အသန်း (ICG)

Description
Advertising
We recommend to visit

🌐 https://ipapkorn.github.io
Stay connected with the latest iPapkorn Bots and News 🗞️

Bots: https://t.me/iPapkornBots/2

Last updated 4 months, 2 weeks ago

Breaking News | Observing world events unfold in the grand theater of our time.

Last updated 2 weeks, 5 days ago

Freedom over censorship, truth over narrative. Question more!

Last updated 2 years, 2 months ago

2 months, 3 weeks ago
အသန်း (ICG)
2 months, 3 weeks ago
အသန်း (ICG)
2 months, 3 weeks ago
အသန်း (ICG)
2 months, 3 weeks ago
ကယားပြည်နယ် ၊ လွိုင်ကော်မြို့ နောင်ယား(က) ကညနရုံးမီးလောင်သွားပြီလို့သိရပါတယ်

ကယားပြည်နယ် ၊ လွိုင်ကော်မြို့ နောင်ယား(က) ကညနရုံးမီးလောင်သွားပြီလို့သိရပါတယ်

ကညန ရုံးမှာ မိမိတို့ စက မရှိပါဘူး

၁၁၁၁ လုံးဖြစ်စဉ်ကတည်းက
KNDF တွေ တိုက်ခိုက်သိမ်းပိုက်ထားပြီး စခန်းနေရာ တပ်စွဲထားကြောင်းသိရပါတယ်

ခုတော့ ပြာပုံဖြစ်သွားပါပြီ

အသန်း

2 months, 3 weeks ago

ရှမ်းတောင်

ဟိုပုန်း နဲ့ မိုင်းပွန် ကြား ချိုခမ်းဘက်မှာ
၂၁.၂.၂၀၂၄ ရက်နေ့ ယနေ့ မနက်ကတည်းက ယခုချိန်အထိ တိုက်ပွဲဖြစ်နေဆဲ လို့ သိရပြီး

လနက သံတွေ အဆက်မပြတ်ပစ်နေကြောင်း သတင်းထပ်မံ သိရပါတယ်

အသန်း

2 months, 3 weeks ago

၂၁.၂.၂၀၂၄ ရက်နေ့

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊အမှတ် ၉ တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်း ကို AA ပူးပေါင်းအဖွဲ့များက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိနေကြောင်း သတင်းရရှိ

အသန်း

2 months, 3 weeks ago

၂၁.၂.၂၀၂၄ ရက်နေ့

ကယားပြည်နယ်၊ လွိုင်ကော်မြို့

လွိုင်ကော်မြို့ ရွှေတောင်ဘုန်းကြီးကျောင်းဝင်းအတွင်း
မနေ့ညနေဖက်က KNDF အင်အား၃၀ခန့်
ဝင်ရောက်နေရာယူထားပြီး ည ၉:၀၀ နာရီဝန်းကျင်ခန့်တွင်ဘုန်းကြီးကျောင်းမှပြန်လည်ထွက်ခွာ၍အနီးရှိ၂ ထပ်တိုက်တွင်ဝင်၍နေရာပြောင်းယူ ထားကြပါတယ်

ည ၉:၀၀ နာရီနောက်ပိုင်း ဘုန်းကြီးကျောင်းဝင်းသို့မိမိတပ်စကမှဝင်ရောက်နေရာယူထားခဲ့​ပြီး နံနက်ပိုင်းမှာ KNDF တွေပြန်လည်၍ဘုန်းကြီးကျောင်းသို့နေရာပြန်လာယူစဉ် တပ်မတော်စစ်ကြောင်းဖြင့်ရင်ဆိုင်ခဲ့ရ၍ KNDF ဖက်မှအကျဆုံးများပြီး လက်နက်များပါကျန်ခဲ့ကြောင်းသိရ

ဆုတ်ခွာထွက်ပြေးခဲ့ရ၍မကျေပွဲဟုဆိုကာအင်အားအများအပြားဖြင့်ဘုန်းကြီးကျောင်းပတ်လည်သို့ ထပ်မံဝိုင်း၍တိုက်ခဲ့ပြန်ပါတယ်

တပ်မတော်ဖက်က Drop Bombs များ KNDF ဖက်သို့ချပေးသောကြောင့် KNDF များဒဏ်ရာများ ထပ်မံရရှိထားသောလူနာများအား သယ်၍ ဆုတ်ခွာရာ

ရန်သူ ဆုတ်လမ်းအား မိမိစကမှ လိုက်လံရှင်းလင်းခဲ့ပြီးယခုညနေ ၄:၀၀ နာရီ ဝန်းကျင်ထိတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်

KNDF တွေ ဖက်က အကျဆုံး၊ ဒဏ်ရာများလို့မကြေပွဲ ထပ်နွဲမည်လို့သိရပါတယ် မိမိဖက်မှ Drop Bomb ချတဲ့ စစ်သည်
ပွိုင့် 5ပစ်သည့်စစ်သည်များအား ပြန်လာတိုက်မည်ဟုသိရပါတယ်

လက်ရှိအခြေအနေအရ မိမိ စစ်သည်တွေ ဖက်က အမြတ်ရရှိထားပြီး အပေါင်းအနူတ် လက္ခဏာ မရှိဟုမြေပြင်သတင်းမှ သိရပါတယ်

အသန်

2 months, 3 weeks ago

၂၁.၂.၂၀၂၄ ရက်နေ့ ယနေ့နေ့လည် ၁:၁၀ နာရီခန့်က

ပဲခူးတိုင်း ၊ ရွှေကျင်မြို့နယ် ၊ ခြေတော်ရာကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူမှာ ၎င်း၏ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင်း အစည်းဝေးလုပ်နေစဉ် သေနတ်ဖြင့် ပစ်သတ်ခံရပြီး နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ကနဦး သိရ

အသန်း

2 months, 3 weeks ago

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းရှိ ပြည်သူ့စစ်ရွာများစားနပ်ရိက္ခာပြတ်၍ တပ်မတော်စစ်ကြောင်းကိုမျှော်လင့်နေကြ

၂၁- ၂- ၂၀၂၄ ( ပေါက်မြို့နယ်)

ပေါက်မြို့နယ်တောင်ပိုင်းရှိ တပ်ကုန်း၊ရွာသစ်၊ ပင်ထောင်၊သစ်ချိုကုန်း၊ ဝန်ခြုံးပြည်သူ့စစ်ရွာများကို PDF များက ၁ နှစ်ကျော်ကြာ လမ်းကြောင်းဖြတ်ပိတ်ဆို့ထားသဖြင့် စားနပ်ရိက္ခာနှင့် ဆေးဝါးများ ပြတ်လတ်နေဟု သိရပါတယ်

တပ်မတော်ထောက်ခံသူ ဒေသခံအရပ်သားများက သတ်လို့မသေ ငတ်လို့သေကြရတော့မယ်ဟု မချိတင်ကဲ ငြီးတွားနေကြပါတယ်

ဒေသခံပြည်သူ့စစ်ရွာရှိ ပြည်သူတစ်ဦးက
" တပ်စစ်ကြောင်းဝင်နယ်မြေရှင်းပြီး ပေါက်မြို့နဲ့ လမ်းကြောင်းဖွင့်ပေးမယ်လို့ မျှော်လင့်ပါတယ်" လို့ ဆိုပါတယ်

ပေါက်မြို့နယ်ရှိ ဒီးဒုတ်ကွင်းပြည်သူ့စစ်ရွာနှင့် ဇီးပြားရဲစခန်းထိုင်ပြည်သူ့စစ်ရွာတွေကို လေကြောင်းက ၂ ကြိမ်စီ ရိက္ခာထောက်ပို့ခဲ့ပြီး အဆိုပါ ပေါက်တောင်ပိုင်း ပြည်သူ့စစ် ၅ ရွာကို ၁ ကြိမ် လေကြောင်းမှ ထောက်ပို့ပေးခဲ့ဟု သိရပါတယ်

ပေါက်မြို့နှင့် ဆက်သွယ်လမ်းကြောင်း ဖြတ်တောက်ခံထားရ၍ ၎င်းပြည်သူ့စစ်ရွာများမှ ကျောင်းသားများမှာ ၂၀၂၂/ ၂၃ ပညာသင်နှစ်က တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့်မရခဲ့ကြပါ၊

ယခု ၂၀၂၃/ ၂၄ ပညာသင်နှစ်၌လည်း လမ်းကြောင်းမဖွင့်ပေးနိုင်၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုခွင့် မရနိုင်ဟု သိရပါတယ်

အသန်း

2 months, 3 weeks ago

တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊ သရက်ချောင်းမြို့‌
ဝင်းဝရဲကင်းစခန်းနှင့် တံတားလခရ တပ်စခန်းကို PDF အဖွဲ့တွေတိုက်ဖို့ပြင်နေကြတယ်လို့ သိရတယ်

၂၀.၂.၂၀၂၄ ရက်နေ့ ညနေ ၁၇၃၀ နာရီအချိန်မှာ Drop Bomb ၆ လုံး ၂၁.၂.၂၀၂၄ ရက်နေ့ မနက် ၀၉၃၀ ချိန်ခန့်မှာ Drop Bomb ၈ လုံး ချပြီး အားစမ်း နေတယ်လို့သိရတဲ့အတွက် လခရ အထူးဂရုစိုက်ကြပါ

အသန်း

We recommend to visit

🌐 https://ipapkorn.github.io
Stay connected with the latest iPapkorn Bots and News 🗞️

Bots: https://t.me/iPapkornBots/2

Last updated 4 months, 2 weeks ago

Breaking News | Observing world events unfold in the grand theater of our time.

Last updated 2 weeks, 5 days ago

Freedom over censorship, truth over narrative. Question more!

Last updated 2 years, 2 months ago