Infinite Entertainment, Zero Cost: Get Your Free Books, Music, and Videos Today!

M T A

Description
Channel part of Myanmar Tawhlan Network, under Myanmar Telegram News
Advertising
We recommend to visit

Pour me suivre sur Telegram

Last updated 6 days, 23 hours ago

Actualité mondiale et comité de veille des programmes tv et radio. Je ne contacte jamais personne en privé sur Telegram. Attention aux arnaques. Soutenir le canal en offrant un café 👉 https://ko-fi.com/quoi2news

Contact 👉 quoi2news@protonmail.com

Last updated 1 month, 2 weeks ago

La chaîne française d'information internationale France 24 en français
Suivez toute l'actualité du monde en #Direct.
🌍 france24.com/fr/

Last updated 6 days, 8 hours ago

21 hours ago

ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါသည်။
အရေးတော်ပုံမုချအောင်ရမည်။

23 hours ago

ဇွန် ‌‌‌‌‌‌‌၈ ရက်နေ့ နိုင်ငံတဝန်း ဖြစ်ပွားခဲ့သောသတင်းများ
(Ayeyarwaddy Times News SMS)

-ပြည်သူများသည် နိုင်ငံကိုပျက်စီးစေရန် လုပ်ဆောင်နေသည့် အရိပ်နေနေ အခက်ချိုးချိုး အကြမ်းဖက် အဖျက်သမားများဟု စစ်ခေါင်းဆောင်ပြော

-တီးတိန်-ရိဒ် ဆက်သွယ်ထားသည့် မံဆောင်းတံတားကို စစ်ကောင်စီက ဖောက်ခွဲဖျက်ဆီး

-စစ်ကောင်စီက ဒေါ်လာရရှိရန်အတွက် ယခင်နှစ်ထက် ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ ဒသမ ၅ သန်းတင်ပို့နိုင်ရန် မျှော်မှန်းနေ

-မြန်မာစစ်ကောင်စီကို အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ မဖိတ်ကြား

-ပုသိမ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံသို့ စစ်ကောင်စီတပ်သားတစ်ဦး အလင်း၀င်

-မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ မလေးရှား တောင်းဆို

-စစ်ကောင်စီက ရွေးကောက်ပွဲအတွက်ရည်ရွယ်၍ သန်းခေါင်စာရင်းကောက်ယူဖို့ ကြိုးပမ်းနေပြီး သတ်မှတ်ရက်အတွင်း ကောက်ယူရန် ကျန်ရှိပါက ရက်တိုးမြှင့်မည်

-ကလိန်အောင်မြို့ ယာဖူးရွာသစ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံး ပေါ်ကျရောက်ပေါက်ကွဲ၍ မိသားစုဝင် ၃ ဦးသေဆုံး

-စစ်မှုထမ်းဥ‌ပဒေဖြင့် တပ်သားသစ်စုဆောင်းခံရသူများ သင်တန်မပြီးဆုံးမီပင် ရှေ့တန်း ပို့လွှတ်ခံရ၍ သေဆုံးမှုများရှိနေပြီး မည်သည့်ခံစားခွင့်မှရရှိခြင်းမရှိ

-ထိုင်းမှာ ဆေးရုံတက်နေတဲ့ မြန်မာလူနာ ပစ်သတ်ခံရ

23 hours ago

သံတွဲမကျစေရေး ရေတပ်အထူးတိုက်ခိုက်ရေးအဖွဲ့ Navy Seals များပါ ထုတ်သုံးပြီး စစ်ကောင်စီခုခံနေဟု AA ထုတ်ပြန်
------------------------
မြန်မာစစ်တပ်သည် ၎င်းတို့ကို ဆန့်ကျင်သူများကို တိုက်ခိုက်ရာတွင် ကြည်းတပ်နှင့် လေတပ်တို့ကိုသာ အဓိကအားကိုးပြီး တိုက်ခိုက်လေ့ရှိသော်လည်း စစ်ဗိုလ်ချုပ်များ၏ အကျိုးစီးပွားအများအပြားရှိသည့် ငပလီကမ်းခြေအပါအဝင် သံတွဲမြို့မကျစေရန် ခုခံရာတွင် ရေတပ်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဝင် (Navy Seals) များကို ထုတ်သုံးခဲ့ခြင်းဖြစ်သည်။
----------------
ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲမြို့နယ်တိုက်ပွဲများတွင် စစ်ကောင်စီတပ်က ရေတပ်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဝင် (Navy Seals) များပါ ထုတ်သုံးပြီး ခုခံကာကွယ်နေသည်ဟု ရခိုင်တပ် AA က ဇွန်လ ၇ ရက်နေ့က သတင်းထုတ်ပြန်သည်။

သံတွဲမြို့နယ်၊ ဒေါ်ပွဲခုံကျေးရွာ၏ အနောက်မြောက်ဘက် ၃ ကီလိုမီတာအကွာအဝေးနှင့် ဂေါ့တ် (Gawt) တောင်တန်းအနီးတွင် ပြီးခဲ့သည့် ဇွန်လ ၂ ၊ ၃ ရက်နေ့များ၌ စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲများဖြစ်ပွားသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်က ပင်လယ်ပြင်မှ စစ်သင်္ဘော ၃ စီး၊ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူအမြောက်အမြား၊ Navy Seal တပ်ဖွဲ့ဝင်များဖြင့် အထက်ပါနေရာကို အသည်းအသန်ခုခံသော်လည်း AA တပ်ဖွဲ့ဝင်များက ဗျူဟာမြောက်တိုက်ပွဲဝင်နိုင်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိအခိုက်၊ အကျအဆုံးများစွာဖြင့် ကစဉ့်ကလျားထွက်ပြေးလျက်ရှိသည်ဟု AA က ဆိုသည်။

Navy SEALs ဆိုသည်မှာ စစ်ဆင်ရေးဆောင်ရွက်သည့် မြေပြင်၊ ရေပြင်၊ ဝေဟင် ပတ်ဝန်းကျင်တို့ကို အစွဲပြု၍ အမည်ပေးထားခြင်းဖြစ်ပြီး ရေတပ်အထူးစစ်ဆင်ရေးတိုက်ခိုက်ရေးတပ်ဖွဲ့များ၏ အခြေခံအုတ်မြစ်ဖြစ်သည်ဟု အမေရိကန်နိုင်ငံစစ်ရေးသတင်းများ ဖော်ပြသည့် Military.com က အဓိပ္ပာယ်ဖွင့်ဆိုသည်။

၎င်းတို့သည် မည်သည့်စစ်ရေးပတ်ဝန်းကျင်တွင်မဆို အထူးစစ်ဆင်ရေးတာဝန်အမျိုးမျိုးကို လုပ်ဆောင်ရန် စနစ်တကျ စုဖွဲ့၊ လေ့ကျင့်သင်ကြားထားပြီး အဆင့်မြင့်လက်နက်ကိရိယာများ ကိုင်ဆောင်ထားသူများဖြစ်ကြသည်ဟု ဆိုသည်။

သံတွဲမြို့တိုက်ပွဲများအတွင်း စစ်ကောင်စီရေတပ်၏ စစ်သုံးအမြန်ရှပ်ပြေးရေယာဉ် (Speed Boat) တစ်စီးကို နစ်မြုပ်အောင် တိုက်ခိုက်နိုင်ခဲ့သည်ဟု AA က ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းအမြောက်အမြား၊ လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိပြီး ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကမ်းခြေတစ်လျှောက် လိုက်လံရှင်းလင်းလျက်ရှိသည်ဟု AA ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အမ်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ တောဟိန်းတောင်စခန်းကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေး ကြိုးပမ်းလျက်ရှိရာ တောဟိန်းတောင်ပတ်ဝန်းကျင်၌ တိုက်ပွဲများဆက်လက်ပြင်းထန်နေသည်ဟု ဆိုသည်။

အမ်း၊ သံတွဲ တိုက်ပွဲများအတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ထက်မနည်း သေဆုံးသွားပြီး AA ဘက်တွင်လည်း အသက်ခန္ဓာပေးဆပ်စွန့်လွှတ်ခဲ့သော တပ်ဖွဲ့ဝင်များရှိသည်ဟု ဖော်ပြသည်။ အရေအတွက်အတိအကျကိုမူ ဖော်ပြခြင်းမရှိပါ။

#MyanmarNow #Rakhine #Thandwe #myanmarnavyseals #သံတွဲ #နေဗီးဆီး

1 week ago

ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။
အရေးတော်ပုံ မုချအောင်ရမည်။

1 week ago

မေလအတွင်း ဆီဆိုင်မှာ အရပ်သားတစ်သောင်းကျော် ထွက်ပြေးနေရ
~~~
■ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှာ မေလအတွင်း စစ်ကောင်စီတပ်တွေနဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေ စစ်ကြောင်းထိုးတာကြောင့် ကျေးရွာပေါင်း နှစ်ဆယ်ကျော်က ပြည်သူ (၁၃,၀၀၀) ကျော် ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဇွန်လ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ကောင်ဝိန်းကြီး၊ နောင်ကျော၊ နောင်ရင်း ၊ ရေဖြူ၊ ကန်တော်လေး စတဲ့ ကျေးရွာနှစ်ဆယ်ကျော်က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာလို့ PNLA ပြောခွင့်ရသူ ခွန်ရိမ်းယံက RFA ကို ပြောပါတယ်။

"အရပ်သားတွေ ထွက်ပြေးရတာက မေလမှာတော့ တစ်သောင်းကျော်ပေါ့လေ၊ တစ်သောင်းကျော်ကျော်ရှိပါတယ်၊ စကစ လက်နက်ကြီးနဲ့ပစ်လို့ နေအိမ်ပျက်စီးတာက ထုတ်ပြန်ချက်မှာလည်း ထည့်ပေးထားပါတယ်၊ ဘာသာရေးအဆောက်အအုံတွေလည်းပါတယ်၊ ဘုန်းကြီးကျောင်းတွေလည်း ပါတယ်၊ ပြောရရင် စစ်ကောင်စီက မဲမဲမြင်ရာ ဖျက်ဆီးနေတာ"

မေလ ၁၅ ရက်ကနေ ၁၇ ရက်နေ့အထိ သုံးရက်အတွင်း စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေက ဆီဆိုင်မြို့နယ် ထီဗွာ(ရေဖြူ)ကျေးရွာက နေအိမ် ၂၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့သလို အဲဒီနောက်ပိုင်းမှာလည်း နောင်ကျောနဲ့ ကောင်ဝိန်းကြီးကျေးရွာထဲသို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် နောင်ကျောရွာက နေအိမ် ၁၀ လုံးကျော်နဲ့ ကောင်ဝိန်းကြီးမှာ အိမ် ရှစ်လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မေလ ၉ ရက်ကလည်း စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေက နောင်ရင်းကျေးရွာ ရွာသူကြီး ခွန်ဇာခွန်နဲ့ ညီဖြစ်သူ ခွန်ပလွန်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့သလို မေလ ၂ ရက်နေ့ကလည်း နောင်ဗိုကန်တော်လေး ရွာသူကြီး ဖြားခွန်လျောကို ဖမ်းဆီးသွားတာ အခုထိ ပြန်မလွတ်သေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် မေလ ၆ ရက်နေ့ကလည်း ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအပါအဝင် ထီဗွာ(ရေဖြူ)ကျေးရွာက ဒေသခံကိုးဦးကို ဖမ်းဆီးသွားခဲ့ပြီး ပြန်လည်လွတ်မြောက်လာတာမရှိဘူးလို့လည်း ခွန်ရိမ်းယံက ပြောပါတယ်။

မေလအတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) နဲ့ စစ်ကောင်စီတပ်တွနဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တွေအကြား တိုက်ပွဲ ၂၄ ကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေဘက်က ၄၂ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဇန်နဝါရီလ ၂၁ ရက်နေ့ကစပြီး ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ ပင်လောင်း၊ ဟိုပုံးနဲ့ ညောင်ရွှေမြို့တွေမှာ စစ်ကောင်စီတပ်နဲ့ PNLA တပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားနေတာ လေးလကျော်လာပြီဖြစ်ပါတယ်။
ပအိုးဝ်လူငယ်အစည်းအရုံး (PYO) ရဲ့ မေလ ၂၈ရက်နေ့ ထုတ်ပြန်ချက်အရ တိုက်ပွဲကာလအတွင်း အရပ်သား ၇၅ ဦး သေဆုံးပြီး လူတစ်ရာနီးပါး (၉၉ဦး) ထိခိုက်ဒဏ်ရာရခဲ့သလို လူဦးရေ ခြောက်သောင်းကျော်ကတော့ ဘေးလွတ်ရာ ထွက်ပြေးနေရပါတယ်။
____
တိုက်ပွဲကြောင့် ထွက်ပြေးနေရသည့် ဆီဆိုင်မြို့တောင်ဘက် ကျေးရွာများမှ ဒေသခံများကို ၂၀၂၄ ခုနှစ်၊ မေလ ၈ ရက်နေ့က တွေ့ရစဥ်။ (Photo: Citizen Journalist)
#RFAburmese

1 week ago

ဇွန် ၁ ရက်နေ့ နိုင်ငံတဝန်း ဖြစ်ပွားခဲ့သောသတင်းများ
(Ayeyarwaddy Times News SMS)-

-ပေါက်ခေါင်းတွင် လူငယ်များကို စစ်မှုထမ်းရန် စုဆောင်းနေသည့် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

-ပုဂံမြို့သစ် မြို့လယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို စစ်ကောင်စီက ဘူဒိုဇာဖြင့် ထိုးချ၍ ဖယ်ရှား

-မြန်မာနိုင်ငံသားနှစ်ဦးကို မီသာဖက်တမင်းဆေးပြားတွေနဲ့အတူ ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး

-စစ်တွေမြို့နယ် ဆတ်ရိုးကျရှိ ဒေသခံ ပြည်သူ ၄၀ ကျော်ကို စစ်ကောင်စီတပ်က အစုလိုက် အပြုံလိုက်သတ်ဖြတ်ခဲ့ဟု ဒေသခံများပြော

-ဖလမ်းမြို့ရှိ ဘဏ်များတွင် အပ်နှံထားသည့် ငွေများကို ထုတ်ယူမှုများပြား

-အာဏာသိမ်းစစ်ကောင်စီရဲ့ နယ်မြေထိန်းချုပ်မှု ချည့်နဲ့လာပြီလို့ မြန်မာ အထူးအကြံပေးကောင်စီ အစီရင်ခံစာ ဖော်ပြ

-NLD ပါတီ နာယက သူရဦးတင်ဦး ကွယ်လွန်

-ဝါရှင်တန်က ယူကရိန်းကို အမေရိကန်ထုတ် စစ်လက်နက်တွေနဲ့ ရုရှားပိုင်နက် တိုက်ခိုက်ခွင့်ပြု
#Ayeyarwaddy_Times

2 weeks, 1 day ago

မကွေးမြို့လယ်က ကန်သာကန်မှာ ၃ရက်ဆက်တိုက် ငါးတွေသေဆုံး

မေ ၂၅၊ The Nation Voice
စောညိန်း

မကွေးမြို့၊ ကန်သာရပ်ကွက်ရှိ ကန်သာမင်္ဂလာကန်မှာ ၃ရက်လောက်အတွင်း ငါးကောင်ရေထောင်ချီသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
#nationvoicemyanmar

2 weeks, 1 day ago

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များသို့ ယခုရက်ပိုင်းအတွင်း PDF များ ဝင်ရောက်မည်ဆိုသော သတင်းများကြောင့် ဧည့်စာရင်းတိုင်ကြားသူစာရင်းကို အချိန်နှင့်တပြေးညီ တင်ပြရန် စစ်ကောင်စီက ညွှန်ကြား

ရန်ကုန်၊ မေ ၂၅

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များသို့ ယခုရက်ပိုင်းအတွင်း PDF များ ဝင်ရောက်မည်ဆိုသော သတင်းများကြောင့် ဧည့်စာရင်းတိုင်ကြားသူစာရင်းကို အချိန်နှင့်တပြေးညီ တင်ပြရန် ရန်ကုန်တိုင်းစစ်ကောင်စီက ညွှန်ကြား လာကြောင်း စစ်ကောင်စီသတင်းရင်းမြစ်က ပြောဆိုသည်။

ယခုမေလနှောင်းပိုင်း မိုးဦးရာသီအစကာလ တောတွင်းမှ စစ်သင်တန်းဆင်း PDF များ ရန်ကုန်မြို့သို့ပြန်လည် ဝင်ရောက်မည်ဆိုသော သတင်းများကြောင့် စစ်ကောင်စီက ဧည့်စာရင်းများကို နေ့တိုင်း မဖြစ်မနေ အချိန်နှင့် တပြေးညီ တင်ပြရန် တောင်းဆိုလာကြောင်း သိရှိရသည်။

"အရင်လည်း ဧည့်စာရင်းတွေကို မြို့နယ်ဆီပို့ရပေမယ့် အခုကတော့ အချိန်နဲ့ တပြေးညီ စစ်တပ်ဆီ ပို့ခိုင်းတာ။ ဗိုက်ဗာကနေ ပို့ဖို့လည်း လှမ်းပြောတယ်" ဟု သင်္ဃန်းကျွန်းမြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီက ဧည့်စာရင်းတိုင်ကြားသူများ၏ စာရင်းကို ပေးပို့ခိုင်းရာတွင် ကိုယ်ရေးရာဇဝင်အကျဉ်ိး၊ ဓာတ်ပုံများကိုပါ ဖြစ်နိုင်လျှင် ပို့ဆောင်ခိုင်းနေကြောင်း၊ ထို့ပြင် ရန်ကုန်တိုင်းမြို့နယ်များတွင်လည်း စစ်ကောင်စီတပ်က စစ်သားအရေအတွက် တိုးချလာကြောင်း သိရှိရသည်။

"ဧည့်စာရင်း စာရင်းပို့ရမှာ ဓာတ်ပုံနဲ့ ကိုယ်ရေးအကျဉ်းပါရင် ပိုကောင်းတယ်လို့ စစ်တပ်က ပြောလာတယ်" ဟု သင်္ဃန်းကျွန်းမှ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်က ဆိုသည်။

ထို့ပြင် သင်္ဃန်းကျွန်းမြို့နယ်ရုံးတွင်လည်း ပုံမှန် စစ်သား ၇ ဦးခန့်သာ ထားရှိရာမှ ယခုအခါ စစ်သား ၁၀ ဦးခန့် တိုးမြှင့်ချထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရှမ်းပြည်နယ်၊ မိုင်းယောင်းတွင် ၂၀၂၂ ခုနှစ်အတွင်း ဧည့်စာရင်း စစ်ဆေးနေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။
#khit_thit_media

2 weeks, 1 day ago

လှိုင်သာယာမှာ နေအိမ် သုံးရာကျော် ကျူးကျော်ဆိုပြီး ဖယ်ရှားခံရ
~~~
■ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် အပြင်ပဒံကျေးရွာအုပ်စု ကျွန်းကြီးရွာမှာရှိတဲ့ နေအိမ်သုံးရာကျော်ကို ကျူးကျော်ဆိုပြီး စစ်ကောင်စီတပ်က မေလ ၂၄ ရက်နေ့ မနက်ပိုင်းမှာပဲ အင်အားသုံးဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့အနောက်ဘက်ခြမ်း အနော်ရထာစက်မှုဇုန် အပိုင်း (၂) စံပယ်လမ်းပေါ်မှာ ကျူးကျော်ဆောက်လုပ်ထားတဲ့ နေအိမ်တွေကို ဖျက်သိမ်းဖို့ စစ်ကောင်စီဘက်က သုံးကြိမ်တိုင်တိုင် သတိပေးစာပို့ခဲ့ပြီးနောက် စံပယ်လမ်းပေါ်က နေအိမ်တွေသာမက ကျွန်းကြီးရွာက နေအိမ်တွေကိုပါ မြေတူးစက်တွေနဲ့ ဖျက်ဆီးသွားတာလို့ ဆိုပါတယ်။

ရွာထဲကနေအိမ်တွေအပြင် ရွာထဲမှာတည်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်ကိုပါ ဖျက်ဆီးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“စံပယ်လမ်းထဲ အရင် ရုတ်တရက်ဝင်ဖျက်တာ။ အစက သူတို့ပြောတာလည်း စံပယ်လမ်းပေါ်ကဟာကိုပဲ ဖျက်မယ်လို့ သိထားတာ။ အဲဒါတွေဖျက်ပြီးတာနဲ့ တစ်ခါတည်း ရွာထဲကအိမ်တွေနဲ့ နှစ်ပေါင်း ခြောက်ဆယ်လောက်ရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်လည်း အကုန်ဖျက်လိုက်တာ”

လက်ရှိ လူပေါင်းနှစ်ထောင်ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး ဒုက္ခရောက်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းပြောခွင့်ရ ဥပဒေချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။

ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာအုပ်စု၊ ပုလဲ (၃) ရပ်ကွက်က နေအိမ်နှစ်ရာကျော်ကို ကျူးကျော်လို့ဆိုပြီး စစ်ကောင်စီတပ်က ဖယ်ရှားခဲ့ပါတယ်။

RFA ရဲ့စာရင်းအရ အာဏာသိမ်းသုံးနှစ်ကျော်အတွင်း မရမ်းကုန်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းနဲ့ တောင်ပိုင်း၊ ဒေါပုံ၊ မင်္ဂလာဒုံနဲ့ လှိုင်သာယာမြို့နယ်တွေက နေအိမ်နှစ်သောင်းဝန်းကျင် ဖယ်ရှားခံခဲ့ရပါတယ်။

စစ်ကောင်စီအနေနဲ့ ကျူးကျော်ဆိုပြီး ဖယ်ရှားခံရသူတွေကို အစားထိုးနေစရာပြန်ချမပေးဘဲ လူနေအိမ်တွေကို အင်အားသုံးဖယ်ရှားတာဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့မှာ ကမ္ဘာ့ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
_____

လှိုင်သာယာမြို့နယ် အပြင်ပဒံကျေးရွာအုပ်စုရှိ နေအိမ်များနှင့် ရွာထဲတွင် တည်ထားသည့် ဗုဒ္ဓရုပ်ပွားတော်ကို ၂၀၂၄ ခုနှစ် မေလ ၂၄ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖြိုချဖျက်ဆီးနေစဉ်။ (Photo: Citizen Journalist)
#RFAburmese

3 weeks, 2 days ago

တနင်္သာရီတိုင်းမှာ စစ်ဘေးဒုက္ခသည် ခြောက်သောင်းနီးပါးရှိလာ
~~~
■ တနင်္သာရီတိုင်းမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူဦးရေ တဖြည်းဖြည်းမြင့်တက်လာပြီး လက်ရှိမှာ စစ်ဘေးဒုက္ခသည် ခြောက်သောင်းနီးပါးအထိရှိလာပြီလို့ တနင်္သာရီတိုင်းအခြေစိုက် သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ FE5 Tanintharyi က မေလ ၁၇ ရက်နေ့မှာ RFA ကို ပြောပါတယ်။

တနင်္သာရီတိုင်းမှာ အမြဲတမ်းစစ်ဘေးရှောင်နေရသူဦးရေ နှစ်သောင်းဝန်းကျင်ရှိပြီး ကျန်လေးသောင်းခန့်က လတ်တလောတိုက်ပွဲတွေကြောင့် ယာယီတိမ်းရှောင်နေကြရတာပါ။

ပြီးခဲ့တဲ့ ဧပြီလမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတဲ့အတွက် ထားဝယ်၊ သရက်ချောင်း၊ ရေဖြူ။ ပုလောနဲ့ တနင်္သာရီမြို့တွေမှာ နေရပ်စွန့်ခွာထွက်ပြေးလာသူဦးရေ တိုးလာတာလို့ FE5 Tanintharyi ရဲ့ တာဝန်ရှိသူ ကိုကျော်က ပြောပါတယ်။

“ဒီခြောက်သောင်းနီးပါးထဲမှာ ယာယီစစ်ဘေးရှောင်တွေလည်း ပါသလို စစ်ဘေးရှောင်စခန်းမှာ နေတဲ့သူတွေလည်းပါတယ်။ စစ်ဘေးရှောင်စခန်းမှာ နေထိုင်သူတွေတော့ အထိုက်အလျောက် အကူအညီရကြပေမယ့် တောတောင်တွေထဲမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ သွားရှောင်နေတဲ့သူတွေကတော့ အတော်ကို ခက်ခဲကြတယ်။ တိုက်ပွဲကြာလာရင် စားနပ်ရိက္ခာအခက်အခဲတွေ ကြုံကြတယ်”

ထားဝယ်၊ တနင်္သရီနဲ့ ပုလောမြို့နယ်တွေမှာလည်း စစ်ကောင်စီတပ်က ဆန်၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွင့်တွေကို ကန့်သတ်ထားလို့ စစ်ဘေးဒုက္ခသည်တွေ အခက်ကြုံနေရတယ်လို့ သူက ဆိုပါတယ်။

ထားဝယ်ခရိုင်အတွင်းက ထားဝယ်၊ လောင်းလုံး၊ ရေဖြူ၊ သရက်ချောင်းမြို့နယ်တွေမှာ နေအိမ်မီးရှို့ခံရမှုနဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်အရေအတွက်က သုံးသောင်းကျော်ရှိပါတယ်။ မြိတ်ခရိုင်မှာတော့ ပုလော၊ မြိတ်ကျွန်းစုနဲ့ တနင်္သာရီမြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၂ သောင်း ၈ ထောင်ကျော်အထိ ရှိနေတာပါ။

လက်ရှိမှာလည်း လေကြောင်းတိုက်ခိုက်မှုတွေရှိနေတဲ့အပြင် မြေမြှပ်မိုင်းထောင်တာတွေလည်းရှိနေတာကြောင့် ဒေသခံတွေ ဥယျာဉ်ခြံလုပ်ငန်းတွေကို မလုပ်နိုင်ကြဘူးလို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီက ကိုမင်းလွင်ဦးက ပြောပါတယ်။

“စစ်ပွဲပြီးသွားရင်တောင်မှပဲ သူတို့ မိုင်းထောင်ခဲ့တယ်။ အဲလို အခြေအနေမျိုးမှာ ရွာသူရွာသားတွေကလည်း ဥယျာဉ်ခြံမြေထဲကို သွားပြီးတော့ လုပ်ရကိုင်ရတာ အဆင်မပြေတော့ဘူး။ ဘယ်နေ့ထွက်ပြေးရမှန်း မသိတဲ့အခြေအနေမှာ ရော်ဘာလုပ်တဲ့သူတွေလည်း အဲလိုပဲ ရော်ဘာတောကြီး ရှိရဲ့သားနဲ့ ဒီတိုင်းပစ်ထားရတဲ့ အခြေအနေတွေ ဖြစ်နေတယ်”

မကြာခင် မိုးရာသီရောက်တော့မှာဖြစ်တဲ့အတွက် ဒုက္ခသည်တွေ ပိုမိုခက်ခဲနိုင်ပြီး လက်ရှိမှာလည်း ဒုက္ခသည်တွေ ထပ်တိုးနေတာကြောင့် စားနပ်ရိက္ခာ၊ အဝတ်အထည်၊ ဆေးဝါးနဲ့ အမိုးအကာတွေ လိုအပ်နေတယ်လို့ သူကဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

မြန်မာနိုင်ငံမှာ ပြင်းထန်လာတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ သုံးသန်းကျော်ရှိလာပြီး ဒါဟာ တိုင်းပြည်အတွက် စိတ်မချမ်းမြေ့ဖွယ်ရာ မှတ်တိုင်တစ်ခုဖြစ်တယ်လို့ ကုလသမဂ္ဂရုံးက မေလ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
_____

တနင်္သာရီတိုင်းရှိ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - နွေဦးမေတ္တာ-စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့)
#RFAburmese

We recommend to visit

Pour me suivre sur Telegram

Last updated 6 days, 23 hours ago

Actualité mondiale et comité de veille des programmes tv et radio. Je ne contacte jamais personne en privé sur Telegram. Attention aux arnaques. Soutenir le canal en offrant un café 👉 https://ko-fi.com/quoi2news

Contact 👉 quoi2news@protonmail.com

Last updated 1 month, 2 weeks ago

La chaîne française d'information internationale France 24 en français
Suivez toute l'actualité du monde en #Direct.
🌍 france24.com/fr/

Last updated 6 days, 8 hours ago