Danger Force LPDF

Description
Advertising
We recommend to visit

မိတ်​ဆွေတို့ရဲ့ လုပ်ငန်း​ကြေငြာများ

ထည့်သွင်းလိုပါက @Contact_Summer_Bot ကိုဆက်သွယ်​ပေးပါ။

Last updated 2 months, 1 week ago

မနက်ဖြန်တိုင်းမှာ kdramaနဲ့ အသက်ဆက်မဲ့သူတွေအတွက် ဝမ်းမြောက်စွာကြိုဆိုပါတယ်ရှင့်

Last updated 2 years ago

1 month, 2 weeks ago

စစ်ဆင်ရေးကြေငြာချက် (၄/၂၀၂၄)

ရက်စွဲ ။ ။ ၂၀၂၄ ခုနှစ် ၊ ဧပြီလ ၁၆ ရက်

၂၀၂၄ ခုနှစ် ၊ ဧပြီလ (၁၂) ရက် နေ့တွင် အမှတ် (၁) စစ်ဒေသ မုံရွာခရိုင်ကွပ်ကဲရေးမှူး၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မုံရွာခရိုင်၊ မုံရွာမြို့ (နမခ) ထပရ-၉၂၉ မှ အရာတော်မြို့နယ် (စခတ-၁၀) သို့ သင်တန်းသားအသစ် (၂၅၀) ဦးပါ စစ်ကောင်စီ၏ (၁၂)ဘီးကား (၅) စီးနှင့် Express ကား (၁) စီးအား အရာတော်မြို့နယ်၊ ကမ်းဖြူရွာ၌ ဧပြီလ (၁၂) ရက်တွင် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ ရန်သူ့ကား (၃) စီး ပျက်စီးပြီး ဒု-အရာခံဗိုလ် (၁) ဦး၊ တပ်ကြပ်ကြီး (၁) ဦး၊ တပ်ကြပ် (၁) ဦး၊ အားကစားသိပ္ပံမှ (၁) ဦးနှင့် သင်တန်းသား အသစ် (၄၅) ဦးအား ဖမ်းဆီးရမိသည်။ ယခုစစ်ဆင်ရေးကို ကျွန်တော်တို့ Danger Force LPDF နှင့်အတူ မုံရွာခရိုင် တပ်ရင်း (၆၊ ၁၉၊ ၂၄)၊ မုံရွာခရိုင် ကွန်မန်ဒိုတပ်ဖွဲ့၊ မုံရွာခရိုင် လက်နက်ကြီးတပ်ဖွဲ့၊ အရာတော်မြို့နယ် ပကဖ၊ အရာတော်မြို့နယ် တိုက်နယ်-၁၁ ပကဖ၊ မိတ္ထီလာခရိုင် တပ်ရင်း-၂၊ ကျားသစ်နက် LPDF နှင့် Special Revolution Force LPDF အဖွဲ့တို့မှ ပူးပေါင်းပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ရန်သူ့ဘက်မှ ဗိုလ်ကြီး (၁) ဦးအပါ သင်တန်းသား (၂၀) ခန့် သေဆုံးပြီး (၁၅) ဦးခန့် ထိခိုက်ဒဏ်ရာရသည်။ ရန်သူ့ထံမှ လက်နက်ငယ် (၇) လက်၊ ကျည်မျိုးစုံ (၅၅၀၀) ခန့်၊ ဗုံးသီး မျိုးစုံ (၈၀) ခန့်၊ RPG-7 ဒုံးသီး (၁၀) လုံး၊ မိုင်းမျိုးစုံ (၇၀) ခန့်၊ Jammer စက်အကြီး (၁) လုံး၊ ကျည်အိမ် (၇) ခု၊ Detonater (၅၀) ချောင်း၊ ကျည်ကာ ဦးထုပ် (၃) လုံး၊ စစ်ဖိနပ် (၂၀) ရံ၊ Equipment (၁) ခု၊ ကျောပိုးအိတ် (၁) လုံး၊ ဖိုင်တွဲ (၈၈) ဖိုင် သိမ်းဆည်းရမိသည်။

Danger Force LPDF

1 month, 2 weeks ago
Danger Force LPDF
1 month, 2 weeks ago
Danger Force LPDF
2 months, 1 week ago

စစ်ဆင်ရေးကြေငြာချက်(၃/၂၀၂၄)

ရက်စွဲ။      ။ ၂၀၂၄ခုနှစ် ၊ မတ်လ ၂၄ ရက်

၂၀၂၄ခုနှစ် ၊ မတ်လ (၂၂)ရက် ၊ နံနက် (၁၁)နာရီ (၁၅) မိနစ်အချိန်တွင် မုံရွာခရိုင်ကွပ်ကဲရေးမှူး၏ကြီးကြပ်ကွပ်ကဲမှုဖြင့် မုံရွာ - အရာတော် လမ်းမပေါ်ရှိ ကျွန်းဖိုပင် ကျေးရွာ ဘုန်းကြီးကျောင်း၌တပ်စွဲထားသော စခ များ နှင့် ကမ်းဖြူကျေးရွာ ၌တပ်စွဲထားသော စခ များလိုက်ပါလာသော (၆) ဘီးကား (၁) စီး နှင့် လိုက်ထွက်ကား (၁)စီးအားပင်လုံဆီဆိုင်အနီးတွင် လက်နက်ငယ်များဖြင့် ကိုက်(၅၀)အကွာအဝေးမှ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်တလောသိရှိချက်များအရ ကား (၁) စီး ထိခိုက်ပျက်စီးခဲ့ပြီး ကားပေါ်ရှိ စခ(၃)ဦးသေဆုံး၊ (၅)ဦး ဒဏ်ရာအပြင်းအထန်ရရှိသည်ဟု တပ်တွင်းဖရဲသီးများထံမှ သိရှိရသည်။ အဆိုပါတိုက်ခိုက်မှု အပြီးတွင် ကားပေါ်ရှိစခများသည် လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများပြုလုပ်ခဲ့သည်။ ထို့နောက် ပျက်စီးသွားသောကား(၁)စီးမှာ အရာတော်မြို့သို့ဆက်မသွားနိုင်တော့ဘဲ  အောင်မဂ်လာရက်ကွက်အနီးတွင် ရပ်တန့်နေခဲ့ရာ သံပြားကာကားဖြင့် (၃) ခေါက် လာရောက်သယ်ဆောင်၍သေဆုံးသွားသော စခ များအား သစ်ကိုင်းများ အုပ်၍ အရာတော်သုသာန် သို့လည်းကောင်း ၊ ဒဏ်ရာရရှိသွားသော စခ များအား အရာတော်မြို့ဆေးရုံကြီးထဲ သို့ လည်းကောင်း ပို့ဆောင်လိုက်ကြောင်းသိရှိရပါသည်။

ယခုစစ်ဆင်ရေးကို
- Danger Force LPDF
-မုံရွာခရိုင်တပ်ရင်း (၆)
-မုံရွာခရိုင်တပ်ရင်း (၂၄)
-လင်းယုန်တပ်ဖွဲ့
-မုံရွာခရိုင်ပကဖ
-Special Revolution Force
တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့သည်။

Telegram Link - https://t.me/dangerforcelpdf

Danger Force LPDF

2 months, 4 weeks ago

စစ်ဆင်ရေးကြေငြာချက်(၁/၂၀၂၄)

ရက်စွဲ။ ။ ၂၀၂၄ခုနှစ် ၊ မတ်လ ၅ ရက်

၂၀၂၄ခုနှစ် ၊ မတ်လ (၄)ရက် ၊ နံနက် (၅) နာရီ (၁၆) မိနစ်အချိန်တွင် မုံရွာ - အရာတော် လမ်းမပေါ်ရှိ ထူးရာရသေ့ကျောင်း မှ အရာတော် စ.ခ.တ (၁၀) တပ် သို့သွားသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်သားများလိုက်ပါလာ သည့် သံပြားကာကား (၂) စီးအား ဝါးတန်းကျေးရွာစာသင်ကျောင်းအနီးမှ စ၍ မန်းကျီးသုံးပင်အထိ လက်နက်ငယ် (၃၀) လက် ၊ လက်နက် ကြီး (၁) လက်၊ ပဒေသာမိုင်း ပွိုင့် (၃) နေရာ မိုင်း(၁၅) လုံးဖြင့် ကိုက်(၅၀)အကွာအဝေးမှ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကား (၁) စီး ထိခိုက်ပျက်စီးခဲ့ပြီး ကားပေါ်ရှိ တပ်သားများ ဒဏ်ရာအပြင်းအထန်ရရှိကာသေဆုံးမှုများရှိနိုင်သည်ဟု တပ်တွင်းဖရဲသီးများထံမှ သိရှိရသည်။ အဆိုပါတိုက်ခိုက်မှု အပြီးတွင် ကားပေါ်ရှိတပ်သားများက လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းပြည်သူကား (၃)စီးအား ချောဆွဲ၍ ခေါ်ဆောင်သွားခြင်း များပြုလုပ်ခဲ့ပြီး (၅၀၀၄)တင့်ကားတပ်မှ တင့်ကားတစ်စီးရောက်ရှိလာကာ ပျက်စီးသွားသော သံပြားကာကား(၁)စီးအားဆွဲ၍ အရာတော် စ.ခ.တ (၁၀) တပ်ထဲ သို့ဝင်သွားကြောင်းသိရှိရပါသည်။

ယခုစစ်ဆင်ရေးကို
- Danger Force LPDF
-Ayadaw Rocket LPDF
-မုံရွာခရိုင်တပ်ရင်း (၂၁)
-မုံရွာခရိုင်တပ်ရင်း (၂၄)
-မုံရွာခရိုင်တပ်ရင်း (၂၇)
-ကျားသစ်နက် တပ်ဖွဲ
-အရာတော်ပကဖတိုက်နယ် (၁၁)တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့သည်။

(မှတ်ချက် video - (၅၀၀၄) တင့်ကားတပ်မှ တင့်ကားတစ်စီးသည် ပျက်စီးသွားသော သံပြားကာကားတစ်စီးအား ဆွဲ၍ အရာတော် စ.ခ.တ (၁၀) တပ်သို့ သွားနေစဥ် မှတ်တမ်းယူနေသော ရဲဘောာျတဈဦး အား အကြမ်းဖက်စစ်ကောင်စီ၏ တပ်သားများမှ ရမ်းသမ်းပစ်ခတ်ခဲ့သည့်မှတ်တမ်း။)

3 months, 1 week ago

တိုက်ပွဲသတင်းကြေငြာချက်(၁/၂၀၂၄)

ရက်စွဲ။ ။ ၂၀၂၄ခုနှစ် ၊ ဖေဖော်ဝါရီလ ၂၂ ရက်

၂၀၂၄ခုနှစ် ၊ ဖေဖော်ဝါရီလ (၂၁)ရက် ၊ နံနက် (၃) နာရီ (၁၅) မိနစ်အချိန်တွင် အမတ(၃၆၉) တပ် မှ အရာတော် သို့သွားသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်သားအင်အား (၅၀) ခန့်ပါ ခြေလျင်စစ်ကြောင်း အား (၅၀၀၄) တင့်ကားတပ်၏ အနောက်တောင်ဘက် (၁) မိုင်စွန်းစွန်း အကွာဝေးရှိ တူးကန်ဘုရားကျောင်း အနီးတွင် လက်နက်ငယ် (၁၉) လက် ၊ လက်နက်ကြီး (၁) လက် ဖြင့် မိနစ် (၃၀) ခန့် ကြားဖြတ်တိုက်ခိုက်ခဲ့သည့် video မှတ်တမ်း

4 months, 1 week ago
Danger Force LPDF
4 months, 1 week ago
Danger Force LPDF
4 months, 1 week ago
Danger Force LPDF
4 months, 1 week ago
Danger Force LPDF
We recommend to visit

မိတ်​ဆွေတို့ရဲ့ လုပ်ငန်း​ကြေငြာများ

ထည့်သွင်းလိုပါက @Contact_Summer_Bot ကိုဆက်သွယ်​ပေးပါ။

Last updated 2 months, 1 week ago

မနက်ဖြန်တိုင်းမှာ kdramaနဲ့ အသက်ဆက်မဲ့သူတွေအတွက် ဝမ်းမြောက်စွာကြိုဆိုပါတယ်ရှင့်

Last updated 2 years ago