည်မှု၏ ဖိနှိပ်မှုဆုံရပ် by မေဦးမူတြော်
👇
https://ouo.io/R7LDel

3 days, 13 hours ago

ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံသစ် တည်ဆောက်ခြင်းသည်

မတရားမှု၊ မညီမျှမှုနှင့် မငြိမ်းချမ်းမှုတို့ကို ဖြစ်စေသော အကြောင်းပြချက်အမျိုးမျိုး၊ ပုံစံအမျိုးမျိုးဖြင့် ခွဲခြားဆက်ဆံခြင်း၊ ဖယ်ကျဉ်ခြင်း၊ ဖိနှိပ်ခြင်းများကို ကျမတို့အားလုံးကိုယ်တိုင် ချက်ခြင်းရပ်တန်းမှရပ်ကာ ဆန့်ကျင်တော်လှန်ရခြင်းနှင့် တိုက်ရိုက်အချိုးကျ ဖြစ်သည်။

👉 အလွှာစုံဖြစ်တည်မှု၏ ဖိနှိပ်မှုဆုံရပ် by မေဦးမူတြော်
👇
https://ouo.io/TVU0Jp

3 days, 22 hours ago

မြန်မာ့ နိုင်ငံရေး ပြဿနာများ၏ အကြောင်းရင်းကိုကြည့်လျှင် အာဏာရှင်စနစ်၊ အာဏာရှင်အယူအဆနှင့် လုပ်ဆောင်မှုများကို ထင်ရှားစွာတွေ့မြင်နေရပါသည်။

ထိုအာဏာအလုံးစုံကို လူမျိုးကိုအခြေခံ၍ သော်လည်းကောင်း၊ ကိုးကွယ်ယုံကြည်သောဘာသာကို ခုတုံးလုပ်ခြင်းအားဖြင့်သော်လည်းကောင်း၊ လိင်ဖြစ်တည်မူကို အခြေခံ၍သော်လည်းကောင်း တည်ဆောက်နေခဲ့ကြသည်ကိုလည်း တွေ့မြင်ရမည် ဖြစ်သည်။

အချုပ်ဆိုရလျှင် ဗမာဖြစ်ခြင်း၊ ဗုဓ္ဒဘာသာဝင်ဖြစ်ခြင်း၊ ယောင်္ကျားဖြစ်ခြင်း စသည်တို့ကို အခြေခံပြီး နိုင်ငံရေးအာဏာကိုတည်ဆောက်ကာ အာဏာရှင်စနစ်ကိုမွေးမြူခဲ့ကြခြင်းဖြစ်သည်။

ထို့ကြောင့် ကျမတို့သည် အာဏာရှင်စနစ်ကို အမြစ်ဖြတ်တော်လှန်ချေမှုန်းနိုင်ခြင်းငှာ ဗမာလူမျိုးကြီး ဝါဒ၊ ကိုးကွယ်ယုံကြည်သည့်ဘာသာကို အလွဲသုံးစားလုပ်မှုနှင့် ယောက်ျားဗဟိုပြုဝါဒ (သို့မဟုတ်) ဖိုဝါဒကို စသည်များကို ဆန့်ကျင်ကြရမည်ဖြစ်သည်။

ဤသည်မှာ လက်ရှိတော်လှန်ရေး ထဲတွင် ပါဝင်ဆင်နွှဲနေကြသူများအားလုံး ချက်ခြင်း သတိပြုလုပ်ဆောင်နိုင်သည့်၊ လုပ်ဆောင်ကြရမည့် အရာများဖြစ်သည်။

👉 အလွှာစုံဖြစ်တည်မှု၏ ဖိနှိပ်မှုဆုံရပ် by မေဦးမူတြော်
👇
https://ouo.io/hyKYFH

1 week, 2 days ago

ဒီအပြင် အစ္စရေးအာဏာရပါတီက လူတွေရဲ့ ပြောစကားတွေကလည်း ဂျီနိုဆိုဒ်ကို ဦးတည်နေမလား။

အဲဒါက တမျိုးသားလုံးမှာ တာဝန်ရှိတယ်။
အိုက်ဇန်ဟာမက်၊ အစ္စရေးသမ္မတ

အဖွဲ့အစည်းတခုက တိုက်ခိုက်တာပါ။ တကယ်ပဲ တမျိုးသားလုံးမှာ တာဝန်ရှိတာလား။

သူတို့အကုန်လုံး အကြမ်းဖက်သမားတွေမို့ ချေမှုန်းပစ်သင့်တယ်။
အီတာမာ ဘန်ဂဗီ၊ အမျိုးသားလုံခြုံရေးဝန်ကြီး

သူတို့ဆိုတာ ဘယ်သူ့ကို ပြောတာပါလဲ။ ဟားမတ်စ်ကိုလား။ ဂါဇာက လူတွေ အကုန်းလုံးကိုလား။

ဂါဇာကမ်းမြောင်ကို ကမ္ဘာ့မျက်နှာပြင်ကနေ ဖျက်ဆီးပစ်ဖို့ ကျနော်တို့မှာ ဘုံရည်မှန်းချက်ရှိပါတယ်။
နစ်ဆင်းမ် ဘက်တူဂီ၊ အစ္စရေးလွှတ်တော် ဒုဥက္ကဌ

ဒီစကားတွေက ဂျီနိုဆိုဒ်ကို ဦးတည်တယ်လို့ ပြောနိုင်မလား။ ဒါဟာ စစ်ရာဇဝတ်မှုတင် မကပါဘူး။ လူမျိုးတုံးသတ်ဖြတ်မှုထိကို သွားနိုင်ပါတယ်။

👉 တကြော့ပြန် ဂျီနိုဆိုဒ် by စိမ်းသစ်
👇
https://ouo.io/jjF7Wp

1 week, 2 days ago

၂၀၂၃ခုနှစ် အောက်တိုဘာ (၇)ရက်နေ့မှာ ဖြစ်ခဲ့တဲ့ ဟားမတ်စ်တွေရဲ့ တိုက်ခိုက်မှုမှာ အစ္စရေးလူမျိုး (၁၅၀၀) လောက်သေဆုံးခဲ့ရပါတယ်။
ဒီသေဆုံးမှုအတွက် အခဲမကျေနိုင်တဲ့ အစ္စရေးတွေဟာ ဒေါသူပုန်ထကြပါတော့တယ်။
မျိုးချစ်စိတ်မွှန်ထူသွားတဲ့ အစ္စရေးတွေဟာ ဟားမတ်စ်အခြေစိုက်တဲ့ ဂါဇာကမ်းမြောင်ဒေသကို အင်အားသုံးတိုက်ခိုက်ကြပါတယ်။

ဒီတိုက်ခိုက်မှုအတွင်းမှာ ဂါဇာကလူ (၂၃၀၀၀)လောက် သေဆုံးပြီး
အိမ်အလုံး သုံးသိန်းကျော်လောက် ပျက်စီးကာ
အိမ်(၇၀၀၀၀)ကျော်လောက် လုံးဝပျက်စီးခဲ့ရပါတယ်။

ဆေးရုံတွေ၊ ကုလသမ္မဂအဆောက်အအုံတွေ၊ ကျောင်းတွေနဲ့ ပါလီမန်ကိုပါ ဖျက်ဆီးပစ်ခဲ့ပါတယ်။

ဒါဟာဂါဇာကလူတွေ မျိုးဆက်တဆက်စာလောက်ကို ရှင်သန်ဖို့ခက်ခဲအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ကြတာပါ။
ဒါဟာ လူမျိုးတုံးသတ်ဖြတ်မှု (Genocide)လို့ သတ်မှတ်လို့ရပါတယ်။

အခုတော့ ဒီလူမဆန်တဲ့လုပ်ရပ်တွေအတွက် တောင်အာဖရိကနိုင်ငံက genocide မှုနဲ့ တရားစွဲလိုက်ပါပြီ။

UNRWA ရဲ့အစီရင်ခံစာအရ ဂါဇာက လူဦးရေ (၈၅)%က အခြေပျက်နေပြီလို့ ဆိုပါတယ်။

👉 တကြော့ပြန် ဂျီနိုဆိုဒ် by စိမ်းသစ်
👇
https://ouo.io/DzAYfm9

1 week, 3 days ago

ဒီလိုနဲ့ ဆယ်စုနှစ် (၈)ခုလောက်အရောက်မှာတော့ တဖန်သံသရာ ပြန်လည်လာခဲ့ပါတယ်။

လူတွေအားလုံးအတွက် သံဝေဂရစရာ၊ သင်ခန်းစာယူစရာ တခုအနေနဲ့ ဖြစ်ခဲ့ပြန်ပါပြီ။

မင်းကိုယ်တိုင် ဂျူးဖြစ်နိုင်သလို ဂျာမန်လည်း ဖြစ်နိုင်သတဲ့။

အခုတော့ ဂျူးတွေဟာ ဂျာမန်တွေ ပြန်ဖြစ်သွားပြန်ပါပြီ။

👉 တကြော့ပြန် ဂျီနိုဆိုဒ် by စိမ်းသစ်
👇
https://ouo.io/Uk56yd

2 months, 1 week ago

တော်လှန်ရေးကာလအလွန်တွင် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူလူထုရွေးချယ် တင်မြှောက်ထားသည့် အရပ်သားအစိုးရထံတွင် လက်နက်များကို ပြန်လည်အပ်နှံမည်။

👉 လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး
by BPLA
👇
https://ouo.io/7LbWhbB

2 months, 1 week ago

တော်လှန်ရေးပြီးဆုံးသည့်အချိန်တွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပူးတွဲတည်ထောင်သည့် ပြည်နယ်များနှင့် ပြည်သူတို့၏ သဘောတူညီချက်ကို ထင်ဟပ်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ Security Sector Reform (SSR) ဖြင့် လုံခြုံရေးကဏ္ဍအသစ်ကို အတူတကွ အကောင်အထည်ဖော်ကြရန် မျှော်ရည်သည်။

👉 လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး
by BPLA
👇
https://ouo.io/3c24N

2 months, 1 week ago

ကျွန်ုပ်တို့တပ်တော်ထဲတွင် ဗမာမဟုတ်သော အခြားလူမျိုးစုတို့၏ ပါဝင်ခွင့်၊ ကိုယ်စားပြုခွင့်တို့ကိုလည်း ကန့်သတ်မထားဘဲ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ရှိသကဲ့သို့ ယုံကြည်ကိုးကွယ်မှု မရှိခြင်းကိုလည်း တပ်တော်က အသိအမှတ်ပြုသည်။

တပ်ဖွဲ့ဝင်လူမျိုးအသီးသီး၏ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများ ကျင့်သုံးခြင်းကိုလည်း အားပေးသည်။

လိင်စိတ်တိမ်းညွှတ်မှု ကွဲပြားခြင်းအပေါ် ခွဲခြားဆက်ဆံမှု မရှိစေရန် အကာအကွယ်ပေးသွားမည်။

👉 မတူကွဲပြားမှုကို လက်ခံကျင့်သုံးခြင်း
by BPLA
👇
https://ouo.io/p6ynez

2 months, 2 weeks ago

ယခုနွေဦးတော်လှန်ရေးတွင် စစ်အာဏာရှင်စနစ်ပြုတ်ကျရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ပေါက်ရေး ကြိုးစားဆောင်ရွက်နေသည့် မည်သည့်အဖွဲ့အစည်းကိုမဆို မိတ်ဖက်အဖွဲ့အစည်းအဖြစ်မှတ်ယူသည်။

သို့သော် မိမိတို့၏ ခံယူချက်၊ ရပ်တည်ချက်များနှင့် ကိုက်ညီမှုအပေါ် အခြေခံလျက် မဟာမိတ်ဆက်ဆံရေးကို ထားရှိ ဖော်ဆောင်သွားမည်။

👉 နိုင်ငံရေး မဟာမိတ်စုဖွဲ့မှု
by BPLA
👇
https://ouo.io/R5Nj50

We recommend to visit

ဤချန်နယ်တွင်ကြော်ငြာများထည့်သွင်းလိုပါကAdmin acc ကို ဆကိသွယ်ပါ
@sithuaung2006

Last updated 6 days, 8 hours ago

ကြော်ငြာထည့်သွင်းရန် @Vip_admin_3

Last updated 5 days, 1 hour ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 1 year, 3 months ago