Unlock a World of Free Content: Books, Music, Videos & More Await!

ကဗျာ / စာတိုချစ်သူ​လေးများ ♡

Description
𝐊𝐀𝐃𝐄𝐍/𝑴𝒆𝒔𝒔𝒂𝒈𝒆 ♡

https://t.me/KadenXioon/3544 💌
Advertising
We recommend to visit

ဤချန်နယ်တွင်ကြော်ငြာများထည့်သွင်းလိုပါကAdmin acc ကို ဆကိသွယ်ပါ
@sithuaung2006

Last updated 6 days, 8 hours ago

ကြော်ငြာထည့်သွင်းရန် @Vip_admin_3

Last updated 5 days, 1 hour ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 1 year, 3 months ago

1 week, 4 days ago

တစ်ယောက်ယောက်ကို ချစ်တယ်ဆိုတာ
ထောင်ချောက်တွေနဲ့ ကစားတာပါပဲ

ငါတို့ပိတ်မိသွားရင်လည်း နာတယ်
ငါတို့ ထွက်ပြေးနိုင်ပြန်တော့လည်း ပိုနာရတယ် ။

- ပြည့်စုံဝင်း -

1 week, 6 days ago

ခဏနော်တဲ့
အဲ့ဒီကတည်းက
ငါတို့ကမ္ဘာ ခြားသွားပီ

1 week, 6 days ago

သူကလည်း မင်းနဲ့မှ ဖြစ်မှာ
မင်းကလည်း သူနဲ့မှ ဖြစ်မှာ

အချိန်တိုင်း ရန်တွေဖြစ်ရင်း
နားရက်မရှိလောက်အောင် ထထသ-တ်နေတဲ့
အတွဲတစ်တွဲဟာ ဘာလို့ မပြတ်ကြတာလဲတဲ့။

ဒါဟာ ရှင်းပါတယ် ။
တစ်ယောက်ပေါ်တစ်ယောက် ထားရှိတဲ့
ချစ်ခြင်းမေတ္တာကြောင့်ပဲပေါ့ ။
တစ်ယောက်နဲ့တစ်ယောက် မပြတ်နိုင်တဲ့
သံယောဇဉ် အရှိန်အဟုန်တွေကြောင့်ပေါ့။

🌻🤍

- ခဲတံ

2 weeks, 3 days ago

ဘယ်အရာမှမတည်မြဲဘူးတဲ့ ....
အရာဝတ္ထု တွေကို ပြောတာနေမှာပါ...
ကျွန်တော် အချစ်တွေက က တော့ ခုချိန်ထိ....
သူတစ်ယောက်ထဲ ဘဲ.........ဘာလို့တည်မြဲနေပါလိမ့်....      

2 weeks, 3 days ago

သူစိမ်းလို့လည်း ပြောမရဘူးထင်တယ်၊
အဲ့ဒီတစ်ယောက်အကြောင်းကို
ကျနော်တို့ကောင်းကောင်းသိနေမယ်...

ဘယ်လိုကော်ဖီကြိုက်သလဲ၊
ဘယ်စားစရာတွေနဲ့ မတည့်ဘူးလဲ၊
မနက်ဘယ်အချိန်အိပ်ရာထသလဲ၊
ညဘယ်ချိန် အိပ်တတ်သလဲ.
အများကြီး(အများကြီး)ပဲ
ကျနော်တို့သိနေမယ်...

ဒါပေမယ့် ဘယ်လိုရင်းနှီးနွေးထွေးတဲ့
ဆက်ဆံရေးမျိုးနဲ့မှ
အတူမရှိနိုင်ကြတော့ဘူး...

သူစိမ်းမဟုတ်တဲ့
သူစိမ်းတစ်ယောက်ပါပဲ၊
ကျနော်တို့ဘဝတွေမှာ
အဲ့ဒီလိုတစ်ယောက်ယောက်
ရှိကောင်းရှိခဲ့နိုင်ပါတယ်...

#Crd

2 weeks, 3 days ago

ဘွဲ့ ဒီဂရီ ​တွေ ပညာ​တွေ
ဘယ်လောက် တတ်တတ်
အတွေ့အကြုံ ​တွေ ရာထူး​တွေ
ဘယ်​လောက်ရှိရှိ
.
လူ့ကျင့်၀တ် ကို နားမလည်ရင်
Ethic မသိရင်
စိတ်ထား​သေး သိမ်ရင်
​​စောင့်ထိန်းရမှာ​တွေ မ​စောင့်ထိန်းရင်
လူမှုရေး အရှုပ်အရှင်း ရှိတယ်ဆိုရင်
.
လူတစ်​ယောက်ဟာ ဘယ်​တော့မှ
သူတို လိုချင် တဲ့ ​လေးစားမှု ရမှာ မဟုတ် ဘူး
.
လူငယ် စကားနဲ့ ​ပြောရမယ်ဆို
Respect ဆိုတာ
စိတ်ဓါတ်​မှန်မှ ရမှာ
စာရွက်​တွေ နဲ့ မရဘူး ....

3 weeks, 2 days ago

မပြည့်တဲ့ ဆုတွေအကြိမ်ကြိမ်တောင်းတယ်

ကိုယ့်အပေါ်မကြွေမဲ့ကြယ်ကိုထိုင်လို့ငေးတယ်

ငါတို့ဟာ မနီးခင်ကဝေးခဲ့ရတယ်

- ခန့်ထည်

3 weeks, 3 days ago

" အဖေ "
အားနာမိတယ် အဖေရယ်..

အမေ့ရဲ့နို့ဖြူရည်စက်ကိုတာ
တန်ဖိုးထားခဲ့မိတယ်..။

အဖေရဲ့ ချွေးစက်တွေနဲ့ ရင်းပြီး
ရှာကျွေးခဲ့တာကို  မေ့နေခဲ့တယ် အဖေ

အမေ့ အမှတ်တရသီချင်းတွေ
ရေးဖွဲ့ဆိုကြတာ များတော့..

အဖေကို တင်စားအမှတ်ရစေမဲ့
သီချင်းတွေ ရှားနေတော့
အဖေ့ သီချင်းတွေတောင်
သိပ်မရခဲ့ပါဘူး အဖေ

အမေ ချက်ကျွေးတဲ့ ထမင်းဟင်းတွေက စားကောင်းတာ အမေလို့
အဖေ့ကို ကျေးဇူးတင်တယ်..။

အဖေ ပင်ပင်ပန်းပန်း
ပိုက်ဆံရှာရတာတော့
ကျေးဇူးတင်တယ်လို့ မပြောမိခဲ့ဘူး..။အားနာလိုက် အဖေရယ်...

ကျွန်တော် တောင်ပန်းပါတယ် အဖေ
အဖေရဲ့ မေတ္တာကြီးမားတာကို
သတိမေ့လျော့ နေမိခဲ့တယ်..။
အားနာလိုက်တာ အဖေရယ်...

ခုချိန်အခါက စလို့
အဖေ့ရဲ့တန်ဖိုးကို
ဘယ်ခါမမေ့ ရင်မှာအမြဲရှိလျှက်
ကျေးဇူးတရားတွေကို
ပြန်ဆပ်ပါ့မယ် အဖေရယ်.....။

# Nge Lay

3 weeks, 3 days ago

Relationship သက်တမ်းကို
နှစ်တွေအများကြီးထိ ရှိချင်တယ်
တစ်ယောက်ထဲကိုပဲ ပြသနာမျီုးစုံကြားကနေ
လက်တွဲထားချင်မိတယ် အပြန်အလှန်နားလည်မူ
သစွာရှိမူတွေကိုလည်း တစ်ယောက်တည်းကိုပဲ
ပုံအပ်ပေးချင်တယ် ချစ်ခြင်းမေတ္တာမှာလဲ
တပ်တူကျချင်ပါတယ်။

#Crd

1 month ago

နွေရာသီပန်းတွေလို
အပွင့်စုံ အရောင်စုံ
လူငယ်လူရွယ်တွေ ဆံပင်အရောင်စုံ

- အောင်ချိမ့်

We recommend to visit

ဤချန်နယ်တွင်ကြော်ငြာများထည့်သွင်းလိုပါကAdmin acc ကို ဆကိသွယ်ပါ
@sithuaung2006

Last updated 6 days, 8 hours ago

ကြော်ငြာထည့်သွင်းရန် @Vip_admin_3

Last updated 5 days, 1 hour ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 1 year, 3 months ago