Unlock a World of Free Content: Books, Music, Videos & More Await!

Guide4U

Description
Guides4U
Advertising
We recommend to visit

ဤချန်နယ်တွင်ကြော်ငြာများထည့်သွင်းလိုပါကAdmin acc ကို ဆကိသွယ်ပါ
@vip_admin_3

Last updated 5 days, 19 hours ago

ကြော်ငြာထည့်သွင်းရန် @sithuaung2006

Last updated 3 days, 19 hours ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 1 year, 3 months ago

1 week, 1 day ago
Guide4U
1 week, 1 day ago
Guide4U
1 week, 1 day ago

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ၏ ဘဏ်စာရင်း၊ ဘဏ်စာအုပ်နှင့် ပတ်သက်၍ မြန်မာသံရုံး၊ ဗန်ကောက်မြို့မှ အသိပေးကြေညာချက်

၁။ PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသော MOU မြန်မာလုပ်သားများသည် ထိုင်း နိုင်ငံသို့ ရောက်ရှိချိန်တွင် MOU ကုမ္ပဏီများမှ စီစဉ်ပေးသည့် ဘဏ်များ၌ ဘဏ်စာရင်း ဖွင့်လှစ်ခြင်း၊ ဘဏ် စာအုပ်ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ရပါသည်။
၂။ ဤသို့ ဘဏ်စာအုပ်ပြုလုပ်ချိန်တွင် မြန်မာလုပ်သားအချို့မှာ ဘဏ်လုပ်ငန်းစဉ်များနှင့် မရင်းနှီးသည့်အတွက် MOU ကုမ္ပဏီမှ ကိုယ်စားလှယ်အချို့၏ ပြောကြားချက်များအတိုင်း လိုက်ပါဆောင်ရွက်ရခြင်း၊ ဘဏ်စာရင်းနှင့် ဘဏ်စာအုပ်အား ကိုယ်စားလှယ်အချို့မှ ထိန်းသိမ်းထားခြင်းတို့ကို ကြုံတွေ့ခဲ့ကြရပါသည်။
၃။ ဘဏ်စာရင်းနှင့် ဘဏ်စာအုပ်ထိန်းသိမ်းထားသူ ကိုယ်စားလှယ်များသည် Online မှ တစ်ဆင့် လောင်းကစားလုပ်သူများ၊ ငွေကြေးခဝါချလိုသူများထံ မြန်မာလုပ်သားများ၏ ဘဏ်စာရင်းနှင့် ဘဏ်စာအုပ်များကို အခကြေးငွေရယူပြီး ပေးအပ်ခဲ့ခြင်းများ ရှိခဲ့ပါသည်။
၄။ ယခုအခါ ဤဘဏ်စာရင်းများတွင် ငွေကြေးဝင်/ထွက်မှုများခြင်း၊ စုဆောင်းငွေများပြား ခြင်း စသည့် မသင်္ကာဖြစ်ဖွယ်ကိစ္စများကြောင့် သက်ဆိုင်ရာ ထိုင်းအာဏာပိုင်အဖွဲ့ အစည်းများမှ ဘဏ်စာရင်းစာအုပ်ပိုင်ရှင် မြန်မာလုပ်သားများကို ဆင့်ခေါ်ဝရမ်းထုတ်ခြင်း၊ ဖမ်းဝရမ်းထုတ်ခြင်း၊ အချုပ်ထောင်တွင် ချုပ်နှောင်ထားခံရခြင်း၊ ထွက်ပြေးတိမ်းရှောင်ခြင်း စသည့်ဖြစ်စဉ်များ တွေ့ကြုံနေရသဖြင့် ဖြေရှင်းပေးလျက်ရှိပါသည်။
၅။ ဤသို့ ဆင့်ခေါ်ဝရမ်းထုတ်ခြင်း၊ ချုပ်နှောင်ခြင်း တွေ့ကြုံပါက အောက်ပါစာရွက် စာတမ်းများကို ကိုယ်တိုင် သို့မဟုတ် မိတ်ဆွေတို့မှ ယူဆောင်၍ မြန်မာသံရုံးနှင့် အလုပ်သမား သံအရာရှိရုံးသို့ လာရောက်အကူအညီတောင်းခံနိုင်ပါသည်-
(က) ဆင့်ခေါ်ဝရမ်းထုတ်ခံရသူ၊ သို့မဟုတ် ချုပ်နှောင်ခံထားရသူ၏ နိုင်ငံကူး လက်မှတ် မိတ္တူ (ဓာတ်ပုံပါ)
(ခ) တယ်လီဖုန်းနံပါတ်
(ဂ) စာရင်းဖွင့်ခဲ့သော ဘဏ်အမည်နှင့် နယ်မြေ
(ဃ) ဘဏ်စာရင်းဖွင့်ရာတွင် လိုက်ပါဆောင်ရွက်ခဲ့သူ (ဓာတ်ပုံမှတ်တမ်းရှိပါက ယူဆောင်လာရန်)
၆။ မြန်မာလုပ်သားများအနေဖြင့် ဘဏ်စာရင်း၊ ဘဏ်စာအုပ်နှင့် PIN နံပါတ်များကို မိမိ တစ်ဦးတည်း၊ သို့မဟုတ် မိသားစုထံတွင် သိမ်းဆည်းထားရန် အကြံပြုအပ်ပါသည်။
#JobBoard

2 weeks ago
Guide4U
2 weeks ago
Guide4U
2 weeks ago
Guide4U
3 weeks, 1 day ago

တောင်ကိုရီးယားသည် တက္ကသိုလ်များ၏ ဝင်ခွင့် တိုးမြှင့်မည့် အစီအစဉ်များကို အတည်ပြု‌ခြင်းဖြင့် ၂၀၂၅ ခုနှစ် ဆေးကျောင်း ဝင်ခွင့်ရသူအရေအတွက် တိုးမြှင့်မည့် အစီအစဉ်ကို အကောင်အထည်ဖော်ရန် ခြေလှမ်းတလှမ်း လှမ်းလိုက်သည်။

၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်တစ်ခုစီ၏ ဆေးကျောင်းဝင်ခွင့်ခွဲတမ်း မည်မျှတိုးမြှင့်မည်ကို ပြန်လည်သုံးသပ်ရန် တက္ကသိုလ်ဝင်ခွင့်ကော်မတီ အစည်းအဝေးကို ကိုရီးယား တက္ကသိုလ်ပညာရေး ကောင်စီက သောကြာနေ့ (မေ ၂၄)တွင် ကျင်းပခဲ့သည်။
ပညာရေးဝန်ကြီးဌာနအဆိုအရ တစ်နိုင်ငံလုံးရှိ ဆေးကျောင်း ၄၀ အတွက် ဝင်ခွင့်ဦးရေသည် ၄၅၆၇ ဦးသို့ တိုးမည်ဖြစ်သည်။

Jeju University တွင် ဆေးကျောင်း တည်ထောင်ပြီး‌ နောက်ပိုင်း ၂၇ နှစ်အတွင်း ပထမဆုံး ဆေးကျောင်းဝင်ခွင့် ခွဲတမ်းတိုးခြင်း ဖြစ်သည်။
၂၀၀၆ မှစ၍ တနှစ်လျှင် ၃,၀၅၈ ဦး လက်ခံခဲ့သည်။

အစိုးရက ဝင်ခွင့်တိုးမြှင့်မှု အစီအစဉ်ကို ဖေဖော်ဝါရီ လဆန်းပိုင်းတွင် ကြေညာပြီးကတည်းက စ၍ ဆန့်ကျင်ကန့်ကွက်ခဲ့ကြရာ အငယ်တန်းဆရာဝန်များ အလုပ်မဆင်းကြတော့သဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပြတ်လပ်သည့်ဒဏ်ကို ရင်ဆိုင်နေရဆဲ ဖြစ်သည်။

သင်တန်းသားဆရာဝန် ၉၀ ရာခိုင်နှုန်းကျော်သည် ဆေးရုံများမှ နုတ်ထွက်ခဲ့ကြသည်။ ဆေးတက္ကသိုလ်များမှ ပါမောက္ခများ အများအပြား ရာထူးမှ နုတ်ထွက်ကြပြီး အလုပမထဲ ဆက်ရှိနေသူတို့တွင် အချို့မှာ တစ်ပတ်လျှင် တစ်ရက် အလုပ်မဆင်းချေ။
သင်တန်းပေးသည့် ဆေးရုံ ၁၀၀ တွင် သင်တန်းသားဆရာဝန် ၁၃,၀၀၀ ဝန်းကျင် ရှိသည့်အနက် ၅%သာ အလုပ်ဆင်းသည်။
Source koreaherald
#HealthIndustryGuide #EducationIndustryGuide

3 weeks, 1 day ago

တရုတ်သည် ထိုင်ဝမ်ပတ်ပတ်လည်တွင် ကြာသပတေး (မေ ၂၃)နှင့် သောကြာ နှစ်ရက်ကြာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ရာ ဗုံးကြဲလေယာဉ်များဖြင့် တိုက်ခိုက်ခြင်းနှင့် သင်္ဘောပေါ် တက်ရောက်သိမ်းပိုက်ခြင်းတို့ ပါဝင်ပြီး ယခင်လေ့ကျင့်ခဲ့သည်ထက် စစ်လေယာဉ်နှင့် စစ်ရေယာဉ် အင်အားပိုများသည်။
ထိုင်ဝမ်သည် တရုတ်ပြည်၏ ပိုင်နက်ဟု ယူဆသော တရုတ်နိုင်ငံသည် "Joint Sword - 2024A" အမည်ရှိ စစ်ရေးလေ့ကျင့်မှုကို ထိုင်ဝမ် သမ္မတအသစ် လိုင်ချင်ဒို တက်ပြီး ၃ ရက်အကြာမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး သမ္မတအသစ်ဟာ ခွဲထွက်ရေးသမားလို့ တရုတ်အစိုးရက ပြောကြားသည်။

စစ်ရေး လေ့ကျင့်မှုသည်လိုင်၏ တနင်္လာနေ့ ကျမ်းသစ္စာကျိန်ဆိုမှု မိန့်ခွန်းမှာ "ထိုင်ဝမ်ရေလက်ကြား နှစ်ဘက်စလုံးသည် တဦးသည် တဦး၏ လက်အောက်ခံမဟုတ်"ဟု ပြောကြားခဲ့သည်အတွက် "ပြစ်ဒဏ်" ဖြစ်ကြောင်း တရုတ်အစိုးရက ပြောကြားခဲ့သည်။

သောကြာနေ့တွင် တရုတ်စစ်လေယာဉ် ၄၆ စင်းသည် ထိုင်ဝမ်ရေလက်ကြား၏ အလယ်အလတ်မျဉ်းကို ဖြတ်ကျော်ခဲ့သည်။ ၎င်းမျဉ်းသည် တရုတ်ပြည်မနှင့် ထိုင်ဝမ်ကျွန်းအကြား တရားဝင်မကြေညာထားသည့် နယ်နိမိတ်မျဉ်း ဖြစ်သည်။

စုစုပေါင်း တရုတ်လေယာဉ် ၆၂ စင်းနှင့် ရေတပ်သင်္ဘော ၂၇ စင်းတို့ကို တွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက စနေနေ့တွင် ပြောကြားသည်။

တရုတ်သည် လွန်ခဲ့သည့် လေးနှစ်တာကာလအတွင်း ထိုင်ဝမ်တစ်ဝိုက်တွင် စစ်ရေးလှုပ်ရှားမှုများကို ပုံမှန်ပြုလုပ်ခဲ့ပြီး တစထက်တစ ပါဝင်သည့်အင်အား ပိုများလာသည်။

ပထဝီနိုင်ငံရေး မရေရာမှုများ မြင့်တက်လာခြင်းကြောင့် လာမည့်နှစ်အစောပိုင်း နောက်အကျဆုံးထားပြီး ဆားကစ်ဘုတ်များ၊ စခရင်ဖန်သားပြင်များနှင့် အီလက်ထရွန်းနစ် ထိန်းချုပ်ယူနစ်စနစ်များ အစရှိသည့် ယာဉ်အစိတ်အပိုင်းများကို တက်စလာထံ ပစ္စည်းပေးသွင်းသူများအား တရုတ်နှင့် ထိုင်ဝမ်ပြင်ပတွင် စတင်ထုတ်လုပ်ရန် တက်စလာက ညွှန်ကြားသည်။

တက်စလာသည် OOC (out of China) တရုတ်ပြင်ပနှင့် OOT (out of Taiwan) ထိုင်ဝမ်ပြင်ပ မူဝါဒကို ကျင့်သုံးမည် ဖြစ်သည်။
General Motors နှင့် Ford တို့ကလည်း အလားတူမူဝါဒ ကျင့်သုံးကြသည်ဟု Nikkei Asia က သတင်းဖော်ပြသည်။

Source Nikkei Asia
#AutomobileIndustryGuide

3 weeks, 2 days ago

၁၀ နှစ် သက်တမ်းရှိ ဆန်တန်ချိန် ၁၅,၀၀၀ လေလံတင်ရောင်းချမှုကို ကြီးကြပ်ရန် ကော်မတီတစ်ရပ် ဖွဲ့စည်းထားကြောင်း ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Phumtham Wechayachai က ပြောကြားသည်။

ယခင်တင်ပြချက်
https://shorturl.at/rPw3q

အဆိုပါ ကော်မတီတွင် အများပိုင် သိုလှောင်ရုံ အဖွဲ့အစည်း၊ တောင်သူလယ်သမားများအတွက် စျေးကွက်ရှာဖွေရေးအဖွဲ့၊ ပြည်တွင်းကုန်သွယ်မှုဌာန၊ နိုင်ငံခြားကုန်သွယ်မှုဌာနနှင့် ထိုင်းကုန်သည်ကြီးများအသင်းတို့မှ ကိုယ်စားလှယ်များ ပါဝင်သည်ဟု ၎င်းက ပြောကြားသည်။

ကော်မတီသည် ဆန်လေလံအတွက် ရည်ညွှန်းသတ်မှတ်ချက်များ terms of reference(TOR) ကို ရေးဆွဲမည်ဖြစ်ကာ TOR သည် ယခုလကုန်တွင် အပြီးသတ်နိုင်မည်ဟု မျှော်လင့်ထားကြောင်း ၎င်းက ဆိုသည်။
ကော်မတီကို အာဏာကုန် လွှဲအပ်ထားပြီး ဖြစ်သဖြင့် အမျိုးသား ဆန်စပါး မူဝါဒနှင့် စီမံခန့်ခွဲရေး ကော်မတီ National Rice Policy and Management Committee (NRPMC) ထံ TOR ကို တင်ပြရန် မလိုအပ်ကြောင်း ၎င်းက ပြောသည်။
လေလံပွဲကို လာမည့်လအစောပိုင်း သို့မဟုတ် ဇွန်လကုန်ထက် နောက်မကျစေဘဲ ကျင်းပရန် မျှော်လင့်ထားကြောင်း ၎င်းက ဆိုသည်။

"လေလံဆွဲသူတွေကို ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့အညီ ဆန်အရည်အသွေး စစ်ဆေးခွင့်ပြုမယ်"ဟု Mr Phumtham က ပြောသည်။

"ဆန်တွေကို အာဖရိကသို့ တင်ပို့ဖို့ မျှော်လင့်ထားပါတယ်။ လေလံပွဲက ဈေးကောင်းရလိမ့်မယ်လို့ မျှော်လင့်ပါတယ်၊"ဟု ၎င်းက ပြောသည်။
ရောင်းချခြင်းမှရရှိသောငွေများကို နိုင်ငံတော်ဘဏ္ဍာသို့ ပြန်လည်ပေးအပ်မည်ဖြစ်သည်။
Source Bangkokpost
#FoodIndustryGuide

Blogspot

၁၀ နှစ်သက်တမ်းရှိ ထိုင်းဆန် တန်ချိန် ၁၅,၀၀၀ လေလံတင်မည်

 ဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်ထရာ၏ အစိုးရလက်ထက်တွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ လုပ်ဆောင်ခဲ့သည့် ဆန်စပါး ကတိကဝတ် အစီအစဉ်သည် ထိုင်းသမိုင်းတွ...

2 months, 3 weeks ago
မတ်လ ၂၇ ရက် ဗုဒ္ဓဟူးနေ့ စားအုန်းဆီ ဆီကန်ပိတ်ကြောင်း …

မတ်လ ၂၇ ရက် ဗုဒ္ဓဟူးနေ့ စားအုန်းဆီ ဆီကန်ပိတ်ကြောင်း အသိပေးကြေညာ
#FoodIndustryGuide

We recommend to visit

ဤချန်နယ်တွင်ကြော်ငြာများထည့်သွင်းလိုပါကAdmin acc ကို ဆကိသွယ်ပါ
@vip_admin_3

Last updated 5 days, 19 hours ago

ကြော်ငြာထည့်သွင်းရန် @sithuaung2006

Last updated 3 days, 19 hours ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 1 year, 3 months ago