The La Pyae

Description
Get the good Stuff related to

Tech 🤖
Mindset 🧠
And all the other things I love 💛

To follow up me on other social media
Please visit https://thelapyae.com
Advertising
We recommend to visit

⚠️ Disclaimer :- All The Content in this Channel is Either forwarded From Other Channels Or Taken From the Internet, we Don't Own Any Content.

Toss + Match + Session Free Prediction

❌No copyright infringement intended❌

⚠️ Disclaimer :- All The Content in this Channel is Either forwarded From Other Channels Or Taken From the Internet, we Don't Own Any
Toss + Match + Session Free Prediction

❌No copyright infringement intended❌

Last updated 6 months, 3 weeks ago

Subscribe Our Official verified Youtube Channel https://youtube.com/c/FANTASYCRICKETGURU

Follow me on Instagram for GL Team and Share Your winnings at
https://www.instagram.com/cricket.fcg/

Follow us on Twitter https://twitter.com/realFCG?s=09

Last updated 6 days, 2 hours ago

2 days, 8 hours ago

Note taking app တွေက
Ai function ရအောင်လုပ်ပြီး

Ai assistant တွေက note taking ရလာ
အောင်လုပ်လာတာတွေ့ရတယ်

ဥပမာ Notion ,
note taking app အနေနဲ့စတယ်
နောက်ပိုင်း team collaboration tool အနေနဲ့
promote လုပ်တယ်

အခု Ai productivity app တစ်ခုအနေနဲ့ လုပ်ဖို့
ပြင်ဆင်နေတယ် ( spoiler alert 🚨)

နောက်ထပ် note taking app ထဲမှာဆိုရင် Craft
စစခြင်း Portable ဖြစ်ပြီး Notion ကို
ပိုလှအောင်လုပ်ထားတဲ့ app လို့ပြောကြတယ်

တစ်ဖြေးဖြေးနဲ့ သူလဲ Ai Integration လုပ်လာတယ်
အရမ်းကြိုက်တဲ့ feature တစ်ခုရှိတယ်

Ai document creator , ကိုယ်လိုချင်တဲ့
Document type ကိုပြောလိုက်ရင်

Format ချပေးတာလေးတော်တော်အသုံးဝင်တယ်
တော်ရုံ proposal တွေဆိုရင် နဲနဲပဲပြင်ရတယ် 😁

ပြောချင်တာက အခုမှရောက်မှာ
Ai app တစ်ခုဖြစ်တဲ့ perplexity ကအခု

Perplexity page ဆိုပြီး release စလုပ်တယ်
ကိုယ့်ရဲ့ research assistant လိုမျိုး

Search engine ကနေ data တွေယူတယ်
ဘယ်ကယူလဲ reference ကြည့်လို့ရတယ်

စာတွေလဲ ကူရေးတယ်ဆိုတော့
ကျောင်းသားတွေအတွက်
အထောက်အကူဖြစ်လောက်တယ်

ကူးချဖို့ပြောတာမဟုတ်ပေမယ့်
Frame တစ်ခု flow တစ်ခုရဖို့ သိပ်မကြာတော့ဘူး

အခုလောလောဆယ်တော့
Perplexity pro သမားတွေပဲသုံးလို့ရသေးတယ်

Free သုံးလို့ရတဲ့အခါလဲ ပြောပါမယ်
Stay tune ပါဗျ

ကျနော်ကတော့ နည်းပညာလောကရဲ့
အလှည့်အပြောင်းနဲ့ အကွက်တွေကို
ပိုစိတ်ဝင်စားတယ်

ပြိုင်ဘက်မဟုတ်တဲ့ app တွေက
ပြိုင်ဘက်ဖြစ်လာတဲ့အခါ

ပိစိကွေး app လေးတွေ နေရာမရဖြစ်လာတာ
အဝါးမျို ခံလိုက်ရတာတွေက
ယူတတ်ရင် free ပညာတွေပါပဲ

La Pyae - No Code Brand Strategist

@thelapyae

2 days, 9 hours ago

အလုပ်ရှုပ်နေတိုင်း အထင်မကြီးဘူး

ဘာကြောင့်လုပိနေတယ်
ဘာအတွက်လုပ်နေတယ်ဆိုတာကို

ကြည့်ပြီးမှ ဆုံးဖြတ်လို့ရမယ်

https://t.me/BurmeseStoic/315

Telegram

Burmese Stoic

May 30th ကြိုးစားပြီးလုပ်ရမှာလား ပင်ပင်ပန်းပန်းလုပ်ရမှာလား? " လူတစ်ယောက်က စာတွေရေးတယ် စာတွေဖတ်၊ တစ်ညလုံးအလုပ်တွေလုပ်တယ်ဆိုတာနဲ့ ဒီလူကို ငါကတော့ ကြိုးစားတဲ့သူလို့မခေါ်နိုင်ဘူး။ သူဘာအတွက် ကြိုးစားနေတယ်ဆိုတာကို ငါအရင်သိဖို့လိုတယ်။ ဝရိယရှိယုံနဲ့တော့ ငါသူတ…

2 days, 17 hours ago

၉၉% သောသူတွေထက်သာချင်ရင်

၉၉% သောလူတွေနေသလိုနေလို့တော့မရဘူး

အဲ့လိုပြောလို့ အထွန့်တက်ပြီး
မဟုတ်တာတွေလုပ်ရမှာလားမေးလာနိုင်တယ်

အဲ့လိုသဘောပြောတာမဟုတ်ဘူးဗျ
ကိုယ်လုပ်ရပ်တွေကို ဉာဏ်နဲ့ယှဉ်ပြီး

၁% ထဲကလူတွေကို အတုယူရမယ်ပြောတာပါ 🤘🏻

@thelapyae

1 week, 2 days ago

လူငယ်တွေအနေနဲ့
ဘဝအတွက် ရေရှည် plan ကို
သေချာစဉ်းစားတွက်ချက်သင့်တယ်

ကျောင်းတက်နေတဲ့သူတွေအနေနဲ့
ကိုယ့်ကျောင်းက ၃ နှစ်တက်လို့ ဘွဲ့ရပြီးသွားရင်

ရမယ့်အလုပ်က
ဘယ်လောက်ကစပြီးပေးမှာလဲ?

ကျောင်းတက်ခဲ့တဲ့အရင်းကျေအောင်
ဘယ်လောက်လုပ်ဖို့လိုတာလဲ ?

ဘွဲ့ရလို့ အလုပ်ဝင်တာကို
၅ သိန်းလောက်ပေးတဲ့အလုပ်ရတယ်ဆိုရင်

တစ်ရက်ကိုမှ ၁၆၀၀၀ ကျော်လေးပဲရှိတယ်
၂ နှစ်လောက်မှ လစာတိုးတယ်ဆိုရင်

ကျောင်းတက်တဲ့ကျောင်းဖိုးကျေဖို့တောင်
နှစ်တော်တော်ကြာဦးမယ်

တခြားအသက်မွေးဝမ်းကျောင်းပညာတွေကိုလဲ
မေ့မထားသင့်ဘူးလို့အကြံပေးချင်တယ်

စားသောက်ကုန်၊ လူသုံးကုန် ထုတ်လုပ်
ရောင်းချတာတွေလဲ လေ့လာကြည့်သင့်တယ်

စိုက်ပျိုးရေး မွေးမြူရေးတွေလဲ
လေ့လာကြည့်သင့်တယ်

ကျနော့်အဖေပြောသလိုပြောရင်
လောကမှာ သူဌေးဖြစ်တဲ့နည်းအများကြီးရှိတယ်

အခေါင်းရောင်းပြီးချမ်းသာတဲ့သူလဲရှိတယ်
ပန်းရောင်းပြီးချမ်းသာတဲ့သူလဲရှိတယ်

အုတ်ခဲလုပ်ရောင်းပြီးချမ်းသာတဲ့သူရှိတယ်
Software ရောင်းပြီးချမ်းသာတဲ့သူလဲရှိတယ်

ဟင်းရွက်ရောင်းပြီးချမ်းသာတဲ့သူလဲရှိတယ်
Service ရောင်းပြီးချမ်းသာတဲ့သူလဲရှိတယ်

လခစားလုပ်နေတာလောက်နဲ့
တင်းတိမ်မနေသင့်တော့ဘူး

တက်နေတဲ့ဈေးတွေကိုမှီဖို့
အပိုချိန်မှာ အပိုဝင်ငွေရအောင်
လုပ်ရမယ်မဟုတ်ပါလားမိတ်ဆွေ

စေတနာများစွာဖြင့်
@thelapyae

1 week, 2 days ago

နေ့စဉ်နေ့တိုင်း လုပ်ဆောင်သွားတဲ့
အလေ့အကျင့်တွေကပဲကြီးမားတဲ့
Result တွေကိုယူဆောင်လာပေးတာဗျ

Character မပြောင်းသ၍
result ကမပြောင်းဘူး

အားကစားသမားဖြစ်ချင်ရင်
အားကစားသမားလိုအလေ့အကျင့်ရှိသူဖြစ်ရတယ်

စီပွားရေးသမားဖြစ်ချင်ရင်
စီပွားရေးသမားလို အလေ့အကျင့်ရှိသူဖြစ်ရတယ်

စာတော်တဲ့သူဖြစ်ချင်ရင်လဲ
ထိုနည်းတူပဲ လုပ်ရမှာဗျ

သေးငယ်တဲ့အလေ့အကျင့်တွေကို
နေ့စဉ်လုပ်ရင်းနဲ့ ကျနော်တို့
character ကပြောင်းလာတာ develop ဖြစ်လာတာ

အဲ့လို develop ဖြစ်လာတာနဲ့အမျှ
Result ကောင်းတွေဆိုတာရလာတာပါပဲ

@thelapyae

1 week, 2 days ago

နေ့တိုင်းကတော့
သာယာတဲ့နေ့ဖြစ်ချင်မှဖြစ်မယ်

ဒါပေမယ့်.. မသာယာတဲ့နေ့တွေ့ကို
သာယာတဲ့ စိတ်နဲ့ ဖြတ်သန်းလို့တော့ရတယ်

အရေးကြီးတာကိုယ့်စိတ်ပဲ
အခက်အခဲတွေ မကောင်းတဲ့သူတွေ

ထင်သလိုမဖြစ်တဲ့နေ့တွေဆိုတာ
ရှိလာနိုင်တယ်ဆိုတာ

အမြဲသတိရှိပါမိတ်ဆွေ 🫰🏻

@thelapyae

2 weeks, 2 days ago

အချိန်ရှိရင် အချိန်ရင်းပြီးငွေရှာ

ငွေရှိရင် ငွေရင်းပြီးငွေရှာ

Skill ရှိရင် skill ရင်းပြီးငွေရှာ

ဘာမှ မရင်းပဲငွေရှာရင်တော့ ခဲယဉ်းတယ်

@thelapyae

2 weeks, 2 days ago

မေး - ကိုလပြည့်က
ခေတ်ပညာတတ်ဖြစ်ပြီးတော့

ဘာလို့ ဘာသာရေးတွေ
spiritual တွေ လိုက်စားတာလဲ?

ဖြေ - scientific ကျတဲ့သူမှန်ရင်
စမ်းသပ်ပြီး data ယူရဲတဲ့ သတ္တိရှိရတယ်

ငါက science သမားကွလို့အော်နေပြီး
သူများပြောတာတွေအပေါ်မှာ အခြေခံပြီး

လက်တွေ့မစမ်းသပ်ရဲရင် science
သမားမဟုတ်ဘူးလို့ဆိုရမယ်

ကျနော်ဘာသာရေးတွေ spiritual တွေမယုံဘူး
မယုံတော့ လုပ်ရင်ဘာဖြစ်သလဲစမ်းတယ်

ဘုရားစာတွေဆိုတာ ရွတ်ရတာမဟုတ်ဘူး
ကျင့်ကြံရတာလို့ပြောတယ်

ဒီတော့ရွတ်ကြည့်တယ် အသိသာဆုံးကတော့
အသံပါဝါကောင်းလာတယ်(ကြားဖူးရင်သိမှာပါ)

ပုတီးစိတ်တာက အပိုတွေလို့ပြောတယ်
ဒီတော့ စိတ်ကြည့်တယ်
အသိသာဆုံးက focus အားကောင်းတယ်

ဒီတော့ မယုံရင်စမ်းသပ်ကြည့်
တစ်ဖက်ပိတ် scientific သမားဆိုတာမရှိဘူး

Scientific သမားမှန်ရင် စမ်းသပ်
တိုင်းတာပြီး အဖြေကိုယ်တိုင်ထုတ်ရတယ်ဗျ

@thelapyae

2 weeks, 2 days ago

အနှောက်အယှက်တွေကို
ဘဝထဲကနေမဖယ်ရှားရင်

အနှောက်အယှက်တွေက
ကိုယ့်ပန်းတိုင်တွေကို
ဘဝထဲကဖယ်ရှားသွားလိမ့်မယ်

- Steve Harvey

2 months, 2 weeks ago

ခုံတစ်လုံးပေါ်မှာ သိန်း ၁၀၀၀ တင်ထားမယ်

နောက်ခုံတစ်လုံးမှာ သိန်း ၁၀၀၀ ရအောင်
စီးပွားလုပ်နည်းစာအုပ် တင်ထားမယ်

ဘယ်ဟာကိုယူဖြစ်မလဲ ? ဘာလို့လဲ ?

@thelapyae

We recommend to visit

⚠️ Disclaimer :- All The Content in this Channel is Either forwarded From Other Channels Or Taken From the Internet, we Don't Own Any Content.

Toss + Match + Session Free Prediction

❌No copyright infringement intended❌

⚠️ Disclaimer :- All The Content in this Channel is Either forwarded From Other Channels Or Taken From the Internet, we Don't Own Any
Toss + Match + Session Free Prediction

❌No copyright infringement intended❌

Last updated 6 months, 3 weeks ago

Subscribe Our Official verified Youtube Channel https://youtube.com/c/FANTASYCRICKETGURU

Follow me on Instagram for GL Team and Share Your winnings at
https://www.instagram.com/cricket.fcg/

Follow us on Twitter https://twitter.com/realFCG?s=09

Last updated 6 days, 2 hours ago